Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
James Carroll
8.0
Killers of the Flower Moon (2023)
Killers of the Flower Moon (2023) ========================= IMDb Rating - 8.0/10အိုဆေ့လူသတ်မှုများအကြောင်း ဖြစ်ရပ်မှန်ကို ဒါရိုက်တာ မာတင်စကော်ဆဲဆီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒါရိုက်တာမာတင်ရဲ့လက်စွဲတော် ရောဘတ် ဒနီရိုနဲ့ လီယိုနာဒိုတို့ ပါဝင်ထားပါတယ်။ ၃ နာရီ ၂၆ မိနစ်အထိ ရိုက်ကူးထားပေမဲ့ ရုံမှာအချိန်အပြည့်တင်ခွင့်ရတဲ့ ကားပါပဲ။ IMDb 8.0 ရရှိထားပါတယ်။ စာရေးဆရာ David Grann ရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းကို ပြန်လည်ရိုက် ကူးထားတာ ဖြစ်ပါတယ်။သမိုင်းအကျဉ်း ------------------ 1907 မှာ အိုကလားဟိုးမားကို ပြောင်းရွှေ့တည်ထောင်ခဲ့တဲ့ အိုဆေးမျိုးနွယ်စုဝင်တွေ အကြောင်းဖြစ်ပါတယ်။ အမေရိကန်တွေဟာ အင်ဒီယန်းတွေကို သူတို့နေရာတွေကနေ ပြောင်းရွှေ့စေပြီး သူတို့မြေတွေကို သိမ်းပိုက်ခဲ့တဲ့နောက်မှာ မျိုးနွယ်စုတွေကို ကိုယ်စီ အခြေချစေဖို့ နယ်မြေလေးတွေ ပြန်ပေးထားတာရှိပါတယ်။ အိုဆေ့ပြည်နယ်ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရေနံတွေ ဒလဟောထွက်ပြီးနောက်မှာ အစိုးရနဲ့ သဘောတူညီချက် အရ အကျိုးအမြတ်မျှဝေခံစားခွင့်ရရှိပြီး မျိုးနွယ်စုတစ်ခုလုံး ကျိကျိတက် ချမ်းသာလာ ကြပါတယ်။ တစ်ဦးချင်းချမ်းသာသူ ကမ္ဘာ့အများဆုံးပြည်နယ်ဖြစ်လာခဲ့ပါတယ်။လက်ရှိငွေဈေးနဲ့ဆိုရင် သူတို့မျိုးနွယ်ပိုင်ဆိုင်မှုက သန်း ...
movie
Killers of the Flower Moon (2023)
2023
4K HEVCHDR
6.3
Death to Smoochy (2002)
Jumanji (1995) မင်းသားကြီး၊ Good Will Hunting (1997) မှာ ဇာတ်ပို့မင်းသားဆု ရခဲ့သူ။ အကြီးမြတ်ဆုံး ဟာသသရုပ်ဆောင်ကြီး Robin Williams ကို အလွမ်းပြေ ကြည့်ရှုချင်ရင်ပဲဖြစ်ဖြစ်။The Incredible Hulk (2008) ရဲ့ မင်းသားကြီး၊ မျက်လှည့်ဆရာကြီးအဖြစ် The Illusionist (2006) မှာ တွေ့မြင်ခဲ့ရသူ Edward Norton ကို ပေါက်စလေးအဖြစ် ပြန်ကြည့်ချင်ရင်ပဲဖြစ်ဖြစ်။ Catherine Keener ဆိုတဲ့ မင်းသမီးကြီးကို နုနုနယ်နယ် ပြန်မြင်ချင်ရင်ပဲဖြစ်ဖြစ် ဟောဒီဇာတ်ကားကို ရွေးချယ်သင့်ပါတယ်။ဇာတ်လမ်းကတော့ ဟာသ နဲ့ ဇာတ်ကြမ်း ရောယှက်ထားတာဖြစ်ပြီး ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ နောက်ကွယ်ကို တစ်ဝကြီး မြင်တွေ့ကြရမှာပါ။ရိန်းဘိုးရန်းဒေါ့ဖ် ဆိုတဲ့ တင်ဆက်သူကြီး ငွေအလွဲသုံးစားမှုနဲ့ ဖမ်းခံရ၊ အလုပ်ပြုတ်၊ နေစရာမရှိ ဒုက္ခရောက်နေစဉ်မှာ သူ့နေရာကို မထင်မရှား စမူချီ ကြံ့ကြီးတစ်ဖြစ်လဲ ...
