Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
James Cosmo
The Beast Within (2024)
Game of Throne ထဲက ဂျွန်စနိုးတဖြစ်လဲ Kit Harington ပါဝင်သရုပ်ဆောင်ထားတဲ့ လပြည့်ညတိုင်း အူရတဲ့ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်......ဒီဇာတ်ကားထဲမှာ ဝဲလ်လိုဆိုတဲ့ ၁၀နှစ်အရွယ်သမီးလေးဟာ သူ့အဖေရယ် အမေရယ် အဖိုးရယ်နဲ့ပဲ တသီးတသန့် တောထဲမှာကြီးပြင်းလာရာကနေ တဖြည်းဖြည်းနဲ့ ပုံမှန်မဟုတ်တာတွေကို သတိထားမိလာပါတယ်......သူ့အဖေက ပျောက်ပျောက်သွားပြီး ပြန်လာရင်ပုံမှန်လူတစ်ယောက်လို မဟုတ်တာကို သူသိလာခဲ့တာပါ....နောက်ပိုင်းတော့ သူ့အမေဖုံးကွယ်ထားတွေကို ဟိုတစ်စ ဒီတစ်စ သိလာပြီး သူ့အဖိုးကပါ သူ့ကိုကာကွယ်ဖို့အတွက် သူ့အဖေ အမေနဲ့ အတိုက်အခံလုပ်ပြီးနောက်ပိုင်းမှာတော့ ဘာတွေဆက်ဖြစ်လာကြမလဲ ဘာတွေဖုံးကွယ်ထားကြတာလဲ ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(1.2 GB)/(590 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by ….Garfield
movie
The Beast Within (2024)
6.1
Moonwalkers (2015)
၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ လူသားသမိုင်းတစ်လျှောက်အကြီးမားဆုံး အောင်မြင်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒါကတော့ အမေရိကန်နိုင်ငံက လွှတ်တင်လိုက်တဲ့ အာကာသယာဉ် အပိုလို ၁၁ ပေါ်က အာကာသယာဉ်မှူးနှစ်ယောက်က ကမ္ဘာ့ပထမဆုံးလပေါ်ခြေချဖူးတဲ့ လူ ၂ ယောက်အနေနဲ့ ဆင်းသက်ခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမယ့် အဲ့လို ဖြစ်လာဖို့ဆိုတာကတော့ လွယ်ကူတဲ့အရာမဟုတ်ခဲ့ပါဘူး။ကမ္ဘာ့ ပထမဆုံးလပေါ် ခြေချနိုင်တဲ့ နိုင်ငံဖြစ်နိုင်ဖို့ အမေရိကန်နိုင်ငံက ရှရှားနိုင်ငံနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။အဲ့လို လပေါ် အဲ့လိုဆင်းသက်ဖို့ ကြိုးစားခဲ့ကြတဲ့တကယ့် အကြောင်းအရာတွေနဲ့စိတ်ကူးယဉ် ဟာသဇာတ်လမ်းဇာတ်ကွက်တွေကိုပေါင်းစပ်ပြီးHarry Potter ထဲကမင်းသား Rupert Grint နဲ့ ဇာတ်ကြမ်းမင်းသားကြီး Ron Perlman တို့အဓိကပါဝင်ရိုက်ကူးထားတဲ့၂၀၁၅ တုန်းကထွက်ရှိခဲ့တဲ့ဟာသ အက်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ လကမ္ဘာသွားတဲ့အကြောင်းကိုအခြေခံပြီးရိုက်ထားတာဖြစ်တဲ့အတွက် Moonwalkers ဖြစ်ပြီးIMDb Rating ကတော့ 6.1 အထိရရှိထားပါတယ်။ဇာတ်လမ်းအစမှာတော့ ပေါတောတောရော့ခ်တီးဝိုင်း တစ်ခုရဲ့မန်နေဂျာဖြစ်တဲ့ ဂျွန်နီကအကြွေးလည်ပင်းနစ်နေပြီး သူ့ကိုပိုက်ဆံရှာပေးနေတဲ့ တီးဝိုင်းကလည်း သူ့ကို မန်နေဂျာရာထူးကနေထုတ်တော့မယ်ဆိုတော့ အကြံအိုက်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိ ...
