Channel Myanmar

James Cullen Bressack

Darkness of Man (2024)
Darkness of Man (2024)  ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Action,Thriller ဇတ်ကားလေးတစ်ခုဖြစ်တဲ့ Darkness Of Man ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားထဲမှာ မင်းသားကြီးJean-Claude Van Damme က အဓိကအနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ရက်ဆဲလ်ဟတ်ချ်ဟာစုံထောက်တစ်ယောက်ဖြစ်ပါတယ် အက်စတာဆိုတဲ့ကိုရီးယားလူမျိုးအမျိုးသမီးကတော့ ရက်ဆဲလ်ရဲ သတင်းပေးသူပါ သူမက ကိုရီးယားဒုစရိုက်လုပ်ငန်းအကြောင်းတွေကိုစုံစမ်းပြီးရက်ဆဲလ်ဆီကိုသတင်းပေးပါတယ် တစ်နေ့မှာတော့ သတို့ရဲ့စစ်ဆင်ရေးအမှားအယွင်းဖြစ်သွားပြီး အက်စတာတစ်ယောက်အသတ်ခံလိုက်ရပါတယ် အက်စတာက သူမ,မသေခင်မှာ ရက်ဆဲလ်ဆီကကတိတစ်ခုတောင်းခဲ့ပါတယ် အဲ့ကတိကတော့ သူမရဲ့ကျန်ခဲ့တဲ့သားလေးကိုအန္တရာယ်ကင်းအောင်စောင့်ရှောက်ပေးဖို့ပါ ရက်ဆဲလ်ကလည်း သူပေးခဲ့တဲ့ကတိကိုတည်နိုင်ဖို့အတွက် အက်စတာရဲ့သားဖြစ်သူဂျေဒန်ကိုကာကွယ်ပေးဖို့အလုပ်ကနေပါထွက်လိုက်ပြီး L.Aမြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်ရက်ဆဲလ်တစ်ယောက်ဂျေဒန်ကို ဂိုဏ်းစတားတွေလက်ထဲကနေကယ်တင်ပြီး အက်စတာကိုပေးခဲ့တဲ့ကတိကိုတည်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ File size…(1.7 GB)/(790 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre... Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

Darkness of Man (2024)

Fortress (2021)
Fortress (2021) ကျွန်တော်တို့ရဲ့ အက်ရှင်ဟီးရိုးကြီး Bruce Willis ရဲ့ အက်ရှင်ဇာတ်ကားသစ်တစ်ကား ထပ်မံထွက်ရှိလို့ လာပြန်ပါပြီ Rating အနေနဲ့ 3.5/5 ရထားတဲ့ ဇာတ်ကားတစ်ကားဆိုတော့ မဆိုးလှတဲ့ အက်ရှင်ကားတစ်ကားပေါ့ဗျာပွဲကြမ်းနေကြ အက်ရှင်မင်းသားကြီး Bruce Willis ကို ဒီကားထဲမှာလည်း အငြိမ်းစားယူသွားတဲ့ CIA အေးဂျင့်ဟောင်း Robert အနေနဲ့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်ဇာတ်လမ်းကိုတော့ Paul ဆိုတဲ့ လူတစ်ယောက်က လူသူ‌ရောက်ဖို့မလွယ်လှ ဂျီပီအက်စ်လည်းမမိတဲ့နေရာတစ်နေရာကို ကားတစ်စီးငှားပြီး သွားရာကနေ စထားတယ် သူကတော့ တခြားမဟုတ်ပါဘူး Robert ရဲ့သား ဖြစ်ပြီး သူ့ ရဲ့ cryptocurrency ကုမ္ပဏီဖြစ်တဲ့ Invespia ဟာ အရှုံးပေါ်ကိန်းဆိုက်နေလို့ အဖေဖြစ်သူ Robert ဆီက ငွေချေးဖို့ လာခဲ့တာပဲ ဖြစ်ပါတယ်Paul ကတော့ သူ့အဖေ Robert ကို ဒီတိုင်း ပင်စင်ရိပ်သာမှာနေတဲ့ လူတစ်ဦးအဖြစ် သိထားတာပါ ...
movie

Fortress (2021)