Channel Myanmar

James Mount

Maid in Manhattan (2002)
Maid in Manhattan (2002)  ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်ကထွက်ရှိထားတဲ့ Romance Drama အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jennifer Lopez, Ralph Fiennes စတဲ့ နာမည်‌ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်း‌လေးကတော့ ဟိုတယ်အကူအမျိုးသမီးလေးတစ်ယောက်ကို လွှတ်တော်အမတ်လောင်းတစ်ယောက်က ချစ်ကြိုက်မိသွားတဲ့ ခေတ်သစ်စင်ဒရဲလားကားလို့ပြောရပါလိမ့်မယ်။မာရီဆာဗန်တျူရာဆိုတဲ့ Single Mom တစ်ယောက်ဟာ နယူးရော့ခ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ပြီး အဆင့်မြင့်ဟိုတယ်တစ်ခုမှာ အကူလုပ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်မာရှယ်လို့ခေါ်တဲ့ ဆွေကြီးမျိုးကြီး နိုင်ငံရေးသမားတစ်ယောက်ဟာ ဟိုတယ်မှာအလုပ်လုပ်‌နေတဲ့မာရီဆာကို ဧည့်သည်အမှတ်နဲ့ သဘောကျနှစ်သက်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုံစရာအချစ်ဇာတ်လမ်းကို ကြည်နူးဆွတ်ပျံ့ဖွယ် တင်ဆက်ပြသထားပါတယ်။ Romance ချစ်သူတို့အနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.7 GB)/(919 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moon 
movie

Maid in Manhattan (2002)

What We Found (2020) 5.3
What We Found (2020) What We Found (2020) =================သင်သာ ကျောင်းသားကား Teen Drama မျိုးကို ကြိုက်နှစ်သက်သူ ဖြစ်တယ်ဆိုရင် ဒီကားဟာ သင့်အတွက်ပါပဲ။ Mystery, Thriller အမျိုးအစားလည်းဖြစ်တာမို့ ပျင်းရိစရာမကောင်းပါဘူး။မားကပ်စ်ဟာ ဘယ်တီမိုး အထက်တန်းကျောင်းမှာ ပထမနှစ်တက်နေတဲ့ ကျောင်းသားတစ်ယောက်ပါ။သူ့မှာ အလယ်တန်းကျောင်းကတည်းက ခင်ခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ ဟော်လီနဲ့ ဂရန့်တ်တို့ ရှိပါတယ်။ ဂရန့်တ်ကတော့ အထက်‌တန်းမှာ တစ်ခြားကျောင်းကို ပြောင်း သွားခဲ့ပြီး ဘယ်တီမိုးမှာတော့ မားကပ်စ်နဲ့ ဟော်လီတို့သာ ကျန်ခဲ့ပါတယ်။ မားကပ်စ်ဟာ အလယ်တန်းမှာကတည်းက အနိုင်ကျင့်ခံခဲ့ရသလိုမျိုး အထက် တန်းကျောင်းမှာလည်း မဖြစ်ဖို့ မျှော်လင့်ခဲ့ပေမယ့် အဲလိုမျိုး ဖြစ်မလာခဲ့ပါဘူး။အထက်တန်းမှာ တက်နေရင်း သူ့ကို ငယ်ငယ်က ကလေးထိန်းလုပ်ခဲ့တဲ့ ကက်စီ ဆိုတဲ့ ကောင်မလေးနဲ့ ပြန်တွေ့ခဲ့ပါတယ်။ ကက်စီဟာ မားကပ်စ် အနိုင်ကျင့် ခံနေရတုန်းမှာ ဝင်ပြီး ကူညီပေးခဲ့ပါတယ်။  ဒီလိုနဲ့ တစ်နေ့မှာတော့ ကျောင်းက အပြန် ကက်စီတစ်ယောက် ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။ ရဲတွေလည်း လိုက်လံရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။ ဘယ်တီမိုးမြို့မှာလည်း အရင်က ဒါနယ်လ်ဆိုတဲ့ ဆယ်ကျော်သက် တစ်ယောက်ဟာလည်း ...
movie

What We Found (2020)

2020