movie
Moonwalkers (2015)
7.4
Wonder Woman (2017)
DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Wonder Woman (2017)
2017
4K HEVC
5.5
The Last Legion (2007)
၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ သမိုင်းနောက်ခံအက်ရှင်စွန့်စားခန်းရုပ်ရှင်ဖြစ်တဲ့ The Last Region နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ Doug Lefler က ရိုက်ကူးပေးထားပြီး၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Valerio Massimo Manfredi ရဲ့The Last Region ဝတ္တုကို အခြေခံထားပါတယ်။Colin Firth ၊ Ben Kingsley နဲ့အိန္ဒိယရုပ်ရှင်မင်းသမီးAishwarya Rai တို့လိုအကျော်အမော်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အနောက်ရောမအင်ပါယာပြိုလဲခဲ့တဲ့ ၅ ရာစုဥရောပသမိုင်းကြောင်းကဖြစ်ရပ်တွေကို စိတ်ကူးဉာဏ်ကွန့်မြူးပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ King Arthur ဒဏ္ဍာရီဖြစ်ပေါ်လာစေဖို့အခြေခံအကြောင်းအရာတွေလည်း ထည့်သွင်းရိုက်ကူးထားတာမြင်တွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်း****************ရောမအင်ပါယာပြိုလဲပြီးတဲ့နောက် အသက် ၁၂ နှစ်အရွယ်နောက်ဆုံးဧကရာဇ် Romulus Augustus ဟာ ကာပရီကျွန်းပေါ်မှာအကျဉ်းသားဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ Romulus ရဲ့ပညာရှိဆရာဖြစ်တဲ့ Ambrosinus နဲ့တော်ဝင်အစောင့်တပ်မှူးAurelius တို့ရဲ့ကယ်တင်မှုနဲ့ ကာပရီကျွန်းကနေလွတ်မြောက်လာခဲ့ပါတယ်။ ရောမကိုသိမ်းပိုက်ခဲ့တဲ့ဂေါ့သ်တွေလက်ကထွက်ပြေးရင်း Romulus နဲ့သူ့လူတွေဟာ ဒဏ္ဍာရီလာနဂါးတပ်ဖွဲ့ကိုရှာဖွေဖို့ ဘရစ်တားနီးယားကိုရောက်ရှိလာပြီးဘုရင်အာသာမွေးဖွားလာဖို့အတွက်လည်း အစပျိုးလာခဲ့ပါတော့တယ်။ File size…2.23GB / 1.3GB Quality…WEB-DL ...
movie
The Last Legion (2007)
7.0
Highlander (1986)
Highlander (1986) ================ IMDb Rating - 7.0/10Highlander 1986 ဇာတ်ကားကတော့ စိတ်ကူးယဥ် Fantasy ကားပါ။ စကော့နလန်ဓားသမားတစ်ယောက်ဟာ သူ့ကိုယ်သူ မသေမျိုးဖြစ်နေမှန်းသိလာခဲ့ပါတယ်။ သူတို့လိုမသေမျိုးတွေဟာ နောက်ဆုံးတစ်ယောက်ပဲ ရှင်ကျန်ရစ်တဲ့အထိ တိုက်ခိုက်ရတာမျိုး ပါ။ လူတွေက မသေချင်ကြပါဘူး။ ဒါပေမယ့် ကော်နာမက်ခလောက်စ် တစ်ဖြစ်လဲ နက်ရှ်ကတော့ အသက်ရှင်နေရတာကို ငြီးငွေ့လို့နေပါ တယ်။ သူချစ်ရတဲ့ အမျိုးသမီးတွေဟာ သေမျိုးဖြစ်နေတော့ တစ် ယောက်တည်း ရှင်ကျန်ရစ်ခဲ့ရတာမျိုးပါပဲ။ ချစ်ခြင်း ၊ တိုက်ခိုက်ခြင်း၊ ရှင်သန်ရခြင်းတွေနဲ့တွဲဖက်ရိုက်ထားတာပါ။ ဒါရိုက်တာ Russell Mulcahy က ရိုက်ကူးထားတာဖြစ်ပြီး ဆုအတွက် နှစ်ကြိမ်တောင် တင်သွင်းခံရပါတယ်။ IMDB rating 7.0 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(2.5 GB) / (1.0 GB) Quality............WEB-DL 1080p / 720p Duration.........1Hr 56Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Fantasy Translator.......Thy Santa Encoder..........SWM
movie
Highlander (1986)
1986
7.2
Troy (2004)
Troy (2004) ရုပ်ရှင်ခံစားမှုTroy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဖူးနားဝရှိကြပါလိမ့်မည်။ထင်ရှားကျော်ကြားသော စစ်ပွဲတွေအကြောင်း ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေလက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီးဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျိုးတို့၏ ထရွိုင်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြုစိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။စစ်ပွဲဖြစ်ပွားရပုံ ကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ထရွိုင်နိုင်ငံအား တိုက်ခိုက်အောင်မြင်ဖို့ရာအတွက် စစ်သူကြီး အာချိလိ ဖြစ်သူကပါ ဦးစီးတိုက်ခိုက်ရသည်။ထိုသို့ ဂရိနှင့်ထရွိုင်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြသော အကြောင်းကို ကဗျာရှည်အဖြစ် မှတ်တမ်းတင်ခဲ့ရာကနေ (အခြားသော ...
