Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
James Franco
6.4
Alien: Covenant (2017)
Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie
Alien: Covenant (2017)
2017
5.8
The Green Hornet (2011)
The Green Hornet (2011)နာမည်ကျော်ဟာသမင်းသား seth rogen အော်စကာဆုပိုင်ရှင် သရုပ်ဆောင်ဆရာကြီး Christoph Waltz , တရုတ် ကိုရီးယား အမေရိကန် ဂျပန် ကားမျိုးစုံကို ရိုက်ခဲ့တဲ့ ထိုင်ဝမ်အဆိုတော် မင်းသားJay Chou တစ်ခေတ်တစ်ခါက အလှနတ်ဘုရားမဖြစ်ခဲ့ဖူးတဲ့ Cameron Diaz ဒီလိုနာမည်ကြီးတွေ အစုံပါတဲ့အပြင် seth rogenရဲ့ ဘော်ဒါ ဂျိန်းဖရန်ကိုကလည်း ဧည့်သည်အဖြစ်သရုပ်ဆောင်ပေးထားသေးတယ်။ဒီဇာတ်လမ်းကတော့ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက နာမည်ကြီးခဲ့ဖူးတဲ့ စူပါဟီးရိုးရုပ်ရှင်ပဲဆိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ။ ချမ်းသာတဲ့ သတင်းစာတိုက်ပိုင်ရှင်ရဲ့သားနဲ့ သိုင်းလည်းတော် တီထွင်တာလည်းတော်တဲ့ တရုတ်ကလေးတစ်ကောင်ပေါင်းပြီး မြို့ကြီးကို ကယ်တင်ဖို့ ဘတ်မန်းလိုလို စူပါဟီးရိုးထလုပ်တဲ့ ဇာတ်လမ်းပါပဲ။ ထူးတာက ဒီကားက စူပါဟီးရိုးဇာတ်ဖြစ်ပေမဲ့ ရိုက်တဲ့ဒါရိုက်တာက Michel Gondryပါ။ Eternal Sunshine of the Spotless Mindရဲ့ ဒါရိုက်တာပေါ့။ ကြည့်ဖူးရင်လည်း အမှတ်တရပြန်ကြည့်ဖို့ကောင်းသလို ...
movie
The Green Hornet (2011)
6.5
Homefront (2013)
ဒီတစ်ခါတော့ အက်ရှင်ပရိတ်သတ်အကြိုက် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Transporter မင်းသား Jason Statham ရဲ့ကားဆိုတော့ ပရိတ်သတ်ကြီးသိတဲ့အတိုင်း အက်ရှင်ကြမ်းကြမ်းရမ်းရမ်းတွေ ကြည့်ရမှာပါ။မင်းသားက ဒီကားမှာ DEA Agent ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် သူက Undercover ဝင်လုပ်နေရာကနေ သူဖမ်းရမယ့် လူဆိုးကိုလည်း မိသွားသလို လူဆိုးရဲ့သားလည်း သေသွားပါတယ်။ အဲ့ဒီမှာ မင်းသားက Undercover အလုပ်ကို စိတ်ကုန်ပြီး အလုပ်က နုတ်ထွက်သွားပြီး တောရွာလေးတစ်ရွာမှာသွားနေပါတယ်။ အဲ့ဒီရွာမှာ လူဆိုးဗိုလ်အဖြစ် James Franco က သရုပ်ဆောင်ထားပြီး သမရိုးကျ အက်ရှင်ကားတွေအတိုင်း မင်းသားနဲ့ ဒေသခံတစ်ချို့နဲ့ ပြသ၁နာဖြစ်ကြရာကနေ James Franco က မင်းသားကို DEA မှန်းသိသွားတဲ့ တဲ့အခါမှာ မင်းသားဖမ်းပေးခဲ့တဲ့ လူဆိုးရဲ့ တပည့်တွေကို သတင်းပေးပြီး မင်းသားကို အပြတ်ရှင်းခိုင်းပါတယ်။ အလဲအလှယ်အနေနဲ့ သူရဲ့ ဘိန်းတွေကို လူဆိုးတွေက ...
