Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
James Swanton
Tarot (2024)
နာမည်ကြီးနေတဲ့ တားရော့ သရဲကား လာပါပြီ။ ဒီကားကတော့ Final Destination ဆန်ပါတယ်။ သူငယ်ချင်းတစ်စု တောထဲကို အလည်ထွက်ရင်း အိမ်ဟောင်းကြီးထဲမှာ တားရော့ကတ်ထပ် အဟောင်းကြီးတစ်ခုကိုတွေ့သွားပါတယ်။ အဲဒီကတ်တွေက လက်နဲ့ ကိုယ်တိုင်ပုံဆွဲထားတဲ့ ကြောက်စရာပုံတွေနဲ့ ဖြစ်နေပါတယ်။သူငယ်ချင်းအုပ်ထဲကတစ်ယောက်က တားရော့ ဟောတတ်တဲ့သူဆိုတော့ အားလုံးကို အပျော်တမ်းဟောပေးလိုက်ပါတယ်။ ဟောတဲ့အချိန်မှာ ရာသီခွင်တွေနဲ့ ကတ်တွေဆက်စပ်ပြီးဟောပေးလိုက်တာပါ။ မကြာခင်မှာပဲ ဟောကိန်းထဲကအတိုင်း ကတ်ထဲက ပုံတွေအတိုင်း ကြောက်စရာတွေ တစ်ခုခုပြီးတစ်ခုဖြစ်လာပြီး သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် သေလာတဲ့အချိန်မှာ အသက်ရှင်ကျန်နေတဲ့ သူငယ်ချင်းတစ်အုပ်က အဖြေရှာဖို့ကြိုးစားရင်း အသက်ရှင်အောင်လုပ်ရပါတော့တယ်....ဒီဟော်ရာကားက ဇာတ်လမ်းစိတ်ဝင်စားဖို့ကောင်းသလို ဝုန်းခနဲခြောက်တာတွေလည်း ပါတာကြောင့် ဟော်ရာပရိသတ်တွေကြိုက်ကြမှာပါ။ ကတ်တွေရဲ့ကျိန်စာကို ပြန်ဖျက်ရတာကလည်း မိုက်ပါတယ်။ ကြည့်ကြည့်လိုက်ကြပါ။File size…(2.2 GB) / (1.1 GB)/(550 MB) Quality….Webrip 4K HEVC / Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... ...
movie
Tarot (2024)
4K HEVC
6.8
The First Omen (2024)
ဒီရုပ်ရှင်ကတော့ ၁၉၇၆ တုန်းက ကမ္ဘာကျော်ခဲ့တဲ့အင်မတန်တမူထူးတဲ့ဇာတ်လမ်း The Omen 1976 ရဲ့အစပထမကို ရိုက်ကူးထားတာပါ။ဒါကြောင့် ရုပ်ရှင်ခေတ်ကို ၁၉၇၁ ကနေ စပြထားပါတယ်။သမိုင်းအရလည်း ၁၉၆၉ ကနေ ၁၉၈၀ အတွင်းရောမနဲ့ ဥရောပနိုင်ငံအမြောက်အမြားမှာလူမှုတော်လှန်ရေးခေတ် ဖြစ်နေပြီး ဆန္ဒပြတာတွေဆူပူတာတွေနဲ့ ဗြောင်းဆန်နေတဲ့ကာလပါပဲ။ ဒီရုပ်ရှင်ဒါရိုက်တာကတော့ Legion စီးရီးရဲ့ ဖန်တီးရှင်Arkasha Stevenson ဖြစ်ပြီး Imdb 6.8 ထိုက်ထိုက်တန်တန် ရထားတယ် ပြောရမှာပါပဲ။မူရင်း The Omen 1976 ကိုလည်း ဒီရုပ်ရှင်အပြီးမှာဆက်ကြည့်သင့်ပါတယ်။ CM web နဲ့ App မှာတင်ပေးထားပါတယ်။ နောက်ထပ် နောက်ဆက်တွဲOmen ရုပ်ရှင်တွေလည်း တင်ပေးသွားပါ့မယ်။ ဇာတ်လမ်းအကျဉ်း****************ခေတ်ပြောင်းတော်လှန်ရေးမှာလူတွေကဘုရားကျောင်းကို ယုံကြည်ကိုးကွယ်တာနည်းလာကြတယ်။ ဒီတော့ အစွန်းရောက်ပြီးဘာသာရေးအာဏာကို ဆက်လိုချင်တဲ့ဘုန်းတော်ကြီးတစ်စုက မကြံကောင်းမစည်ရာကြီးတစ်ခုကို ကြံစည်လိုက်တယ်။ အဲဒါကတော့အန္တိခရစ်တော်ကို မွေးဖွားဖို့ပါပဲ။ ယေရှုခရစ်တော်ဟာဘုရားသခင်ရဲ့ လူသဏ္ဍာန်လို့ ယုံကြရင်အန္တိခရစ်တော်ဟာ စေတန်ရဲ့ လူသဏ္ဍာန်ပါပဲ။ခရစ်တော်ကဘုရားရဲ့ သားတော်ဆိုရင် ...
