Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jamie Foreman
6.9
Saving Grace (2000)
Saving Grace ဇာတ်ကားလေးဟာ 2000 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Comedy/Crime အမျိုးအစားဖြစ်ပါတယ်။IMDb 6.9 ရှိပြီးတော့ Rotten tomatoes 63% ရရှိထားတဲ့ ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂရေ့စ်ဟာ ယောက်ျားဖြစ်သူဆုံးသွားတဲ့အခါမှာဘာမှမရရှိခဲ့ဘဲ အကြွေးတွေ တင်ကျန်ခဲ့ပါတယ်။အဲ့အကြွေးတွေဆပ်ဖို့ ဖိအားပေးခံရတဲ့အခါမှာသိထားတဲ့ စိုက်ပျိုးရေးနည်းကိုသုံးပြီး ပိုက်ဆံရှာဖို့လုပ်ပါတော့တယ်။မိတ်ဆွေတွေရဲ့ကူညီမှုတွေ၊ သူ့ရဲ့စိုက်ပျိုးရေးအသိပညာတွေနဲ့အခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့ လန်းလန်းဆန်းဆန်းရှိစေပြီးရုပ်ရှင်ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size… 3.5 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Paing Zay Phyo
movie
Saving Grace (2000)
5.8
I’ll Sleep When I’m Dead (2003)
I'll Sleep When I'm Dead ကတော့ ၂၀၀၃ ခုနှစ်ကထွက်ရှိခဲ့တဲ့မှုခင်းရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ထူးဆန်းတဲ့အခြေအနေတွေနဲ့သေဆုံးသွားတဲ့ညီဖြစ်သူအကြောင်းစုံစမ်းဖို့ ဇာတိမြေကိုပြန်လည်ရောက်ရှိလာတဲ့ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ လိင်ပိုင်းဆိုင်ရာအသုံးအနှုန်းတွေပါဝင်တာကြောင့် ကလေးငယ်တွေနဲ့အတူမကြည့်ရှု့သင့်ပါဘူး။ တစ်ချိန်က တစ်မြို့လုံးကဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့ ရာဇဝတ်ဂိုဏ်းဆောင်ဟောင်းဝီလ်ဂရေဟမ်ဟာ အရာအားလုံးကိုစွန့်လွှတ်ပြီး တောအုပ်လေးတစ်ခုထဲမှာ အလုပ်သမားတစ်ယောက်အဖြစ်မထင်မရှားလာရောက်လုပ်ကိုင်နေခဲ့ပါတယ်။ တစ်ရက်မှာတော့အလုပ်ပြုတ်သွားပြီးတဲ့နောက် ဘယ်သွားရမှန်းမသိဖြစ်နေတဲ့ဝီလ်ဟာ လမ်းမှာ ညီဖြစ်သူဒေဗီကိုမြင်တွေ့လိုက်ရပေမယ့်ထင်ယောင်ထင်မှားမြင်မိတာသာဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့စိတ်ထင့်သွားတဲ့ဝီလ်ဟာ ဒေဗီဆီဖုန်းဆက်ကြည့်ခဲ့ပေမယ့်ဆက်သွယ်လို့မရတာကြောင့် မတတ်သာတဲ့အဆုံးမှာ ဇာတိမြို့ကိုပြန်လာခဲ့ရပါတော့တယ်။ ဝီလ်ပြန်ရောက်ချိန်မှာတော့ ဒေဗီကသေဆုံးနေခဲ့ပြီဖြစ်ပြီး သာမန်သေဆုံးမှုမျိုးမဟုတ်ဘဲသံသယဖြစ်စရာတွေများတာကြောင့် ဝီလ်ဟာ အကြောင်းရင်းမှန်ကိုသိရဖို့ စတင်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဝီလ်ရဲ့ပြန်လည်ရောက်ရှိလာခြင်းက မြို့တွင်းမှာလက်ရှိမင်းမူနေတဲ့ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဖရန့်ခ်တန်နာကို ထိတ်လန့်စေခဲ့ပြီးဖရန့်ခ်ကလည်း ဝီလ်ကို မြို့ကပြန်လည်ထွက်ခွာသွားအောင်အစွမ်းကုန်ကြိုးစားလာပါတော့တယ်။ File size…1.95GB / 837MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
