Channel Myanmar

James Tolkan

Bone Tomahawk (2015) 7.1
Bone Tomahawk (2015)  ဒီဇာတ်ကားက ပြန်ပေးဆွဲခံရတဲ့ လူတစ်စုကိုလိုက်ကယ်ဖို့ကြိုးပမ်းကြတဲ့ ကောင်းဘွိုင်းတို့ကယ်ဆယ်ရေး အပေါ်ကိုဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ S.Craig Zahler ရိုက်ကူးပုံပေါ်ထားတဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုရ ဇာတ်ကားတစ်ကားဖြစ်ပြီးrating 7.1/10 အထိရရှိထားပါတယ် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသားPatrick Wilson နဲ့ မင်းသမီး Lili Simmonsတို့ ပါ၀င်ကူညီအားဖြည့်သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းအစမှာ ခရီးသွားတွေကို ဓါးပြတိုက်သတ်ဖြတ်နေတဲ့အိမ်ခြေရာမဲ့နှစ်ယောက်က ထွက်ပြေးရင်း လူရိုင်းတွေကြီးစိုးနေတဲ့Valley of Starving Men ရောက်သွားပါတယ် တစ်ယောက်ကလူရိုင်းတွေသတ်ဖြတ်စားသောက်တာကို ခံလိုက်ရပြီး ကျန်တစ်ယောက်ကBright Hope မြို့ကိုရောက်လာတဲ့အခါမှာ သူသာမက နောက်ကလိုက်လာတဲ့လူရိုင်းတွေပါ Bright Hope မြို့ကို ရောက်လာခဲ့ပါတယ်မြို့ပေါ်မှာ အရာရှိဖရန့်ကလင်း က ရာဇ၀တ်သားကို ခြေထောက်ကိုပစ်ခတ်ဖမ်းစီးလိုက်ရပါတယ် အဲ့နောက် ခြေထောက်ကသေနတ်ဒဏ်ရာကိုဆေးကုဖို့ မစ္စတာအိုဒီ၀ိုင်ယာရဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပြီးနောက်နေ့မနက်မှာတော့ ဆေးလာကုတဲ့ မစ္စအိုဒီ၀ိုင်ယာရဲ့ဇနီးကော အရာရှိဖရန့်ကလင်းရဲ့ ညီနစ်ကော အိမ်ခြေရာမဲ့ရာဇ၀တ်သားကော လူရိုင်းတွေရဲ့ဖမ်းခေါ်သွားခြင်းကိုခံလိုက်ရပါတယ် အဲ့ဒီနောက် အရာရှိနဲ့မစ္စတာအိုဒီ၀ိုင်ယာတို့တစ်တွေ လူရိုင်းတွေကြီးစိုးနေတဲ့ Valley of Starving ...
movie

Bone Tomahawk (2015)

The River (1984) 6.3
The River (1984) The River (1984)ဒီကားလေးကတော့ ၁၉၈၄ခုနှစ်တုန်းက ထွက်ရှိထားတဲ့ Old but Gold စာရင်း၀င်ကားလေးပါပဲ။ မင်းသားကြီး Mel Gibson ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီး Oscar ဆုလေးဆုအတွက် ဆန်ခါတင်၀င်ခဲ့ရုံတင်မက Golden Globes နှစ်‌ဆုအတွက်လည်း ဆန်ခါတင်၀င်ခဲ့ပါသေးတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ တန်နက်ဆီမြို့က ချိုင့်ဝှမ်းလေးမှာ ရုန်းကန်ရတဲ့လယ်သမားတွေအကြောင်းပဲဖြစ်ပါတယ်။ မြစ်ရေ၀င်လို့ လယ်မြေတွေပျက်စီးရတဲ့အပြင် ဘဏ်အကြွေးတွေရဲ့ဖိအား မြစ်ရေကိုအပိုင်စီးဖို့ ဆည်ဆောက်ချင်တဲ့လောဘသားအရင်းရှင်နဲ့ ဒုက္ခပေါင်းများစွာကြားမှာ ဗျာများရအောင် လှုပ်ရှားရုန်းကန်နေရတဲ့လယ်သမားမိသားစုအကြောင်းလေးပဲဖြစ်ပါတယ်။မိသားစုပိုင်လယ်ကွက်လေးကို ဘဏ်အကြွေးကြောင့် ဆုံးရှုံးမသွားအောင် ရုန်းနေရတဲ့လယ်သမားတစ်ဦးရဲ့ဘ၀ သူ့ကိုထောက်ပံ့ပေးနေတဲ့သစ္စာရှိတဲ့ ဇနီးသည်နဲ့ ဒုက္ခတွေကြားထဲက ချစ်စရာချစ်ခြင်းမေတ္တာအကြောင်းတွေကိုလည်း ခံစားနိုင်မှာပါ။ အားလုံးပဲကြည့်ရှူခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, 900MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 2H 4Min Genre ...
movie

