Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
James Hong
7.0
Abominable (2019)
unicodeဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် လတ်တလောထွက်ရှိထားတဲ့ကာတွန်းကားအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။နာမည်ကျော် DreamWorks Studio ကနေ ဖန်တီးတင်ဆက်ထားတဲ့ဒီကားလေးနာမည်ကတော့ Abominable (2019)ပါ။Imdb Rating 7.1/10 Rotten Tomatoes 81%တောင်ရရှိထားတာမလို့Animation Movie ကောင်းလေးတွေကိုမျှော်လင့်နေတဲ့CM ပရိသတ်ကြီးအတွက် သတင်းကောင်းပါပဲ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်တင်ဆက်လိုပါသေးတယ်။ရှန်ဟိုင်းမြို့တစ်နေရာမှာ လူချမ်းသာ စီးပွားရေးသမား မစ္စတာဘားနက်ကဟိုး ဟိမဝန္တာက နှင်းလူတစ်ကောင်ကို ဖမ်းဆီးရရှိထားပါတယ်။တစ်နေ့မှာတော့ လုံခြုံရေးကျိုးပေါက်ပြီး အဲဒီနှင်းလူကထွက်ပြေးကာယီဆိုတဲ့တရုတ်မလေးရဲ့အိမ်ခေါင်မိုးမှာ ပုန်းနေပါသတဲ့။ပုန်းနေတဲ့ နှင်းလူလေးကိုဝေးလံလှတဲ့ ဟိမဝန္တာဆီကိုပြန်လိုက်ပို့ဖို့ယီရယ် ပန်ဆိုတဲ့ကလေးလေးရယ် ဂျင်မ်ဆိုတဲ့ ကောင်လေးရယ်အတူတူကြိုးစားအားထုတ်ပုံတွေကိုမြင်တွေ့ရမှာပါ။တစ်ဖက်မှာလဲသူတို့နောက်ကိုလိုက်နေတဲ့ သူတွေကလဲရှိနေပြန်တော့သူတို့ဘာတွေရင်ဆိုင်ရမလဲ?ဘယ်လိုတွေရင်ဆိုင်ဖြေရှင်းမလဲ?ဆိုတာစိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပါ။File Size : ( 911 MB , 308 MB )Quality : BluRay 1080p 5.1 CH , BluRay 720pRunning Time : 1 hr 37 minFormat ...
movie
Abominable (2019)
2019
7.1
Abominable (2019)
movie
Abominable (2019)
2019
4.6
ဒါလေးကတော့ မိသားစု Comedyကားလေးပါ။ငါးနှစ်အတွင်းစာအုပ်တစ်အုပ်မှမထုတ်နိုင်တဲ့စာရေးဆရာဖရန့်တစ်ယောက် သူတို့အိမ်မှာလာနေတဲ့သူ့ယောက္ခကြီးကြောင့် စာမရေးနိုင်ဖြစ်နေပါတယ်။နောက်တော့အပိုဝင်ငွေလည်းရ ပေးစရာရှိတဲ့အခွန်တွေဆောင်ဖို့လည်းပိုက်ဆံရှာရင်းနဲ့ သူ့အိမ်မှာသက်ကြီးရွယ်အိုတွေကိုနေ့တစ်ပိုင်းစောင့်ရှောက်တဲ့ဂေဟာဖွင့်လိုက်ပါတယ်။ဘိုးဘွားတွေကိုစောင့်ရှောက်ရင်း ဘယ်လိုအလွဲဟာသတွေနဲ့ကြုံရမလဲဆိုတာကိုတော့ ဒီကားမှာဆက်လက်ကြည့်ရှုလိုက်ပါ။ File Size : ( 901 MB , 293 MB)Quality : WEB-DL 720pRunning Time : 1 hr 36 minFormat : Mp4Genre : Comedy , FamilySubtitle : Myanmar Subtitle (Hard Sub)Translated by Moe LayEncoded by Moe Myint Lwin
movie
Grand-Daddy Day Care (2019)
2019
7.9
Hero (2002)