movie
Homefront (2013)
5.5
The Adderall Diaries (2015)
The Adderall Diaries ဇာတ်ကားဟာ ၂၀၁၅ ထွက်နာမည်ကျော် မင်းသားမင်းသမီးတွေ ပါဝင်တဲ့Crime Drama Mystery ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အားလုံးကြိုက်တဲ့ နာမည်ကျော်မင်းသား James Franco၊အားလုံးသိတဲ့ မင်းသမီး Amber Heard တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်..ဇာတ်လမ်းလေးကတော့ စတီဖင် ဆိုတဲ့ မင်းသားဟာနာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အတိတ်က ဖခင်နဲ့ အဆင်မပြေခဲ့ရတဲ့ စိတ်ဒုက္ခဆင်းရဲတွေဆက်ဆံရေးအကြောင်းတွေကို စာအုပ်ရေးခဲ့ပါတယ်။ဒါပေမဲ့ သူ့စာအုပ် မိတ်ဆက်ပွဲမှာ သေပြီလို့ ရေးထားတဲ့သူ့အဖေကိုယ်တိုင် ရုတ်တရက် ရောက်လာတဲ့အခါမှာသူတို့ကြား ဘယ်လို ဆက်ဆံရေးတွေ ရှီမှာလဲ ရှိခဲ့လဲဆိုတာကို မတူညီတဲ့ ဖက် ၂ ဖက်ကနေ ကြည့်ရမှာ ဖြစ်သလိုတစ်ချိန်တည်းမှာပဲ စတီဖင် စာရေးဖို့ လေ့လာနေတဲ့လူသတ်မှုတစ်ခုကလည်း သူတို့ဘဝနဲ့ နီးစပ်နေတဲ့အခါသူ့အပေါ် ဘယ်လို သက်ရောက်မှုတွေရှိမလဲ ကြားထဲမှာလဲချစ်သူ၊မိတ်ဆွေ၊လုပ်ဖော်ကိုင်ဖက်တွေကလည်း သူ့ဘဝကိုဘယ်လို သက်ရောက်မှုတွေရှိမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ရာကြည့်ရမှာ ဖြစ်ပါတယ်.. File size…1.29GB / 583MB Quality…Blu-Ray 1080p / ...
movie
The Adderall Diaries (2015)
6.3
True Story (2015)
127 Hours တို့ Rise of the Planet of the Apes တို့လိုမျိုးနာမည်ကြီးရုပ်ရှင်တွေရဲ့မင်းသားဖြစ်ခဲ့တဲ့ James Franco နဲ့နာမည်ကြီးဟာသရုပ်ရှင်မင်းသားကြီး Jonah Hill တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2015 ကထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား True Story ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကို ကြားကတည်းက ထူးထူးဆန်းဆန်းဖြစ်ရပ်မှန် ဇာတ်လမ်းဆိုတဲ့အတိုင်း နယူးယောက်တိုင်းမ်သတင်းစာက သတင်းထောက် မိုက်ကယ်ဖင်ကယ်နဲ့သူ့နာမည်ကို ယူသုံးခဲ့တဲ့ခရစ်ယာန်လွန်ဂိုဆိုတဲ့ လူသတ်သမားတို့ကြားကဖြစ်ရပ်မှန် အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။IMDb Rating 6.3 ရရှိထားပြီး ကြည့်ရှုသူကို ဇာတ်ကားအစကနေအဆုံးအထိ ဆွဲငင်ညှို့ယူထားနိုင်မဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။မိုက်ကယ်ဖင်ကယ်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ခရီးဝေးတွေသွားပြီး သတင်းတွေလိုက်ယူကာ သတင်းရေးတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။သူရေးတဲ့ သတင်းဆောင်းပါးတွေကလက်ရာကောင်းမွန်ပြီးတော့ သေသပ်တဲ့အတွက် သူ့အနေအထားနဲ့သူတစ်နေရာတော့ ရောက်နေတဲ့ သတင်းထောက်တစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာအမှားတစ်ခုကြောင့် အလုပ်ပြုတ်ခဲ့ပြီး ရှေ့ဆက်ဘာလုပ်ရမလဲ မသိဘဲလမ်းပျောက်နေပါတော့တယ်။အဲ့ဒီအချိန်မှာ ကိုယ့်မိသားစု တစ်ခုလုံးကိုသတ်ခဲ့တဲ့လူသတ်သမားတစ်ယောက်က သူ့နာမည်ကိုယူသုံးခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာ အဲ့ဒီလူသတ်သမားနဲ့ ကိုယ်တိုင်သွားတွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက် စကားပြောပြီးတဲ့ ...
