Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jamie Sives
6.9
In the Heart of the Sea (2015)
IMDb 6.9/10 Genre Action/Adventure/Biographyဒီဇာတ်လမ်းကတော့ Moby Dick ဝတ္ထုကိုအခြေခံပြီးတော့ ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ မင်းသား Chris Hemsworth, Tom Odell, Benjamin Walker နဲ့ Cillian Murphy တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းချုပ်အနေနဲ့ကတော့တွင်းထွက်လောင်စာဆီတွေ မပေါ်သေးတဲ့ ၁၉ ရာစုအစောပိုင်း နန်တူကတ်မြို့ကို အခြေခံထားပြီးတော့ ဒီကာလမှာ လောင်စာဆီအနေနဲ့ ဝေလငါးအဆီကို အသုံးပြုကြပါတယ်။ အဲဒီအချိန်မှာ အက်ဆက်ဝေလငါးဖမ်းသင်္ဘောကြီးနဲ့အတူ ဝေလငါးဖမ်းဖို့ သင်္ဘောသားတစ်စုထွက်လာကြပါတယ်။ဒီသင်္ဘောကြီးကို ကပ္ပတိန် ဂျော့ ပေါလတ်နဲ့အတူ အိုဝင်ချေ့စ်ဆိုတဲ့ လက်ထောက်ကပ္ပတိန်တို့က ဦးစီးပြီးတော့ ရွက်လွှင့်လာခဲ့ကြပါတယ်။ ဂျော့ပေါလတ်ဆိုတာကတော့ ဝေလငါးလောင်စာဆီ ကုမ္ပဏီက သူဌေးသားဖြစ်ပြီးတော့ အိုဝင်ချေ့စ်ဆိုတာကတော့ နန်တူကတ်မြို့ရဲ့ ငယ်မွေးခြံပေါက် ဝေလငါးဖမ်းသမားပေါ့။အဲဒီလိုနဲ့ ပေါလတ်နဲ့ဂျော့တို့က မာနချင်းပြိုင်ပြီးတော့ ခရီးဆက်လာကြပါတယ်။ဒီလိုနဲ့ ပထမဆုံးသူတို့ရဲ့ ဝေလငါးတစ်ကောင်ကို အောင်အောင်အောင်မြင်မြင် ဖမ်းနိုင်ခဲ့ပြီးတဲ့နောက်မှာ နောက်ထပ်ဝေလငါးတွေ ထပ်မတွေ့တော့ဘဲ တော်တော်ကြာကြာရွက်လွှင့်ခဲ့ကြရပါတယ်။ကျွန်းတစ်ကျွန်းကိုရောက်တော့ ရိက္ခာထပ်ဖြည့်ရင်း သင်္ဘောသားတစ်ယောက်ဆီကနေပြီးတော့ ဝေလငါးကြီးတစ်ကောင်ရဲ့ သတင်းကို ကြားပြီးတော့ ဒီဝေလငါးကြီးနောက်ကို လိုက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ရက်တော်တော်ကြာအောင် ရွက်လွှင့်လာပြီးတဲ့နောက်မှာ ဒီဝေလငါးကြီးနဲ့တွေ့ပါပြီ။ အိုဝင်ချေ့စ်တို့ သင်္ဘောသားအုပ်စုနဲ့ ဝေလငါးကြီးတို့ ...