I’ll Sleep When I’m Dead (2003)
Rise of the Footsoldier: Vengeance (2023)
ဒီနှစ်ထဲမှာ အသစ်ထွက်ရှိလာတဲ့ ခရမ်းချဉ်သီးပုပ် ၆၀နဲ့ IMDb 6.1 ရရှိထားတဲ့ Rise of the Footsoldier franchise ရဲ့ sequel ရုပ်ရှင်သစ်တခုဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာလည်း Rise of the Footsoldier ရဲ့ပင်တိုင်သရုပ်ဆောင်ကြီး ခရိတ်ဖဲဘရက်စ်က ပတ်တိတ် နေရာကနေ ထပ်မံသရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မှောင်ခိုလောကမှာ ဆေးအရောင်းအ၀ယ်အလုပ်လုပ်နေတဲ့ ပတ်ရဲ့မိတ်ဆွေဖြစ်သူဟာ ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရတာကြောင့် ပတ်တိတ်ဟာ မိတ်ဆွေဖြစ်သူအတွက် လက်စားချေပေးဖို့ရာ ဒီလူသတ်မှုရဲ့ နောက်ကွယ်ကတရားခံကို လိုက်လံစုံစမ်းရင်းကနေ မှောင်ခိုလောကရဲ့ထုံးစံအတိုင်း ရဲတပ်ဖွဲ့တွေ ဂိုဏ်းတွေနဲ့ ဇာတ်ရှုပ်ရပါတော့တယ်။ဇာတ်လမ်းအကြောင်းကို အများကြီးမပြောတော့ပါဘူး ဖိုက်တင်ပလေးတာတွေကတော့ ကြမ်းတယ်လို့ပြောလို့ရမယ့်အထဲမှာပါပါတယ်။ သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက တော်တော်အဆင်ပြေတဲ့အထဲမှာပါတာမလို့ အက်ရှင်ကားကြမ်းကြမ်းကြည့်ချင်နေတဲ့သူတွေအတွက်ကတော့ သင့်တော်မှာဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.6 GB)/(861 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre...Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Rise of the Footsoldier: Vengeance (2023)
7.3
Sleepy Hollow (1999)
IMDb Rating (7.3) / Rotten Tomatoes (70%)Sleepy Hollow လို့ပြောရင် သိတဲ့သူနည်းတယ်ဆိုပေမယ့် ခေါင်းပြတ်နေတဲ့မြင်းစီးသရဲကြီးက ခေါင်းလိုက်ဖြတ်တဲ့ကားလေ လို့ပြောရင် တော်တော်များများသိထား ကြည့်ဖူးပြီးသားဖြစ်ကြမှာပါ။ဟုတ်ပါတယ် ဒီဇာတ်ကား က ၁၉၉၉ ကရိုက်ခဲ့တဲ့ မင်းသားကြီး Johnny Depp ရဲ့ ဇာတ်ကားပါ။ Stephen King တို့နဲ့ပြိုင်နာမည်ကြီးတဲ့ စာရေးဆရာ Washington Irving ရဲ့ဝတ္တုကို ခပ်ဆန်းဆန်းပုံစံတွေနဲ့ တင်ဆက်တတ်တဲ့ နာမည်ကြီး ဒါရိုက်တာ Tim Burton ကရိုက်ကူးထားတာဖြစ်ပါတယ်။ကျိုးကြောင်းဆင်ခြင်တတ်ပြီး ယုတ္တိကျကျ အတွေးရှိလို့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အထက်လူကြီးတွေက ရာထူးအနိမ့်ဆုံးထိချထားခြင်းခံရတဲ့ ရဲသားကရိန်း(Johnny Depp) တစ်ယောက် Sleepy Hollow ဆိုတဲ့ရွာငယ်လေးက လေးလောင်းပြိုင်ခေါင်းဖြတ်သတ်မှုတွေ အကြောင်းကို ဖိအားပေး စုံစမ်းဖို့စေလွတ်ခြင်းခံရပါတယ်။ယုတ္တိကျတာကိုပဲ ယုံတတ်တဲ့ရဲသားကရိန်းတစ်ယောက် သဘာဝလွန်ဖြစ်ရပ်များနဲ့ကြုံတွေ့လာတဲ့အခါ သူ့ရဲ့ငယ်ဘဝအတိတ်ဆိုးတွေကြောင့် ဖြစ်နေတဲ့ အကြောက်လွန်ရောဂါကိုဘယ်လိုကျော်လွှားပြီး သဘာဝလွန်အမှုတစ်ခုကို သိပ္ပံပညာနဲ့ပေါင်းစပ်ပြီး ...