movie
True Story (2015)
5.8
Eat Pray Love (2010)
Eat, Pray, Love (2010)2010 တုန်းကထွက်ရှိထားပြီး မင်းသမီး Julia Roberts ခေါင်းဆာင်မင်းသမီးအဖြစ် ပါဝင်ထားတဲ့ Eat Pray Love ဆိုတဲ့ Romantic drama ဇာတ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဘဝမှာ ကိုယ်တကယ်တမ်းဘာလိုချင်မှန်းမသိပဲ သေသွားခဲ့ကြတဲ့သူတွေအများကြီးပါ။ ငါမသေခင်လေး ဒါလေးစားဖူးချင်လိုက်တာ၊ ဒီနေရာလေးရောက်ဖူးချင်လိုက်တာ၊ သူနဲ့သာစကားပြောဖြစ်ခဲ့ရင် ဆိုတဲ့ အရာတွေအများကြီးကို နောင်တရ မနေချင်ရင်တော့ ကိုယ်တကယ်တမ်း ဘာကိုလိုချင်လဲ ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာ အဖြေရှာရမှာပဲဖြစ်ပါတယ်။ ယခုဇာတ်ကားလေးကလဲ ကိုယ်တကယ်အလိုရှိတာဘာလဲ ကိုယ်ကဘယ်လိုလူလဲဆိုတာ အဖြေရှာနေတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လိဇဘတ် လစ်ဇ် ဂေးလ်ဘတ် ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ အောင်မြင်တဲ့ စာရေးဆရာမတစ်ယောက်ဖြစ်တဲ့အပြင် အိမ်ထောင်သက် ၈ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဘဝဟာလမ်းပျောက်နေခဲ့ပြီး သူတကယ်တမ်း ဘာလိုချင်လဲ သူ့ရဲ့စိတ်ဆန္ဒက ဘာကိုအလိုရှိလဲဆိုတာ အမြဲရှာဖွေနေတဲ့သူတစ်ယောက်။ ဒါပေမဲ့ သူဟာအမြဲကိုယ်လိုချင်တာကိုရှာမတွေ့ခဲ့ပါဘူး။ ဒါနဲ့ပဲ သူရဲ့အေးစက်နေတဲ့အိမ်ထောင်ရေးကို ကျောခိုင်းခဲ့ပြီး သူတကယ်တမ်းအလိုရှိတာ ဘဝမှာဖြစ်ချင်တာတွေကို ရှာဖွေဖို့ နေရာ ၃ နေရာကိုခရီးထွက်ပြီး ရှာဖွေပါတော့တယ်။ အီတလီ၊ အိန္ဒိယနဲ့ ဘာလီ ဆိုတဲ့ နေရာ ၃ ခုမှာ သူလိုချင်တဲ့ အရာတွေကို ရှာဖွေပါတော့တယ်။ ဒီနေရာ ...
movie
Eat Pray Love (2010)
2010
7.5
Milk (2008)
ဒီဇာတ်ကားလေးကတော့ လိင်တူနှစ်သက်သူအခွင့်အရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေးပညာရှင် ဟာဗီမစ်ရဲ့ဘဝအကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ Biographical Film လေး ဖြစ်ပါတယ်။ IMDb Rating 7.5/10 နှင့် Rotten Tomatoes မှာ Audience Rating 93 % ရရှိထားတဲ့ လုံးဝလက်မလွှတ်သင့်ဘဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဟာဗီမစ်ဆိုတဲ့လိင်တူချစ်သူနှင့် သူ့ကောင်လေး စကော့စမစ်တို့ဟာ နယူးရော့ခ်ကနေ ဆန်ဖရန်စစ္စကိုကို ရေကြည်မြက်နုရာ တူနှစ်ကိုယ် ပြောင်းရွေ့လာရင်း ကက်စထရိုမြို့မှာပဲ ကင်မရာဆိုင်လေးဖွင့်ရာကနေ လိင်တူနှစ်သက်သူ ဂေးတွေဟာ အိမ်ရာ အလုပ်အကိုင် ပညာရေး လူမှုပတ်ဝန်းကျင် အဘက်ဘက်မှာ ခွဲခြားဆက်ဆံတာတွေ အလုပ်ဖြုတ်ပစ်တာတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘကနှင်ချတာတွေ အနိုင်ကျင့်တာတွေ အစရှိတဲ့မတရားမှုတွေကို သူမျက်စိရှေ့မှာ မြင်တွေ့ကြုံတွေ့လာရတဲ့အခါ လိင်တူချစ်သူဂေးတွေ လက်စဘီယန်တွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် တက်ကြွလှုပ်ရှားရာကနေ နိုင်ငံရေးဘက်ကို ကူးပြောင်းလာပြီး လိင်တူနှစ်သက်သူတွေအတွက်တင်မကဘဲ အသားအရောင်မတူညီမှု သက်ကြီးရွယ်အို မသန်စွမ်းတွေ အစရှိတဲ့ ...
movie
Milk (2008)
6
Never Been Kissed (1999)
Never Been Kissed (1999)~ IMDb - 6/10, Rotten Tomatoes - 55% ~ဒီကားလေးဟာဆိုရင်ဖြင့် 90s အကျော်အမော် မင်းသမီးချော Drew Barrymore ရဲ့ ငယ်ရွယ်စဉ်အပျိုပေါက်အရွယ်တုန်းက ရိုက်ကူးခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဂျိုစီဂယ်လာဆိုတဲ့ ၂၅နှစ်အရွယ် အမျိုးသမီးလေးတစ်ယောက်ဟာ Chicago Sun Times သတင်းစာတိုက်မှာအလုပ်လုပ်နေတဲ့ အငယ်ဆုံးဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အစည်းအဝေးမှာ အထက်လူကြီးက ဂျိုစီ့အတွက် ပထမဆုံးသူလျှိုသတင်းထောက်တာဝန်ကို ပေးခဲ့တယ်။ သူလျှိုသွားလုပ်ရမယ့်နေရာကတော့ ဂျိုစီရဲ့အိပ်မက်ဆိုးလို့ပြောလို့ရတဲ့ သူ့အတွက်မကောင်းတဲ့အမှတ်တရတွေအပြည့်နဲ့ သူတက်ခဲ့တဲ့ South Glen အထက်တန်းကျောင်းဖြစ်နေခဲ့တယ်။တာဝန်အတွက် ကျောင်းပြန်တက်ဖို့သွားတဲ့အခါမှာလည်း အရင်တုန်းက အထက်တန်းကျောင်းသူ စာဂျပိုးဂျိုစီပုံစံ ပြန်ဖြစ်နေခဲ့တဲ့အပြင် ဆရာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆမ်ကိုလ်ဆင်ဟာ သူ့ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့ အထက်တန်းကျောင်းဖော် ဒိတ်ဒိတ်ကြဲ ကောင်ချောလေး ဘီလီပရင့်စ်နဲ့ ရုပ်ဆင်နေခဲ့တယ်။ အရင်အတိုင်း ဝင်မဆံ့ဖြစ်နေတဲ့ညီမကို မကြည့်ရက်တော့တာကြောင့် အစ်ကိုဖြစ်သူ ရော့ဘ်ကပါ သူလျှိုဇာတ်ထဲ ...