movie
Troy (2004)
2004
4K HEVC
6.5
The Four Feathers (2002)
The Four Feathers (2002)ဒီရုပ်ရှင်ကို ၁၉၈၇ မှာ Mr. India နဲ့ ၁၉၉၄ မှာ Bandit Queen အစရှိတဲ့ အိန္ဒိယရုပ်ရှင်တွေကိုရိုက်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုရခဲ့တဲ့ အိန္ဒိယဒါရိုက်တာ Shekhar Kapoor က ရိုက်ထားတယ်။ Bandit Queen အရှိန်ကြောင့်ပဲထင်ပါရဲ့... ယူကေမှာ သူဦးဆုံးရိုက်ခဲ့တဲ့ကားက Cate Blanchett နဲ့ရိုက်တဲ့ Elizabeth... နောက် အခုရုပ်ရှင် The Four Feathers ကို ဆက်ရိုက်တယ်။ နောက် Elizabeth: The Golden Age... သူရိုက်တဲ့သုံးကားလုံးက အင်္ဂလန်သမိုင်းကြောင်းနဲ့သက်ဆိုင်တဲ့ ကားတွေချည်းပဲ။ Elizabeth မှာတော့ ကောင်းခဲ့ပေမဲ့ ဒုတိယကား The Four Feathers မှာတော့ ဇာတ်ရှိန်နည်းနည်းသွက်နေတာကြောင့် ကျတော့ကျသွားတယ်။ ဒါပေမဲ့လည်း ရှေးခေတ်စစ်ပွဲတွေအကြောင်း ကြည့်ရမယ့်ရုပ်ရှင်ဆိုတော့ ကြည့်လို့ပျော်သလို ...
movie
The Four Feathers (2002)
5.4
Citadel (2012)
တွမ်မီကူလီဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ သူရဲ့ဇနီးဖြစ်သူ ထူးဆန်းတဲ့ကလေးတစ်သိုက်တိုက်ခိုက်ခံရပြီးချိန်ကစပြီးတော့ နာတာရှည်လူအုပ်ကြောက်ရောဂါကို ခံစားနေရသူဖြစ်ပါတယ်။ ပျက်စီးနေတဲ့နေရာတစ်ခုဖြစ်တဲ့ အီဒင်တောင်းမှာပိတ်မိနေရင်းနဲ့ ဇနီးဖြစ်သူကိုတိုက်ခိုက်ခဲ့သည့်သူများ သမီးဖြစ်သူနောက်ကိုလိုက်နေတယ်ဟု ခံစားရကာထိတ်လန့်ခြောက်ခြားနေရာမှ မိမိထိတ်လန့်နေသော အရာကိုနားလည်ပေးတဲ့ တရားဟောဆရာတစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်။ ဇနီးဖြစ်သူကို စောင့်ရှောက်ပေးခဲ့တဲ့သူနာပြုမလေးကတော့ တွမ်မီတစ်ယောက်အကြောက်လွန်ပြီးထင်ယောင်ထင်မှားဖြစ်တယ်ထင်ကာ ကူညီပေးဖို့ကြိုးစားပါတော့တယ်။ တရားဟောဆရာမှ ဖြစ်ကြောင်းကုန်စင်ကိုရှင်းပပြလိုက်သောအခါ တွမ်မီကူလီတစ်ယောက် အကြောက်လွန်နေခြင်းလား ဇနီးဖြစ်သူကိုတိုက်ခိုက်သွားတဲ့ကလေးတွေကရော ဘယ်ကလာတာလဲ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမှာလဲ စသည်ဖြင့် စိတ်ဝင်စားဖွယ်ကြည့်ရှုရမည့် သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။File size…(1.3 GB)/(620 MB)/(340 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
Citadel (2012)
4.7
The Kindred (2021)
The Kindred (2021) ===============ဟယ်လင် တာလစ်တ်ဟာ အက်ဆီးဒင့်တစ်ခုကြောင့် ဆေးရုံပေါ်မှာ တစ်နှစ်လောက် ကိုမာဝင်နေရာကနေ မှတ်ဉာဏ် တချို့တစ်ဝက်နဲ့ သတိပြန်ရလာပါတယ်။ ဟယ်လင် သတိပြန်ရလာတဲ့အချိန်မှာ ကိုမာ ဝင်နေရင်း ကလေးမွေးနိုင်တဲ့ တတိယမြောက် အမျိုးသမီး အဖြစ် မှတ်တမ်းဝင်နေပြီး လသားအရွယ် သမီးလေးတစ်ယောက်က သူ့ကို စောင့်ကြိုနေပါတယ်။ဟယ်လင်ရဲ့ ခေါင်းထဲမှာ စွဲနေတာက အက်ဆီးဒင့် မဖြစ်ခင်လေးမှာ သူ့မျက်စိရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ သူ့အဖေ ရော ဘတ် ဖြစ်ပြီးတော့ ဘာလို့ သတ်သေခဲ့ရလဲ ဆိုတာကို နားမလည်နိုင် ဖြစ်နေပါတယ်။ ဆေးရုံက ဆင်းပြီး သူ့အဖေနေခဲ့တဲ့ အိမ်ကို ပြောင်း လာတဲ့ အခါမှာတော့ ဟယ်လင်တစ်ယောက် ၅ နှစ်ကနေ ၉ နှစ်ကြား ကလေးဝိဉာဉ်တွေကို မကြာမကြာ မြင်လာရပါတော့တယ်။ ကလေး ဝိဉာဉ်တွေကနေတစ်ဆင့် လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ဖြစ်ခဲ့တဲ့ လူသတ်မှုတွေ အကြောင်း သိရှိလာရပြီး အဲဒီဖြစ်ရပ်ဆိုးကြီးက သူ့ အဖေ ရောဘတ်နဲ့ ဘယ်လိုတွေ ပတ်သက်နေလဲ၊ ဟယ်လင်ရဲ့ သမီး လေးဆီကို ...
movie
The Kindred (2021)
2021
5.7
Estranged(2015)
Estranged(2015)==============ဒီဇာတ်ကားလေးကတော့ 2015 တုန်းက ထွက်ရှိခဲ့တဲ့horror movie လေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဇန်နဝါရီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဟာ 6 နှစ်အကြာမှာ မိသားစုအိမ်ကိုပြန်ရောက်လာပါတယ်။ ဒါပေမယ့် တစ်ခုခု လွဲနေပြီဆိုတာ သူသတိထားမိသွားပါတယ်။ ကွဲကွာတာကြာပြီဖြစ်တဲ့မိသားစုနဲ့ ပြန်လည်နေထိုင်ရင်းနဲ့မှ ကြောက်စရာကောင်းတဲ့ အဖြစ်ဆန်းတွေကို တစ်စတစ်စကြုံတွေ့လာရပါတယ်။ ဒီအဖြစ်အဆန်းတွေက ဘာတွေလဲ။နောက်ကွယ်မှာ ဘယ်သူတွေရှိနေတာလဲ။ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာ သည်းထိတ်ရင်ဖိုစွာ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။Horror genre တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီကားလေးကသင့်အကြိုက်ဖြစ်မှာ သေချာပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ပဲ ဖြစ်ပါတယ်) File size…1.21GB / 598MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ..... Mystery , Thriller , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kelvin
movie
Estranged(2015)
6.2
Scrooge: A Christmas Carol(2022)
ခရစ်စမတ်နဲ့ပတ်သတ်တဲ့ကာတွန်းကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားနာမည်ကိုရင်းနှီးနေတဲ့လူတွေလည်းရှိမှာပါ။ ဟိုးငယ်ငယ်လေးတုန်းကလည်း စကရုချ်နဲ့ပတ်သတ်တဲ့ဇာတ်ကားလေးတွေ ထွက်ခဲ့ပါတယ်။ ဒါလေးကတော့ 2022 မှထွက်လာတဲ့ကားသစ်လေးပါ။ ခရစ်စမတ်ဆိုတာကို စက်ဆုပ်ရွံရှာမုန်းတီးပြီး ပျော်ပွဲရွှင်ပွဲတွေကိုလည်းကြည့်မရတဲ့ လူ့ဂွစာကြီးတစ်ယောက် "အက်ဘီနီဇာစကရုချ်".. အကြင်နာတရားခေါင်းပါးပြီး လောဘကြီးတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ ခရစ်စမတ်မရောက်ခင် မနက်ခင်းမှာ စကရုချ်ဆီ ၔည့်သည် ၃ ယောက်ရောက်လာခဲ့ပါတယ်။ ထိုၔည့်သည် ၃ ယောက်ဟာ စကရုချ်ရဲ့ဘဝကြီးကို ဘယ်လိုအပြောင်းအလဲဖြစ်သွားစေမယ်ဆိုတာကတော့...File size…(2.4GB) / (`1.29B) / (698MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:36:00 Genre... Animation / Adventure / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina
movie
Scrooge: A Christmas Carol(2022)
Breath (2022)
Breath (2022)Survival Thriller ကားတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် ၂၀၂၂ ခုနှစ် ရဲ့ ကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဘူမိဗေဒပညာရှင် တစ်ယောက်ဖြစ်တဲ့ လော်ရာ ဟာ အမြဲတမ်း အလုပ်ကိုပဲရှေ့တန်းတင်ပြီး အလုပ်မှာအမြဲစိတ်နှစ်ထားသူတစ်ယောက်ပါ။ သူဟာ ခရစ္စတင်း လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ရယ် ပြီးတော့ သူ့အဖေရယ်နဲ့ အတူတူ နေထိုင်ပါတယ်။တစ်ရက်မှာတော့ မီးတောင်တွေနဲ့ ကမ္ဘာမြေကြီးလှုပ်ရှားတဲ့လေ့လာရေးမှာ သူ့အလုပ်ပါတနာ အဒမ် ဆိုသူနဲ့ မီးတောင်တစ်တောင်ပေါ်တက်ခဲ့ပါတယ်။ ညနေမှောင်လာတဲ့ အချိန်မှာတော့ အဒမ် က အရင်ဆင်းသွားနှင့်ပြီး သူမကတော့ မြေကြီးနမူနာ ယူဖို့ နောက်မှဆင်းလာခဲ့မယ်ဆိုပြီး နေခဲ့ပါတယ်။ ဒီလိုနဲ့ သူမတစ်ယောက်တည်း ပြန်ဆင်းလာရင်း ကံဆိုးစွာနဲ့ မီးတောင်အလယ်က တွင်းနက်ကြီးထဲကို ကျသွားခဲ့ပါတယ်။ လော်ရာ တစ်ယောက် ကူသူမဲ့ တစ်ယောက်တည်း ဘယ်လို တွင်းနက်ကြီးထဲကနေ ရုန်းထွက်မယ်ဆိုတာကတော့ Survival ကားတွေရဲ့ ထုံးစံအတိုင်း စိတ်ဝင်တစား ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Loon Swal Eain ပဲ ဖြစ်ပါတယ်။Genre.....Drama, Thriller Quality….1080p | 720p| 480p File ...
movie
Breath (2022)
2022
7.0
Jagame Thandhiram(2021)
Jagame Thandhiram(2021) အညွှန်း*******************************IMDb...7.0အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ၂၀၂၁ ခုနှစ်ထွက် အမိုက်စား အိန္ဒိယ Action/Drama ကားလေးပဲဖြစ်ပါတယ်....ဒီဇာတ်ကားထဲမှာ ဇာတ်လိုက်မင်းသား ဆူရီလီ ဟာ အိန္ဒိယနိုင်ငံ တမေးလ်နာဒူ ဒေသကသာမာန်စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်... ဒါ့အပြင် ကြံ့ခိုင်ထက်မြတ်တဲ့သူတစ်ယောက်ဖြစ်တဲ့ ဆူရီလီ ဟာ ဒေသတွင်းက ပြဿနာတွေကို အကြမ်းနည်းနဲ့ကိုင်တွယ်ဖြေရှင်းလေ့ရှိတဲ့အတွက် ဂိုဏ်းစတားတစ်ယောက်အဖြစ် နာမည်ကျော်ကြားတဲ့ သူလည်းဖြစ်ပါတယ် .... တစ်နေ့မှာတော့ ဗြိတိန်နိုင်ငံက နာမည်ကြီး ဂိုဏ်းတစ်ခုဟာ လန်ဒန်မှာ သောင်းကျန်းနေတဲ့….သူတို့ရဲ့ပြိုင်ဖက် အိန္ဒိယလူမျိုးဂိုဏ်းတစ်ခုကို ချေမှုန်းဖို့အတွက် ကူညီပေးဖို့ တမေးလ်နာဒူဒေသရဲ့ နာမည်ကျော် ဆူရီလီ ကို ကမ်းလှမ်းလာပါတော့တယ်...အဲ့ဒီနောက်ဘာတွေဆက်ဖြစ် ဆက်ကြမ်းမလဲဆိုတာကိုတော့.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Thar Htet & Thaik San တို့ပဲဖြစ်ပါတယ်...File Size :1.4GB Quality : WEB-DL 720p Format…mp4 Duration…02:37:00 Genre : Action, Comedy, Crime Subtitle : Myanmar Subtitle ...
