Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jamie Chung
Sorority Row (2009)
Sorority Row ဟာ 1982 ရုပ်ရှင် The House on Sorority Row ရဲ့ Remake ဖြစ်ပြီးရှားရှားပါးပါးမူရင်းကိုလိုက်မှီတဲ့ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ရော့စ်မန်းတက္ကသိုလ် Theta P Sorority ညီအစ်မတစ်စုဖြစ်တဲ့ Cassidy, Jessica, Ellie, Claire, Chugs နဲ့ Megan တို့ဟာ စီနီယာပါတီကိုတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီညမှာပဲ ချက်ဂ်ရဲ့မောင်ဖြစ်သူ ဂဲရတ်အပေါ်သူ့ရည်းစား မီဂန်နဲ့ပေါင်းပြီး ဇာတ်လမ်းဆင်ဟာသတစ်ခုလုပ်ပြီး စနောက်ရာကနေ မီဂန်သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီမှာပဲအားလုံးတိုင်ပင်ပြီးတော့ မီဂန်အလောင်းကို မိုင်းတွင်းဟောင်းကြီးထဲပစ်ချဖျောက်ဖျက်ခဲ့ပြီးနောက်အားလုံး ဘာမှမဖြစ်သလိုပြန်နေခဲ့ကြပါတယ်။အဲ့ဒီဖြစ်ရပ်အပြီးနောက်ရှစ်လအကြာ သူတို့ရဲ့ကျောင်းဆင်းပွဲပါတီနေ့မှာတော့ ခေါင်းစွပ်ဘွဲ့ဝတ်စုံနဲ့မီဂန်ကိုသေဆုံးစေခဲ့တဲ့ တာယာတံတစ်ချောင်းကိုကိုင်ထားတဲ့လူသတ်သမားဟာ သူတို့အုပ်စုကိုအမှည့်ချွေပါတော့တယ်။ Horror ကားပီသစွာ Rated R ကိုယူထားတဲ့အတွက် သတ်ခန်းဖြတ်ခန်းတွေ ရှယ်ကြမ်းပါတယ်။ အမျိုးသမီးဆောင်ကိုအခြေခံပြီး ဗရုတ်ကျကျမိန်းကလေးငယ်တစ်စုဦးဆောင်တဲ့အတွက် အဖော်အချွတ်လေးတစ်ချို့လည်းပါပါသေးတယ်။ Slasher ကားကောင်းငတ်မွတ်နေတဲ့ ပရိသတ်တွေအတွက် Old but gold တစ်ကားပါပဲ။ File size…(1.7 GB)/(894 MB) Quality….Webrip ...
movie
Sorority Row (2009)
5.8
The Hangover Part III (2013) Part 3
The Hangover Part III (2013) IMDb Rating (5.8) / Rotten Tomatoes (20%)❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞ • 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်.. • ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်.. • The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို ...
movie
The Hangover Part III (2013) Part 3
2013
6.4
The Hangover Part II (2011) Part 2
The Hangover Part II (2011) IMDb Rating (6.5) / Rotten Tomatoes (34%)❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞ • 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်.. • ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်.. • The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို ...