movie
Never Been Kissed (1999)
1999
7.6
Rise of the Planet of the Apes (2011)
RT 82% နဲ့ IMDb 7.6 ရထားတဲ့ ကြည့်လို့မရိုးနိုင်တဲ့ ဇာတ်ကားဟောင်းလေးကို CM ကနေပြန်တင်ဆက်ပေးလိုက်ပါတယ်။ Andy Serkis နဲ့ James Franco တို့ အဓိကပါဝင် သရုပ်ဆောင်ထားပြီးဒါရိုက်တာ Rupert Wyatt ရိုက်ကူးထားတဲ့သိပ္ပံစိတ်ကူးယဉ် အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဲလ်ဇိုင်းမားရောဂါကိုကုသနိုင်မယ့် ဆေးသစ်တစ်ခုကို ထုတ်ဖို့ စမ်းသပ်ရင်းကနေဉာဏ်ရည် အလွန်မြင့်တဲ့ ချင်ပန်ဇီတစ်ကောင် မွေးဖွားလာပါတယ်။လူသားတစ်ယောက်လို တွေးနိုင်၊ လုပ်ကိုင်နိုင်တဲ့ ဒီချင်ပန်ဇီဟာအကြောင်းမလှစွာဘဲ လူသားတွေရဲ့ ရက်စက်တာကို ခံခဲ့ရတဲ့နောက်မျောက်ဝံတွေ အားလုံးကို စုစည်းပြီးလွတ်မြောက်ရာကို ထွက်ပြေးနိုင်ဖို့ပုန်ကန်လာပါတော့တယ်။ File size… 6.3 GB / 1.7 GB / 935MB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 1h 45m Genre ..... Action , Adventure Subtitle…. Myanmar ...
movie
Rise of the Planet of the Apes (2011)
2011
4K HEVC
7.6
Dawn of the Planet of the Apes (2014)
Dawn of the Planet of the Apes (2014) IMDb - 7.6/10_____Rotten - 90% ဒီဇာတ်ကား အကြောင်းမပြောခင်မှာ Planet of the Apes အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ Planet of the Apes ဇာတ်လမ်းတွေက ၁၉၆၈ ထဲက စတင် ရိုက်ကူးခဲ့တာဖြစ်ပြီး၊ Planet of the Apes (February 8, 1968), Beneath the Planet of the Apes (May 27, 1970), Escape from the Planet of the Apes (May 21, 1971), Conquest of the Planet of the Apes (June 29, 1972), Battle for ...
movie
Dawn of the Planet of the Apes (2014)
2014
4K HEVC
5.7
Queen of the Desert (2015)
Queen of Desert (2015)ဒီကားလေးက 2015 ခုနှစ်က ထွက်ထားတဲ့ လက်ရာမြောက် အတ္ထုပ္ပတ္တိ ဒရာမာကားကောင်းလေးဖြစ်ပါတယ်။ ကန္တာရရဲ့မိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကတ်ထရုဘဲလ်အကြောင်းကို အသက်(၂၀)နှောင်းပိုင်းကစပြီး စိတ်၀င်စားဖို့ကောင်းစွာတင်ဆက်ထားခြင်းဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာက Werner Herzog ပါ။ ဟားဇော့ဆို စီနီမာဖန်တွေကြား မသိတဲ့လူမရှိလောက်ပါဘူး။ နယူးဂျာမန်စီနီမာရဲ့ ပိုင်အိုးနီးယားတစ်ယောက်လည်းဖြစ်တဲ့ ဟားဇော့ရဲ့ ရုပ်ရှင်အများစုက ဂန္ထဝင်စံတင်ရတဲ့ကားတွေချည်းပါပဲ။ ဒီကားကတော့ သူ့ရဲ့ သိပ်မကြာသေးခင်ကကားပါ။ ခင်ဗျားတို့သိသလိုပဲ ဒီလိုဒါရိုက်တာတွေရဲ့ကားတွေက ရိတ်တင်မကောင်းရင်တောင် ကောင်းနေကြတာများပါတယ်။ ဘာလို့ဆို အကဲဖြတ်တဲ့ဘဲတွေက သူ့ရှေ့ကားတွေနဲ့ပါ ချိန်ထိုးဖြတ်ကောင်းဖြတ််နိုင်ကြတာကိုး။ကတ်ထရုရဲ့ဘ၀အစ ဆို့နင့်ဖို့ကောင်းတဲ့အချစ်ဇာတ်လမ်းကို ကျွန်တော်တို့ ဗမာတွေ မင်းယုဝေဘာသာပြန်တင်ဆက်သမှုနဲ့ မသိသူမရှိတဲ့ သူ့စာသားတွေကို ကဗျာဆရာတွေ တေးရေးတွေ ခဏခဏယူသုံးခံရတဲ့ ကဗျာဆရာအိုမာခယမ်ရဲ့ ရူဘိယက်ကဗျာနဲ့တင်ဆက်ထားတာကအစ လွမ်းမောစရာကောင်းပြီး အမျိုးသမီးတစ်ဦးအနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို ခရီးလှည့်လည်သွားလာရင်း ကြုံတွေ့ရတဲ့အခက်အခဲတွေကို ကဗျာတလှည့် စာတလှည့်နဲ့ပြသထားပါတယ်။ ထူးတာက ဒီဇာတ်ထဲက အဓိကဇာတ်ကောင် ...
