Channel Myanmar

Jan Oliver Schroeder

Abbé Pierre – A Century of Devotion (2023) 6.6
Abbé Pierre – A Century of Devotion (2023)  IMDb 6.6/10 ရရှိထားတဲ့ Biography/Drama/History/War ပြင်သစ် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုဟီ ဂူဝက်စ် တစ်ဖြစ်လဲ အာဘစ်ပီယာက "ဆင်းရဲမွဲတေခြင်းနဲ့ စစ်ဖြစ်နေတဲ့သူ၊ အသံမဲ့လူသားတွေအတွက် အသံဖြစ်ပေးခဲ့သူ၊ ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်ဖို့ နည်းလမ်းမျိုးစုံနဲ့ အစွမ်းကုန် ကြိုးစားနေတဲ့သူ" အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီး သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ကတ်သလစ် ဘုန်းတော်ကြီးဖြစ်သူ အိုဟီ ဂူဝက်စ်က မေတ္တာတရားကြီးမားပြီး ဘဝရဲ့ရပ်တည်ချက်ကို အမြဲရှာဖွေနေသူပါ။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဒုတိယကမ္ဘာစစ်အတွင်း စစ်ထဲဝင်ခဲ့ရပေမဲ့ ဘုန်းတော်ကြီးတစ်ဦးအဖြစ် သူ့ရဲ့ရပ်တည်ချက်ကို မစွန့်ပစ်ဘဲ အတတ်နိုင်ဆုံး ထိန်းသိမ်းထားခဲ့သူလည်း ဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်း သရုပ်မှန်ကို ဖုံးကွယ်နေထိုင်ဖို့ရည်ရွယ်ချက်နဲ့ အာဘစ် ပီယာဆိုတဲ့ အမည်သစ်တစ်ခုနဲ့ လျှို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်။ (အာဘစ်ဆိုတာက ပြင်သစ်လို ဘုန်းတော်ကြီးတွေကိုခေါ်တာမို့ ဘုန်းတော်ကြီး ပီယာဖြစ်ခဲ့တယ်လို့ ဆိုရမှာပေါ့လေ။)ဒုတိယကမ္ဘာစစ်အပြီး ကာလမှာတော့ ပြင်သစ်မှာ ငတ်မွတ်ခေါင်းပါးမှု၊ အိုးမဲ့အိမ်မဲ့တွေများပြားလာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သေကြေပျက်စီးမှုတွေရှိလာခဲ့ချိန်မှာတော့ အာဘစ်ပီယာတစ်ယောက် အိမ်ခြေရာမဲ့တွေအတွက် ရွတ်ရွတ်ချွံချွံ ...
movie

Abbé Pierre – A Century of Devotion (2023)

Anna (2019) 6.6
Anna (2019) Anna (2019)IMDb Rating (6.6)မင်းသမီးချော Sasha Luss ရဲ့အက်ရှင်စကေးတွေနဲ့ မင်းသားကြီး Cillian Murphy , Luke Evans , မင်းသမီးကြီး Helen Mirren တို့ပါဝင်ထားတဲ့ရုရှား-အမေရိကန် စပိုင်အက်ရှင်ဇာတ်ကြမ်းကားပါ။ဇာတ်လမ်းကတော့....အန်နာဟာ ပုံမှန်အရုပ်တွေရောင်းရင်းနဲ့ အေဂျင်စီတစ်ခုက မျက်စိကျခံရပြီးတော့ပဲရစ်မှာ မော်ဒယ်လုပ်ဖို့ဖြစ်လာရပါတယ် တစ်ရက်မှာတော့ ပါတီတစ်ခုမှာသူမကိုသဘောကျတဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တစ်ယောက်နဲ့ဆုံတွေ့ပြီးချစ်ကြိုက်မိသွားပါတော့တယ်ဒါပေမယ့် သူတို့နှစ်ယောက် ချစ်ကြိုက်သွားပြီးတဲ့နောက်သူမချစ်သူဟာ လက်နက်ပွဲစားတစ်ယောက်ဖြစ်နေတဲ့အခါ….သူတို့တွေ့ဆုံမှုကလည်း မတော်တဆ တွေ့ဆုံမှု မဟုတ်တဲ့အခါ..သူမဟာလည်း ရိုးရိုးရှင်းရှင်း မော်ဒယ်တစ်ယောက် မဟုတ်တဲ့အခါ..အမေရိကန်နဲ့ရုရှား… နိုင်ငံကြီး ၂ ခုကြား က နှစ်ဖက်ချွန်သူလျှိုတွေနိုင်ငံရေးရှုပ်ထွေးမှုတွေကို အမိုက်စားအလှအပ အကြမ်းစားအက်ရှင်တွေနဲ့ ကြည့်ရှုရမှာပါ။စပိုင်အေးဂျင့်ဇာတ်လမ်းတွေထဲ မိမိုက်တဲ့အထဲပါပါတယ်။ File size…(6.1 GB)/(1.9 GB )/(1.1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:58:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Neve
movie

