Channel Myanmar

James McCaffrey

She Hate Me (2004)
She Hate Me (2004)  ဒီဇာတ်လမ်းမှာတော့ မင်းသား Anthony Mackie က ဂျွန်ဟင်နရီအမ်းစထရောင်းအဖြစ် အဓိကသရုပ်ဆောင်ထားပြီး Kerry Washington ၊ Woody Harrelson နဲ့ Monica Bellucci တို့ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Drama အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဂျွန်က ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး သူတို့ ကုမ္ပဏီကြီးက AIDS ရောဂါကာကွယ်ဆေးကို ထုတ်လုပ်ဖို့ကြိုးစားနေတာပါ။ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်အတွင်း ကျင့်ဝတ်ဆိုင်ရာချိုးဖောက်မှုတွေကို ဂျွန်က သိမြင်လာရတဲ့အတွက် အဲ့ဒီကိစ္စတွေကို ကျင့်ဝတ်ဆိုင်ရာထိန်းသိမ်းရေးကော်မတီတစ်ခုကို တိုင်ကြားလိုက်ပါတော့တယ်။ ဒါကြောင့် သူလည်း အလုပ်ပြုတ်သွားတဲ့အချိန်မှာ သူ တစ်ချိန်က ဇနီးအဖြစ်မတော်လိုက်ရတဲ့ ချစ်သူဟောင်း ဖာတီမာက သူ့ဘဝထဲကို ပြန်ဝင်လာပါတော့တယ်။သူတို့ မယူဖြစ်ခဲ့ကြပုံမှာလည်း လက်ထပ်ခါနီးမှာမှ ဖာတီမာက သူမကို သူမ လိင်တူချစ်မြတ်နိုးမှန်းသိလိုက်ရတာကြောင့်ပါ။ ယခုအခါ သူမက သူမရဲ့ လက်ရှိချစ်သူကောင်မလေးနဲ့ တပြိုင်နက် ကိုယ်ဝန်လွယ်ချင်ပြီး ကလေးရဲ့ ...
movie

She Hate Me (2004)

Hide and Seek (2005) 5.9
Hide and Seek (2005) ဒီဇာတ်လမ်းကတော့ မိန်းမဖြစ်သူ ကိုယ့်ကိုယ်ကိုယ်သတ်သေပြီးတဲ့နောက်မှာ David တစ်ယောက် သူ့သမီးလေး Emily နဲ့ New York မြို့ကနေ စိတ်အပန်းဖြေဖို့ နယ်ဘက်ကို ရွှေ့ပြောင်းနေခဲ့တယ်။ ဒါပေမဲ့ သူ့သမီးလေး Emily မှာ Charlie လို့ခေါ်တဲ့ စိတ်ကူးယဥ်သူငယ်ချင်းတစ်ယောက် ပေါ်လာချိန်မှာတော့ ဖြေရှင်းလို့မရတဲ့ အဆန်းတကြယ်အဖြစ်အပျက်တွေ ပေါ်လာပါတော့တယ်။Charlie ဆိုတဲ့ စိတ်ကူးယဥ်သူငယ်ချင်းက Emily ရဲ့ စိတ်ရောဂါသက်သက်လား တကယ်ရှိနေတာလား၊ အံ့ဩစရာအဖြစ်အပျက်တွေရဲ့နောက်ကွယ်က Emily ကြောင့်ပဲလားဆိုတာကို ဇာတ်အိမ်လှည့်ကွက်တွေမျိုးစုံနဲ့ ရင်ဖိုစိတ်လှုပ်ရှားဖွယ်ရာကြည့်ရမဲ့ Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Horror, Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie

Hide and Seek (2005)

The Believer (2001) 7.1
The Believer (2001) The Believer (2001)~ IMDb - 7.1/10, Rotten Tomatoes - 82% ~ဒီရုပ်ရှင်က ဒါရိုက်တာ Henry Bean ရဲ့ မာစတာပိစ်လို့ ပြောလို့ရတယ်။ သူ့ရဲ့ရုပ်ရှင်တွေက အတွေးအခေါ်ပိုင်းဆိုင်ရာကို နက်နက်နဲနဲသေချာရိုက်ပြတတ်တယ်။ ဒါကတော့ ထောင်စုနှစ်နဲ့ချီအမြစ်တွယ်လာခဲ့တဲ့ ဂျူးမုန်းတီးရေးအကြောင်းပေါ့။ Ryan Gosling ကလည်း ဒီလိုရုပ်ရှင်တွေနဲ့မှ ကံပါတယ်ထင်ပါရဲ့။ သူ့ရဲ့ ခပ်အေးအေးမျက်နှာပေါက်က အဖြေထုတ်ရခက်တဲ့ အတွေးတွေကို ပိတ်ကားချထားမှန်း မြင်သာရတယ်။အဓိကဇာတ်ကောင် ဒန်နီယယ်ဘေးလင့် (Ryan Gosling) က နာဇီတစ်ယောက်။ ပိုထူးခြားတာက သူကိုယ်တိုင်က ဂျူးဖြစ်နေပါရက် ဂျူးတွေကို သိပ်မုန်းတီးနေခဲ့တာပဲ။ ဂျူးနာဇီတစ်ယောက်ပေါ့လေ။ ဘာသာရေးကို မေးခွန်းထုတ်ရာကစလို့ သူ့ရဲ့ အစွန်းရောက်အတွေးအခေါ်တွေရဲ့ ခေါ်ဆောင်မှုနောက်လိုက်ရင်း နီယိုနာဇီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ ဂျူးတွေနဲ့ပတ်သက်လို့ သူပြောတဲ့စကားတွေက သိပ်ကို အစွန်းရောက်လွန်းတယ်။ အဲဒါတွေကြောင့် သူ့ကို ဂျူးဖြစ်မယ်လို့ ဘယ်သူမှ ...
movie