Hero (2002) IMDb - 7.9/10_____Rotten - 95% Hero (2002) ………………… Hero (သူရဲကောင်း) ဆိုတာ ဘယ်လိုလူမျိုးတွေကို ရည်ညွှန်းပါသလဲ? တဦးတယောက်ကနေ ပြိုင်ဘက်အများကြီးကို အလဲထိုးအနိုင်ယူသူတွေကို ခေါ်ပါသလား? ကိုယ်ကျိုးကို မငဲ့ဘဲ အများအတွက် စွန့်လွှတ်စွန့်စားသူများကို ဆိုလိုပါသလား? Hero (2002 film) ကို ကြည့်ပြီးရင်တော့ အဖြေတခုခု ထွက်လာနိုင်ပါတယ်။ Hero ရုပ်ရှင်ကို စပြီးကြည့်ဖူးစက ယုတ္တိမတန်တဲ့ သာမန်တရုတ်သိုင်းကားတကားလို့ပဲ ထင်ခဲ့မိပါတယ်။ နောက်ကြောင်းက ခဏခဏပြန်ပြ၊ ဒီကြားထဲစိတ်ကူးထဲမှာပါ သိုင်းကွက်တွေထုတ်နဲ့ … အလေးအနက်မကြည့်မိခဲ့ပါဘူး။ နောက်ပိုင်းမှာ အော်စကာ ဆန်ကာတင်စာရင်းမှာ နိုင်ငံခြားဇာတ်ကားအနေနဲ့ ပါလာတော့မှ စိတ်ဝင်စားသွားလို့ သေချာပြန်ကြည့်ဖြစ်ပါတယ်။ စွမ်းအားလွန်သိုင်းကွက်တွေကို ဖယ်ပြီးကြည့်မယ်ဆိုရင် အနှစ်သာရရှိတဲ့ ဇာတ်ကားလို့မြင်မိပါတယ်။ဒီဇာတ်လမ်းမှာ ချင်မင်းဆက်ကို တည်ထောင်တဲ့ Qin Shi Huang ရဲ့ ဆင့်ခေါ်မှုနဲ့ အမည်မရှိဓားသမား (သုည)ဟာ နန်းတွင်းကို ဝင်ရောက်ခစားခဲ့ပါတယ်။ နန်းတွင်းကို ဝင်ရောက်ပြီး ဘုရင်ကြီးနဲ့ စကားပြောခွင့်ရဖို့အတွက် သုညဟာ ဘုရင်ကြီးရဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်နေတဲ့ လူစွမ်းကောင်းသုံးယောက် (Long Sky, Flying Snow, Broken Sword) ကို နှိမ်နှင်းခဲ့ရတယ်လို့ ဆိုပါတယ်။ *Spoiler ...
movie
Hero (2002)
2002
5.2
Sherlock Gnomes (2018)
Sherlock Gnomes (2018)_____IMDb - 5.2/10 Sherlock Gnomes(2018)အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ ကာတွန်းကားလေးဖြစ်မယ်ထင်ပါတယ် ...2011 တုန်းက ထွက်ရှိခဲ့တဲ့ Gnomeo & Juliet ဇာတ်လမ်းရဲ့အဆက်ပါ ...ယခုဇာတ်လမ်းလေးထဲမှာတော့ ကျွန်တော်တို့ရဲ့အချစ်တော်တွေဖြစ်ကြတဲ့ ဥယျာဉ်စောင့်နုမ်းလေးတွေဟာလန်ဒန်ကိုပြောင်းရွေ့ခဲ့ကြပါတယ် ..ဒီအချိန်မှာပဲ လန်ဒန်မှာထူးဆန်းတဲ့အမှုတစ်ခုဖြစ်ပွားခဲ့တယ်...အဲ့ဒါကတော့ ဥယျာဉ်စောင့်နုမ်းတွေ ထူးဆန်းစွာပျောက်ဆုံးသွားခြင်းပါ ...လန်ဒန်ရဲ့အကျော်ကြားဆုံးစုံထောက်ကြီးရှားလော့ခ်နုမ်းစ်နဲ့ သူ့မိတ်ဆွေဒေါက်တာဝက်ဆန်ဟာနုမ်းတွေပျောက်ဆုံးမှုကို စုံစမ်းရင်း နိုမီယို ဂျူးလိယက်တို့နဲ့ဆုံတွေ့ခဲ့ကြပါတယ်...လျို့ဝှက်မှုတွေနဲ့ပြည့်နှက်နေတဲ့ နုမ်းတွေရဲ့ပျောက်ဆုံးမှုကို သူတို့လေးယောက်ဘယ်လိုဖြေရှင်းကြမလဲ ...ဘယ်လိုထူးဆန်းမှုတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဆက်လက်ရှူ့စားရမှာပဲဖြစ်ပါတယ် ...ဒါ့အပြင်ရှားလော့ခ်နုမ်းစ်ဇာတ်ကောင်ရဲ့ အသံသရုပ်ဆောင်ကလည်း မင်းသားကြီးJohnny Depp ဆိုတော့ အထူးပြောနေစရာမလိုတော့ပါဘူး အချိန်ပေးရကျိုးနပ်မဲ့ကာတွန်းကားကောင်းတစ်ကားပါပဲလို့ ပြောချင်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကို Lyric Lynn Khant ဖြစ်ပါတယ်... File Size : (703 MB) Quality : Blu-Ray 720p Format…mp4 Duration…01:26:00 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Lyric Lynn ...