movie
The First Omen (2024)
5.6
Stopmotion (2023)
ဒီနှစ်ထဲမှာ ဟော်ရာ ကားကောင်းကောင်းရှားနေပေမဲ့ ဒီကားကတော့ ကောင်းပါတယ်။ ABCs of Death ရဲ့ ဒါရိုက်တာ Robert Morgan ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဟော်ရာ၊ ဆိုက်ကို အမျိုးအစားပါပဲ။ဇာတ်လမ်းကတော့စတော့မိုးရှင်းခေါ်တဲ့ အရုပ်လေးတွေကို ဖရိမ်တစ်ခုချင်းလှုပ်ရှားမှုဖမ်းရိုက်ပြီး ကာတွန်းရုပ်ရှင်ဖန်တီးတဲ့ သားအမိနှစ်ယောက်အကြောင်းပါပဲ။ အမေဖြစ်သူက နာမည်ကျော် စတော့မိုးရှင်းဒါရိုက်တာကြီးဖြစ်ပေမဲ့ အဆစ်ယောင်ရောဂါကြောင့် လက်တွေမကောင်းတော့လို့ သမီးကို အသေးစိတ်ပြောပြီး ကူညီပေးခိုင်းနေတာပါ။ ဒါပေမဲ့ တစ်နေ့မှာ ကိုမာ ဝင်သွားပြီး သမီးဖြစ်သူတစ်ယောက်တည်း ရုပ်ရှင်ကို ပြီးအောင်ဖန်တီးဖို့ ဖြစ်လာပါတယ်။ စတော့မိုးရှင်းကာတွန်းရုပ်ရှင်ကိုဖန်တီးဖို့ အာရုံနှစ်ထားရင်း တဖြည်းဖြည်း စိတ်ကူးတွေရော အမြင်တွေရော အစွန်းရောက်လာပြီး ကြောက်စရာတွေ ဖြစ်လာပါတော့တယ်။ File size…(1.2 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoded and Translated by ….Mr. Anderson
movie
Stopmotion (2023)
5.9
Lot No. 249 (2023)
ဒီဇာတ်ကားလေးကတော့ 1892 မှာ ပထမဆုံးအကြိမ် ထုတ်ဝေခဲ့တဲ့ Horror Short Story လေးကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်.စမစ်ဟာ Oxford မှာ ဆေးပညာကိုလေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပါ သူနဲ့ တစ်ဆောင်တည်းနေတဲ့ ဘယ်လီဂန်ကတော့ အီဂျစ် ရှေးဟောင်းသုတေသနတွေကို လေ့လာနေတဲ့သူပေါ့။ ဘယ်လီဂန်တစ်ယောက် သတိမေ့နေတာကို စမစ် သွားရောက်ကုသပေးတဲ့အချိန် ဘယ်လီဂန်ရဲ့ အခန်းထဲမှာ မံမီတစ်ကောင်ရှိနေတာကို တွေ့လိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ Oxford ကျောင်း ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့အရာတွေ ဆက်တိုက်ဖြစ်လာပါတော့တယ် File size…(384 GB)/(146 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:29:00 Genre...Horror, TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
Lot No. 249 (2023)
The Jack in the Box: Awakening (2022)