movie
Jagame Thandhiram(2021)
HEVC 1080p 5.1
5.5
Skylines (2020)
Skylines (2020)=============IMDb Rating - 5.5/10#UnicodeSci-fi , Adventure ကား ကြိုက်သူတွေ အကြိုက်တွေ့ဦးမယ့် ဇာတ်လမ်းတစ်ခုပါပဲ။Skylines မူဗီဟာ 2010, 2017 တို့မှာ နှစ်ကားထွက်ရှိထားခဲ့ပြီး . အခု 2020 မှာတော့နောက်ထပ်ထွက်ရှိလာပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ ရို့စ် ကောလီ ဟာ ဂြိုလ်သားနဲ့မျိုးစပ်ဖြစ်ပြီး အရွယ်ရောက်တာမြန်လွန်းလို့ အရွယ်ရောက်တာ နှေးအောင် သွေးသွင်းနေရတဲ့သူ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၅ နှစ်က ရို့စ်ဟာ သူရဲ့အမျိုးအနွယ် ဂြိုလ်သားတွေ ထောင်ပေါင်းများစွာကို သူ့လက်နဲ့စီရင်ခဲ့ရပါတယ်။ အခု ၅ နှစ်အကြာမှာ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဂြိုလ်သားတွေ နဲ့ ကမ္ဘာမြေအကြား ပြဿနာတွေပေါ်ပေါက်လာတဲ့အခါမှာတော့ ရို့စ်တစ်ယောက် ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကိုတွေ့မြင်ရမှာပါ . . .ဒီဇာတ်လမ်းထဲမှာ သဘောကျတဲ့စကားတစ်ခွန်း ရှိပါတယ်။"စစ်တိုက်ရတာ လွယ်တယ် ငြိမ်းချမ်းရေး ယူရတာ ခက်တယ်" ဆိုတဲ့ စကားပါပဲ။ ရို့စ်နဲ့ အဖွဲ့ကရောဒီပြဿနာကို ဘယ်လိုရှင်းနိုင်ကြမှာလဲဆိုတာကိုတော့ ...
movie
Skylines (2020)
2020
6.0
The Hole in the Ground(2019)
T he Hole in the Ground(2019)IMDb...6.0ဒီတစ်ခါတော့ horror ကားတွေသဘောကျတဲ့ ပရိတ်သတ်တွေ အတွက် 2019 ထွက် ကားသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်..ဆရာဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းသည်ရဲ့နှိပ်စက်မှုကြောင့် လူမမယ်သားငယ်ခရစ်ကို လက်ဆွဲပြီး တစ်နယ်တစ်ကျေးကိုထွက်ပြေးလာခဲ့တဲ့တယ်...ပြောင်းလာပြီးသိပ်မကြာခင်မှာပဲ သူမအတွက် အရမ်းထိတ်လန့်စရာ တစ်ခုထပ်ကြုံရပြန်တယ်...အဲ့ဒါကတော့ အိမ်နီးချင်း စိတ်မနှံ့သူအဖွားကြီးရဲ့ ကြောက်ရွံဖွယ်နောက်ခံဇတ်လမ်းတစ်ပုဒ်ကို သူမသိလိုက်ရတယ်...သူမ အဲ့ဒီအဖွားကြီးနဲ့ ထိတ်တိုက်မတွေ့ချင်ပေမယ့်လည်း တွေ့ခဲ့ရသလို သားငယ်ကလည်း တနေ့တစ်ခြားအမူအကျင့်တွေထူးခြားလာတယ်.... ..အဖွားကြီးက ဘာကြောင့် အရမ်းကြောက်စရာကောင်းတာလဲ....သူ့သားလေးကလည်း ဘယ်လိုတွေပြောင်းလဲလာတာလဲ....horror ကားကြိုက်သူတွေ ခံစားကြည့်လိုက်ပါဦးဗျို့File Size : (852MB) Quality : WEB-DL 720p, Format…mp4 Duration…01:30:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
The Hole in the Ground(2019)
2019
8.0
Ashes in the Snow (2018)
ဒီတစ်ခါတော့ စစ်ကာလအတွင်းမှာ လစ်သူရေးနီးယားနိုင်ငံရဲ့ ပြည်သူတွေကြုံတွေ့ခဲ့ရတာကို ရိုက်ကူးထားတဲ့ Ashes in the Snow ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။လစ်သူရေးနီယားနိုင်ငံ စစ်ကာလတွေမှာ အပြစ်မဲ့တဲ့ပြည်သူတွေကို ရုရှားတွေကဘယ်လိုအဖမ်းဆီးခံရတယ်ဘယ်လိုမျိုးအလုပ်တွေခိုင်းပြီးနှိပ်စက်ညှင်းပန်းခဲ့တယ်ဆိုတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။သမိုင်းကိုစိတ်ဝင်စားတဲ့ ပြည်သူတွေအတွက်တော့ကားကောင်းလေးတစ်ကားဖြစ်မယ်လို့ မျှော်လင့်ပါတယ်။အားပေးကြပါဦး..... File Size : (941 MB) & (245 MB)Quality : Web-DL 720pRunning Time :1hr 38 minFormat : Mp4Genre : Drama , History , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee PoeEncoded by Moe Myint ...