movie
Sherlock Gnomes (2018)
2018
6.3
Red Corner (1997)
အရင်ဦးဆုံး ပြောချင်တာကတော့ ဒီကားကို တောင်းဆိုတဲ့ အထူးပုဂ္ဂိုလ်တစ်ဦးကိုရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။သူ့ကြောင့်သာမဟုတ်ရင်ဒီလိုကားကောင်းတစ်ကားကို ဘယ်တော့မှကြည့်ဖြစ်လိုက်မှာမဟုတ်ပါဘူး။ဒီကားကို စသိကာစက သာမန် တရုတ်-အမေရိကန်ရုပ်ရှင်ကားတစ်ကားလို့ထင်ခဲ့ပေမယ့် တကယ်ဘာသာပြန်တဲ့အခါမှ အင်အားကြီးနှစ်နိုင်ငံရဲဲ့ နိုင်ငံရေးအနေအထားတွေကို ကွက်ကွက်ကွင်းကွင်းသိလာရတာပါ။ဇာတ်လမ်းကတော့ အမေရိကန်က ရုပ်သံလိုင်းကုမ္ပဏီတစ်ခုရဲ့ အကြီးအကဲဖြစ်သူ ဂျက်ခ်ပီတာမိုးဟာတရုတ်အစိုးရနဲ့ သဘောတူညီချက်တစ်ခုလက်မှတ်ရေးထိုးဖို့ တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ဂျက်ခ်ရဲ့စကားပြောလိမ္မာပါးနပ်မှုကြောင့် တရုတ်ဆင်ဆာအဖွဲ့နဲ့ပါ အဆင်ပြေနေပြီး ပြိုင်ဖက်ကုမ္ပဏီအပေါ်ပါ အသာစီးရနိုင်ဆဲအခြေအနေဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်။ဆွေးနွေးပွဲပြီးလို့ညပိုင်းမှာတော့ ဂျက်ခ်တစ်ယောက် ဘားတစ်ခုမှာ တရုတ်အမျိုးသမီးချောတစ်ယောက်နဲ့ညှိစွန်းမိပြီးနောက်တစ်နေ့မနက်အရောက်မှာတော့ အာဏာပိုင်တွေက သူ့ရဲ့ဟိုတယ်ခန်းထဲရောက်နေသလိုအမျိုးသမီးကလဲ သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။သက်သေမရှိ၊ အပေါင်းအပါမရှိ၊ ရှေ့နေလိုက်ပေးမယ့်သူဆိုလို့လဲ ခပ်စွာစွာတရုတ်အမျိုးသမီးတစ်ယောက်ပဲ ရှိတဲ့အခြေအနေမှာ ဂျက်ခ်တစ်ယောက်တရုတ်ကွန်မြူနစ်အာဏာပိုင်တွေရဲ့ တရားခွင်ကို ဘယ်လိုဖြတ်ကျော်မှာလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ တရုတ်နိုင်ငံသမိုင်းမှာ နာမည်အရမ်းကျော်ကြားခဲ့တဲ့ Cultural Revolution (ယဉ်ကျေးမှုတော်လှန်ရေး) ကာလနှောင်းပိုင်းမျိုးဆက်တွေရဲ့ ရက်စက်မှုတွေ၊ အဲ့ဒီတော်လှန်ရေးရဲဲ့ အကျိုးဆက်တွေကို ထင်ထင်ရှားရှားဖော်ပြသွားခဲ့ပြီး အဲ့ခေတ် အဲ့အချိန်တုန်းက တံခါးပိတ်ဝါဒကျင့်သုံးနေတဲ့ တရုတ်နိုင်ငံအကြောင်းကို အနည်းနဲ့အများတော့ သိလာမှာဖြစ်ပါတယ်။ဒါ့အပြင် ဒီတော်လှန်ရေးကြီးကြောင့် ဘယ်ကိစ္စမဆို မှားမှားမှန်မှန် ရေငုံနှုတ်ပိတ်နေခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေရဲ့ တကယ့်ခံစားချက်တွေကိုပါ ...