The Jack in the Box: Awakening (2022)ဒီကားဟာ အကောင်းစားကားကြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကြည့်ကောင်းတဲ့ Horror ကားတစ်ကားဆိုလည်း မမှားပါဘူး။ ပြောရရင် ဒီကားက အရသာက ခင်ဗျားတို့ ကျွန်တော်တို့ ငယ်ဘဝကို လွှမ်းမိုးခဲ့ဖူးတဲ့ Supernatural အစောပိုင်းအရသာလိုပဲ။ Supernatural ဟာ နောက်ပိုင်းမှသာ ဘုရားသခင်တွေ တမန်တော်တွေ အပြိုင်စကြဝဠာတွေနဲ့ တစ်မျိုးတစ်ဖုံပြောင်းလဲလာခဲ့ပေမဲ့ စစချင်းအပိုင်းတွေကတော့ အရမ်းအကြမ်းပတမ်းကြီးမဟုတ်နေရင်တောင် Dark ဆန်ဆန်ပြပြီး Horror Thriller အရသာ အပေါ့စားကို ကောင်းကောင်းပေးသွားခဲ့ဖူးတယ်။ ဒီကနေပဲ ကျွန်တော်တို့တွေ စကြိုက်ခဲ့ကြတာမလား။ ဒီရုပ်ရှင်ဟာလည်း Supernatural အစပိုင်းရဲ့အရသာကို ပြန်သတိရချင်တယ်ဆိုရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ကယ်တင်ရှင်တော့မပါဘူးပေါ့။ ဒါပေမဲ့ နတ်ဆိုးတွေ နတ်ဆိုးကို သွားကစားတဲ့လူတွေနဲ့ သဘာဝလွန်ဟော်ရာကားပါပဲ။၂၀၁၉မှာလည်း Jack in the Box တစ်ကားထွက်ခဲ့ပြီး ဒီကားကတော့ ၂၀၁၉ကားရဲ့အဆက် ဒုတိယကားပါပဲ။ ...
movie
The Jack in the Box: Awakening (2022)
2022
5.2
The Haunting of the Tower of London (2022)
The Haunting of the Tower of London (2022)အင်္ဂလန်ရဲ့ Tudorအိမ်တော်က ဘုရင်တွေလက်ထပ်က ဇာတ်လမ်းပါ။ အင်္ဂလန်နန်းတွင်းကားကိုမှ Horror vibeနဲ့ ရိုက်ပြထားတဲ့ဇာတ်လမ်းပါ။ အတ်ဒဝတ်ဘုရင် လက်ထပ်မှာ အယ်လီဇဘက်မိဘုရားရဲ့ သားတော်နှစ်ပါးသေဆုံးသွားပါတယ်။ နန်းတော်ထဲက ထွက်ခဲလှတဲ့ သားတော်နှစ်ပါးသေဆုံးသွားတဲ့ တရားခံက နန်းတော်ထဲမှာပဲရှိမယ်ယူဆပြီး ရှာကြပါတယ်။ အတ်ဒဝတ်ရဲ့ ထီးနန်းကို လိုချင်နေတဲ့ ရစ်ချက်ဟာ နာမကျန်းဖြစ်နေတဲ့ အတ်ဒတ်ရဲ့ သားတော်နှစ်ပါးမရှိတော့တဲ့နောက် ထီးနန်းကို သူရမှာသေချာသလောက်ဖြစ်နေတဲ့အတွက် တရားခံကိုရစ်ချက်လို့ အယ်လီဇဘက်ရဲ့ အစေခံက ထင်ထားပါတယ်။ ဒါပေမဲ့ ဘာသက်သေမှမရှိခဲ့ပါဘူး။ဒီတော့ အယ်လီဇဘက်ရဲ့အစေခံဟာ နန်းတော်ပြင်ပက သရဲတစ္ဆေတွေကို မြင်နိုင်တဲ့ စကားပြောနိုင်တဲ့ သူတစ်ယောက်အကြောင်း သဲ့သဲ့ကြားပြီး အဲဒီလူကို နန်းတော်ကိုခေါ်လာပြီး မင်းသားလေးတွေရဲ့ ဝိညာဉ်နဲ့ စကားပြောခိုင်းပြီး တရားခံဖော်ဖို့လုပ်တဲ့အခါမှာတော့.....သရဲကားလည်းဟုတ်သလို နန်းတွင်းကားလည်းဟုတ်သလို နှိပ်စက်ခန်းတွေလည်း မနည်းပါပါတယ်။ လိင်ဆက်ဆံခန်းတစ်ချို့လည်းပါတာကြောင့် မိသားစုနဲ့ ကြည့်လို့ အဆင်မပြေပါဘူး။ ...