movie
The Hangover Part II (2011) Part 2
Reunion (2024)
ဒီဇာတ်ကားကတော့ မတွေ့တာကြာပြီဖြစ်တဲ့ကျောင်းတုန်းက သူငယ်ချင်းတွေရဲ့ ပြန်လည်တွေ့ဆုံပွဲမှာ လူသတ်မှုတစ်ခုထူးဆန်းစွာဖြစ်ခဲ့ပြီး ထိုလူသတ်မှုကိုစုံစမ်းရှာဖွေရတဲ့ Crime, Mystery အမျိုးအစားဇာတ်ကားပါ။ ဇာတ်လမ်းအညွှန်းကတော့ ငယ်သူငယ်ချင်းတွေရဲ့ပြန်လည်တွေ့ဆုံပွဲမှာ အားလုံးဟာပျော်ပျော်ပါးပါးနဲ့ ပါတီပွဲနွှဲနေကြတာပေါ့။ဒီလိုနေလာရင်းနဲ့ ညနက်လာတာနဲ့အမျှ တခြားသူတွေကတစ်ယောက်ပြီးတစ်ယောက်ပြန်သွားကြပေမယ့် အရမ်းမူးပြီးအပျော်လွန်နေတဲ့ သူငယ်ချင်းတစ်သိုက်ကတော့ ညလဲအရမ်းနက်သွားသလို နှင်းတွေလဲအရမ်းကျလာလို့ ထိုအိမ်မှာပဲညအိပ်လိုက်ကြပါတော့တယ်။ နောက်တစ်နေ့မနက် သူတို့နိုးလာတဲ့အချိန်မှာတော့ အံ့ဩစရာတစ်ခုက အသင့်စောင့်ကြိုနေပါတယ်။ အဲဒါကတော့ သူတို့သူငယ်ချင်းတစ်ယောက်ဟာ သေနတ်ဒဏ်ရာတွေနဲ့ အခန်းတစ်ခန်းထဲမှာ သေဆုံးနေတာပါ။သူတို့သိရသလောက်ဆိုရင် ထိုညကနှင်းတွေပိတ်နေတဲ့အတွက် ဘယ်သူမှအပြင်ထွက်သွားဖို့မဖြစ်နိုင်တဲ့အတွက် လူသတ်သမားဟာ ယခုကျန်နေတဲ့လူစုထဲကတစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့သူတို့ဘယ်လိုတွေအဖြေရှာကြမလဲ၊ နောက်ထပ်သေဆုံးသူတွေရောရှိလာဦးမှာလားဆိုတာကို ခံစားကြည့်ရှုပေးကြပါဦး။File size…(1.8 GB)/(892 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie
Reunion (2024)
5.2
Junction (2024)
ဒီရုပ်ရှင်ကတော့ လက်ရှိ ၂၁ ရာစုနှစ် အမေရိကန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အိုပီရိုက် (အကိုက်အခဲပျောက်ဆေး) ကပ်ဘေး ကို ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီရဲ့ စီအီးအိုတစ်ယောက်၊ ဆရာဝန်တစ်ယောက်နဲ့ လူနာတစ်ယောက်တို့ရဲ့ ရှုထောင့်ကနေပြီး ရိုက်ကူးထားတာပါ။အိုပီရိုက်လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို နာတာရှည်နာကျင်မှုဝေဒနာ ခံစားနေရတဲ့ လူနာတွေအတွက် သုံးစွဲခဲ့ကြတာပါ။ ဒီထဲမှာ ကန်မက်ကုမ္ပဏီကထုတ်တဲ့ အောက်ဆီကိုဒုန်းဆေးလဲအပါအဝင်ပါပဲ။ သူတို့ထုတ်ကုန်ဆေးကို ရောင်းချရဖို့အတွက် ဆရာဝန်တွေကိုသုံးပြီး ကြော်ငြာခဲ့ကြပါသေးတယ်။ ဒါပေမဲ့လည်း အိုပီရိုက်ဆေးတွေဟာ အလွန်အမင်းစွဲလန်းသွားစေနိုင်ပြီး ကပ်ဘေးတစ်ခုအသွင်ပြောင်းသွားချိန်မှာတော့ အိုဟိုင်းယိုးပြည်နယ်အမတ်ကဦးဆောင်ပြီး ကန်မက်ကုမ္ပဏီကို တရားစွဲခဲ့ပါတော့တယ်။ ဒီတရားစွဲမှုကို ကန်မက်ဘက်က ဘယ်လိုချေပသွားမလဲ၊ အိုပီရိုက်ကပ်ဘေးရဲ့နောက်ကွယ်က အမြတ်ထုတ်မှုတွေနဲ့ မူးယစ်ဆေးဝါးစွဲလန်းမှုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းဖြစ်တာမလို့ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.6 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie
Junction (2024)
7.8
Big Hero 6 (2014)
Big Hero 6 (2014) IMDb - 7.8/10______Rotten - 89% Won 1 Oscar. Another 16 wins & 58 nominations Walt Disney Animation ရဲ့ နောက်ထပ် လူကြိုက်များလှတဲ့ animation ဇာတ်ကားလေးပါပဲ။ ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ပေးထားတဲ့ Message တွေကောင်းမွန်လှပပါတယ်။ Baymax ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမှုလေးတွေနဲ့ ပုံစံတွေကို သဘောကျမိမှာ အမှန်ဖြစ်ပြီး Baymax ရဲ့ လှုပ်ရှားပြုမှုပုံတွေကို ပင်ဂွင်းပေါက်စလေးတွေရဲ့ အပြုအမှုကို ပုံစံတူယူပြီး ဖန်တီးထားတာပါ။ Walt Disney နဲ့အတူ Marvel Entertainment ကပါ ပူးပေါင်းရိုက်ကူးထားတဲ့အတွက် အစောပိုင်းထွက်ခဲ့တဲ့ Walt Disney ဇာတ်ကောင်တွေနဲ့ မတူကွာခြားလို့နေပါတယ်။ IMDB Ratings: 7.8/10 ရရှိထားပြီး ကြည့်ဖို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးတစ်ခုပါပဲ။ File size… 3.85 GB / 1.58 GB / 803 MB Quality…BluRay 4k / 1080p / ...