movie
Death to Smoochy (2002)
7.7
Minari (2020)
Minari (2020) ========== IMDb Rating. = 7.7/10 Rotten Tomatoes. = 100%Minari ဟာ အတော် ရိုးရှင်းတယ်။ ပြောတတ်သလို အနီးစပ်ဆုံး ဥပမာပေးရရင် ဦးဖိုးကျားရဲ့ စကားပြေတွေလိုပဲ။ အကြောင်းအရာ အရေးအသားရိုးရှင်းတယ်။ ဒါပေမဲ့ ထိတယ်။ အမေရိကန်ရောက် ကိုရီးယားမိသားစုတစ်စုကို အခြေပြုပြီး အမေရိကန်အိပ်မက်မက်ကြသူတွေရဲ့ ဘ၀အကြောင်းကို ပြသွားရုံပဲ။ မိသားစုဆိုတဲ့ဝေါဟာရကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်သွားတယ်။ ဒီလိုပြသွားပုံလေးဟာ အတော်လှတယ် ကြည်နူးစရာနဲ့ လှတာတော့မဟုတ်ဘူး။ ရင်နာနာနဲ့ လှတာ။သိပ်လှတဲ့ အချက်ကလေးတွေအများကြီးရှိတယ်။ ဒါပေမဲ့ အညွှန်းရဲ့မူလရည်ရွယ်ချက်က ခံစားမှုကိုလမ်းကြောင်းပေးဖို့ဆိုတော့ကာ ဇာတ်အိမ်ရိုးရှင်းတဲ့ ရုပ်ရှင်ကို ကျွန်တော် ဇာတ်လမ်းများများရေးပြဖို့ရာ မသင့်ဘူး။ အနုပညာပစ္စည်းကို ခံစားရတာကြိုက်တဲ့လူတွေမှာ သိပ်ချစ်စရာကောင်းတဲ့ ဗီဇတစ်ခုရှိတယ်။ ကိုယ်ခံစားရနှစ်သက်တာကို တစ်ပါးသူတွေကိုလည်း ခံစားကြည့်စေချင်တဲ့ ဆန္ဒပေါ့။ ကျွန်တော်လည်း ခင်ဗျားကို ဒီရုပ်ရှင်ကို ခံစားကြည့်စေချင်တယ်။ကျွန်တော့်အမြင်အရတော့ လီချန်းဒုံရုပ်ရှင်တွေရဲ့ ဇာတ်လမ်းတင်ပြပုံနဲ့ ဆင်တယ်။ဒါရိုက်တာရဲ့ ရက်စက်မှု ပါးတယ်။မသိမှုထည့်တာ ပါးတယ်။ သုံးထားတဲ့ စကားလုံးတွေဟာ လက်တွေ့ကျကျနဲ့သိပ်လှတယ်။ ဇာတ်လမ်းက မိသားစုရဲ့ အိမ်နဲ့စိုက်ခင်းရှိခဲ့တဲ့ နေရာဟာ ဒီရုပ်ရှင်က ဇာတ်ညွှန်းသမားနဲ့ဒါရိုက်တာလုပ်ထားတဲ့ Lee Isaac Chungရဲ့ ကြီးပျင်းခဲ့တဲ့နေရာနဲ့ အတူတူပဲ။ သရုပ်မှန်များလို့ပဲထင်တယ် သိပ်လက်တွေ့ကျတယ်။ အော်စကာ Best Picture ပြိုင်ဖို့ရဖို့ တန်မတန်ဆိုတာ ပညာရှင်တွေဆုံးဖြတ်ရမယ့်အလုပ်, ဒါပေမဲ့ မနှစ်က BPရတဲ့ Parasiteထက် ခံစားရပိုစစ်မှန်တယ်ဆိုတာကတော့ ကျွန်တော်ရဲရဲကြီး အာမခံတယ်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို WiRa Aung မှ ခံစားတင်ဆက်ထားတာပါ။) File size…(1.6 GB) Quality….WEBscr 720p Format…mp4 Duration….01:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
Minari (2020)