movie
Sleepy Hollow (1999)
4K HEVCHDR
6.8
Oliver Twist (2005)
ဂန္ထဝင်စာရေးဆရာကြီး Charles Dickensရဲ့အထင်ရှားဆုံးပုံပြင်ဇာတ်လမ်းတွေထဲကတစ်ခုဖြစ်တဲ့ အိုလီဗာတွစ်လေးရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မိဘမဲ့လေးအိုလီဗာတွစ်ရဲ့ဘဝမှာ အမျိုးမျိုးသောလူပေါင်းစုံနဲ့ကြုံတွေ့ပြီးတဲ့နောက်မှာ လန်ဒန်မြို့ကြီးအထိကို ၇ ရက်လောက်လမ်းလျှောက်ပြီးအရောက်သွားခဲ့ပါတယ်. ကလေးလေးတစ်ယောက်ရဲ့တစ်ကိုယ်တည်းသွားတဲ့ခရီးရှည်အဆုံးမှာတော့မထင်ထားပဲ သူနဲ့ရွယ်တူသူခိုးလေးတွေအုပ်စုနဲ့ကြုံပြီးတော့ဘဝကိုတစ်ဆစ်ချိုးအကြီးအကျယ်ပြောင်းလဲသွားရှာပါတော့တယ်။လူဆိုးလေးမဖြစ်ချင်တဲ့အိုလီဗာလေးဟာ ပိုကောင်းတဲ့ဘဝကိုရောက်ခဲ့ပေမယ့်လဲ ကံတရားကမျက်နှာသာမပေးခဲ့တာမလို့သူ့ရဲ့ဘဝမှာဘာတွေဆက်ဖြစ်လာမယ်ဆိုတာကိုဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ပုံပြင်ထဲကအိုလီဗာလေးအတိုင်းပဲချစ်ဖို့ကောင်းပြီး ခပ်ဆိုးဆိုးလူဆိုးကြီးတွေရဲ့ကြားကဇာတ်ကားလေးမလို့ လူကြီးတွေအပြင်ကလေးတွေပါကြိုက်နှစ်သက်မဲ့ဇာတ်လမ်းလေးလဲဖြစ်ပါတယ်။ File size…2.07GB / 898MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 10m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie
Oliver Twist (2005)
6.1
Inkheart (2008)
Inkheart (2008)တချို့ပုံပြင်တွေဟာ ဖတ်ရုံပဲဆိုပေမယ့် တချို့ပုံပြင်တွေဟာ အသက်ဝင်လာနိုင်ပါတယ်.... အဲ့လို အသက်ဝင်အောင် လုပ်နိုင်စွမ်းရှိတဲ့ ပုံပြောဆရာတွေလည်း ရှိခဲ့တယ်... အသံထွက်ဖတ်ပြီး ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေကို ဆင့်ခေါ်နိုင်တဲ့သူတွေပေါ့။မော်တီမာလည်း အဲဒီအစွမ်းကို မွေးရာပါ လက်ဆောင်အနေနဲ့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူက အဲဒီအစွမ်းကိုမသိပဲ အသံထွက်ဖတ်ပြီး ပုံပြင်ထဲက လူဆိုးတွေကို ဆင့်ခေါ်မိတဲ့အခါမှာ လူဆိုးတွေရဲ့တိုက်ခိုက်တာလည်းခံရ၊ သူ့ဇနီးလည်း ပုံပြင်စာအုပ်ထဲကိုရောက်ရှိသွားပြီး မော်တီမာ တစ်ယောက်ဒုက္ခရောက်သွားတယ်။သူ့ဇနီးရောက်သွားတဲ့ပုံပြင်စာအုပ်ကို နှစ်နဲ့ချီ လိုက်ရှာနေရင်း တစ်နေ့မှာတော့ အတိတ်ရဲ့ တစ္ဆေတွေဟာ သူ့အိမ်တံခါးကို လာခေါက်ပါတော့တယ်။သူ့ရဲ့ဇနီးကို စာအုပ်ထဲကနေ ပြန်ခေါ်နိုင်မလား၊ စာအုပ်ထဲက လူဆိုးတွေကပဲ တကယ့်လောကကြီးမှာ ကြီးစိုးသွားမလား ဆိုတာတော့ Mummy ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Brendan Fraser ဦးဆောင်ပါဝင်ထားတဲ့ ဒီ Old but Gold ဇာတ်ကားကောင်းလေးကိုကြည့်ရင်း အဖြေထုတ်ကြတာပေါ့ဗျာ......(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.6GB, ...