movie
Big Hero 6 (2014)
2014
4K HEVC
5.9
I Now Pronounce You Chuck & Larry (2007)
I Now Pronounce You Chuck & Larry (2007)ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ နာမည်ကြီး ဟာသသရုပ်ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကားလေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထားပေးရင်တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်ဖော်ကိုင်ဖက်တွေကပြောရလောက်အောင် ဖွန်ကြောင်တတ်တဲ့ ချာ့ တစ်ယောက် အိမ်ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ငွေကြေးပြသနာကြောင့် နှစ်ယောက်အတူ ဂေးစုံတွဲအဖြစ် နေကြဖို့ သဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာရောက်စစ်ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွားလောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်တွေရွေ့မလဲ... ဘယ်လိုတွေလွဲကုန်မလဲ... ဆိုတာကို ရယ်ရင်းမောရင်းကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်။ ဂေးတွေကို အရမ်းလက်သင့်ခံထားခြင်းမရှိသေးတဲ့ ...
movie
I Now Pronounce You Chuck & Larry (2007)
2007
5.6
Princess Protection Program (2009)
Princess Protection Program (2009)Selena Gomez နဲ့ Demi Lovato တို့ရဲ့ ငယ်ရွယ်တက်ကြွတဲ့ ပုံစံကို ပြန်မြင်ရမယ့် ကားဟောင်းလေးပါ။ Selena ကတော့ ကာတာလို့ခေါ်တဲ့ ငါးစာရောင်းတဲ့ သာမန်အထက်တန်းကျောင်းသူလေးဖြစ်ပြီး Demi ကတော့ ရိုဆလင်ဒါလို့ခေါ်တဲ့ မင်းသမီးတစ်ပါးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ကာတာရဲ့အဖေက ခြိမ်းခြောက်ခံရတဲ့ နေရာအနှံ့က မင်းသမီးတွေကိုကယ်တင်တဲ့ နိုင်ငံတကာလျှို့ဝှက်အေဂျင်စီမှာ အလုပ်လုပ်တာပါ။မင်းသမီးရိုဆလင်ဒါနေတဲ့ ကိုစတာလူနာဆိုတဲ့တိုင်းပြည်က ကျွန်းနိုင်ငံလေးဖြစ်ပြီး သူ့ဖခင်ဘုရင်ကြီးနတ်ရွာစံသွားတဲ့အတွက် မင်းသမီးက နောက်တစ်လနေရင် ဘုရင်မအဖြစ် နန်းတက်ရတော့မှာပါ။ နန်းတက်ပွဲအတွက်လေ့ကျင့်နေချိန်မှာ ဗိုလ်ချုပ်ကိန်းက မင်းသမီးငယ်သေးတာကို အကြောင်းပြပြီး အာဏာသိမ်းဖို့လုပ်ပါတော့တယ်။ ကံကောင်းစွာနဲ့ ရိုဆလင်ဒါအမေစီစဉ်ထားမှုကြောင့် ကာတာ့အဖေက ရိုဆလင်ဒါကို ခေါ်ထုတ်လာနိုင်ပါတယ်။ရိုဆလင်ဒါကို အေဂျင်စီက လုံခြုံတဲ့အချိန်ရောက်တဲ့ထိ နေရာချပေးဖို့လုပ်ရာကနေ ကာတာတို့အိမ်ကို ၀မ်းကွဲညီအမ ရိုစီအဖြစ်ရောက်လာပါတော့တယ်။ရိုစီကို သာမန်ဆယ်ကျော်သက်ကောင်မလေးလို နေတတ်အောင် ကာတာက သင်ပေးရင်း ကြုံတွေရတဲ့ အဖုအထစ်လေးတွေ ကျောင်းမှာကြုံရတဲ့အခက်အခဲတွေကို တွေ့ရဉီးမှာပါ။ ...
