Channel Myanmar

Jamie Luk Kim-Ming

Twin Dragons (1992) 6.5
Twin Dragons (1992)  ဂျက်ကီရဲ့အကောင်းဆုံးဇတ်ကားတွေထဲကတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ပရိတ်သတ်တွေရင်းနှီးပြီးသားဇတ်ကားလေးတစ်ကားပါပဲ ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ကြတဲ့အမွှာညီအစ်ကိုနှစ်ယောက် တစ်ဦးကဂီတပညာရှင်ကြီး ကျန်တစ်ဦးကခပ်ဆိုးဆိုးဖိုက်တာလေးညီအစ်ကိုနှစ်ယောက် မတော်တဆပြန်ဆုံတွေ့မိကြပြီးတိုင်ပတ်ကြပုံအရူပ်တော် ပုံတွေကိုဟာသဆန်ဆန်မြင်တွေ့ကြရမှာပါဂျက်ကီရဲ့နှစ်ကိုယ်ခွဲအိုင်တင်အက်ရှင်အကြမ်းအရမ်းတွေကိုလည်းမြင်တွေ့ရမှာပါ ပြန်ကြည့်ချင်ပြီးသိမ်းထားချင်သူ တွေအတွက်ပြန်လည်တင်ဆက် ပေးလိုက်ပါတယ် File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by ….Garfield
movie

Twin Dragons (1992)

1992
[18+] 3 Days of a Blind Girl (1993) 5.7
[18+] 3 Days of a Blind Girl (1993) 1993 ကထွက်ရှိခဲ့တဲ့ ဟောင်ကောင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်အဓိကဇာတ်ဆောင်ဖြစ်သူက ဒေါက်တာဂျက်အင် လိုခေါ်တဲ့ နှလုံးအထူးကုဆရာဏန်တစ်ယောက်ရဲ့ ဇနီးဖြစ်သူပါအမျိုးသမီးလေးဟာ မျက်လုံးခွဲစိတ်မှုကြောင့် သုံးရက်တာ မျက်စိမမြင်ရ ဖြစ်နေပါတယ်...ဖြစ်ချင်တော့ ယောက်ျားဖြစ်သူကလဲ နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ခရီးထွက်ဖို ဖြစ်လာရပြီးအိမ်ကြီးမှာ အမျိုးသမီးလေးနဲ့ အိမ်ဖော်‌ မေ ဆိုသူပဲရှိနေတဲ့အချိန်ပါ...အဲ့အချိန်မှာ ခင်ပွန်းဖြစ်သူရဲ့မိတ်ဆွေလို့ဆိုတဲ့ လူတစ်ယောက် အိမ်ကိုရောက်လာတဲ့အချိန်မျှော်လင့်မထားတဲ့ ဖြစ်ရပ်ဆိုးကြီးကို ကြုံရပါတော့တယ်...လူချမ်းသာဆရာ၀န်တစ်ယောက်နဲ့လက်ထပ်ပြီး လိုလေသေးမရှိ ဘဝကိုခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ဖြတ်သန်းလာရတဲ့ အမျိုးသမီးလေးတစ်ယောက်ယခုလို ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံတွေ့ပြီးနောက်ပိုင်းမှာရဲရင့်တဲ့အမျိုးသမီး‌တစ်ဦးအဖြစ်ပြောင်းလဲသွားပုံကို ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ...(အမြင်မတော်တဲ့ဇာတ်ဝင်ခန်းတချို့ပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ အဆင်မပြေပါဘူး။)  File size…(1.3 GB) and (900 MB) Quality….BluRay 1080p and 720p Format…mp4 Duration….01:32:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Chuck Chuck
movie

[18+] 3 Days of a Blind Girl (1993)