movie
In the Heart of the Sea (2015)
2015
4K HEVC
6.4
Mean Machine (2001)
"The Mean Machine" လို့ ဂုဏ်ထူးမှည့်ခေါ်ခံရတဲ့ အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဒန်နီမီဟန် အနေနဲ့ ဂျာမနီနဲ့ကစားတဲ့ပွဲတစ်ခုမှာ လုပ်ပွဲကစားခဲ့တာကြောင့် ဘောလုံး ကစားခြင်းကနေ တားမြစ်ထားခံရခဲ့ပါတယ်။တစ်ရက်မှာတော့ ဘားတစ်ခုကနေ အရက်သောက်ပြီးအပြန်မှာ လမ်းမှာ ကားမဆင်မခြင်မောင်းနှင်မှုကြောင့် ရဲများလိုက်လာပြီး အရက်သောက်ထားမထား စစ်ဆေးခြင်းကို ငြင်းဆိုပြီး ရဲအရာရှိနှစ်ယောက်ကို တိုက်ခိုက်မှုကြောင့် လောင်းမာ့ရှ်ထောင်မှာ ၃ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။သူ့ရဲ့ Celebrity Status ကြောင့်ပဲ ထောင်အစောင့်တွေနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး ရောက်ပြီးမကြာခင်မှာပဲ အထုအထောင်းခံခဲ့ရပါတယ်။ ထောင်ဦးစီးအနေနဲ့လည်း ဒန်နီမီဟန်ကို ဒီ ၃ နှစ်မှာ လောင်းမာ့ရှ်ထောင်မှာပဲ ရှိနေအောင် ကြိုးစားခဲ့ပြီး သူတို့ရဲ့ ထောင်အစောင့် ဘောလုံးအသင်းကို နည်းပြဖို့ စည်းရုံးခဲ့ပါတယ်.။ ဒန်နီအနေနဲ့ ငြင်းဆန်ခဲ့ပြီး ထောင်သားတွေပါဝင်တဲ့အသင်းတစ်ခုကို လေ့ကျင့်သင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒန်နီရဲ့ ထောင်တွင်းဘဝမှာ နိုင်ငံသစ္စာဖောက်အနေနဲ့ အခန်းဖော်တွေရဲ့ မကြိုဆိုမှု၊ နစ်နာဆုံးရှုံးသွားတဲ့ လောင်းကစားသမားတွေရဲ့ မျက်မုန်းကျိုးမှု တွေကြားကနေ သူ့ရဲ့အသင်းကို လူသစ်စည်းရုံးကာ တည်ထောင်ခဲ့ရပါတယ်။ နှစ်ကြီးသမားတစ်ယောက်ဖြစ်တဲ့ ဒေါ့နဲ့ တွေ့ဆုံအပြီးမှာတော့ ဆပ်ပြာတုံး လွတ်မကျဖို့ကနေစပြီး ...
movie
Mean Machine (2001)
8.1
Rush (2013)
Romance လည်းကြည့်ချင်တယ် Sports ကလည်း ပါချင်သေးတယ် Actionလည်း ကြည့်ချင်တာဆိုရင်တော့ တစ်ကားတည်းနဲ့ ရသမျိုးစုံခံစားရစေမဲ့ မင်းသားကြီး Chris Hemsworth ရဲ့ ဒီmovie လေးကို recommend ပေးပါရစေ။ဒီကားကိုတော့ အားကစားကိုစိတ်ဝင်စားတဲ့သူတွေ ကားပြိုင်ပွဲတွေကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေနဲ့ ကားတွေအကြောင်းစိတ်ဝင်စားတဲ့သူတွေ ကြည့်သင့်ပါတယ်ပြီးတော့ ဒီရုပ်ရှင်လေးက တကယ့်ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ အစကနေအဆုံးထိ လုံးဝ မပျင်းရအောင် ဆွဲဆောင်သွားမှာအာမခံပါတယ်။အဲ့တော့ ဇာတ်ကောင်တွေအကြောင်းကို နည်းနည်းလောက် အကျဉ်းချုံးလေး ပြောပြချင်ပါတယ် အဓိက ဇာတ်ကောင်တွေအနေနဲ့ကတော့ James Huntနဲ့ Niki Lauderဆိုတဲ့ ပြိုင်ကားသမားနှစ်ယောက်ကြားက ယှဉ်ပြိုင်မှုတွေ သူတို့ရဲ့ ဘဝစိတ်နေစိတ်ထားတွေကို ပြသထားပါတယ်။သူတို့ကပြိုင်ဘက်တွေဖြစ်ပေမယ့် သဘောထားကတော့ အတော်လေးကွာခြားတယ်လို့ပြောလို့ရပါတယ် Jamesက ဆံပင်ရှည်ရှည် ခန္ဓာကိုယ်ကခပ်မိုက်မိုက်နဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့၊ ဘဝကိုပျော်ပျော်နေတတ်ပြီး စည်းတွေကမ်းတွေနဲ့ဆို မနေတတ်တဲ့သူ၊ တစ်ခုခုဆို တဇွတ်ထိုးလုပ်တဲ့သူ၊ နိုင်ဖို့စိတ်အားထက်သန်ပြီး အနိုင်ရဖို့ အသက်ကိုတောင် လောင်းကြေးထပ်ရဲတဲ့သူ။Nikiကတော့ ပုံရိုးပြီး ...