The River (1984)

1984
Top Gun (1986) 6.9
Top Gun (1986) Top Gun (1986) IMDb - 6.9/10_____Rotten 54% Won 1 Oscar. Another 10 wins & 5 nominations ဒီကားက ၁၉၈၆ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး နှစ် ၃၀ ကျော်ကြာမှာတော့ သူ့ရဲ့အဆက် နံပါတ် ၂ ဇာတ်ကား Top Gun: Maverick (2022) ရုပ်ရှင်ကားလဲ ထွက်ရှိလို့ လာခဲ့ပါပြီ။ Top Gun 1986 ဇာတ်ကားကတော့ ခပ်မိုက်မိုက် အမေရိကန်လေသူရဲတစ်ယောက်နဲ့ ခပ်မိမိဆရာမလေးတို့ရဲ့အချစ်အကြောင်းကို အမေရိကန်တိုက်လေယာဉ်သင်တန်းကျောင်းတစ်ခုမှာ အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားပါ။မင်းသားကြီး တွမ်ခရုစ်ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်ပြီး ၂၀၂၂ ခုနှစ် အသက် ၆၀ ထိ နုပျိုနေတဲ့ တွမ်ခရုစ်အကြောင်းတွေက မမြင်ချင်မှ အဆုံးပါပဲ။ဒီထဲက မင်းသမီး Kelly McGillis ကိုတော့ အိုစာလွယ်တယ် ပုံပျက်လွယ်တယ်ဆိုပြီး တွမ်ခရုစ်ပုံနဲ့ ယှဉ်ပြီးပြပြတတ်ကြပါတယ်။တကယ်တော့ မင်းသမီး ကယ်လီမက်ဂေးဟာ ဒီဇာတ်ကားမရိုက်ခင် ...
movie

Top Gun (1986)