The New Shaolin Boxers (1976) 6.3
The New Shaolin Boxers (1976) ကဲကဲ လာပါပြီ မိတ်ကပ်တွေလိမ်းပြီးလေပေါ်ပျံပြနေတဲ့ ခုခေတ်ရှောင်ကောကောတွေကိုငြီးငွေ့နေသူများအတွက် 1976တုန်းကရှောင်လင်သိုင်းကားတကားတင်ဆက်ပေးလိုက်ပါတယ် (တကယ်လိုက်ကျင့်လို့ရတယ်နော် လေပေါ်လုံးဝမပျံပြထားဘူး) ဇာတ်လမ်းအကျဥ်း - ကျုံးကျန်းဟာ မဟုတ်မခံအမှန်တရားကိုမြတ်နိုးပြီး သူ့ရှေ့မှာမတရားမှုတွေ့လာတိုင်းဆိုင်ဆိုင်မဆိုင်ဆိုင် ကိုယ့်ထမင်းကိုယ်စားပြီး ဝင်ရောက်ကူညီတတ်တဲ့သူငယ်ပါ။ ဒါပေမယ့် ခေတ်ရေစီးကြောင်းအရအဲ့ခေတ်ကလူတွေဟာ အေးအေးဆေးဆေးနားအေးပါးအေးနေရတာကို အတော်သဘောကျသူများဖြစ်ပါတယ်။ ဒါနဲ့ပဲသူနေထိုင်ရာနယ်မြို့လေးကလူတွေအကုန်လုံးက သူ့ကိုမုန်းတီးရွံရှာနေခဲ့ပါတယ် ။ အကြောင်းကတော့ သူကငြိမ်ငြိမ်မနေပဲ မတရားတာမြင်တိုင်းဝင်ပါနေလို့ပါတဲ့ ။ ဒီလိုနဲ့ မြို့ခံစီးပွားရေးသမားတွေကလည်းမုန်း လူမိုက်ဂိုဏ်းကလည်းမျက်စိစပါးမွှေးစူးလာတဲ့အတွက် သူသင်နေတဲ့သိုင်းသင်တန်းကျောင်းကပါ အထုတ်ခံခဲ့ရပါတယ်။ ဒါပေမယ့်သနားဂရုဏာ​သက်မိတဲ့ဆရာက တောတွင်းကိုသွားရောက်တိမ်းရှောင်နေပြီးအဲ့တော့ထဲမှ ာသီတင်းသုံးနေတဲ့ဆရာတော်ကြီးဆီကရှောင်လင်သိုင်းရဲ့ အနှစ်ချုပ်ဖြစ်တဲ့ ချိုက်လိဖော်သိုင်းကိုသင်ယူဖို့လမ်းညွှန်ပြပေးခဲ့ပါတယ်။ တောထဲမှာ နေနေရင်းက အိမ်ပြန်လာတဲ့အခါ သူ့ဆရာကိုသတ်သွားတဲ့သတင်းကြားလိုက်ရတဲ့အတွက် လက်စားချေဖို့သူဆုံးဖြတ်ခဲ့ပါတယ်။ အဲ့အချိန်မှာပဲ သူညီမလေးလိုချစ်ရတဲ့ ကောင်မလေးကိုသူ့ရည်းစားကလူမိုက်တွေနဲ့ပေါင်းပြီး ဘဝကိုဖျက်ဆီးဖို့ကြံလာတဲ့အခါ ကျုံးကျန်းဟာ သူ့ရဲ့ဗီဇအတိုင်းဘယ်လိုတွေဝင်ရောက်လှုပ်ရှားမယ်ဆိုတာ ကြည့်လို့ကောင်းကောင်းနဲ့ကြည့်ရမှာဖြစ်ပါတယ်။ File Size -  1 gb Quality - bluray 1080p Subtitle -  burmese Translator - Nay Chii Encoder - Thit San Khant
movie

The New Shaolin Boxers (1976)

