Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
James Saito
Breathe (2024)
အနာဂတ်တစ်ချိန်မှာ ကမ္ဘာကြီးမှာ အောက်စီဂျင်တွေလုံး၀ကုန်ဆုံးသွားပြီး လူသားမျိုးနွယ်လည်း မျိုးတုန်းသွားခဲ့ပါတယ်။ မာယာနဲ့ သမီးဖြစ်သူဇိုရာတို့ကတော့ ဖခင်ဖြစ်သူရဲ့အကူအညီနဲ့ အောက်စီဂျင်ကိုဆက်လက်ထုတ်လုပ်ပြီး အသက်ရှင်နေနိုင်နေကြပါတယ်။ လေထုထဲမှာ အောက်စီဂျင်မရှိတာကြောင့် အာကာသထဲမှာလိုပဲ ပုန်းခိုနေတဲ့စခန်းထဲကထွက်ရင် အောက်စီဂျင်ကိရိယာအကူအညီနဲ့ပဲ ထွက်ခွာလို့ရပါတယ်။တရက်မှာတော့ မြို့ပျက်ကြီးထဲက မာယာတို့သားအမိရဲ့ ပုန်းအောင်းရာနေရာလေးကို သူစိမ်းတွေရောက်လာပြီး မာယာတို့ကိုအန္တရာယ်ပြုဖို့ကြိုးပမ်းလာတဲ့အခါမှာတော့ မာယာတို့သားအမိနှစ်ယောက် ဒီသူစိမ်းတွေရဲ့ရန်ကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ အသက်ရှင်ကျန်ရစ်တဲ့ လူသားတွေမရှိတော့တဲ့ကမ္ဘာကြီးမှာ ဒီလူတွေက ဘယ်သူတွေလဲ၊ ဘာကိုလိုချင်တာလဲဆိုတာကို စိတ်၀င်စားဖွယ် ဆက်လက်ကြည့်ရှုရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.4 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie
Breathe (2024)
7.6
Die Hard: With a Vengeance (1995) Die Hard 3
ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့ John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie
Die Hard: With a Vengeance (1995) Die Hard 3
1995
4K HEVC
The Sea of Trees (2015)
ချစ်ရတဲ့သူ့ကို ချစ်လို့ရတုန်းမှာ အစွမ်းကုန် ချစ်ပေးဖို့ ပြောကြတာဟာ ဆုံးရှုံးလိုက်ရသူတွေရဲ့ ရင်နဲ့ရင်းပြီးပြောခဲ့ကြတဲ့ စကားပါပဲ။အချစ်တွေနဲ့ ထူထောင်ထားတဲ့ အိမ်ထောင်တစ်ခုဟာ အချိန်တစ်ခုကြာမြင့်လာတဲ့အခါ နွေးထွေးတွေ ချစ်ခြင်းတွေအစား၊ အေးစက်တဲ့ ချစ်ခြင်းတွေကသာ အစားထိုး ဝင်ရောက်လာခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားကို ပြော၊ မပြော စဉ်းစားတွေဝေနေစရာမလိုအောင်လို့ဆိုပြီး သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့ အခြေအနေနဲ့ပဲ အသေးစိတ်လေးတွေအစ ဖြည့်ဆည်းပေးနေတဲ့ အချစ်ရေးတစ်ခုဟာ ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲ တွေးမိဖူးလား။ဂျပန်နိုင်ငံ၊ တိုကျိုမြို့က အာအိုခီကာဟာရာဆိုတဲ့တောင်ဟာ ကမ္ဘာအနှံ့အပြားက ဆူဆိုက်လုပ်လိုသူတွေ လာကြတဲ့ နေရာတစ်ခုပဲဖြစ်တယ်။ အမေရိကန်သား အာသာဘာနန်ဟာလဲ အဲအကြောင်းရင်းနဲ့ပဲ အာအိုခီကာဟာရာတောင်ကို ရောက်လာခဲ့တယ်။ တောင်ထဲရောက်ရောက်ချင်းပဲ လမ်းပျောက်နေတဲ့ ဂျပန်လူမျိုး တခုမီ နာခါမူရာ နဲ့ တွေ့ခဲ့ပြီး နှစ်ယောက်စလုံး လမ်းပျောက်သွားခဲ့တယ်။ အေးစက်စက်တောင်ကြီးထဲ မိုးပါရွာလို့၊ ဒီလိုအခြေအနေအောက်မှာ နှစ်ယောက်သား အချင်းချင်းရိုင်းပင်းရင်း ထွက်လမ်းကို အတူတူရှာခဲ့တယ်။တခုမီက ...
