Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jamie Hector
6.0
The Listener (2024)
၂၀၂၄ မတ်လမှာအသစ်ထွက်ရှိထားတဲ့ The Listener ရုပ်ရှင်ဟာDrama အမျိုးအစားဖြစ်ပေမယ့် သည်းထိတ်ရင်ဖိုခံစားချက်ကိုလည်းခံစားရမှာဖြစ်ပါတယ်။ဒါရိုက်တာ Steve Buscemi ကရိုက်ကူးထားပြီး တစ်ကားလုံးကိုဘတ်သ်အဖြစ်သရုပ်ဆောင်တဲ့မင်းသမီး Tessa Thompsonတစ်ယောက်တည်းနဲ့ရိုက်ကူးထားတာပါ။ဘတ်သ်ဟာ ညတိုင်းအမေရိကန်တစ်နိုင်ငံလုံးရဲ့နေရာအနှံ့ကဖုန်းတွေကိုလက်ခံဖြေကြားပေးရတဲ့ အကူအညီဖုန်းလိုင်းတစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်နေတာဖြစ်ပါတယ်။အထီးကျန်တဲ့လူတွေ၊ မျှော်လင့်ချက်ကင်းမဲ့နေသူတွေအစရှိသဖြင့်လူပေါင်းမျိုးစုံဆီကဖုန်းတွေကို နားထောင်ပေးပြီးသူတို့လိုအပ်တဲ့အကြံဉာဏ်တွေကို ဘတ်သ်က ပြန်ပေးလေ့ရှိပါတယ်။ ဇာတ်ကားကတော့ ကိုရိုနာပြီးခါစအချိန်ကိုအခြေခံထားတဲ့အတွက် ပြီးခဲ့တဲ့နှစ်ဟာ ဖုန်းခေါ်သူတွေအပြည့်နဲ့ဘတ်သ်အတွက် ပင်ပန်းခဲ့တဲ့နှစ်ဖြစ်လို့ ဘတ်သ်ဟာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်မှုကနေ အနားယူတော့မှာလည်းဖြစ်ပါတယ်။ ရုပ်ရှင်အစကနေအဆုံးအထိ ဘတ်သ်ရဲ့ဖုန်းခေါ်ဆိုမှုတစ်ညတာကိုရိုက်ကူးပြထားပြီး ဖုန်းတစ်လုံးနဲ့ဘတ်သ်ရဲ့ဇာတ်ဝင်ခန်းတွေသာပါဝင်ပေမယ့် လူပေါင်းမျိုးစုံဖုန်းဆက်ကြတဲ့အထဲမှာ ဘတ်စ်က တစ်စုံတစ်ယောက်ကိုကယ်တင်နိုင်မှာလား။တစ်စုံတစ်ယောက်ရဲ့အသက်ကိုလက်လွှတ်ဆုံးရှုံးလိုက်ရမှာလားဆိုတာ ရင်ဖိုစွာစောင့်မျှော်ကြည့်ရှု့ရမှာဖြစ်ပါတယ်။တခြားလူတွေရဲ့ဘ၀တွေကိုအကြံပေးဖုန်းပြောဆိုမှုတွေကနေဘတ်သ်ကိုယ်တိုင်ရဲ့ဇာတ်ကြောင်းကိုပါ ဖြည်းဖြည်းချင်းဖော်ထုတ်သွားတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ဖုန်းတစ်လုံးနဲ့နှိမ့်သိမ့်ပေးနေတဲ့လူတကာပြောတာတွေနားထောင်ပေးနေတဲ့၊ လူတွေနဲ့ဆက်သွယ်စကားပြောနေတဲ့ဘတ်သ်နဲ့အတူ ရုပ်ရှင်ကိုလိုက်ပါစီးမျောခံစားကြည့်ရမှာပဲဖြစ်ပါတယ်။ File size…818MB / 314MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
The Listener (2024)
5.3
Vacation Friends 2 (2023)
Vacation Friends 2 (2023)ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရ ပျော်စရာလည်းကောင်းတဲ့ Vacation Friends ကားရဲ့အဆက် Vacation Friends 2 ကို မူလသရုပ်ဆောင်တွေဖြစ်တဲ့ ဂျွန်စီနာတို့လေးယောက်အပြင် Steve Buscemi လို ဝါရင့်သရုပ်ဆောင်ကြီးကိုပါ ထည့်ပြီး ရိုက်ကူးထားပါတယ်။ပထမကားမှာတော့ မမျှော်လင့်ထားတဲ့ ခရီးတစ်ခုမှာတွေ့ပြီး ကြည့်မရနေရာက အကောင်းဆုံးမိတ်ဆွေဖြစ်လာတဲ့သူတွေအကြောင်း ရိုက်ပြထားပြီး လူတွေရဲ့ဆိုးကွက်လို့ ထင်ရတဲ့အရာတွေကြား သူ့ကောင်းကွက်တွေရှိနေတာကို ဟာသဆန်ဆန်နဲ့တင်ဆက်ထားခဲ့ပါတယ်။ ဒီတစ်ကားမှာလည်း သူ့မူလအနှစ်သာရမပျောက် ဆိုးကွက်တွေလို့ ပြောရမယ့်အရာတွေရှိနေတဲ့ သူတွေရဲ့ ကောင်းကွက်တွေကို သိလိုက်ရပုံတွေကို ထပ်တင်ပြသွားတယ်။Vacation Friends ကားတွေဟာ ဂျွန်စီနာရဲ့သရုပ်ဆောင်စွမ်းရည်ကို မြင်သာစေတဲ့ရုပ်ရှင်တွေဖြစ်လို့ ဂျွန်စီနာ ဖန်တွေလည်း ကြည့်သင့်သလို Steve Buscemi ပရိသတ်တွေလည်း သဘောကျကြမှာပါ။ ဇာတ်လမ်းကတော့ ပထမကားအပြီးဝေးသွားတဲ့ ဘော်ဒါ၂တွဲ ပြန်လည်စုံစည်းကြပြီး ခရီးအသစ်ထွက်ဖို့အကြောင်းဖန်လာပုံကို တင်ဆက်ထားပါတယ်။ ပေါ့ပေါ့ပါးပါးလည်းဖြစ် ကြမ်းကြမ်းတမ်းတမ်းလည်းပါသလို ပျော်ပျော်ရွှင်ရွှင်လည်းဖြစ်မယ့် R Rated ...
movie
Vacation Friends 2 (2023)
2023
6.5
Blood Ties(2013)
Blood Ties(2013)================ထောင်ထွက်တစ်ယောက်ဖြစ်တဲ့ Chris ဟာ ဒုစရိုက်လောက ကနေရုန်းထွက်ဖို့ကြိုစားပေမယ့် အဲ့လောကရဲ့အကျိုးအမြတ်တွေကိုခံနိုင်စွမ်းမရှိခဲ့ဘူး။ အဲ့တာကပဲသူနဲ့ နဂိုကတည်းကမတည့်တဲ့သူ့ ညီ ရဲအရာရှိ Frank ရဲ့နှစ်ယောက်ကြား ညီအစ်ကိုဆက်ဆံရေးကိုလုံးဝ အဖတ်ဆယ်လို့မရတော့တဲ့ အခြေအနေအထိ ရောက်မလိုဖြစ်ခဲ့ရတဲ့အကြောင်းကို ရိုက်ကူးထားတဲ့ thriller ဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ File size…1.79GB / 745MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 7m Genre ..... Action / Crime / Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phyo Phill
movie
Blood Ties(2013)
6.5
Max Payne(2008)
Max Payne(2008) အညွှန်း*********************Video Game အပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီး Mark Wahlberg နဲ့မင်းသမီးချော Mila Kunis ပါဝင်သရုပ်ဆောင်ထားကြပါတယ်....မက်စ်ပိန်းဟာ နယူးယောက်က စုံထောက်ကျော် တစ်ယောက်ပေါ့…တစ်ရက်မှာ သူချစ်ရတဲ့ဇနီးသည် မီရှဲလ်နဲ့ လူမမယ်မွေးကင်းစကလေးလေးကိုဓားပြလာတိုက်တဲ့လူတစ်စုက ရက်ရက်စက်စက်သတ်သွားခဲ့ပါတယ်…တရားခံတွေလွတ်မြောက်သွားခဲ့ပြီး ဘယ်လိုစုံစမ်းစုံစမ်း အမှုမှန်မပေါ်ပေါက်တာကြောင့်မက်စ်လည်း အတော်လေးစိတ်ဆင်းရဲရတဲ့ကြားထဲအမှုစာရင်းသွင်းတဲ့ စာရေးသာသာ ရာထူးကိုပါ ချခံလိုက်ရပါတော့တယ်…ဒါပေမဲ့လည်း အားမလျှော့တဲ့ မက်စ်က ဆက်လက်စုံစမ်းရာက သူမထင်ထားတဲ့ ထူးထူးဆန်းဆန်းအရာတွေနဲ့ ကြုံဆုံလာရတဲ့အခါသူ့ဇနီးနဲ့ကလေးကို သတ်သွားခဲ့တဲ့တရားခံကို သူကိုယ်တိုင် တရားစီရင်နိုင်ပါ့မလား ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ..... File Size : (2.05GB)(889MB) and (263MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:40:00 Genre : Adventure, Crime, Action Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
Max Payne(2008)