1986
4K HEVC
Back to the Future Part III (1990) 7.4
Back to the Future Part III (1990) ဒီတစ်ခေါက်part 3မှာတော့ part 1 နဲ့ part 2 မှာတုန်းကလို အနာဂတ်ကိုပြန်သွားမှာမဟုတ်ဘဲ အတိတ်ကိုပြန်သွားတာကို ရိုက်ပြထားတာဖြစ်ပါတယ်ခင်ဗျာ.. back to the future 1 ရဲ့ဇာတ်သိမ်းခန်းနဲ့ချိတ်ဆက်ပြီးရိုက်ပြထားပါတယ်။ မာတီနဲ့ဒေါက်တာတို့ရဲ့သံယောဇဉ်ကို ဒီအပိုင်း၃မှာ ပိုပြီးကွက်ကွက်ကွင်းကွင်းမြင်တွေ့ရမှာပါ။ ကောင်းဘွိုင်ခေတ်မှာပိတ်မိနေခဲ့တဲ့ဒေါက်တာဟာ အသက်ရှည်ရှည်မနေရဘဲ အသတ်ခံလိုက်ရတဲ့အတွက် မာတီဟာ ဒေါက်တာ့ကိုကယ်ဖို့ အတိတ်ကိုခရီးလွှင့်လာပါတော့တယ်။ ကောင်းဘွိုင်ခေတ်စွန့်စားခန်းတွေနဲ့သိပ္ပံပေါင်းစက်ထားတဲ့ ဤဇာတ်ကားကိုပရိသတ်ကြီးအကြိုက်တွေ့စေမှာအမှန်ပါပဲခင်ဗျာ.. ဤpart 3 ကို part 1 နဲ့ part 2 ကိုကြည့်ပြီးကြည့်မှသာပိုသဘောပေါက်နိုင်မှာမို့ ပထမ၂ကားကိုအရင်ကြည့်ကြပါလို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ.. ပရိသတ်ကြီးပေးလိုက်ရတဲ့အချိန်နဲ့တန်အောင်ရသမျိုးစုံပေးမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။Back to the Furure Trilogy အစအဆုံးကို back to the future – Search Results – Channel Myanmar မှာ ဝင်ပြီး ဒေါင်းလို့ရပါတယ်  Quality__1080p Bluray HEVC IMDb Rating__7.4/10 Format__mp4 Duration__1h 58min Type__Adventure, Comedy, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by Yoon Sandi Aung Encoded by ...
movie

Back to the Future Part III (1990)

1990
HEVC 1080p 5.1
Back to the Future Part II (1989) 7.8
Back to the Future Part II (1989) ဒီကားလေးကတော့ Channel Myanmar မှာ တစ်ခါ တင်ပေးဖူးတဲ့ Back To The Future ရဲ့ အဆက်လေးပါ။အဆက်ဆိုတဲ့ အတိုင်း ပထမပိုင်းကို ကြည့်ဖူးမှပဲ ဒီအပိုင်းကို ကြည့်ရတာ အရသာ ပိုရှိမှာပါ။ပထမပိုင်းကို ကြည့်ဖူးတဲ့သူတွေဆိုရင်လဲ ဒီအပိုင်းကို မကြည့်ပဲကို နေနိုင်ကြမှာ မဟုတ်ပါဘူး။ reviewတစ်ခုမှာ ရေးထား သလို ပါပဲ...Back To The Future ကို ရုပ်ရှင် အဖြစ် အသက်မသွင်းခင်ကဖန်တီးသူတွေ ဖြစ်ကြတဲ့ Robert Zemeckis နဲ့ Bob Gale တို့ကိုယ်တိုင်တောင်ဒီလောက် အောင်မြင်မှုနဲ့ ဝင်ငွေတွေ ရလိမ့်မယ်လို့ ထင်မိကြမှာ မဟုတ်ဘူးတဲ့။ ၁၉၈၉ မှာ ထွက်ရှိခဲ့တဲ့ ဒီအချိန်ခရီးသွား ဇာတ်ကားမှာ Marty Mcfly တစ်ယောက်အတိတ်ကနေ ပြန်ရောက်ရောက်ချင်းပဲ Dr.Emmett နဲ့အတူ အနာဂတ်ကို ဆက်သွားရဖို့ အကြောင်းဖန်လာပါတယ်။Marty လုပ်ရမယ့် ...
movie

Back to the Future Part II (1989)