movie
The Sea of Trees (2015)
6.6
Tigertail (2020)
Tigertail (2020)~ IMDb - 6.6/10, Rotten Tomatoes - 82% ~၁၉၇၀ ဝန်းကျင်နှစ်တွေတုန်းကပေါ့…အကကောင်းတဲ့ ရုပ်ဖြောင့်ဖြောင့် စက်ရုံလုပ်သားလေးတစ်ယောက်ဟာ သူ့ရဲ့ အမေရိကန်အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် ဘဝရဲ့ ငယ်ချစ်ကို စွန့်လွှတ်၊ အမေတစ်ခု သားတစ်ခုဘဝရဲ့ အမေ့ကို ထားခဲ့ရစ်ပြီး အမေရိကကို ရောက်ခဲ့တယ်။ တကယ်တမ်းရောက်သွားတဲ့အခါမှာတော့ စိတ်ကူးထဲက အမေရိကဟာ နဖူးတွေ့ဒူးတွေ့ နိစ္စဓူဝရင်ဆိုင်ရမယ့် အမေရိကနဲ့ လုံးလုံးမျှ မတူကြောင်း ရင်နာနာနဲ့ သိလိုက်ရပါတယ်။အချစ်ထက် ဘဝကို ဦးစားပေးခဲ့တဲ့သူ့အနေနဲ့ နေ့စဉ်ဘဝကို အကောင်းဆုံးကြိုးစားပြီး ကိုယ်ပိုင်မိသားစုဘဝလေးနဲ့ ချိန်ညှိဖို့ ကြိုးစားခဲ့ပေမဲ့ ထင်သလိုဖြစ်မလာခဲ့ရှာပြန်တယ်။ဒီရုပ်ရှင်ဟာ အရွယ်ရောက်ပြီးသားသမီးဖြစ်သူနဲ့ ဇာတ်လိုက်ရဲ့ကြားက ဆက်ဆံရေးကနေမှ အတိတ်နဲ့ ပစ္စုပ္ပန်ကြား လူးလာကူးခတ်နေတဲ့ မှတ်ဉာဏ်တွေပါ။ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ဘဲ နေ့စဉ်ဘဝမှာ လူသားတွေ ကြုံတွေ့ဖြတ်သန်းနေရတာတွေပါ၊ ဒီကားထဲက ဇာတ်လိုက်ဟာဆိုရင်လည်း သူ့ကာရိုက်တာအရဆို ကိုယ်မကြိုက်ချင်လှပေမယ့် နောင်တတွေကို သူနဲ့ထပ်တူ ...
movie
Tigertail (2020)
2020
6.6
Love Hard (2021)
CM ပရိသတ်ကြီးရေ Christmas ကလည်း နီးလာပြီဆိုတော့ Christmas နောက်ခံ အချစ်ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေလိုက်ကြရအောင်ပါ ၂၁ ရာစု အင်တာနက်ခေတ်ကြီးမှာ ခေတ်ထလာတာ တစ်ခုကို ပြောရရင် Online Dating App တွေလို့ ဆိုရပါမယ်။ နှစ်သက်ရာ app တစ်ခုမှာ အကောင့်တစ်ခုဖွင့်ပြီး ချစ်သူရှာကြသည်ပေါ့။ FA တွေအတွက်တော့ အတော်လေး နပ်တဲ့ app တွေပေါ့ဗျာ အလားတူ ဒီဇာတ်လမ်းထဲက အပျိုဟိုင်းကြီး နာတာလီကလည်း dating app တွေက စားစော်ကြီးပေါ့။ တစ်ခုပဲ ဒီစော်ကြီးက စားတိုင်း အစားမကြေလေဘူး။ တွဲသမျှ ပြတ်၊ ချိန်သမျှ ပါလိုက်နဲ့ ငှက်ပျောတုံး ဖက်ရလုနီးပါးပေါ့။ တစ်ခုတော့ အကောင်းသားဗျ။ အချစ်ကံခေပေမဲ့ ဒီကံခေမှုတွေကို သူက ဇာတ်လမ်းတွေဖန်တီးပစ်တော့ စားစော်ကြီးက အလုပ်အကိုင်အတည်တကျနဲ့ ရှုးဂါးမာမီစတိုင်ပါပဲ။ ဒါပေမဲ့ အပျိုကြီးက လက်မလျှော့သေးပါဘူး။ တစ်နေ့မှာ ဒီ dating app ကနေပဲ ဂျော့ရှ်ဆိုတဲ့ ခပ်ချောချော ဘဲတစ်ပွေနဲ့ သူ အီစီကလီတွေလုပ်ရင်း သံယောဇဉ်က ပိုမိသွားပါတယ်။ ဒီလိုနဲ့ ခရစ်စမတ်မှာ သူနဲ့ ...