movie
The Haunting of the Tower of London (2022)
Dashcam (2022)
Dashcam (2022)ဇာတ်လမ်းနာမည် အတိုင်းပါပဲ။ ကားရှေ့မှာ တပ်ထားတဲ့ ကင်မရာကတစ်ဆင့် မြင်ရတဲ့ အနေအထားမျိုးနဲ့ ဇာတ်လမ်းကို တင်ပြသွားတာပဲ ဖြစ်ပါတယ်။ ဒီကားကတော့ တခြား Horror ကားတွေနဲ့ မတူဘဲ တစ်ကားလုံးမှာ မင်းသမီးက livestream နေမှာဖြစ်ပြီး Live တစ်ခုကို ကြည့်နေရသလို ကြည့်ရမှာပါဇာတ်ကောင်နဲ့အတူ စီးမျောရင်း ကြောက်လန့်မှုကို ခံစားရမယ့် ကားမျိုးပါ။ဇာတ်လမ်းအကျဉ်းကတော့ .....အန်နီဟာဒီ covid ကာလ lockdown တွေလုပ်ထားတဲ့အချိန်မှာ ကားမောင်းရင်း livestream လွှင့်ပြီး သီချင်းလက်တန်းရွတ်ဆိုပြတဲ့သူပါ။တစ်ရက်မှာတော့ အမေရိကန်ကနေပြီးတော့ အင်္ဂလန်မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ဆီအလည်သွားပါတယ် အဲဒီမှာ သူ့သူငယ်ချင်းနဲ့ ပြဿနာတက်ပြီး ကားကိုခိုးသွားရင်းနဲ့ အဖွားကြီးတစ်ယောက်ကို လိုက်ပို့ပေးဖို့ အကူညီတောင်းခံရတော့ သူလည်း လိုက်ပို့ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအဖွားကြီးက သာမန်အဖွားကြီးတစ်ယောက်မဟုတ်နေခဲ့တဲ့အခါမှာတော့ ....ဒီကားကတော့ သာမန် Horror ကားမျိုးနဲ့ မတူဘဲ တစ်ကားလုံးမှာ မင်းသမီးက livestream နေမှာဖြစ်ပြီး Live တစ်ခုကို ကြည့်နေရသလို ကြည့်ရမှာပါဇာတ်ကားကို ကြည့်ရင်း အတူတူ ကြောက်လို့ ရမယ့် ရုပ်ရှင်မျိုးပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ...
movie
Dashcam (2022)
2022
6.6
Host (2020)
ကိုဗစ်ဖြစ်နေတဲ့ကာလမှာ အပြင်မထွက်ရတော့zoom သုံးပြီးစာသင်ရ စကားပြောရလုပ်ကြရတယ်မို့လားအဲ့အပြင်ကို တခြားရော ဘာတွေလုပ်ဖြစ်ကြသေးလဲ(ကိုယ်ကတော့ အတင်းစုပြောဖူးတယ် )အခုဒီရုပ်ရှင်ထဲမှာကတော့zoom သုံးပြီး ဝိဥာဉ်ခေါ်ပွဲလုပ်ကြပါသတဲ့ဒီလိုမျိုးလုပ်တာဟာတကယ်ရော ခေါ်လို့ရပါမလားဝိဉာဉ်တွေကရော အွန်လိုင်းသုံးတတ်ကြပါမလားပြီးတော့ရော ဘာတွေဖြစ်လာကြမလဲသိချင်ရင်တော့ဒီမှာဆက်ကြည့်လိုက်ကြပါနော်ကြည့်ပြီးသွားမှ zoom မသုံးရဲတော့ဘူးလို့တော့မပြောနဲ့နော်IMDB rating 6.6 ရထားတဲ့သဲထိပ်ရင်ဖိုကားကောင်းလေးပါလန့်ဖို့ကောင်းတဲ့အခန်းတွေပါတာမို့လို့အရမ်းကြောက်တတ်သူများမကြည့်သင့်ပါနော် Translated by : ThinZar HtetEncoded by : YKQuality : 1080p WEB H264 and 720pFile Size : 815 MB and 490MBDuration : 57mins
movie
Host (2020)
2020