movie
Rush (2013)
Valhalla Rising (2009)
Doctor Strange ဇာတ်ကားထဲက Ancient One ကို Kill ခဲ့တဲ့ ဗီလိန်မင်းသားကြီး Mads Mikkelsen အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Drama/Adventure ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ဘာသာရေးစစ်ပွဲတွေဖြစ်နေတဲ့ကာလတစ်ခုကို အခြေခံရိုက်ကူးထားပြီး ခရစ်ယန် ဘာသာရေးအထူးစစ်သားအဖွဲ့တစ်ဖွဲ့ဟာ ဂျေရုစလင် ကိုပြန်လည်သိမ်းပိုက်ဖို့အတွက် ချီတက်ရင်း မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုနဲ့ကြုံခဲ့ရပြီး ကျွန်းတစ်ကျွန်းကို ရောက်သွားရာကနေ မမျှော်လင့်ထားတဲ့ အဖြစ်ဆိုးတွေအမျိုးမျိုးနဲ့ကြုံတွေရတဲ့အကြောင်းကို ရင်ခုန်စွာနဲ့ကြည့်ရှုရမှာပါဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(903 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Adventure, Drama, Action, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Valhalla Rising (2009)
Triage (2009)
"It is only the dead who have seen the end of the war." ဆိုသလိုပဲ လူတွေသေဆုံးသွားရင်တောင် စစ်ပွဲတွေကတော့ အမြဲတမ်းရှိနေမှာပါ။စစ်ပွဲတွင်းကနေပြန်လာတဲ့သူတွေမှာ သာမန်လူတွေနဲ့မတူတဲ့စိတ်ဒဏ်ရာကြီးကြီးမားမားတွေရှိနေတတ်တယ်။ ထိရောက်တဲ့ကုထုံးတွေမှမကူရင် ဘယ်လိုမှနလံမထူနိုင်အောင် အချိန်စက်ဝန်းတစ်ခုတည်းမှာပဲပိတ်မိနေသလို လက်ကျန်ဘဝတစ်ခုလုံး နာကျင်နေရတတ်ပါတယ်။ ခွင့်လွှတ်မှုဆိုတာတခြားသူတွေဆီကရနိုင်တဲ့အရာမဟုတ်ပါဘူး ကိုယ့်ကိုကိုယ်၌မှာပဲ ကိုယ့်ကိုပြန်ပြီးခွင့်လွှတ်ပေးလို့ရတဲ့အရာမျိုးပါ စိတ်ရဲ့ပြဿနာတော်တော်များများက ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်တာကနေစပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်ပွဲတွင်းမြင်ကွင်းတွေကို ဓာတ်ပုံရိုက်ဝင်ငွေရှာတဲ့ သဘာဝဓာတ်ပုံဆရာမာ့ခ်က ဒီတစ်ခေါက်မှာသူငယ်ချင်းဒေးဗစ်နဲ့အတူ စစ်ပွဲရှိရာKurdistanကို အလုပ်ခရီးထွက်ဖြစ်ခဲ့တယ်။ သူတို့စခန်းချတဲ့နေရာကတော့ Triageစနစ်ကျင့်သုံးတဲ့ စစ်လူနာကုသဆောင်မှာပေါ့။ တစ်နေ့မှာ မာ့ခ်က အဖြစ်ဆိုးတစ်ခုနဲ့ကြုံခဲ့ရတယ်။ သူကြုံခဲ့ရတဲ့အဖြစ်ဆိုးကို သူကိုယ်တိုင်ရော ရေရေရာရာသိမှာလား လက်ခံနိုင်စွမ်းရှိမှာလား စစ်ပွဲတွေနဲ့ထိတွေ့မှုမရှိတဲ့အပြင်ကမိသားစုဝင်တွေကရော မာ့ခ်ကိုကူညီပေးနိုင်မှာလား။ ဒီအဖြေတွေကို Triage 2009 movieမှာ ကြည့်ရှုလို့ရပါပြီ။ သဘာဝရုပ်ရှင်တွေကိုကြိုက်တဲ့ရုပ်ရှင်ပရိသတ်တွေအတွက်တော်တော်ကိုပြီးပြည့်စုံတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။ File size…(1.8 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Drama, Thriller, Mystery ...