movie
Princess Protection Program (2009)
2009
5.2
Knife Fight (2012)
Honesty is the best policyဆိုတဲ့စကားဟာ နေရာတိုင်းမှာမမှန်ပါဘူး။ အထူးသဖြင့် နိုင်ငံရေးဉာဏ်ကစားပွဲတွေမှာပေါ့။ ဆိတ်ကနေဆင်ဖြစ်အောင် မကောင်းသတင်း အပုပ်မှန်သမျှ ချဲ့ကားလုပ်ကြံပြောဆိုတတ်တဲ့ နိုင်ငံရေးလောကကိုရောက်ပြီဆိုရင်တော့ လှပတဲ့အဖြူရောင်မုသားကို လူတိုင်းလိုအပ်ကြမှာပါပဲ။ Paul turnerဆိုတာ အပေါ်ယံကြည့်ရင်တော့ သမ္မတလက်ထောက်ဟောင်းတစ်ယောက်၊ ဒါပေမဲ့ တကယ်တော့ သူဟာ ဒုက္ခရောက်နေတဲ့ နိုင်ငံရေးပါးမဝသူတွေအတွက် ပြဿနာကိုဖြေရှင်းပေးရတဲ့ နိုင်ငံရေးအကြံပေးတစ်ယောက်ပေါ့။ဒီရုပ်ရှင်လေးထဲမှာတော့ နိုင်ငံရေးလောကရဲ့ လိမ်ဆင်အမျိုးမျိုး အပုပ်ချ နောက်ကြောင်းဖော် ပုံကြီးချဲ့ ချောက်တွန်းမှုအမျိုးမျိုးကို မီးမောင်းထိုးပြထားပါတယ်။ ယောက်ျားတိုင်းရဲ့ အားနည်းချက်လိုဖြစ်နေတဲ့ မိန်းမကိစ္စ ၊ ရိုးသားကြိုးစားဖြောင့်မတ်ပေမဲ့ ဓနရှင်တွေနဲ့ယှဉ်ပြိုင်ရတဲ့အခါ ကြုံရတဲ့အခက်အခဲတွေ ဓနရှင်တွေရဲ့ လက်ကိုင်တုတ်လိုဖြစ်နေတဲ့ မီဒီယာတွေရဲ့သက်ရောက်မှုနဲ့ လူတစ်ယောက်ရဲ့ဘဝကို အောက်ဆုံးထိဆွဲချနိုင်တဲ့ ကောလာဟလတစ်ခုရဲ့ ကြောက်စရာကောင်းပုံတွေကို ကွင်းကွင်းကွက်ကွက် သရုပ်ဖော်ထားပါတယ်။ လူရယ်လို့ဖြစ်လာရင်တော့ ဘယ်သူမှအမှားနဲ့မကင်းပါဘူး။ လူတစ်ယောက်မှာ အားသာချက်များရင်များသလို ဒါကိုပြန်လည်ခြေပနိုင်တဲ့ပမာဏရှိတဲ့ အားနည်းချက်ကိုယ်စီ ရှိကြတာပါပဲ။နိုင်ငံရေးလောကကိုဝင်မယ်ဆိုရင်တော့ ဓားတိုက်ပွဲမှာ သေနတ်ယူသွားဖို့အထိ ကြိုတင်ပြင်ဆင်ထားဖို့နဲ့ သွားပုပ်လေလွင့် ...