movie
Queen of the Desert (2015)
2015
5.5
Your Highness (2011)
ဒီ ကားလေးကတော့ စွန့်စားခန်းတွေ နဂါးတွေပါတဲ့ Fantasyအကြောင်းပါတိုင်းပြည်တစ်ခုမှာ Fabious နဲ့ Thadius ဆိုတဲ့ညီအကို၂ယောက်ရှိတယ်Fabious က နေရာတကာသိပ်တော် သိပ်အောင်မြင်တဲ့ hero ပေါ့ဘုရင်ဖြစ်လာမဲ့ သားအကြီးလည်းဖြစ်တယ် အမြဲတမ်းစွန့်စားခန်းသွားလူဆိုးတွေနှိမ်နှင်းနဲ့ လူချစ်များတဲ့သူပေါ့ Thadius ကတော့ ဘာမှမလုပ်တဲ့အပျင်း ညီလေး။ တနေ့တော့ Fabius က စွန့်စားခန်းက ပြန်လာရင်း ကောင်မလေးတစ်ယောက်ခေါ်လာပြီး လက်ထပ်မယ်လုပ်ရော လက်ထပ်ပွဲမှာ ထုံးစံအတိုင်း လူဆိုးကြီးကလာဖျက်ပြီး သတို့သမီးကိုခိုးရာက Thadiusနဲ့ Fadius တို့ညီအကို စွန့်စားခန်းအတူ ပထမဆုံးထွက်ရတော့ ဘာဆက်ဖြစ်ကြမလဲကြည့်ရအောင်....ရှေးခေတ်ကားမို့ ဖော်ချွတ်ခန်းတွေပါပါတယ် ဆိုတာ ကြိုပြောလိုက်ပါရစေ... File size…2.78GB / 1.05GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mal ...
movie
Your Highness (2011)
2011
6.7
Flyboys(2006)
Flyboys(2006)*************ဒီဇာတ်လမ်းဟာ ပထမကမ္ဘာစစ်စတင်ပြီး 1916 ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကိုပြန်ရိုက်ကူးထားတာပါ။ဒီကာလမှာက အမေရိကန်ဟာ စစ်ထဲဝင်မပါသေးတော့ စစ်တိုက်ချင်တဲ့၊ လေယာဉ်မောင်းချင်တဲ့အမေရိကန်လူငယ်အချို့ဟာ စစ်ပညာသင်ပေးမယ့်ပြင်သစ်ကိုသွားပြီး စစ်ထဲဝင်ကြရပါတယ်။ အကြောင်းကြောင်းနဲ့ စစ်ထဲဝင်လာတဲ့သူတွေရှိသလို ကျဆုံးသွားသူတွေလည်း ဒုနဲ့ဒေးပါပဲ။ လေယာဉ်နဲ့ မစ်ရှင်လုပ်ရတိုင်း ဘယ်တော့သေမယ် မသိတဲ့ရတဲ့ လေယာဉ်မှူးတွေအတွက်ကတော့ကျဆုံးသတင်းဆိုတာ ထူးမခြားနားလိုဖြစ်နေပါပြီ။ မနေ့ကအတူရှိနေပြီး ဒီနေ့ကျဆုံးသွား၊ သူ့အတွက်လက်စားချေနိုင်မယ့်အချိန်ကိုစောင့်ရင်းအရက်တွေပဲသောက် နောက်လူတွေကိုကာကွယ်ပေး အသက်ကိုစတေးခံ စတဲ့ သရုပ်တွေကိုကွက်ကွက်ကွင်းကွင်းမြင်ရမယ့်အပြင် လေယာဉ်အချင်းချင်း စီးချင်းတိုက်တာတွေကိုတဝကြီးကြည့်ရှုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။File Size :(2.7GB) (1.1 GB) and (335MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:20:00 Genre : Action, Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Flyboys(2006)
7.0
The Iceman(2012)