Anna (2019)

4K HEVC
OSS 117: Lost in Rio (2009)
OSS 117: Lost in Rio (2009)  ၂၀၀၉ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 6.8 Rotten Tomatoes 75% ရထားတဲ့ ပြင်သစ်စပိုင် ဟာသရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။စာရေးဆရာ Jean Bruceရဲ့ ပြင်သစ်စပိုင်ဇာတ်ကောင် ကုဒ်နာမည် OSS-117 ကို ရိုက်ကူးထားတာဖြစ်ပြီး ငယ်ငယ်က ကြည့်ခဲ့ရဖူးတဲ့ စပိုင်ဟာသကားတွေရဲ့ အရသာမျိုးကို ပြန်လည်ပေးစွမ်းနိုင်မယ့် ကားမျိုးပါ။ဇာတ်လမ်းကတော့ ၁၉၆၇မှာတည်ထားတာဖြစ်ပြီး ပြင်သစ်လျှို့ဝှက်အေးဂျင့်ဖြစ်တဲ့ လူကြီးမင်း ဟူဘတ်ဒီလာဘာ့ဒ် (codename: OSS-117)ကို ပြင်သစ်နာဇီထောက်ခံသူစာရင်းပါတဲ့ မိုက်ခရိုဖလင်ကို ပြန်ယူဖို့ ဘရာဇီးကို စေလွှတ်ရာကနေ လျှို့ဝှက်အကြံအစည်တစ်ခုထဲကို မထင်မှတ်ပဲ ရောက်သွားတဲ့ ဇာတ်လမ်းပါ။မြောက်အမေရိကကို ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ နာဇီ​ဟောင်းတစ်ယောက်ဖြစ်တဲ့ ပရော်ဖက်ဆာ ဘွန်ဇင်မယ်ဆီက ပြင်သစ်နာဇီထောက်ခံသူစာရင်းပါတဲ့ ဖလင်ကို ယူပေးရမှာပါ ဘရာဇီးမှာ ဟူဘတ်တစ်ယောက် ပြဿနာ အတိုက်အခိုက်မျိုးစုံကြုံရပြီး အစ္စရေးစစ်တပ်က အရာရှိမလေးဖြစ်တဲ့ ဒလောရက်စ်နဲ့ ဆုံပါတယ်။သူတို့နှစ်ယောက်က လိင်ကွဲပြားမှုအယူဝါဒနဲ့ သာသာရေးအတွေးအခေါ် အမြင်မတူကြပေမယ့်လည်း နာဇီလက်ကျန် ပရော်ဖက်ဆာဘွန်ဇင်မယ်ကို ဘယ်လိုဖမ်းမလဲဆိုတဲ့ ...
movie

OSS 117: Lost in Rio (2009)

In Her Name (2016) 7.0
In Her Name (2016)  ပြင်သစ်နိုင်ငံ ဂျာမနီနိုင်ငံတို့မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပေါ်မူတည်ပြီး ရိုက်ကူးထားတဲ့ ပြင်သစ်ကားလေးပါ။ သားသမီးဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ ကိစ္စတစ်ခုပေါ်မှာ အဖေတစ်ယောက်အနေနဲ့ အရှုံးမပေးပဲဇွဲနပန်းကြီးစွာ ၂၇ နှစ်လောက်ထိ ကြိုးစားမှုတွေကို တင်ဆက်ပေးထားတဲ့မှုခင်းနောက်ခံ ရုပ်ရှင်လေး ဖြစ်ပါတယ်။ဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး စာရင်းကိုင်လုပ်ငန်းနဲ့အဆင်ပြေနေတဲ့ အန်ဒရေးတစ်ယောက်ဟာ ဇနီးသည်ဖောက်ပြားတာကိုလက်ဝယ်မိပြီး ကွာရှင်းပြီးတဲ့နောက် ၁၉၈၂ ခုနှစ်မှာ သတင်းဆိုးတစ်ခုကြားလိုက်ရပါတယ်။ အဲဒါကတော့ ကျောင်းပိတ်ရက်ဖြစ်လို့ သားသမီးတွေကိုမိခင်ရှိရာ ဂျာမနီကို အလည်အပတ်ဆိုပြီး ပို့လိုက်ရတာကနေ သမီးဖြစ်သူဆုံးပါးသွားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း သေဆုံးရခြင်းအကြောင်းအရင်းကို အတိအကျ မသိရလို့ လိုက်လံ စုံစမ်းရာကနေ နောက်ကွယ်ကရွံရှာဖွယ် အမှန်တရားကို သိလိုက်ရတဲ့အချိန် တရားခံဖြစ်သူကို တစ်ကမ္ဘာလုံးနဲ့တစ်ယောက်ဆန့်ကျင်ပြီး အပြစ်ပေးနိုင်ဖို့ ဘယ်လိုတွေ ကြိုးစားရုန်းကန်ရလဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ အန်ဒရေးနေရာကလည်း ပြင်သစ် ဝါရင့်မင်းသားကြီးDaniel Auteuil သရုပ်ဆောင်ထားတာပါ။ File size…1.38GB / 627MB Quality…Blu-Ray 1080p 5.1 CH ...
movie