1989
HEVC 1080p 5.1
Back to the Future (1985) 8.5
Back to the Future (1985) ဒီဇာတ်ကားက ၁၉၈၅ ခုနှစ်က ထွက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။Time Machine နဲ့အတိတ်ကိုသွားတဲ့ ပုံစံရိုက်ကူးထားပြီး အဲ့ဒီခေတ်လောက် ကတည်းကဆန်းသစ်တဲ့ Idea...ပစ္စည်းတွေကို သုံးပြီး ရုပ်ရှင်ရိုက်ကူးထားတာ ချီးကျူးဖွယ်ရာပါ။Adventure, Comedy, Sci-Fi အမျိုးအစားဇာတ်ကားဖြစ်ပါတယ်....ရယ်လဲရယ်ရသလို အဲ့ဒီခေတ် အဝတ်အစား ...ဒီဇိုင်း ...ပြောပုံဆိုပုံ... သရုပ်ဆောင်မှုတွေအကုန်လုံးရိုးသားသန့်စင်တဲ့အမူအရာနဲ့ နှစ်သက်ဖို့ကောင်းလွန်းပါတယ်။IMDb Rating (8.5/10) ထိရရှိထားသလို Rotten Tomatoes မှာလဲ (96%) ထိရရှိထားတဲ့ဇာတ်ကားပါ။Time Travel ဇာတ်ကားတွေထဲမှာတော့ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးလို့ သတ်မှတ်ရမယ့် ဇာတ်ကားပါ။Back to the Furure Trilogy အစအဆုံးကို back to the future – Search Results – Channel Myanmar မှာ ဝင်ပြီး ဒေါင်းလို့ရပါတယ် Quality__1080p Bluray HEVC IMDb Rating__8.5/10 Format__mp4 Duration__1h 56min Type__Adventure, Comedy, Sci-Fi Subtitle__Myanmar ...
movie

Back to the Future (1985)

1985
HEVC 1080p 5.1
WarGames (1983) 7.1
WarGames (1983) ဒီကားလေးကတော့IMDb7.1ရထားတဲ့ကားလေးဖြစ်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးဆိုလည်းမမှားပါဘူးကွန်ပျူတာစနစ်တွေကိုလူငယ်လေးတယောက်ခိုးဝင်ရာကအစပြုပြီးတတိယကမ္ဘာစစ်စတင်ဖို့ပြဿနာတွေဖြစ်လာတာကိုရိုက်ကူးထားတာဖြစ်ပါတယ်တတိယကမ္ဘာစစ်စဖို့အချေအတင်ဖြစ်နေတယ့်ဆိုဗီယက်နဲ့မြောက်အမေရိကဒုံးကျည်လွှတ်တင်ရာမှာသော့ကိုလှည့်ဖို့တုန့်ဆိုင်းနေတယ့်ဝန်ထမ်းအစားကွန်ပျူတာစနစ်ကိုအသုံးပြုဖို့မြောက်အမေရိကကစတင်လိုက်ပါတယ်အဲ့အချိန်မှာပဲဂိမ်းတွေကိုစွဲလန်းတဲ့လူငယ်လေးတယောက်ကဂိမ်းကုမ္ပဏီရဲ့ကွန်ပျူတာစနစ်ထဲခိုးဝင်ပြီးဂိမ်းအသစ်တွေကိုဆော့ဖို့ကြိုးစားရင်းနဲ့မြောက်အမေရိကရဲ့ကွန်ပျူတာစနစ်ဆီရာက်သွားပြီးနကလီးယားစစ်ပွဲကိုဂိမ်းအထင်နဲ့ဆော့မိတဲ့အခါမှာ.....သူဆော့နေတာဂိမ်းတခုမဟုတ်ပဲအပြင်မှာတကယ်ဖြစ်လာဖို့ဂိမ်းကဦးတည်နေတဲ့အခါမှာသူဘယ်လိုရပ်တန့်မလဲကွန်ပျူတာစနစ်ကလည်းအဲ့ကောင်လေးဆော့တာရပ်လိုက်တောင်မရပ်ပဲသူ့ဟာသူဆက်ဆော့နေတဲ့အခါ..တတိယကမ္ဘာစစ်ကြီးစတင်မလား အဲ့ဒါတွေအဆုံးသတ်သွားအောင်သူဘယ်လိုလုပ်မလဲဆိုတာ...ဒီကားလေးကိုကြည့်ပြီးအဖြေရှာလိုက်ပါနော် File Size : (1 GB) & ( 370 MB)Quality : BluRay 720pRunning Time : 1 hr 54 minFormat : Mp4Genre : Sci-Fi , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie

WarGames (1983)

1983