movie
Inkheart (2008)
2008
6.1
Ironclad (2011)
(Unicode)IMDB 6.1RT 4.2၁၂၁၅ ခုနှစ် အင်္ဂလန်တိုင်းပြည် အခွန်တွေကို မတရားကောက်ခံ ၊ လူသတ်ပက်စက်ပြီး မြို့စားမိန်းမတွေနဲ့ ပွေရှုတ်တက်တဲ့ ဘုရင်ဂျွန်ဟာ နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘုရင်တပါးပါ။၁၆ နှစ်တာ ကာလကြာ သူ အင်္ဂလန်ကို အုပ်စိုးပြီးနောက်ပိုင်းမှာတော့ မြို့စားတွေက သူကို သည်းမခံနိုင်ကြတော့ပဲ အားလုံးစုပေါင်းပြီး ပုန်ကန်ကြပါတော့တယ်။ဘုရားစစ်သည်တော်တွေဟာလည်း မြို့စားတွေဖက်က ဝင်ရောက်တိုက်ခိုက်ပေးခဲ့ပါတယ်။၃ နှစ်တာ ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ပွဲကြီးဟာ နောက်ဆုံးမှာတော့ မဂ်နာသဘောတူစာချုပ်နဲ့အတူ ပြီးဆုံးသွားခဲ့ပါတယ်။မဂ်နာစာချုပ်ဆိုတာ ဘုရင်နဲ့ မြို့စားတွေအကြား သဘောတူညီချက်တွေ ထားရှိတဲ့ စာချုပ်တစ်ခုပါပဲ။အာလုံးပြီးဆုံးသွားခဲ့ပြီလို့ ထင်ထားတဲ့နောက်ပိုင်းမှာတော့ ဘုရင်ဂျွန်ဟာ ကြေးစားစစ်တပ်ကြီးကိုငှားရမ်းကာ မြို့စားတွေကို သတ်ပြီး တစ်နိုင်ငံလုံးကို ပြန်လည်သိမ်းပိုက်ဖို့ ကြံစည်ပါတော့တယ်။ဘုရင်ဂျွန်ကို တားဆီးနိုင်ဖို့အတွက်ဆိုရင် အင်္ဂလန်တောင်းပိုင်းရဲ့ အချက်အချာဖြစ်တဲ့ ရီုချက်စတာရဲတိုက်ကို ထိန်းထားနိုင်ဖို့ လိုအပ်တယ်ဆိုတာ...
movie
Ironclad (2011)
2011
7.4
Layer Cake(2004)
Layer Cake(2004)IMDb....7.4....Rotten....80%2004 ခုနှစ်ထွက် မင်းသားကြီး Daniel Craig ပါဝင်သရုပ်ဆောင်ထားတဲ့ Layer Cake ဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…..Rating တွေက IMDb- 7.4, Rotten Tomatoes – 80 ရှိတယ်ဆိုတော့ Rating ကောင်းတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်…အလည်အလတ်တန်းစား ကိုကင်းမူးယစ်ဆေးဖြန့်ဖြူးရေးသမားတစ်ယောက်ဟာ ပိုက်ဆံအတော်အတန်စုဆောင်းမိတဲ့အချိန်မှာ မူးယစ်ဆေးလောကကနေ အနားယူဖို့ အစီအစဉ်တွေ ချထားခဲ့ပါတယ်…သူရဲ့ ခြေရာတွေနဲ့ အလုပ်အကိုင်တွေ ဖျက်လို့မပြီးသေးခင်မှာဘဲ သူတို့မူးယစ်ဆေးသမားတွေကို အကာအကွယ်ပေးနေတဲ့ အစိုးရဖက်ကလူတစ်ယောက်က သူ့ကိုအလုပ်တစ်ခု ခိုင်းလာပါတော့တယ်…ဒါကတော့ ဂိုဏ်းစတား အကောင်ကြီးကြီးရဲ့သမီးတစ်ယောက် ပျောက်ဆုံးသွားလို့ သူ့ကိုရှာဖို့ အကူအညီတောင်းခြင်းပဲဖြစ်တယ်…တစ်ဖက်မှာလည်း အရောင်းအဝယ်လုပ်မယ့် စိတ်ကြွရူးသွပ်ဆေးပြားတွေကို ယူလာသူတွေက ဆာဗီးယားစစ်တပ်နဲ့ အငြိအစွန်းတွေ ဖြစ်ခဲ့ကြပြီး ... သူ့ဆီကို ပြဿနာနှစ်ခုက တစ်ပြိုင်နက်တည်းဆိုက်ရောက်လာပါတော့တယ်….ကင်မရာ ရိုက်ချက်ကောင်းကောင်းတွေနဲ့ ဇာတ်ဝင်ခန်းတွေ တစ်ကတ်နဲ့တစ်ကတ်ဆက်ထားပုံလေးတွေ အရမ်းလှပပြီး ရင်ဖိုစရာကောင်းတဲ့ဇာတ်ကားဖြစ်တဲ့အတွက် အားပေးကြည့်ရှုလိုက်ကြပါဦးခင်ဗျာ..။File Size : ...
movie
Layer Cake(2004)
2004