movie
Knife Fight (2012)
6.5
Sin City: A Dame to Kill For (2014)
Sin City: A Dame to Kill For ( 2014 )2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.to/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ ...
movie
Sin City: A Dame to Kill For (2014)
1080p HEVC
6.6
Eden (2012)
Eden (2012)ဒီဇာတ်လမ်းဟာ လူကုန်ကူးမှုအကြောင်းပါ။ လူကုန်ကူးတယ်ဆိုပေမဲ့ နိုင်ငံရပ်ခြားတွေကို ရောင်းစားပစ်တာမျိုးမဟုတ်ဘဲ ဖမ်းထားပြီး ခိုင်းချင်တဲ့နေရာခိုင်း သုံးချင်တဲ့နေရာသုံး လူမဆန်စွာ ရက်ရက်စက်စက်ခိုင်းစားတာမျိုးပေါ့။ မြန်မာနိုင်ငံမှာလည်း ဒီလိုအဖြစ်မျိုး ခပ်ဆင်ဆင်တွေ သိပ်မကြာသေးခင် နှစ်တွေတုန်းကရှိခဲ့ဖူးတာပါပဲ။ မလှိမ့်တပတ်နဲ့ခေါ်သွားပြီး ကျားဖောင်ပေါ် ရောင်းစားတယ်ဆိုတာမျိုးတွေပေါ့။ ဒီရုပ်ရှင်က အဲဒီလိုဖြစ်သွားတဲ့ ဘဝတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ဒီရုပ်ရှင်ကို ၉၀ခုနှစ်အလယ်လောက်မှာ တကယ်ဖြစ်ခဲ့တဲ့ လူကုန်ကူးမှုအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ထားတယ်။ အမေရိကန်က ပြည်ပဝင်တွေ လူကုန်ကူးခံရတဲ့အကြောင်းတွေကိုလည်း အူမချေးခါးမကျန်ပြထားတယ်။ ဇာတ်လမ်းအစမှာတော့ ကိုရီးယား-အမေရိကန်သူလေးဟာ သူ့အမေကို ဆိုင်စောင့်ပေးနေရင်း ညဘက်တစ်ခေါက်လောက် နိုက်အောက်ထွက်ဖို့ကြံပါတယ်။ ကံမကောင်းချင်တော့ အဲဒီညမှာပဲ သူပြန်ပေးဆွဲခံလိုက်ရတယ်။ ဒီလိုနဲ့ သူနိဗ္ဗာန်လို့ထင်ထားခဲ့တဲ့ ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်းငရဲကိုရောက်သွားတယ်။ ဒီကမ္ဘာမှာဖြစ်နေတာတွေက ကောင်းတာတော့တစ်ခုမှမရှိဘူး။ စစချင်း သူတို့တွေကိုဖမ်းထားတဲ့လူတွေက အမိန့်နာခံလာအောင် ခိုင်းသမျှလုပ်အောင် နှိပ်စက်ညဉ်းပန်းတယ်။ ခိုင်းစားလို့ရပြီထင်တော့မှ သူတို့ရဲ့ဈေးကွက်ထဲပို့တယ်။ ဈေးကွက်ထဲပို့တယ်ဆိုတော့ အပြင်ရောက်သွားတာပါပဲ။ အပြင်ရောက်သွားတာတောင် မလွတ်နိုင်ဘူးလားဆိုတဲ့ အမေးတော့ရှိမယ်။ လွတ်ဖို့ကြိုးစားကြပါတယ်။ ထွက်ပြေးကြတယ်။ ဒါပေမဲ့ သူတို့ဟာ လူကောင်းသူကောင်းလို့ထင်ရတဲ့လူတွေနဲ့ သွားတိုးရင်တောင် မလွတ်နိုင်ဘူး။ ဘာလို့ဆို လူတွေက ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မပါချင်ကြသလို လူကုန်ကူးတဲ့ကောင်တွေကလည်း လူတွေအထာနပ်ကြလို့ပါပဲ။ ခင်ဗျားဆီက ...
