Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
James Leo Ryan
4.2
Species III(2004)
Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.to/?s=species မှာကြည့်လို့ရပါတယ်။ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။Species 3 (2004) ဇာတ်လမ်းအကျဉ်း.... ဂြိုလ်သားတွေနဲ့လူသားတွေကြား တစ်ဖက်နဲ့တစ်ဖက်သတ်ဖြတ်နေတဲ့တိုက်ပွဲတွေထဲက ကျန်ရှိနေတဲ့ ဂြိုလ်သားမျိုးကို စမ်းသပ်မွေးမြူဖို့ ဆုံးဖြတ်လိုက်ရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ.... အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(4.5 GB)/(900 MB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:51:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Species III(2004)
1080p HEVC
6.5
Psycho Beach Party (2000)
Psycho Beach Party (2000) ======================၂၀၀၀ ၀န်းကျင်လောက်က ဇာတ်ကားတွေကို သိပ်သဘောကျမိတယ်။အခုခေတ်လို CGI ကောင်းကောင်း မရှိသေးပေမယ့် စိတ်ကူးအသစ်အဆန်းတွေနဲ့ ဇာတ်ကားတစ်ကားနဲ့တစ်ကား မထပ်ရအောင် ဖန်တီးရိုက်ကူးပြီး ရုပ်ရှင်လောကရဲ့ခေတ်တစ်ခေတ်ဖြစ်ခဲ့တယ်လို့တစ်ဦးတစ်ယောက်တည်း အမြင်အရ ပြောချင်ပါတယ်။ အထူးသဖြင့်Psychological ဇာတ်ကားတွေဟာ အဲဒီနှစ်ပိုင်းတွေမှာ အများဆုံးရိုက်ကူးခဲ့ပြီး အခုချိန်အထိ ပြောစမတ်တွင်နေကြတဲ့ထိ လက်စွမ်းပြရိုက်ကူးနိုင်ခဲ့ကြပါတယ်။ အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားဟာလည်း၂၀၀၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ခေါင်းစဉ်ထဲကအတိုင်း ကမ်းခြေက ပါတီတစ်ခုမှာ စိတ္တဇတစ်ယောက်ရဲ့ လူသတ်မှုအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ၁၇နှစ်သမီး ဖလော်ရန့်စ် ဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ သူနဲ့ရွယ်တူကောင်မလေးတွေလူကြီးစိတ်၀င်လာကြတာကို စိတ်ပျက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ ကမ်းခြေမှာ ရေလွှာလျှောစီးနေတဲ့သူတွေကို တွေ့လိုက်ပြီးသူကိုယ်တိုင်ပါ ရေလွှာလျှောစီးချင်လာပါတယ်။ ဒီလိုနဲ့ ရေလွှာလျှောစီးတဲ့ကောင်လေးတွေက သူ့ကို ကြက်ပေါက်လို့အမည်ပေးလိုက်ရာကစပြီးသူ့နာမည်က ကြက်ပေါက်ဖြစ်သွားပါတယ်။ ကြက်ပေါက်မှာ personalitydisorder ဆိုတဲ့ စိတ်ရောဂါတစ်မျိုးရှိနေပြီး တခါတလေမှာ အန်နီဘိုးမန်းဆိုတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကမ်းခြေမှာ လူသတ်မှုတွေ တစ်ယောက်ပြီးတစ်ယောက်ဖြစ်လာတဲ့အခါမှာ ...
movie
Psycho Beach Party (2000)