movie
Triage (2009)
6.3
Get Him to the Greek (2010)
2011 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်File size…(2.4 GB)/(1.3 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre...Adventure, Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Get Him to the Greek (2010)
5.8
Clash of the Titans (2010)
မြွေခေါင်းတွေနဲ့မယ်ဒူဆာကို အကြည့်ချင်းဆုံမိတာနဲ့ ကျောက်ရုပ်ဖြစ်သွားတတ်တဲ့ ဒဏ္ဍာရီကို ကြားဖူးရင် ဒီဇာတ်ကားကို အတော်များများသိကြမှာပါ...ဒီရုပ်ရှင်ကားကို မင်းသားမင်းသမီး A list တွေနဲ့ရိုက်ကူးထားပါတယ်...Avator မင်းသား Sam Worthington ,Taken မင်းသားကြီး Liam Neeson,ဟယ်ရီပေါ်တာရဲ့ဗိုဒီမော့ Ralph Fiennes,Hansel and Gretel မင်းသမီး Gemma Arterton တို့အပြင် ဇာတ်ရံပေါင်းများစွာပါဝင်ပါတယ်။ဇာတ်လမ်းကတော့...သိကြတဲ့အတိုင်းပါပဲ...ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေအကြောင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။လူသားတွေကိုဖန်ဆင်းထားတဲ့ နတ်ဘုရားတွေ...တန်ခိုးပါဝါအာဏာတွေတပ်မက်ရင်း လူသားတွေလိုစိတ်ဆိုးပြီး...နေရာလု ရန်ဖြစ်ကြပါတော့တယ်...ဒီပြသနာက လူ့ပြည်ထိ ရိုက်ခတ်လာတဲ့အခါမှာတော့...လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း ပါးစီးရပ်စ်နဲ့...ဘာတန်ခိုးမှမရှိတဲ့လူသားတို့ အခက်အခဲတွေကို လူသားဆန်ဆန် ရင်ဆိုင်ဖြေရှင်းကြတဲ့အကြောင်းပါ။Clash of the Titans ကိုကြည့်ထားမှ သူ့ရဲ့အဆက် Wrath of The Titans(2012) ကို ဆက်ကြည့်ကြပါ။ File size…(3.1 GB) and (1 GB) Quality….BluRay 1080p & 720p Format…mp4 Duration….01:46:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Clash of the Titans (2010)
7.0
Maleficent (2014)
Maleficent (2014) IMDb - 7.0/10_____Rotten - 54% Maleficent ဆိုတာ Disney ကာတွန်းကား Sleeping Beauty ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်း ဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့ တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ဝင်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက် ပြီကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိးမသေပဲ နှစ်တစ်ရာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ ...
movie
Maleficent (2014)
2014
7.3
Wild Rose (2019)
ရိုစ့်လင်းဟာလန်ဟာ အသံအရမ်းကောင်းပြီးကမ်းထရီးအဆိုတော် သိပ်ဖြစ်ချင်တဲ့ ကောင်မလေးပါဘ၀ဟာကြမ်းတမ်းခက်ခဲလွန်းတော့အသက် ၁၈ နှစ်မပြည့်ခင် ကလေး ရခဲ့ပြီးမူးယစ်ဆေးမှောင်ခိုမှုနဲ့လည်း ထောင် ၁၂ လ ကျခဲ့သူ ဖြစ်နေတော့ကမ်းထရီးအဆိုတော် ဖြစ်ရေး ဆိုတော့သူမအတွက်တော့ အိပ်မက်မက်နေရသလိုပဲအားထားစရာဆိုလို့ အသံလေးတစ်ခုရယ် ၁၄ နှစ်သားထဲကဘားဆိုင်မှာ အတူတွဲဆိုလာတဲ့ အဖွဲ့လေး တစ်ဖွဲ့ရယ်ပဲကျန်တဲ့အချိန်မှာ ဘားဆိုင်ကလည်းထောင်ထွက်မို့လို့ သူ့ကိုဆိုခွင့်မပေးတော့တဲ့ အနေအထားဖြစ်လာပါတယ်အိမ်တစ်အိမ်မှာ သန့်ရှင်းရေးသမ ၀င်လုပ်ရတဲ့အထိဘ၀ကိုရပ်တည်ချိန်မှာ အိမ်ရှင်အမျိုးသမီးရဲ့အဆက်အသွယ်နဲ့ သူမအစွမ်းတွေဖွင့်ထုတ်ခွင့်ကြုံလာပါတော့တယ်သူတကယ်ပဲအောင်မြင်သွားမှာလားသူ့အတိတ်ဆိုးကိုလူတွေလက်ခံနိုင်ပါ့မလားကလေးတွေနဲ့ သူ့အိပ်မက်ကြားထဲ သူဘာကိုရွေးချယ်မလဲဆိုတာဒီကားမှကြည့်ရှုရမှာပဲဖြစ်ပါတယ် File Size : ( 942 MB , 356 MB)Quality : WEB-DL 720pRunning Time : ...
movie
Wild Rose (2019)
2018