The Iceman(2012)****************လူပေါင်း (၁၀၀) လောက်ကို သတ်ခဲ့တဲ့သူဆိုတာ လူဆိုးကြီးတစ်ယောက်ဖြစ်မယ်ဆိုတာလူတိုင်း အလွယ် တကူ သိနိုင်ပါတယ်။ ဒီလို လူအကြောင်းကို ဇာတ်လမ်းရိုက်ပြတော့ သတ်တာဖြတ်တာ၊မကောင်းတာတွေပဲ ဆို ရင်တော့ မှားသွားနိုင်ပါတယ်။ ဘာကိုမှ မကြောက်မရွံ့ သွေးအေးအေးနဲ့လူသတ်တတ်လို့ ရေခဲလူသား (Iceman) လို့ အမည်ပေးခံထားရ တဲ့ကူကလင်စကီးဟာ ပြင်ပလောကမှာ တကယ်ရှိခဲ့တဲ့ ကြေးစားလူသတ်သမား ဖြစ်ပါ တယ်။မာဖီးယားဂိုဏ်းတွေအတွက် အခကြေးငွေနဲ့ ရက်ရက်စက်စက်သတ်တဲ့လူဆိုးကြီးဟာတစ်ဖက်မှာတော့ ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်၊ မိသားစုကို တန်ဖိုးထားအလေးပေးသူ၊ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ကလေး တွေနဲ့ မိန်းကလေးတွေကို လုံးဝမသတ်သူစတဲ့ဂုဏ်ပုဒ်တွေနဲ့ ပိုင်ဆိုင်ထားပါသေးတယ်။ လောကဓံနဲ့ အကြင်နာမဲ့ တဲ့လူကြီးတချို့ကြောင့် ဒီလိုကြေးစားလူသတ်သမားဘဝကို ကူကလင်စကီး ရောက်သွားရပုံ၊သူ့ဘဝ အနိမ့်အမြင့် ဖြစ်ပျက်ပုံတွေ၊ ဇာတ်သိမ်းပုံတွေကို ကြမ်းကြမ်းရမ်းရမ်းရော၊နုနုရွရွရော ပေါင်းစပ်ထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့Michael Shannon နဲ့ Chris Evans တို့ ဦးဆောင်ပါဝင်တဲ့ဇာတ်ကား ဖြစ်လို့ မကောင်းမှာတော့ ...
movie
The Iceman(2012)
6.3
The Night Before (2015)
The Night Before (2015) ================= IMDb Rating - 6.3/10ဟာသရုပ်ရှင်ကောင်းများနဲ့ Chill ချင်ကြတဲ့ ရုပ်ရှင်ပရိသတ်များ အတွက် ၂၀၁၅ ခုနှစ်က ထွက်ရှိထားတဲ့ ခရစ္စမတ်ကာလကို အခြေ တည်ထားတဲ့ ဟာသရုပ်ရှင်ကောင်း တစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ Rotten Tomatoes 69%, IMDb Rating 6.3/10 ရရှိထားပါတယ်။ Hangover လိုမျိုး ဟာသရုပ်ရှင်ကြိုက်တယ်ဆိုရင်တော့ လက်လွတ် မခံဖို့ အကြံပေးချင်ပါတယ်။ (Warning: ညစ်ညမ်းဟာသတစ်ချို့ ပါဝင်တာမို့ မိသားစုနဲ့အတူ မကြည့်ရှု့ သင့်တဲ့ ဇာတ်ဝင်ခန်းတချို့ ပါဝင်ပါတယ်)ခရစ်၊ အီသန်နဲ့ အိုင်ဆက်တို့ဟာ အရမ်းကို ခင်မင်ကြတဲ့ သူငယ်ချင်း သုံးယောက်ပါ။ အီသန်ဟာ ငယ်ရွယ်စဉ်မှာပဲ မိဘနှစ်ပါးလုံးကို ခရစ္စမတ် ကာလမှာ ဆုံးရှုံးလိုက်ရပါတယ်။ ဒါနဲ့ပဲ ခရစ်နဲ့ အိုင်ဆက်တို့လည်း အီသန့်ကို အတတ်နိုင်ဆုံး ကူညီပေးဖို့အတွက် ခရစ္စမတ်နေ့မှာ အတူတူ ရှိနေပေးကြ ပါတယ်။ ဒီလိုနဲ့ပဲ သူတို့သုံးယောက်အတွက် ခရစ္စမတ်ဓလေ့လေး တစ်ခု ဖြစ်လာပါတယ်။ တစ်ခုသော ခရစ္စမတ်မှာတော့ Nutcracker ball ...