movie
Eden (2012)
2012
4.3
The Misfits (2021)
The Misfits (2021)သူခိုးလူလိမ်ကားကြီးတစ်ကား လာပါပြီဗျာ။ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီရာ့စ်ဘရိုနန် ဦးဆောင်ပါဝင်ထားပြီး Jamie Chung တို့ Hermione Corfield တို့လို အချောလေးတွေနဲ့ ဝန်းရံထားတာပါ။နည်းနည်းဟာသဆန်တော့ အရမ်းကြီးတော့ သဘာဝမကျဘူးပေါ့။ ဒါပေမယ့် ကြည့်ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရှော့ဇ်ဆိုတဲ့ ဘဲကြီးက ကမ္ဘာအနှံ့မှာထောင်တွေပိုင်တယ်၊အဲဒီထောင်တွေထဲကနေ ၄ ခါလောက် ဆက်တိုက်ဖောက်ပြေးဖူးတဲ့ နာမည်ကျော် သူခိုးကြီးကတော့ ပေ့စ် ပေါ့။ဒီဘဲကြီးက ခိုးတာအရမ်းတော်ပါတယ်။ ခိုးတာတော်ပေမယ့် ခိုးပြီးတိုင်းအဖမ်းခံရတာလည်း တော်ပါတယ်။ ဖမ်းခံပြီးရင် ထောင်ဖောက်ပြေးတာလည်း တော်ပါတယ်။ အစကတည်းက လွတ်အောင်မပြေးတတ်တာလေးတစ်ခုပါပဲ။သူက ရိုးရိုးပြေးတာမဟုတ်ဘဲ ထောင်ပိုင်ရှင်ရဲ့မိန်းမကို ဂျိမ်းစ်ဘွန်းဘဝတုန်းက ဇ အတိုင်း အင့် သွားတော့ အသေအကြေ အလိုက်ခံရတာပေါ့။ မိရင် သတ်မှာ။ဒါနဲ့ပဲ သူ့ကို အိုင်ဒေါတင်ထားတဲ့ အခြားသူခိုးလေးတစ်စုက သူခိုးကြီးကို ဆရာတင်ပြီး အဲဒီထောင်တွေထဲမှာ သိမ်းထားတဲ့ တရားမဝင် ရွှေတွေကို ခိုးဖို့ စီစဉ်ကြတဲ့အခါ....File size…1.8GB and 1.1GB Quality….WEB-DL 1080p and 720p Format…mp4 Duration….1h 34min Subtitle….Myanmar Subtitle (Hardsub) Translator ...
movie
The Misfits (2021)
2021
5.9
Batman: Soul of the Dragon (2021)
Batman: Soul of the Dragon (2021)==========================IMDb Rating - 5.9/10ဒီနေ့တော့ DC ရဲ့ ငဘတ်ဖန်တွေအတွက် ၂၀၂၁ထွက်အသစ်စက်စက် ကားလေးလာပါပြီ။ ငယ်ငယ်ရွယ်ရွယ်ငဘတ်လေးကို ဒီကားလေးထဲမှာတွေ့ရပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းလေးက နန္ဒာပါဘတ်လို့ခေါ်တဲ့ဂျပန်ကလျှို့ဝှက်ဘုန်းကြီးကျောင်းက ဆရာတော်အိုဆီမှာကိုယ်ခံပညာသင်ဖို့ ငဘတ်ကလာခဲ့တာပေါ့။ ဆရာတော်အိုဆီမှာက ငဘတ်အပါဆိုရင်တပည့်က ခြောက်ယောက်တောင်ရှိပြီး ငဘတ်ကအငယ်ဆုံးလေးပေါ့။ မိသားစုဆိုရင်လျှို့ဝှက်ချက်မထားရဘူးလို့ပြောတဲ့ဆရာကကျောင်းထဲမှာရှိတဲ့ဂိတ်တံခါးအကြောင်း တစ်ခါမှမပြောပြဘူးရယ်။ ဒီတော့ စပ်စုစိန်တပည့်မတစ်ယောက်ကအငြိမ်မနေနိုင်ပဲဂိတ်တံခါးကို သွားဖွင့်ကြည့်လိုက်မိတဲ့အတွက်ကြောင့် ဆရာလည်းသေသွားတာပေါ့။ ဆရာသေပြီးနောက် နှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာ ဂျက်ဖာရီဘားရ်ဆိုတဲ့လူတစ်ယောက်က အဲ့ဂိတ်တံခါးကိုနောက်ထပ်တစ်ကြိမ် ထပ်ဖွင့်ဖို့ ကြိုးစားလာတဲ့အခါမှာတော့..........ဘာဖြစ်မလဲဆိုတာကိုတော့ထုံးစံအတိုင်းလေးကိုယ့်ဘာသာပဲကြည့်လိုက်တော့နော် . . .Soul of the Dragon ဆိုတဲ့ အတိုင်း . နဂါးပုံရိပ်တွေပါပါမယ် . မြန်မာတွေရဲ့ နဂါးလို့ပြောလို့ရမယ့် နဂါးပုံရိပ်တွေလည်း ဒီကားထဲမှာတွေ့မြင်ရပါမယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - ...
