Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
James Sutton
7.5
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)IMDb Rating (7.5) / Rotten Tomatoes (90%)ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။ File size…(6.1 GB)/(1.8 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wai Zin Wayne
movie
The Hunger Games: Catching Fire (2013)
2013
4K HEVC
5.5
The Pregnancy Promise (2023)
The Pregnancy Promise (2023) ======================စကိုင်းရဲ့မိဘတွေက ချုပ်ချယ်လွန်းတဲ့မိဘတွေပါ။ အထက်တန်း ကျောင်းသူအရွယ်ပဲရှိသေးတဲ့စကိုင်းကို ပါတီမသွားရဘူး၊ ရည်းစား မထားရဘူး၊ မိတ်ကပ်မလိမ်းရဘူး၊ ငါတို့ဝယ်ပေးတဲ့အဝတ်အစား တွေပဲဝတ်ဆိုတဲ့ မိဘတွေပေါ့။ စကိုင်းကလည်း တက္ကသိုလ်တက် ရင်တောင် သူသင်ချင်တဲ့ပန်းချီမသင်ဘဲ မိဘတွေစိတ်ကြိုက် ဗိသု ကာတက်ဖို့အထိ နာခံတဲ့ သမီးလိမ္မာလေး။ ဒီသမီးလိမ္မာလေးကို သူ့bffဖြစ်တဲ့ လူစီက အားမရပါဘူး။ဒါကြောင့် အထက်တန်းမပြီးခင် အထက်တန်းကျောင်းသူဘဝကို အကောင်းဆုံးနေမယ်ဆိုပြီး စကိုင်းကိုပါတီတစ်ခါခိုးခေါ်သွားလိုက် တာ စကိုင်းက ရည်းစားရသွားပါတယ်။ ဘဲရသွားတဲ့စကိုင်းက ဘဲ နဲ့ပဲအချိန်ကုန်ပြီး လူစီ့ကိုပလစ်ပါတော့တယ်။ တစ်ယောက်တည်း ဖြစ်သွားတဲ့ လူစီက စကိုင်းမရှိတော့ စကိုင်းရဲ့အစ်ကိုနဲ့ အနေနီးပြီး တွဲဖြစ်သွားပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ စကိုင်းရော လူစီရော ပြိုင်တူကိုယ်ဝန်ရလာကြ ပါတယ်။ မိဘတွေကတော့ သူငယ်ချင်းနှစ်ယောက်က ကိုယ်ဝန် ပြိုင်တူရအောင် တမင်လုပ်တာလားလို့ မယုံသင်္ကာဖြစ်ကြတာ ပေါ့။ စကိုင်းတို့ကိစ္စကြောင့် စိတ်ရှုပ်နေကြချိန်မှာပဲ စကိုင်းရဲ့မိဘ တွေက ခြိမ်းခြောက်စာတွေပို့ခံရ စီးပွားပျက်လုနီးပါး နှောင့်ယှက် ခံရနဲ့ အခက်အခဲမျိုးစုံတွေ့ပါတော့တယ်။ ဒါတွေရဲ့ နောက်ကွယ်က တရားခံကဘယ်သူလဲ ဘာလို့စကိုင်းတို့မိသားစုကို ပစ်မှတ်ထား နေရတာလဲ သူငယ်ချင်းနှစ်ယောက်ရဲ့ကံကြမ္မာကရော ဘယ်လိုဖြစ် သွားမလဲဆိုတာ ကြည့်ရှုရမဲ့ Thriller ကားလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ...
movie
The Pregnancy Promise (2023)
2023