Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jan Aleksandrowicz-Krasko
6.0
Pilecki’s Report (2023)
ဒီဇာတ်ကားကတော့ ဇာတ်ကားပြီးသွားတဲ့အခါသူရဲကောင်းတွေကို ဘာကြောင့် သတ်ပစ်ကြတာလဲဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။၂ နာရီစာ ဒီဇာတ်ကားက တကယ့်ဖြစ်ရန်မှန်ကို အခြေခံထားတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ဒုတိယ ကမ္ဘာစစ်မှာ ပိုလန် လူမျိုး ဝစ်တိုး ပီလက်ကီဆိုတဲ့တော်လှန်ရေး တပ်သားတစ်ယောက်ဟာ အရမ်း ဆိုးဝါးတဲ့အော့ဇ်ဝစ်ချ် ဂျာမန် အကျဉ်းထောင်ထဲကို ဝင်ရောက်ခဲ့ပါတယ်။စစ်ကြီးပြီးသွားတဲ့အခါမှာတော့ ကွန်မြူနစ် အရာရှိတွေရဲ့ဖမ်းဆီးခြင်းကို သူ့အနေနဲ့ ခံလိုက်ရတယ်။ စစ်အတွင်းမှာသူကြုံခဲ့ရတာတွေ .. အော့ဇ်ဝစ်ချ်ဆိုတဲ့ ငရဲခန်းထဲမှာ သူ့ရဲ့အတွေ့အကြုံတွေနဲ့ မျက်မြင်ကိုယ်တွေ့ သူကြုံခဲ့ရတဲ့ အနိဌာရုံမြင်ကွင်းတွေအကြောင်း ကွန်မြူနစ်အရာရှိတွေက သိချင်ခဲ့ကြတာဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့၁၉၄၈ ခုနှစ်မှာ ဆိုဗီယက်အစိုးရကို ဆန့်ကျင်မှုကြောင့်သူဟာ ကွပ်မျက်ခံလိုက်ရတာပါပဲ။ပထမ စစကြည့်ချင်းမှာ ဇာတ်ကားကို သိပ်နားမလည်နိုင်ပေမဲ့နောက်ပိုင်းမှာ အော့ဇ်ဝစ်ချ် အကျဉ်းထောင်ထဲက ရိုက်ကွင်းတွေကြောင့် ဇာတ်ကားက ပိုကြည့်လို့ ကောင်းလာပြီး ဇာတ်ရည်လည်းလည်လာမှာဖြစ်ပါတယ်။ သမိုင်း ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဒီဇာတ်ကားက ကြည့်ရမယ့်ဇာတ်ကားကောင်း တစ်ကားပါပဲ လို့ ပြောရင်း ...
movie
Pilecki’s Report (2023)
6.7
Pokolenie Ikea(2023)
Pokolenie Ikea(2023)******************ဦးဆုံးအနေနဲ့ ဇာတ်လမ်းတစ်လျှောက် sex sceneတချို့နဲ့ လိင်မှုအသုံးအနှုန်းတွေ ပေါပေါသီသီပါတာမို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး။ ပိုလန်စာရေးဆရာ Piotr Cရဲ့ Pokolenie Ikeaဆိုတဲ့အရောင်းအရဆုံးစာအုပ်ကို ရုပ်ရှင်အဖြစ်ပြန်ရိုက်ကူးထားတာဖြစ်ပြီး ဒီစာအုပ်ဟာ ပိုလန်အင်တာနက်အသုံးပြုသူတွေ ratingပေးတဲ့အဖတ်သင့်ဆုံးစာအုပ် 100ထဲမှာ နံပါတ်32အထိချိတ်ခဲ့ပါတယ်... ဇာတ်လမ်းနာမည်က englishလိုဆို IKEA Generationဖြစ်ပြီး Millennials နဲ့ Gen Zersတွေကိုဆိုလိုချင်တာပါ။ တစ်နည်းအားဖြင့် ဒီဇာတ်လမ်းဟာ အသက် ၄၀အောက်အရွယ် ၂၁ရာစု ခေတ်သစ်လူလတ်ပိုင်းဘဝအကြောင်းကို ရိုက်ပြထားတဲ့ Drama၊ Comedy၊ Romanceကားလေးပါ... Romanceကားဆိုပေမယ့် ideaဆန်းဆန်းလေးနဲ့မို့ sex conceptတစ်ခုကို ချပြနေတယ်လို့တောင် အထင်မှားစရာရှိပါတယ်။ ၂၁ရာစုရဲ့ လူလတ်ပိုင်းဘဝဟာဆိုရင် ယခင်ရှေးရိုးစွဲကာလတွေနဲ့ မတူတော့ဘဲ လိင်မှုကို ကျား၊မ မရွေးလွယ်လွယ်ကူကူရယူနိုင်တဲ့အမှုတစ်ခုလိုဖြစ်နေပါပြီ။ ဒီထဲမှာမှ ဘလက်ကီဟာ အသက်သုံးဆယ်ကျော် လူပျိုလူလွတ်ရှေ့နေတစ်ယောက်ပါ။ အိမ်ထောင်သားမွေးပြုချင်သူမဟုတ်သလို၊ အချစ်ကိုမရှိလည်းဖြစ်တယ်လို့တွေးပြီး ဘဝကို ပါတီတက်လိုက်၊ မိန်းမလိုက်စားလိုက်နဲ့ ပျော်ပျော်ပါးပါးကျော်ဖြတ်နေသူပါ။ သူဟာ လိင်ကိစ္စကိုလွတ်လပ်မှုတစ်ခုလို့ တွေးသူဖြစ်တဲ့အပြင် ထူးထူးဆန်းဆန်းအကြံဉာဏ်ရှိပါတယ်။ ဘယ်လိုလဲဆိုတော့ A to Zနာမည်အစနဲ့ မိန်းကလေးအကုန်လုံးနဲ့အိပ်ချင်တာပါ... သူ့အတွက်တော့ အက္ခရာအစဥ်လိုက်နဲ့ ...
movie
Pokolenie Ikea(2023)