movie
Batman: Soul of the Dragon (2021)
2021
5.3
Dangerous Lies(2020)
Dangerous Lies(2020)Netflixကနေ မကြာသေးခင်ကမှ ထွက်ရှိလာတဲ့ ဒီကားကတော့ တော်တော်လေး စိတ်၀င်စားဖို့ကောင်းတယ်လို့ကို ပြောလို့ရပါတယ်။ ကေတီ နဲ့ အဒမ် တို့ဟာ လူငယ်ဇနီးမောင်နှံတွေဖြစ်ပြီး သူတို့မှာ ငွေရေးကြေးရေး အခက်အခဲ တော်တော်လေးရှိနေကြပါတယ်။ကေတီဟာ ၈၈နှစ်အရွယ် အဘိုးအို တစ်ဦးကို ပြုစုစောင့်ရှောက်ပေးရတဲ့ caretaker တစ်ဦးလည်း ဖြစ်ပါတယ်။ ငွေကြေးပြည့်စုံတဲ့ တကောင်ကြွက် အဘိုးအို တစ်ယောက်ဖြစ်ပြီး ခမ်းနားတဲ့ အိမ်ကြီးမှာ နေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ ကေတီ အလုပ်၀င်ပြီး လေးလအကြာမှာတင် အဘိုးကြီးဆုံးပါးသွားတော့အံ့သြစရာကောင်းလောက်အောင် ကေတီက အိမ်ကြီးကို အမွေဆက်ခံခွင့်ရခဲ့ပါတော့တယ်။ဒီမှာပဲ ဇာတ်ခမ်းစပါတော့တယ်။ သူအမွေရခဲ့တဲ့ အိမ်ကြီးထဲမှာ ဘာတွေများရှိနေမလဲ။ဒီအိမ်ကြီးကို အကြောင်းပြုပြီး သူတို့လင်မယားနှစ်ယောက် ဘယ်လိုဒုက္ခတွေကြုံတွေ့ရမလဲ။ဆင်းရဲရတဲ့ ဒုက္ခနဲ့ ချမ်းသာရတဲ့ ဒုက္ခဟာ ဘာတွေများ ကွာခြားမလဲ အမျိုးမျိုးသော အဖြစ်အပျက်တွေနဲ့အတူ နောက်ဆုံး ရဲတပ်ဖွဲ့ကပါ ခြေချင်းလိမ်လာတဲ့ အခါမှာတော့.... Netflixထုံးစံအတိုင်း ဇာတ်လမ်းက အလှည့်အပြောင်းတွေနဲ့ ...