movie
Ashes in the Snow (2018)
2018
7.2
Outlaw King (2018)
Outlaw/King "အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander ...
movie
Outlaw King (2018)
2018
6.6
Malevolent (2018)
နောက်ဘဝဆိုတာရှိပါသလား။သေလွန်ပြီးနောက် တမလွန်ဆိုတာရှိပါသလား။ဒီဇာတ်ကားလေးရဲ့အစမှာတော့ သေလွန်ပြီးလူတွေက ပြန်လာတတ်တာမျိုးမဟုတ်ဘဲ ဘယ်ကိုမှမသွားကြတာပါတဲ့။သေလွန်ပြီးသူတွေနဲ့ဆက်သွယ်နိုင်ဖို့ဆိုတာ လူတိုင်းတော့ ဖြစ်နိုင်မယ်မထင်ပါဘူးဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Angela ကတော့ မျိုးရိုးစဉ်ဆက် အဲဒီ လက်ဆောင်ကိုပိုင်ဆိုင်ထားတာပါ။ဒါပေမယ့် သူ့ကတော့ ကွယ်လွန်ပြီးသူတွေကိုမမြင်နိုင်ပါဘူး။မိဘမရှိဘဲ မောင်နှမ နှစ်ယောက်တည်း ဘဝကိုရုန်းကန်နေရတဲ့အချိန်မှာ Angela ရဲ့အစ်ကိုဖြစ်သူ Jackson က မိဘလက်ငုတ်လက်ရင်းအလုပ်လို့ပြောလို့ရတဲ့ သေလွန်ပြီးသူတွေနဲ့ဆက်သွယ်ပြီး ကောင်းရာမွန်ရာကိုပို့ပေးတဲ့အလုပ်ကိုလုပ်ကိုင်ဖို့အကြံရလာပါတယ်။ဒါပေမယ့် လက်ဆောင်ရဲ့အစွမ်းကိုမရနိုင်သေးတဲ့ Angela ကြောင့် လုပ်ဇာတ်ခင်းပြီးတော့ ကျန်ရစ်သူမိသားစုတွေကို နှစ်သိမ့်ပေးပြီး ဝင်ငွေရှာနေပါတယ်။ဒါပေမယ့် Angela ရဲ့လက်ဆောင်အစွမ်းပြလာချိန်မှာတော့ တကယ့်မကျွတ်မလွတ်သေးတဲ့ အသတ်ခံလိုက်ရတဲ့ကောင်မလေးသုံးယောက်ရဲ့ အိမ်ကိုရောက်သွားချိန်မှာတော့...IMDB Rating ကတော့ 4.9 ရရှိထားပါတယ်။Horror ချစ်သူတွေကြည့်လိုက်ကြပါဦး။ (ဆရာဦး d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (700 MB) and (330 MB) Quality : NF WEB-DL 720p Running Time : 1hr 29min Format : ...