movie
Love Hard (2021)
4.4
Home Alone 3 (1997)
ခရစ်စမတ်ကာလရောက်ရင် ကြည့်ရမယ့်ဇာတ်ကားတွေထဲမှာ Home Alone ဇာတ်ကားတွေကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။Comedy, Family အမျိုးအစားဖြစ်တာကြောင့် နားရက်မှာ မိသားစုနဲ့ အပန်းဖြေဖို့သင့်တော်တဲ့ဇာတ်ကားတွေပါ။Home Alone ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=home+alone မှာဒေါင်းလို့ရပါတယ်။++++++++++++Plot;9-year-old Alex Pruitt is home alone with the chicken pox. Turns out, due to a mix-up among nefarious spies, Alex was given a toy car concealing a top-secret microchip. Now Alex must fend off the spies as they try break into his house to get ...
movie
Home Alone 3 (1997)
1997
6.2
Pearl Harbor (2001)
Pearl Harbor 2001 ==================== ၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီးအချစ်ဇာတ်လမ်းအပိုင်းပါထည့် သွင်းထားတာဖြစ်ပါတယ်။ ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့ စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါလက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်။ ရေ့ဖ်တစ်ယောက် အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်။ ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့နာမည်ကြီးခဲ့တဲ့ Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက် အားရပါးရမြင်တွေ့ရမှာပါ။ အက်ရှင်ကားကြမ်းကြမ်းကြိုက်သူတွေ၊ စစ်ဇာတ်လမ်းကြိုက်သူတွေ၊ ဒါရိုက်တာ Michael Bay ရဲ့လက်ရာတွေကြိုက်သူတွေအဖို့တော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Translated by : Pyi T Nyein Encoded by : YK Quality : 1080p blueray and 720p
movie
Pearl Harbor (2001)
2001
7.5
The Devil’s Advocate (1997)
အခုတလော အင်တာနက်မှာ အရမ်းကို နာမည်ကြီးနေတဲ့ မင်းသား Keaneu Reeve ရဲ့ 1997 ကSupernatural, Mystery ဇာတ်ကားလေးဖြစ်တဲ့ The Devil's advocate ကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်က Devil မကောင်းဆိုးရွား Advocate ကိုယ်စားပြောပေးသူတဲ့ဒါပေမဲ့ Devil's Advocate ဆိုတာ ရှေ့နေလို့ ဘာသာပြန်ပါတယ်။ဒီဇာတ်ကားမှာ Charlize Theron, Al Pacino တို့လို နာမည်ကြီး သရုပ်ဆောင်တွေကလည်း အားဖြည့်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Spoiler ဖြစ်သွားမှာစိုးလို့ သိပ်မပြောတော့ပါဘူး။Florida က မြို့လေးတစ်မြို့မှာ အမှုရှုံးဖူးတာမရှိ စံချိန်တင်ထားတဲ့ ရှေ့နေလေးတစ်ယောက် ကျင့်ဝတ်နဲ့ အောင်မြင်မှုမှာ အောင်မြင်မှုကိုရွေးပြီးတော့ အမြင့်ဆုံးကိုတဖြည်းဖြည်းတက်သွားရင်း ကြုံရတဲ့အကြောင်းတွေပါ။သဘာဝလွန် ဆန်းပြားတဲ့ ကိစ္စတွေကို ထည့်သွင်းရိုက်ကူးထားပါတယ်။လူတွေကို အသက်ရှင်နေထိုင်ချင်အောင် ...
movie
1997
6.9
Always Be My Maybe (2019)
Always Be My Maybe ၂၀၁၉ Netflix ရဲ့ Asian Americanကားကောင်းတစ်ကောင်း စာရင်းဝင်ပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောပြရင်တော့ ထက်မြက်တဲ့မိန်းမဆိုတာဆာရှာထရန်လို လူမျိုးကိုပြောတာပါကိုယ့်ဒူးကိုယ်ချွန်အောင်မြင်လာတဲ့ နာမည်ကြီးစာဖိုးမှုးဆာရှာနဲ့သူ့ငယ်သူငယ်ချင်းလည်းမက ချစ်သူလည်းမကျခဲ့တဲ့ မားကပ်စ် ...မားကပ်စ်ကတော့ မိခင်ဆုံးသွားပြီးနောက် ပုံစံခွက်ထဲက ရုန်းမထွက်ချင်တော့တဲ့သူပတ်ဝန်းကျင်အသစ်ကိုဝင်ဆန့်ရတာကြောက်နေတဲ့သူ...သူတို့နှစ်ယောက် အထက်တန်းကျောင်းပြီး ကွဲသွားကြရာမှ၁၆နှစ်ကြာမှပြန်ဆုံတွေ့ကြတဲ့အခါမှာတော့....Romance Comedy အမျိုးအစားဖြစ်ပြီး သီချင်းအမိုက်စားတွေနဲ့ အတူGuest Star ကလည်း နယ်နယ်ရရ မဟုတ်တဲ့Keanu Reeves မို့ လက်မလွှတ်သင့်ပါ ကြောင်း တိုက်တွန်းလိုက်ပါတယ်နော်File Size : ( 851 MB) & (380 MB)Quality :Web Rip 720pRunning Time :1hr 41 minFormat : Mp4Genre : Comedy , RomanceSubtitle : Myanmar Subtitle (Hard ...