movie
Dangerous Lies(2020)
6.0
Grown Ups (2010)
Grown Ups ဆိုတဲ့ကားလေးက ၂၀၁၀ ခုနှစ်က ထွက်ခဲ့တဲ့ အမေရိကန် comedy ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ အလယ်တန်းတုန်းက အတူဘတ်စကတ်ဘောကစားခဲ့ကြတဲ့သူငယ်ချင်း ၅ ယောက် သူတို့ရဲ့ နည်းပြဖြစ်သူ ဆုံးသွားကြောင်းကို ကြားသိပြီးနောက် ပြန်လည်ဆုံစည်းဖြစ်ခဲ့ကြပုံလေးပါ။သူငယ်ချင်း ၅ ယောက်ဆိုပေမယ့် မတူကွဲပြားတဲ့ စရိုက်ကိုယ်စီ ရှိကြသူတွေဖြစ်ပြီး လက်ရှိမှာလည်း ကိုယ်ပိုင် မတူညီတဲ့ ဘဝအသီးသီးကို ပိုင်ဆိုင်ထားကြပါတယ်။ဒါပေမယ့်ဒီလိုစရိုက်မတူသူ ၅ ဦးကပဲ ငယ်စဉ်က ကျောင်းဘတ်စကတ်ဘော ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိိခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ဘတ်စကတ်ဘောလို အားကစားတစ်ခုကစားရာမှာ တစ်ဦးတစ်ယောက်တည်း ကောင်းနေရုံနဲ့ နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။တစ်သင်းလုံး တက်ညီလက်ညီ စိတ်တူကိုယ်တူနဲ့ အပေးအယူမျှမျှှ ကစားရတာမျိုး ဖြစ်ပါတယ်။ဒါပေမယ့်ဒီလို စရိုက်ချင်းမတူညီကြတဲ့ သူငယ်ချင်း ၅ ယောက်ကရော ဘယ်လိုကြောင့် ပြိုင်ပွဲမှာအနိုင်ရရှိခဲ့ကြတာလဲ?သူတို့ ၅ ယောက်ရဲ့ တူညီတဲ့ အချက်ကရော ဘာဖြစ်နိုင်မလဲ?နှစ်တွေအကြာကြီး ကွဲကွာနေတဲ့ ငယ်သူငယ်ချင်းတွေ ပြန်တွေ့တဲ့အခါမှာရော ...
movie
Grown Ups (2010)
2010
6.5
Premium Rush (2012)
Premium Rush (2012)IMDb - 6.5/10_____Rotten - 74% Wileeဆိုတဲ့ကောင်လေးဟာ ကိုလမ်ဘီယာ ဥပဒေကျောင်းဆင်း။ဒါပေမယ့် ဘဝကို ဒီလိုဖြတ်သန်းရမှာ မကြိုက်သူ။သူဟာ နယူးယောက်မှာ စက်ဘီးစီး စာပို့လုလင်လုပ်တော့မှ ဘဝရဲ့ အဓိပ္ပါယ် အနှစ်သာရ ကို ရှာဖွေတွေ့ရှိလာသူတစ်ယောက်။သူ့ ချစ်သူကောင်မလေး Vanessaကလည်း သူ့လိုလူ။ဒါပေမယ့် သူ့ဘဝအတွက် တစ်ခုခုထပ်လုပ်ရမယ်လို့အမြဲတမ်းပြောပြောနေတတ်တယ်။ Vanessaရဲ့ အတန်းဖော်ဟောင်း Nima ဟာ တစ်နေ့တော့ သူ၂နှစ်ကြာအောင် စုထားတဲ့ ဒေါ်လာ ၅သောင်းကို Mr.Leungထံ ပို့ခိုင်းပါလေရော။သူ့ဆီက လက်မှတ်တစ်ခုပါတောင်းခဲ့ဖို့ မှာလိုက်ပါတယ်။ Mr.Lin သို့မဟုတ် ခေတ်သစ်ချစ်တီးတစ်ယောက် ဟာ အဲ့ဒီလက်မှတ်ရတာနဲ့ Nimaရဲ့ ပိုက်ဆံတွေကို အပိုင်စီး နိုင်မယ်ဆိုတာ သိနေပါတယ်။Mr.Lin ဟာ သူ့ထံအကြွေးတင်နေပြီး လောင်းကစားအလွန်အကျွံစွဲနေတဲ့ နယူးယောက်ရံအရာရှိ Bobby Mondayထံ ချဉ်းကပ်လာပါရော။Mondayသာ အဲ့ လက်မှတ်ရအောင်ယူနိုင်မယ်ဆိုရင် သူ့အကြွေးတွေ လျှော်ပေးမယ်ပေါ့။ ဒီလို နဲ့ ဘာဆက်ဖြစ်ကြလဲဆိုတာ ...
movie
Premium Rush (2012)
2012