Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
James Austin Johnson
7.8
Inside Out 2 (2024)
2015 တုန်းက အကောင်းဆုံးကာတွန်းရုပ်ရှင်အော်စကာဆုရခဲ့တဲ့ နာမည်ကျော် ကာတွန်းကားရဲ့နောက်ဆက်တွဲ ထွက်လာပါပြီ။ ၁၀ နှစ်နည်းပါး ကြာခဲ့ပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေကစောင့်ရတာ တန်တယ်လို့ ပြောနိုင်လောက်အောင် ကောင်းနေပါတယ်။Rating လည်း 7.8 ထိ ရောက်နေတာမို့ ဘော်ချက်ရုံသက်သက်ကာတွန်းအဆက်တွေ စွတ်ထုတ်နေတာထက်တော့ သာပါတယ်။Inside Out 2015 မှာ ပြခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ဦးနှောက်သဘောတရားတွေကိုပုံဖော်မှုက အတော်ပြောင်မြောက်ခဲ့သလို အခု ရုပ်ရှင်မှာလည်း ကလေးဘဝကနေရင့်ကျက်မလာခင် ခံစားချက်မျိုးစုံနဲ့ ဦးနှောက်ရဲ့သဘောကိုပီပီပြင်ပြင် ပြထားနိုင်လိုက်တာပါပဲ။ "သူ့ကို ငါ့အစား လဆီ ခေါ်သွားပေးပါ" ဆိုတဲ့ဘင်းဘောင်ရဲ့ အခိုက်အတန့်မျိုးကိုတော့ပြန်ဖန်တီးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ဒီရုပ်ရှင်ထဲမှာ Joy ရဲ့အိပ်ရာဘေးမှာဘင်းဘောင်အရုပ်လေးကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းဇာတ်လိုက်မလေး ရိုင်လီဟာ ဆယ်ကျော်သက်ဖြစ်လာပြီးအလယ်တန်းကျောင်းရဲ့ ဟော်ကီအသင်းမှာ ကစားနေပါပြီ။ဟော်ကီကစားတာ တော်တာကြောင့် အထက်တန်းကျောင်းနည်းပြကသူ့ရဲ့ ၃ ရက် စခန်းသွင်းလေ့ကျင့်ရေးကို ဖိတ်လိုက်ပါတယ်။အဲဒီမှာသာ အရွေးခံရရင် အထက်တန်းဟော်ကီအသင်းမှာ ပါရမဲ့အပြင်ပညာသင်ဆုပါ ရနိုင်မှာမို့ ရိုင်လီ့အတွက် အခွင့်အရေးကောင်းကြီးပါပဲ။ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရွယ်ရောက် ခံစားချက်တွေဖြစ်တဲ့စိတ်ပူတာ၊ ...
movie
Inside Out 2 (2024)
4K HEVC
6.3
Hail, Caesar! (2016)
၁၉၅၀ ခုနှစ် ဟောလိဝုဒ်ရုပ်ရှင်လောကကို ထင်ဟပ်ထားတဲ့Dark Comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ Hail Ceasar! ကို တင်ဆက်ပေးလိုက်ရပါတယ်။ကတ်ပီတော်ပစ်ချားရုပ်ရှင်ထုတ်လုပ်ရေးရဲ့ fixer ဖြစ်တဲ့အက်ဒီမန်းနစ်စ်ရဲ့ တစ်နေ့စာအလွဲများလို့ ဆိုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။ရုပ်ရှင်လောကကို ဖော်ပြတဲ့ဇာတ်ကားဖြစ်တာနဲ့အမျှA-List Actor အများစုကို အသုံးပြုထားတာတွေ့ရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Josh Brolin, George Clooney, Alden Ehrenreich, RalphFiennes, Jonah Hill, Scarlett Johannsson, Frances McDorman,Tilda Swinton နဲ့ Channing Tatumအထိ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတ်ပီတော်ပစ်ချား ရဲ့ထုတ်လုပ်ရေးဦးစီးဖြစ်တဲ့ အက်ဒီမန်းနစ်စ်ဟာစတူဒီယိုရဲ့ အရှုပ်တော်ပုံများကိုလိုက်လံဒိုင်ခံ ဖြေရှင်းရသူ တစ်ဦးလည်း ဖြစ်ပါတယ်။တစ်ရက်မှာ စတူဒီယိုရဲ့အဓိကပရော်ဂျက်ဖြစ်တဲ့ “Hail Ceasar” ရဲ့ အဓိကသရုပ်ဆောင်ဘာ့တ်ဝှစ်လော့တ် ရိုက်ကွင်းကနေ ဆေးခတ်ပြီး ပြန်ပေးဆွဲခံခဲ့ရပါတယ်။စတူဒီယိုအပေါ်မကျေနပ်ချက်တွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရသူ ဘာ့တ်ဝှစ်လော့တ်ကလည်းစာရေးဆရာကွန်မြူနစ်အုပ်စု ကြားထဲကို ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ အက်ဒီမန်းနစ်စ်ဟာ ပြန်ပေးငွေ ...