In Her Name (2016)

Lucy ( 2014 ) 6.4
Lucy ( 2014 ) Lucy ( 2014 ) အညွှန်း********************* လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားကလူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်းအသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကိုသယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီးဗိုက်ကို အကန်ခံလိုက်ရတဲ့အခါမှာတော့......................နာမည်ကျော် ညှို့အားပြင်း မင်းသမီးချော Scarlett Johanssonခေါင်းဆောင်ပါဝင်ပြီး ကိုရီးယား မင်းသားကြီး Choi Min Sik ကJohansson နဲ့ အပြိုင် လူဆိုးကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ပရော်ဖက်ဆာ နော်မန်အဖြစ် Morgan Freeman က Logic တွေတော်ကီပွားရုံ သရုပ်ဆောင်ထားပြီး Amr Waked က ...
movie

Lucy ( 2014 )

2014
4K HEVC
Proxima(2019) 6.6
Proxima(2019) Proxima(2019)IMDb...6.6,,,,Rotten...82%(unicode)အသက်၇ နှစ်အရွယ်သမီးလေးတစ်ယောက်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့ မိခင်တစ်ယောက်... ငယ်စဉ်ကတည်းက အာကာသယာဉ်မှူးအိမ်မက် မက်နေခဲ့တဲ့ အမျိုးသမီးတစ်ယောက်... သူမကတော့ ကွာရှင်းထားတာသိပ်မကြာသေးတဲ့ ပြင်သစ်မလေး ဆာရက်ပါ တနေ့မှာတော့ သူမ နေ့နေ့ညညမျှော်လင့်ခဲ့ရတဲ့ အာကာသယာဉ်မှူးအိမ်မက် အကောင်အထည်ပေါ်လာခဲ့ပါတော့တယ်... ချစ်ရတဲ့ သမီးငယ်ကိုအချိန်မပေးနိုင်တော့ဘဲ အိမ်မက်ရဲ့စေရာနောက်ကို ရွေးချယ်လိုက်တဲ့နောက်မှာတော့.... ဒီဇာတ်လမ်းထဲမှာတော့ အမေနဲ့သမီးနဲ့ ကြားက သံယောဇဉ်၊ အလုပ်နဲ့ သားသမီးကြားမှာ ဒွိဟများနေတဲ့ မိခင်တစ်ယောက်ရဲ့စိတ်တို့အပြင် အာကာသယာဉ်မှူးတစ်ယောက်ရဲ့ ကမ္ဘာမြေပေါ်က မထွက်ခွာမှီ ကြိုတင်ပြင်ဆင်ရပုံတွေကို အသေးစိတ်ရိုက်ကူးထားပါတယ်.. ဗဟုသုတလည်းရသလို  ခက်ခဲတဲ့ဘဝတွေကို ပညာသားပါပါလေးပြထားပါတယ်...IMDbလည်းမဆိုးသလို Rotten လည်း 82%တောင် ရရှိထားတာမို့လို့ ခံစားကြည့်ကြပါဦး.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thithtoo Zaw ပဲဖြစ်ပါတယ်...(zawgyi)အသက်၇ နှစ်အရွယ်သမီးလေးတစ်ယောက်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့ မိခင်တစ်ယောက်... ငယ်စဉ်ကတည်းက အာကာသယာဉ်မှူးအိမ်မက် မက်နေခဲ့တဲ့ အမျိုးသမီးတစ်ယောက်... သူမကတော့ ကွာရှင်းထားတာသိပ်မကြာသေးတဲ့ ပြင်သစ်မလေး ဆာရက်ပါ တနေ့မှာတော့ သူမ နေ့နေ့ညညမျှော်လင့်ခဲ့ရတဲ့ အာကာသယာဉ်မှူးအိမ်မက် အကောင်အထည်ပေါ်လာခဲ့ပါတော့တယ်... ချစ်ရတဲ့ သမီးငယ်ကိုအချိန်မပေးနိုင်တော့ဘဲ အိမ်မက်ရဲ့စေရာနောက်ကို ရွေးချယ်လိုက်တဲ့နောက်မှာတော့.... ဒီဇာတ်လမ်းထဲမှာတော့ အမေနဲ့သမီးနဲ့ ကြားက သံယောဇဉ်၊ အလုပ်နဲ့ ...
movie

Proxima(2019)