movie
The Night Before (2015)
2015
6.7
Sausage Party (2016)
ဇတ်လမ်း အစမှာတော့ စားစရာတွေ ရောင်းတဲ့ စူပါမားကတ် ကနေ စတင်ထားပါတယ်...စားစရာတွေဟာ လူသားတွေကို ဘုရားသခင် လို့ မှတ်ယူထားပါတယ် မားကတ် မှာ ပုတ်သိုးမယ့် အန္တရာယ် ကနေ ကယ်တင်မယ့် အရှင်သခင်တွေလို့ မှတ်ယူထားကြတာပါ...တစ်နေ့တာ စျေးဝယ်မှု မှာ ဝယ်သူ ရွေးချယ်ဖို့ သူ့ထက် ငါ အပြိုင်အဆိုင် ဆုတောင်းကြရတာပေါ့ မဟုတ်ခဲ့လို့ရှိရင် Out Of Date ဖြစ်သွားတဲ့အခါ သူတို့မသွားချင်ဆုံးနေရာက အမှိုက်ပုံးအိုကြီးရဲ့ မဲမှောင်နေသာတွင်းနက် ကြီးပါပဲ....ဒီဇတ်လမ်းမှာ မင်းသားကတော့ ဝက်အူချောင်း ပါပဲ ဟုတ်ပါတယ် ဝက်အူချောင်း ပါ.... ဖရန့် ၊ ကားလ် ၊ ဘယ်ရီ တို့ ဟာ ၆ ချောင်းပါတဲ့ ဝက်အူချောင်းပါကင်ထုပ်ထဲက သူငယ်ချင်းတွေပေါ့ သူတို့ ဘေးကပ်ရပ်မှာတော့ ဟော့ဒေါ့ပေါင်မုန့်မလေး တွေ အဖွဲ့ ရှိနေပါတယ်ဘရန်ဒါ တို့ အုပ်စုပေါ့ သူတို့လဲ ပါမုန့်ချောင်း ၆ ခု တစ်ပါကင် ထုပ်ထဲကပါပဲ... အနီးကပ် နေရတဲ့ အခါ တစ်ဦးကို ...
movie
Sausage Party (2016)
2016
6.9
Knocked Up (2007)
Knocked Up (2007) IMDb 6.9 Rotten Tomatoes 89%Comedy ဇာတ်ကားတစ်ကား ဒီလောက် Rating မြင့်မားနေရင် မှတ်ထားလိုက်ပါတော့...ရှယ်ကောင်းလို့ပါပဲ။မင်းသား Seth Rogen ,Paul Rudd,Jonah Hill,Jay Baruchel တို့လို ဟာသသရုပ်ဆောင်တွေမြိုင်ဆိုင်သလို မင်းသမီး Katherine Heigl,Leslie Mann တို့ဆိုတာကလဲ ဒီလိုဇာတ်ကားနဲ့ သိပ်လိုက်ဖက်လှတာပေါ့။ဇာတ်လမ်းကလဲ R Rated ဆိုတဲ့အတိုင်း တကယ့်ဗရုတ်သုတ်ခပါပဲ...မူးမူးရူးရူးနဲ့ ဖြစ်မိတဲ့ တစ်ညတာ one night stand က မထင်မှတ်ဘဲ ကိုးလလွယ်ဆယ်လအထိကြာအောင်ခံရမယ့် ဒုက္ခအဖြစ်သို့ ပြောင်းလဲသွားသောအခါ.....အယ်လီဆင် စကော့ ဟာ ရုပ်မြင်သံကြားဌာနတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရည်မှန်းချက်ကြီးကြီး အိပ်မက်လှလှလေးတွေမက်နေတဲ့ မိန်းမပျိုလေးပါ ။ တစ်နေ့မှာတော့ အထက်လူကြီးတွေက သူ့ကို ရာထူးတိုးပေးလိုက်တော့ ပျော်လွန်းလို့ သူ့အစ်မ ဒက်ဘီ နဲ့အတူ ကလပ်တစ်ခုမှာ သွားပြီး အောင်ပွဲခံပါတော့တယ်။ အဲဒီမှာ ...
movie
Knocked Up (2007)
7.0
Pineapple Express (2008)
IMDb Rating (7) / Rotten Tomatoes (68%)Peem Heaven ကွတ်ကီးစားလိုက်ရသလို ကွဲပြီးကောင်းနေတဲ့ ခံစားချက်မျိုးနဲ့ ဒီဇာတ်ကားက အပြဲကားပါ။Weed သောက်ရင်းကွဲတဲ့ဇာတ်ကားတွေထဲ တော်တော်မိုက်တဲ့ အက်ရှင်အခွီဇာတ်ကားဖြစ်ပါတယ်။မင်းသားတွေကလဲ ဟာသနဲ့ရှယ်လိုက်ဖက်တဲ့ James Franco နဲ့ Seth Rogen တို့ အတွဲပါ..မင်းသမီး Amber Heard လဲ ပါပါသေးတယ်။ဇာတ်လမ်းကတော့...Dale တစ်ယောက် Pineapple Express လို့နာမည်ရတဲ့ ရှားပါး Weed တစ်မျိုးကို ဆေးခြောက်ရောင်းတဲ့ Saul ဆီကနေ ကြိုးစားပမ်းစား ဝယ်လာခဲ့ပါတယ်..ကံကဆိုးတော့ သူအလုပ်လုပ်နေတုန်းမှာ လူသတ်မှုတစ်ခုကို မြင်လိုက်ရပြီး အခင်းဖြစ်နေရာမှာ သူ့ရဲ့သောက်လက်စ လက်ကျန် မုန့်(Weed) ကိုပစ်ထားခဲ့မိပါတယ်။ဖြစ်ချင်တော့ အဲဒီလူသတ်သမားက တစ်မြို့လုံးကို ဒိုင်ခံပြီး ဆေးခြောက်ဖြန့်နေတဲ့ Ted ဖြစ်နေတော့ မျက်မြင်သက်သေဟာ Pineapple Express Weed နဲ့ဆက်စပ်တဲ့ကောင်မှန်း သိသွားပါတော့တယ်...Ted ...
