Channel Myanmar

James Scully

Problemista (2023) 7.0
Problemista (2023)  အယ်လီဟန်ဒရိုဟာ သူ့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အလ်ဆာဗိုဒေါကနေ နယူးယောက်ကို ပြောင်းရွှေ့လာခဲ့ပါတယ် သူ့ရဲ့အိမ်မက်ကဝောာ့ အရုပ်ဒီဇိုင်နာတစ်ယောက်ဖြစ်ချင်တာဖြစ်ပြီး အလုပ်လျှောက်တဲ့အခါမှာတော့ သူဟာ အငြင်းခံခဲ့ရပါတယ် ။ဒီလိုနဲ့ ရရာအလုပ်ကိုလုပ်ရင်း အယ်လီဟန်ဒရိုဟာ အလုပ်ဗီဇာရရှိနိုင်ရေးအတွက် ကြိုးစားနေရတာပါ။ သူဟာ အလုပ်ဗီဇာရရှိမှ အမေရိကမှာ ဆက်နေလို့ရမှာဖြစ်ပြီး မရခဲ့ရင်တော့ သူ့ရဲ့ မွေးရပ်မြေကို ပြန်သွားရမှာပါ အခွင့်အလမ်းတွေရချင်လို့ နိုင်ငံခြားကိုထွက်လာပြီး အဆင်မပြေမှုပေါင်းများစွာကြားထဲက အယ်လီဟန်ဒရိုတစ်ယောက် ဘယ်လိုရုန်းကန်သွားမှာလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comedy ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.8 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Problemista (2023)

Fire Island (2022) 6.8
Fire Island (2022) Fire Island (2022)" ဥစ္စာပေါ ရုပ်ချော အမျိုးသားတစ်ဦးဟာ သူ့အတွက် အမျိုးသမီး အဖော်မွန်တစ်ယောက် လိုကို လိုအပ်တယ်လို့ အကြွင်းမဲ့ ယုံကြသတဲ့ "အဲဒါ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ Jane Austen ပြောတာ။ စိတ်တော့မကောင်းပေမယ့် Jane ရဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ စာသားက ဒီခေတ်ကြီးထဲမှာ အလုပ်မဖြစ်တော့ဘူးဗျ။ ဘာလို့လဲဆိုတော့ ယောင်္ကျားတိုင်းက မိန်းမ လိုချင်နေတာ မဟုတ်ဘူးလေ။ဒီဇာတ်လမ်းထဲက ကာရိုက်တာတွေက သက်သေပဲ။ နိုရာ၊ ဟောင်ဝီ၊ မက်ဇ်၊ ကီကန် နဲ့ လုခ်တို့က ကောလိပ်ကတည်းက ပေါင်းသင်းခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ တိတိကျကျ ခေါင်းစဉ်တပ်ပေးရရင် အဆင်ကြိုက်တဲ့ အပွင့်တစ်လိုင်းး ဂေးအုပ်စုပေါ့။သူတို့မှာ tradition လေးတစ်ခုရှိသဗျ။ အဲဒါကတော့ ဘယ်လောက်ပဲ ဝေးကွာနေကြပါစေ နှစ်စဉ် အပန်းဖြေခရီးအဖြစ် အုပ်စုလိုက် ဂေး Disney World လို့ တင်စားရလောက်တဲ့ ဖိုင်းယားကျွန်းကို တစ်ပတ်တိတိ အလည်သွား အဆင်စားကြတာပဲ။ ဖိုင်းယားကျွန်းမှာ ကြိုက်တဲ့သူနဲ့ ကြိုက်သလို ပလူး ...
movie

Fire Island (2022)

2022
Straight Up(2019) 6.5
Straight Up(2019) Straight Up(2019)ဇာတ်လမ်းအကြောင်းကို မသွားခင် ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်ရအောင်။ သင်ဟာ LGBT တွေကို ဘယ်လိုမြင်လဲ။ သင့်ရဲ့ မသိစိတ်ထဲမှာ Gay% Straight% ဘယ်လောက်စီရှိမယ်ထင်လဲ။ လုံးဝ Straight ပါလို့ အာမခံလား။ အဲဒါဆို တခါတလေ ယောက်ျားလေးချင်းပဲဖြစ်ဖြစ် မိန်းကလေးချင်းပဲဖြစ်ဖြစ် မိမိရဲ့ပုခုံးပေါ် ဒါမှမဟုတ် ပေါင်ပေါ်ကို ရုတ်တရတ် လက်အတင်ခံလိုက်ရတဲ့အချိန်မှာ စိတ်ထဲဘယ်လိုဖြစ်သွားဖူးလဲ။ သောက်ရင်းစားရင်း မူးမူးနဲ့ ဘော်ဒါအချင်းချင်းကိုပဲဖြစ်ဖြစ် အခြားဝိုင်းက လိင်တူတစ်ယောက်ကိုပဲဖြစ်ဖြစ် နမ်းမိသွားတာမျိုး အဲ့ဒီလို အလားတူကိစ္စမျိုး အဲ့ထက်ဆိုးတဲ့ ကိစ္စမျိုးရှိခဲ့ဖူးလား။ နောက်နေ့မနက်မှာ အဲဒီလုပ်ရပ်ကို ပြန်အမှတ်ရမိရင်း ငါများ Gay သွားပြီလားလို့ စိုးရိမ်စိတ်ပေါ်ဖူးကြတယ်မလား။ ဒါမှမဟုတ် မိမိက Gay ပါလို့ ဝိုင်းသမုတ်ကြတဲ့ ပတ်ဝန်းကျင်ရောက်ရင် မသိစိတ်ထဲက အနည်းငယ်သော Gay % က တိုးပွားပေါက်ကွဲထွက်လာပြီး လုံးဝ Gay သွားမယ်လို့ထင်မိလား။ တွန်းရော ...
movie

Straight Up(2019)