The Believer (2001)

2001
Compliance (2012)
Compliance (2012) ၂၀၀၄ ခုနှစ်က အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်မှာ ဖြစ်ပွားခဲ့‌တဲ့အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ အသင့်စား စားသောက်ဆိုင်တစ်ခုရဲ့ မန်နေဂျာဖြစ်သူ ဆန်ဒရာဟာ ရဲအရာရှိဟန်ဆောင်ထားတဲ့ သူတစ်ယောက်ရဲ့ ဖုန်းကိုလက်ခံရရှိကာ ထိုသူခိုင်းတဲ့အတိုင်း ဆိုင်ဝန်ထမ်း ဘက်ကီကို သံသယရှိသူအနေနဲ့စစ်ဆေးခြင်းကိုဆောင်ရွက်ပါတော့တယ်။ ဆန်ဒရာကဆိုင်ရဲ့အလုပ်ကိစ္စတွေဖြေရှင်းဖို့လိုလာတဲ့အခါ အခြားသူတွေကို သူ့နေရာမှာ လူစားထိုးကာ ဘက်ကီကိုစောင့်ကြည့်ခိုင်းပါတော့တယ်။တဖြည်းဖြည်းနဲ့ အရာရှိယောင်ဆောင်သူရဲ့ ခိုင်းစေချက်တွေက လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေဖြစ်လာသောအခါ ဒီလိုကျူးလွန်မှုမျိုးတွေက တစ်နေရာမကဖြစ်နေသောအခါ ဘယ်လိုတွေဆက်ဖြစ်လာမလဲ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်File size…(1.2 GB)/(600MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Compliance (2012)

Sam (2015) 5.2
Sam (2015)  အခုတစ်ခါတော့ ၂၀၁၅ ခုနှစ်ကထွက်ထားတဲ့ ခပ်မြူးမြူး ဟာသကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ယောကျာ်း ဘဝ ကနေ မိန်းမ ဘဝကိုပြောင်း သွားတဲ့ သူတစ်ယောက်အကြောင်းကို ရိုက်ကူး ပြထားတာပါ​ အချစ်​ဟာသဇာတ်​မြူး​လေးတစ်​ကားနဲ့မိတ်​ဆက်​​ပေးချင်​ပါတယ်​ ဒါနဲ့စကားမစပ်​ယူတို့ယောကျာ်း​တွေထဲက ယောကျာ်းဘဝက​နေမိန်းမဘဝ​ပြောင်​းချင်​တဲ့သူဘယ်​နှ​ယောက်​ရှိလဲ​လို့​မေးလဲ​မေးချင်​တယ်​​မေးလဲ​မေးပလိုက်​ပြီ​...ဒီဇာတ်​ကား​လေးထဲမှာ ဆမ်​က မိန်​းမလိုက်​စားသူလူရှုပ်​လူ​ပွေတစ်​​ယောက်​ပါ တစ်​​နေ့သူ့ရဲ့အချစ်​ဆုံး​ဘော်​ဒါကြီး​ဒေါ့ ရဲ့​စေ့စပ်​ထားတဲ့​စေ့စပ်​ပွဲကပြန်​ မူးမူးရူးရူးနဲ့ဆိုင်​တစ်​ဆိုင်​ထဲဝင်​သွားခဲ့ပါတယ်​ ​စျေးဆိုင်​ရှင်​ကြီးနဲ့ဘာညာသာဒကာ​လျှောက်​​ပြောရင်​းမိန်​းမ​တွေရဲ့မ​ကောင်​း​ကြောင်​းဘယ်​လိုဘယ်​သင်​းရင်​ဖွင်​့ပါ​တော့တယ် ​စျေးဆိုင်​ရှင်​ကြီးကလည်​း​သူ့ကိုဖြေသိမ်​့ရင်​း ထူးဆန်​းတဲ့အရာတစ်​ခု​သောက်​ခိုင်​းခဲ့ပါတယ်​ ​နောက်​တ​စ်​​နေ့မနက်​အိပ်​ယာထတဲ့အချိန်​မှ​ာ​​တော့​ဒေါ့ဟာအရမ်​းကိ​ု​ချော​မောလှပတဲ့မိန်​းမ​ချော​လေးတစ်​​ယောက်​အဖြစ်​သို့​ပြောင်​းလဲသွားခဲ့ပါတယ်​ ​​ကြံရာမရတဲ့အဆုံးမှာ​တော့သူ့ရဲ့ယောကျာ်းဘဝကိုဖုံးကွယ်​ပြီးမိန်​းမတစ်​​ယောက်​အဖြစ်​ဟန်​​ဆောင်​​နေသွားရပုံကိုဟာသဆန်​ဆန်​​လေးကြည်​့ရှုရမှာဖြစ်​ပါတယ်​ ယူတို့လည်​းသိပ်​ပြီးအားကျရင်​ဇာတ်​ကား​လေးကြည်​့ပြီးနည်​းနာယူကြပါလို့.... အ​ရေအကြီးဆုံးတစ်​ချက်​က​တော့မိန်​းမ​ချော​လေးကိုငမ်​းမှာဆိုလည်​းတကယ်​​တော့သူဟာဆမ်​ဆိုတဲ့ယောကျာ်းအစစ်​ကြီးပါဆိုတဲ့အသိတရား​လေးဝင်​ကြပါဦးလို့့  :) Qty - 720p BlurayDuration - 1hr 40minGern - Comedy / DramaReview - Pyae Xein SettEncoder - Kyaw Ye Aung
movie

Sam (2015)

2015