movie
Pineapple Express (2008)
2008
6.2
Spider-Man 3 (2007)
ပထမဆုံး စပိုက်ဒါမန်း ဇာတ်လမ်းရဲ့ 2007 မှာထွက်ရှိခဲ့တဲ့ သုံးကားမြောက်ဇာတ်ကားဖြစ်သလို..သုံးကားထဲမှာအကောင်းဆုံးနဲ့နောက်ဆုံးကားလို့ပြောရမှာဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းကိုတော့မပေးတော့ဘူးနော်...အရင် ကား ၂ ကားလည်း တင်ပြီးသားမို့ ဒီဇာတ်ကားကိုသာဆက်လက်ကြည့်ရှုကြပါ...မင်သား Tobey Maguire ရဲ့ အော်ရဂျင်နယ် Spider Man ဇာတ်ကားတွေကို DS4K 1080p BluRay Quality နဲ့တင်ဆက်လိုက်ပါတယ်...1080p ဆိုပေမယ့် 4K ရုပ်ထွက်ထက် ပိုကောင်းတဲ့ Regrade Version မို့ DS4K Version ကိုသာ တင်ဆက်လိုက်ပါတယ်။ဘာသာပြန်လိုအပ်ချက်တွေရော သတ်ပုံတွေရော တတ်နိုင်သမျှပြန်ပြင်ထားတာမို့ အခု Version ကို ပြန်ဒေါင်းသိမ်းသင့်ပါတယ်။ File size…(2.8 GB)/(1.1 GB) Quality….BluRay DS4K HEVC 1080p / 720p Format…mkv/mp4 Duration….02:19:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie
Spider-Man 3 (2007)
7.3
Spider-Man 2 (2004)
Spider Man 2 က ပထမဇာတ်ကားရဲ့ အဆက်အနေနဲ့ ထွက်ရှိခဲ့တာပါ။ဒီဇာတ်လမ်းမှာတော့ စမိုက်ဒါမန်းဟာ မပျော်မရွင်ဖြစ်နေရပါတယ်...သူချစ်ရတဲ့ကောင်မလေး မေရီဂျိန်းဝမ်ဆန်ကို စွန့်လွှတ်ပြီးတဲ့နောက်မှာတော့ သူ့ဘဝကို ရာဇဝတ်မှုတွေကိုတိုက်ဖျက်နေရင်းနဲ့ဖြတ်သန်း နေရပါတယ်..မေရီဂျိန်းဟာလည်း သူဌေးတစ်ယောက်နဲ့စေ့စပ်ထားလိုက်ပါပြီ ...သူ့သူငယ်ချင်း ဟယ်ရီကလည်း သူ့အဖေကိုသတ်သွားတဲ့စပိုက်ဒါမန်းကို ပြန်သတ်ချင်လို့ အသည်းအသန်စုံစမ်းနေပါ သလို မြို့ကိုဒုက္ခပေးမယ့် အန္တရာယ်တွေလည်းတိုးလာပါတယ်..ဒီလိုပြသနာတွေကြားမှာ ပီတာပါကားတစ်ယောက် ဘယ်လိုခွန်အားနဲ့ ဆက်လက်အသက်ရှင်ပြီး ပြသနာတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ...။မင်သား Tobey Maguire ရဲ့ အော်ရဂျင်နယ် Spider Man ဇာတ်ကားတွေကို DS4K 1080p BluRay Quality နဲ့တင်ဆက်လိုက်ပါတယ်...1080p ဆိုပေမယ့် 4K ရုပ်ထွက်ထက် ပိုကောင်းတဲ့ Regrade Version မို့ DS4K Version ကိုသာ တင်ဆက်လိုက်ပါတယ်။ဘာသာပြန်လိုအပ်ချက်တွေရော သတ်ပုံတွေရော တတ်နိုင်သမျှပြန်ပြင်ထားတာမို့ အခု Version ကို ပြန်ဒေါင်းသိမ်းသင့်ပါတယ်။ File size…(2.3 GB)/(1 GB) Quality….BluRay DS4K HEVC ...
movie
Spider-Man 2 (2004)
2004
1
2
Next