movie
Malevolent (2018)
2018
5.8
In Darkness (2018)
လျှို့ဝှက်သည်းဖိုမှုခင်းဇာတ်ကားကောင်းများကို ကြိုက်နှစ်သက်တတ်တဲ့ သူတွေအတွက် ယခုလအတွင်းကမှ ထွက်ရှိထားတဲ့ In Darkness ဆိုတဲ့ ဇာတ်ကားကို တင်ဆက်လိုက်ရပါတယ်။ဒီဇာတ်ကားကို ဒါရိုက်တာ Anthony Byrne ကရိုက်ကူးပြီးတော့၊HBO ရဲ့နာမည်ကျော် TV Series မှာ Margaery Tyrell အဖြစ်လည်းကောင်း၊ The Hunger Game ဇာတ်ကားတွေမှာ Cressida အဖြစ်လည်ကောင်း သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Natalie Dormer ကတော့ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ========== ဆိုဖီယာဟာ မျက်မမြင်အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ပီယာနိုပညာရှင်တစ်ဦးအဖြစ် ဘဝကိုရပ်တည်နေသူလည်းဖြစ်ပါတယ်။သူဟာ လက်ရှိငှားရမ်းနေတဲ့တိုက်ခန်းမှာ ခြောက်လကျော်ကြာမြင့်ခဲ့သည့်တိုင်အောင်နေထိုင်ခဲ့ပြီးသော်ငြားလည်း မျက်မမြင်တစ်ဦးဖြစ်တာကြောင့် အိမ်နီးချင်းမိတ်ဆွေ များများစားစားမရှိဘဲ သူ့တိုက်ခန်းရဲ့အပေါ်ထပ်မှာနေထိုင်တဲံ ဗရောနစ်အမည်ရှိ အမျိုးသမီးတစ်ဦးနဲ့သာ ခင်မင်ရင်းနှီးခဲ့ပါတယ်။တစ်ရက်မှာ ဗရောနစ်တစ်ယောက် အမျိုးသားတစ်ဦးနဲ့ စကားများပြဿနာတက်နေတာကိုဆိုဖီယာတစ်ယောက်ကြားကြားပြီးလိုက်ချင်းမှာပဲ ဗရောနစ်ဟာ တိုက်ပေါ်ကပြုတ်ကျလို့သေသွားခဲ့ပါတယ်။ခဏကြာပြီးနောက် ရဲတွေရောက်လာပြီးဆိုဖီ့ယာကို ဗရောနစ်သေဆုံးမှုနဲ့ စစ်ဆေးမေးမြန်းရာမှာတော့ ဆိုဖီယာဟာဘာမှမကြားခဲ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။ဒါနဲ့ ရဲတွေက ထိုအမှုကို ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုလို့သာ ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။သို့ပေမယ့် သင်္ကာမကင်းတဲ့ ရဲဘက်က ...
movie
In Darkness (2018)
2018
5.5
Eliminators(2016)
ကျွန်တော်တို့ငယ်ငယ်ကတော့ စာရေးဆရာမဟာဆွေစာအုပ်တွေဖတ်ဖြစ်တယ် သူ့ဇာတ်လိုက်တွေလို အလေးတွေမ ကျန်းမာရေးကောင်းအောင်လုပ် ယောင်္ကျားပီရသအောင်နေရမယ် စာရိတ္တကောင်းအောင်နေရမယ် ကိုယ်ခံပညာတတ်ကျွမ်းရမယ် နောက်ပိုင်းရုပ်ရှင်တွေကြည့်တော့လည်း အက်ရှင်ကားတွေအတော်ကြိုက်မိတယ် သူတို့ဆီကမင်းသားတွေအတော်များများက ကိုယ်ခံပညာတွေအတော်တတ်ကြတာကိုးယောက်ျားပီသတယ် အနစ်နာခံကိုယ်ကြိုးစွန့်တယ် ကျွန်တော်တို့သိပ်သဘောကျမိတဲ့ ဇာတ်ကောင်စရိုက်တွေပေါ့ ...... ဒီကားရဲ့မင်းသား Scott Adkins ကိုအားလုံးရင်းနှီးကြမှာပါ...Undisputed ကားတွေ Ninja,Ninja: Shadow of a Tear,Holby City, Doctor Strange, The Bourne Ultimatum, Zero Dark Thirty,EastEnders, Hollyoaks, Doctors စတဲ့ကားတွေမှာပါဝင်သရုပ်ဆောင်ထားတယ်....သူတတ်တဲ့ကိုယ်ခံပညာတွေတော့အတော်များတယ်. Taekwondo. Kickboxing Ninjutsu, Karate, Capoeira, Jujutsu, Judo, Jeet Kune Do, Krav Maga, Wushu နဲ့ gymnastics စတဲ့ကိုယ်ခံပညာတွေတတ်ကျွမ်းပါတယ် Judo သင်တန်းလည်းဖွင့်ထားတယ်....သူ့အက်ရှင်ခန်းတွေ ဘာလို့လန်းနေလဲဆိုတာ ဒီလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်... ဒီကားထဲမှာတော့ Scltt Adkins ဟာ သိုးမက်စ်အမည်နဲ့သရုပ်ဆောင်ထားပါတယ်... သူ့မှာ သမီးလေးတစ်ယောက်ရှိတယ်...ဒီသမီးလေးဟာသူ့ဘ၀မို့အစစအရာရာဂရုစိုက်တယ် တစ်နေတော့ လူဆိုး ၃ယောက်ဟာ အိမ်မှားပြီး သိုးမက်စ်တို့သားအဖ ...
movie
Eliminators(2016)
2016
1
2
Next