movie
Red Corner (1997)
1997
5.6
R.I.P.D. (2013)
R.I.P.D. (2013)_____IMDb - 5.6/10 ဒီကားကတော့ ၁၉ ၉ ဝ ကျော်ကထွက်ရှိခဲ့တဲ့ Man In Black နဲ့ပုံစံတူတဲ့ကားဖြစ်ပါတယ်... Deadpool မင်းသားဖြစ်တဲ့ Ryan Reynolds ကရဲအရာရှိတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့လက်တွဲဖော်လုပ်ကြံမှု့ကြောင့် စစ်ဆင်ရေးတစ်ခုမှာသေဆုံးသွားခဲ့ပါတယ်... သူသေဆုံးသွားတဲ့အချိန်မှာ သူ့ကို R.I.P.D လို့ခေါ်တဲ့ Rest In Peace Department ကနေ သူ့ကို အမှု့လိုက်ဖို့အတွက်ပြန်လည်ဆင့်ခေါ်လိုက်ပါတယ်... R.I.P.D ရဲ့အမှု့တွေကတော့ ငရဲပြည်ကနေလွတ်လာတဲ့ လူယောင်ဆောင်ထားတဲ့ မကောင်းဆိုးဝါးတွေကို လိုက်လံဖမ်းဆီးနှိမ်နင်းရတာပဲဖြစ်ပါတယ်... ဒီလိုလိုက်လံစုံစမ်းရင်း ထူးဆန်းတဲ့ အကောင်တွေ ကမ္ဘာမြေပြင်ကို ကျလာမှာကို နောက်ဆုံးမှာတော့ တားဆီးရပါတော့တယ်.... သူတို့ဟာ တကယ့်လူ့ဘဝထဲကိုဝင်တဲ့ အခါ လက်ရှိရုပ်သွင်ပြင်နဲ့ဝင်ရတာမဟုတ်ပဲနဲ့ သူတို့ရဲ့ ID Card မှာပါတဲ့ ရုပ်နဲ့ဝင်ရပါတယ်... ဒါကြောင့် သူများတွေအမြင်မှာတော့ သူတို့ဟာ တခြားပုံဖြစ်နေတတ်ပါတယ်.. အက်ရှင်ကားအမျိုးအစားဖြစ်ပြီးတော့ အိမ်မှာနေရင်းပိတ်ရက်မှာအပျင်းဖြေဖို့အတွက် သင့်တော်တဲ့ကားဖြစ်ပါတယ်... File Size : (760 MB) Quality : BluRay 720p Running Time : 1hr 36min Format : Mp4 Genre : Action,Adventure,Comedy Encoded by Moe ...
movie
R.I.P.D. (2013)
2013
7.1
Kung Fu Panda: Secrets of the Scroll (2016)
Kung Fu Panda: Secrets of the Scroll (2016)________IMDb - 7.1/10 ဒီ ၂၃ မိနစ်စာပဲရှိတဲ့ ကွန်ဖူး ပန်ဒါကားလေးက ပန်ဒါဇာတ်ကားအားလုံးရဲ့အနှစ်ချုပ်ပါပဲ IMdb rating 7.1 ရထားပြီး Animation ကြိုက်သူတွေလက်မလွှတ်သင့်ပါဘူး ဒီဇာတ်လမ်းလေးက ညီနောင်ငါးဦး ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ ဖေါ်ညွှန်းထားတာပါ ကွန်ဖူး ပန်ဒါဆိုရင် ကလေးလူကြီးသိနေကြပြီးဖြစ်လို့ အထွေအထူး မညွှန်းတော့ပါဘူး ကွန်ဖူး ပန်ဒါ သုံးကားစလုံးကြည့်ဖူးတယ်ဆိုရင်တော့ဒီကားလေးက မဖြစ်မနေကြည့်ရမဲ့ ကားထဲပါသွားပါပြီ..... (ဘာသာပြန်သူ Aye Min Oo ပါ) File Size - 134 MB Quality - 1080p Duration - 23 min Translator - Aye Min Oo Encoder - Littleneo
movie
Kung Fu Panda: Secrets of the Scroll (2016)
1
2
Previous