1976
The Untold Story 2 7.8
The Untold Story 2 ဒီတခါတော့ cmပရိသတ်ကြီးအတွက် ၁၉၉၈ခုနှစ်က ရိုက်ကူးပြီး IMDb 5.5ရထားတဲ့ horrorဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်. ဇာတ်လမ်းအကျဉ်းကတော့ အလုပ်ကိုပဲ အာရုံစိုက်တ‌ဲ့ Cheung ဟာ တနေကုန် ပင်ပန်းတာတွေ များလို့ ညရောက်တဲ့အခါ ဇနီးKuenဖြစ်သူကို စိတ်မကျေနပ်စေနိုင်ခဲ့ပါဘူး. အဲ့ဒါကြောင့် ဇနီးဖြစ်သူဟာ စိတ်ကျေနပ်မှုရအောင် အမြဲယောကျာ်းတစ်ယောက်မဟုတ် တစ်ယောက် ရှာပြီး ဆန္ဒကို ဖြေသိမ့်နေခဲ့ပါတယ်. လူရိုးကြီးCheungဟာလဲ ဇနီးသည်ကို ပြောမရတာကြောင့် လွှတ်ပေးထားခဲ့ပါတယ်။ ဒီလိုနဲ့ မထင်မှတ်ပဲ တနေ့မှာတော့ kuen ရဲ့ညီမ၀မ်းကွဲဖြစ်သူ Fungဟာ ဟောင်ကောင်ကို ရောက်လာခဲ့ပါတယ်. Fung ဟာအမဖြစ်သူရဲ့ လုပ်ရပ်တွေကို တွေ့တဲ့အခါမှာ ရွံရွာမုန်းတီးပြီး လူရိုးကြီး Cheungကို သနားချစ်ခင်ခဲ့ပါတယ်. အဲ့ဒါနဲ့ fungဟာ လူရိုးကြီး Cheungကို မာယာတွေနဲ့ ဖြားယောင်းပြီး သူ့ကိုချစ်ခင်အောင် လုပ်ခဲ့ပါတယ်. horrorကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါ.... လူသတ်ခန်းနဲ့ ချစ်ကျွမ်း၀င်ခန်းတချို့ပါ၀င်တာကြောင့် အသက်၁၈နှစ်အောက် မကြည့်သင့်ပါ....
movie

The Untold Story 2

1998
Seong lung wui (1992) 6.4
Seong lung wui (1992)  1992 ခုနှစ်ကထွက်ရှိခဲ့တဲ့ မင်းသားကြီး ဂျက်ကီချန်းရဲ့ ၂ကိုယ်ခွဲကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးကတော့ ဟာသ အက်ရှင်ကားလေးဖြစ်ပြီးတော့ဒီကားထဲမှာတော့ ဂျက်ကီချန်းက အမွှာအဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးကိုတော့ ဂျက်ကီချန်းပရိတ်သတ်တော်တော်များများက ရင်းနှီးနေမှာဖြစ်ပြီးတော့ပြန်လည်ခံစားချင်တဲ့သူတွေ ပြန်လည်ခံစားဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားအကျဉ်းလေးကတော့ နာမည်ကြီး ပီယာနိုပညာရှင်ကြီး မစ္စတာဂျက်မားရဲ့မိန်းမဟာ ဆေးရုံတစ်ခုမှာ မီးဖွားနေပါတယ် ဒီအချိန်မှာပဲ ဗုံးခွဲသမားလူဆိုးတစ်ယောက်ကဆေးရုံကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီး မစ္စမား ရဲ့ အမွှာသားလေး ၂ယောက်ထဲက တစ်ယောက်ကိုပြန်ပေးဆွဲသွားခဲ့ပါတယ် ဒီလိုနဲ့ ပြန်ပေးသမားက ပြေးရင်းလွှားရင်းနဲ့  ကလေးကို ဘယ်လို ပစ်ထားခဲ့လဲညီအစ်ကို ၂ယောက်ကွဲသွားပြီး ပြန်လည်ဆုံတွေ့တဲ့ အခါမှာကော ဘယ်လိုတွေဖြစ်ကြမလဲဆိုတာကိုတော့ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ Qty - 720p BlurayDuration - 1hr 44minGern - Action / ComedyTranslator - Real YNWAEncoder - Kyaw Ye Aung
movie

Seong lung wui (1992)

1992