movie
Always Be My Maybe (2019)
2019
7.0
Big Eyes (2014)
Big Eyes (2014) IMDb - 7.0/10_____Rotten - 72%ဒီကားရိုက်ရဲ့ ဒါရိုက်တာ Tim Burton ရိုက်ထားတဲ့ Big Fish, Alice In Wonderland, Edward scissorhands တို့ Charlie and the chocolate Factoryတို့လို ဇာတ်ကားကောင်းတွေကို ကြည့်ဖူးကြမှာပါ။ Tim Burtonရဲ့ ကားတွေဟာ ရိုက်ဟန်ထူးခြားပြီး ပစ်ရတဲ့ကားလည်း မရှိသလောက်ပါပဲ။ အခု Big Eye ကလည်း သူရိုက်ခဲ့တဲ့ Biography ကားတစ်ကားပါပဲ။အနုပညာဆိုတာ ကိုယ်ရေးကိုယ်တာ အရမ်းဆန်ပါတယ်။ ကိုယ်ပိုင်ခံစားချက်ကို စကားလုံး ရုပ်ပုံ နိမိတ်ပုံ သံစဉ် အစရှိသဖြင့်ကူးပြောင်းရတာမျိုးပါ။ နှလုံးသားထဲက ထွက်လာတယ်ဆိုလည်း မမှားဘူးပေါ့ဗျာ။Margaretဆိုတဲ့ ပန်းချီဆရာမ တစ်ယောက်ဟာ သူ့ခံစားချက်တွေကို ပန်းချီဆွဲတဲ့ အခါတိုင်း မျက်လုံးကို အရှိတရားထက် ကြီးအောင် ရေးဆွဲပြီး ခံစားချက်ပေါ်လွင်အောင် ဆွဲလေ့ရှိတယ်။ သူ့စကားအတိုင်းဆို " မျက်လုံးဆိုတာ စိတ်ဝိညာဉ်ရဲ့ ...
movie
Big Eyes (2014)
2014
7.9
Life of Pi (2012)
"Crouching Tiger Hidden Dragon"သိုင်းကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကို ရုပ်ရှင်ပရိသတ်အတော် များများသိကြမှာပါ။ ဒီသိုင်းကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာက Life of Pi ကိုရိုက်ကူးခဲ့တာသိရတော့ "ရှော့ခ်"ဖြစ်သွားခဲ့ကြရတဲ့လူတွေထဲမှာ ကျွန်တော်လည်းပါဝင်ပါတယ်။ ဟုတ်ပါတယ်။ထိုင်ဝမ်သား ဒါရိုက်တာ Ang Lee ပဲဖြစ် ပါတယ်။ Ang Lee ရဲ့ Life of Pi ဇာတ်ကားဟာ အကယ်ဒမီဆု ၄ ဆုအထိရအောင် ဆွတ်ခူးခဲ့ပါတယ်။ သူကိုယ်တိုင်လည်း အကောင်းဆုံးဒါရိုက်တာအကယ် ဒမီဆုရှိခဲ့ပါတယ်။ IMDb သတ်မှတ်ချက် 7.9 ရရှိထားပါ တယ်။ လူအတော်များများကို "Life of Pi ကြည့်ပြီးပြီလား"လို့ မေးကြည့်တဲ့အခါ " ကျားတစ်ကောင်နဲ့အတူပင်လယ်ထဲ မျောသွားတဲ့ကားမဟုတ်လား"လို့ပြန်ဖြေကြတာပိုများ ပါတယ်။ ကျွန်တော်ပြောချင်တာက ဒီဇာတ်ကားဟာ အဲ့ဒီထက်အများကြီးပိုပါတယ်။ ရုပ်ရှင်ဝေဖန်ရေးသမား များကြား အတော်ဂယက်ရိုက်ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဝေဖန်ရေးဆရာများ ဝေဖန်ကြရာမှာ လောကီအမြင်နဲ့ဝေဖန်ကြသူများလည်းရှိသလို၊ လော ကုတ္တရာအမြင်နဲ့ဝေဖန်ကြသူများလည်းရှိပါတယ်။ ရုပ်ဝတ္ထုဝါဒီများ ...
movie
Life of Pi (2012)
2012