Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jamie Williams
6.1
The Waterboy (1998)
American ဟာသကားတွေ ရဲ့ မင်းသားကြီးဖြစ်တဲ့ Adam Sandler ရဲ့ နာမည်ကြီးရုပ်ရှင်တွေထဲက တစ်ကား ဖြစ်ပါတယ် Sport/Comedy ရုပ်ရှင်အမျိုးစားဖြစ်လို့ ပေါ့ပေါ့ပါးပါး ဟာသကားလေးကြည့်ချင်တဲ့ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ခုဖြစ်မှာပါဇာတ်ကားလေးရဲ့အစမှာတော့ ဘော်ဘီဘူရှေလို့ခေါ်တဲ့ကောင်လေးဟာ ဘောလုံးပွဲတွေမှာ ကစားသမားတွေကို ရေကမ်းတဲ့အလုပ်ကိုလုပ်ကိုင်ပြီး မိခင်ဖြစ်သူရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကိုခံနေရတဲ့သူပါ သူ့ရဲ့ ထူးခြားတဲ့ပုံစံကြောင့် လူတိုင်း အနိုင်ကျင့်သမျှလဲခံရသူဖြစ်ပါတယ်တနေ့မှာ မထင်မှတ်ဘဲ ဘောလုံးပွဲအသင်းတခုမှာ ကစားသမားဖြစ်သွားရာကနေ အခက်ခဲမျိုးစုံကြုံရပါတော့တယ် အမေဖြစ်သူကရော လက်ခံနိုင်ပါ့မလား သူ့ကြုံတွေ့ရတဲ့အခက်ခဲတွေကိုရော ဘယ်လိုကျော်လွှားမှာလဲ ဆိုတာသိချင်ရင်တော့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလိုက်ပါ .. File size…(1.8 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Judy Berry
movie
The Waterboy (1998)
Any Given Sunday (1999)
“အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ ...
movie
Any Given Sunday (1999)
6.3
Rock Star (2001)
ဂီတနဲ့ပတ်သက်တဲ့ ဇာတ်ကားကောင်းတွေကြည့်ရှုချင်တဲ့ပရိသတ်တွေအတွက်2001 ခုနှစ်တုန်းက မင်းသား Mark Wahlberg ပါဝင်ရိုက်ကူးထားတဲ့ Rock Star ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားဟာ မြန်မာနိုင်ငံက လေးဖြူ အငဲ ဇော်ဝင်းထွဋ် စတဲ့ မက်ဂါစတားကြီးတွေတစ်ခါက သူတို့သီချင်းတွေကို သီဆိုခဲ့ဖူးတဲ့ Judas Priest တီးဝိုင်းရဲ့ဖြစ်ရပ်မှန်ကို လျော့တိလျော့ရဲ မရေမရာ အခြေခံထားတယ်လို့ ဆိုပါတယ်...ရော့ခ် ပရိတ်သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းမျိုးပါ...ဇာတ်လမ်းအကျဉ်းလေးကတော့...ခရစ် ဆိုတဲ့ ဟဲဗီးရော့ခ်တွေကို ရူးသွပ်တဲ့လူငယ်လေးတစ်ယောက်ဟာ Steel Dragon ဆိုတဲ့တီးဝိုင်းကို အရမ်း ကြိုက်နှစ်သက်ပြီးအဆိုတော်ရဲ့ အဝတ်အစားတွေ ဟန်ပန်တွေ သီချင်းဆိုဟန်တွေကအစ အားလုံးအလွတ်ရတဲ့အထိ ရူးသွပ်တဲ့သူတစ်ယောက်ပေါ့.. ..သူ့မှာ Steel Dragon တို့ရဲ့သီချင်းတွေ ကာဗာဆိုတဲ့ ကိုယ်ပိုင်တီးဝိုင်းလေးတစ်ခုတောင်ရှိတယ်....တစ်နေ့တော့ သူ့တီးဝိုင်းဟာ ကာဗာသီချင်းတွေမဆိုချင်တော့တဲ့အခါ သူနဲ့ ခွာပြဲပြီး သူ့တီးဝိုင်းကသူ့ကိုကန်ထုတ်လိုက်ချိန်မှာကံအားလျော်စွာပဲ သူရူးသွပ်တဲ့ Steel dragon က အဆိုတော်သစ်ရှာနေချိန်ဖြစ်နေပါတယ်....သူ Steel Dragon ...
movie
Rock Star (2001)
2001