movie
Hail, Caesar! (2016)
2016
7.8
Reinventing Elvis: The 68′ Comeback (2023)
Reinventing Elvis: The 68' Comeback (2023) ================================ IMDb Rating - 7.8/10Elvis Presley ဆိုတာနဲ့ King of Rock and Roll ကြီးပဲလို့ တန်းမြင် မိကြမှာပါ။ 1950 ဝန်းကျင်ကာလတွေရဲ့ Best seller American Artist တစ်ယောက်ဖြစ်တဲ့အပြင် အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ပေါင်းများစွာ ကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ဒါပေမဲ့ အမေရိကန်သမိုင်းရဲ့ 1960 ခုနှစ်ကာလတွေကတော့ အဆိုးရွားဆုံး ကပ်ဆိုက်ခဲ့တဲ့ကာလတွေလို့ ဆို ရလိမ့်မယ်။ Robert F. Kennedy, Martin Luther King အစရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ လုပ်ကြံခံရတဲ့သတင်းတွေကြောင့်လည်း အမေရိ ကန်ရဲ့ သမိုင်းကို အကျည်းတန်ဆုံးဖြစ်စေခဲ့တဲ့ ကာလတွေပါ။ ဖြစ်ချင်တော့ အဲဒီ 1968 ခုနှစ်က Elvis အတွက် Special Comeback Show ကို စီစဉ် နေတဲ့ အချိန်ပါပဲ။စစ်ထဲဝင်ပြီး အနုပညာလောကကနေ နှစ်ချီကွယ်ပျောက်သွားပြီးတဲ့နောက် ပရိသတ်မြင်ကွင်းပေါ်ကို ပြန်လည်ထွက်ပေါ်လာမဲ့ Elvis ...
movie
Reinventing Elvis: The 68′ Comeback (2023)
2023
6.6
October Baby (2011)
October Baby (2011) =============== IMDb Rating - 6.6/10ဟန်နာလော်ဆန်ဆိုတဲ့မိန်းကလေးဟာ အောင်မြင်ခြင်းမရှိခဲ့တဲ့ ကိုယ်ဝန်ဖျက်ချမှုတစ်ခုကနေ အသက်မသေဆုံးဘဲ ရှင်ကျန်ရစ် ခဲ့တဲ့မိန်းကလေးတစ်ယောက်ပေါ့။ သူ့ကိုမွေးပြီးသိပ်မကြာခင်မှာပဲ ဂျေကော့ဘ်လော်ဆန်နဲ့ ဂရေ့စ်လော်ဆန်ဆိုတဲ့ ဇနီးမောင်နှံနှစ် ယောက်က မွေးစားထားခဲ့တာပါ။ အခုအချိန်မှာတော့ ဟန်နာ တစ်ယောက် အသက် ၁၉ နှစ်အရွယ်ရောက်လို့လာပါပြီ။ တစ်နေ့ မှာ ကျောင်းအတွက်ပြဇာတ်ကရာကနေ သတိလစ်၊ တက်သွားပြီး တော့ ဆေးရုံရောက်သွားခဲ့ပါတယ်။အဲဒီမှာပဲ ဟန်နာတစ်ယောက် သူ့မိဘတွေဆီကနေ သူဟာ ရက် လမစေ့ဘဲ မွေးဖွားလာခဲ့တာဖြစ်ပြီး Failed abortion မှာအသက် ရှင်ကျန်ရစ်ခဲ့သူတစ်ယောက်ဆိုတာကိုသိရှိသွားခဲ့ရပါတယ်။ အဲဒီ လိုနဲ့ နောက်ပိုင်းမှာ ဟန်နာ့အနေနဲ့ သူ့ငယ်သူငယ်ချင်းဖြစ်သူ ဂျေ ဆန်နဲ့အတူ မိခင်ရင်းဖြစ်သူကိုရှာဖို့အတွက် မွေးစားဖခင်ကိုအတိုက် အခံလုပ်ပြီးတော့ မိုဘီလယ် အလာဘားမားကိုခရီးထွက်လာခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ "October Baby" ကားထဲမှာပဲဆက်ကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.7 GB) / (680 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 47Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator......Fiona Gillen Encoder..........SWM
movie
October Baby (2011)
2011
7.4
She Said (2022)
She Said (2022)~ IMDb - 7.4/10, Rotten Tomatoes - 87% ~2017 လောက်က ဟောလိဝုကိုရော ကမ္ဘာကြီးကိုပါ တုန်လှုပ်စေခဲ့တဲ့ အမှုအခင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဟာဗီဝိုင်းစတိန်းဆိုတဲ့ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်သူကြီး၊ Miramax ကုမ္ပဏီကို တည်ထောင်သူကြီးရဲ့ လိင်အကြမ်းဖက်မှုနဲ့ မုဒိန်းမှုတွေအကြောင်းပဲဖြစ်ပါတယ်။ မီရာမက်စ်ကုမ္ပဏီဆိုတာ Pulp Fiction, Kill Bill လိုမျိုး ကမ္ဘာကျော်ရုပ်ရှင်တွေ မရေတွက်နိုင်အောင် ထုတ်လုပ်ခဲ့တဲ့အပြင် ဟောင်ကောင်ဌာနခွဲကနေပဲ Shaolin Soccer လို ရုပ်ရှင်မျိုးတွေထုတ်ခဲ့တာပါ။ ဒါကြောင့် ဧရာမကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကမ္ဘာကျော် မင်းသား၊မင်းသမီး၊ ဒါရိုက်တာတွေအကုန် ဟာဗီနဲ့ ပတ်သက်နေရတာ များပါတယ်။အဲဒီအမှုမီးပွားကို စတင်ခဲ့သူကတော့ တိုင်းမ်မဂ္ဂဇင်းရဲ့ စုံစမ်းဖော်ထုတ်ရေး သတင်းထောက် ဂျိုဒီကန်တာနဲ့ မီဂန်တူဟီတို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ဒီနှစ်ယောက်ကို အဓိက ဇာတ်ကောင်အနေနဲ့ ထည့်သွင်းထားပြီး ဟာဗီဝိုင်းစတိန်းရဲ့လုပ်ရပ်တွေကို ...
movie
She Said (2022)
2022
5.1
Cursed Friends (2022)
Cursed Friends (2022) ================မကြာခင် ဟောလိုးဝင်းအခါသမယကို ရောက်ရှိလာတော့မှာ ဖြစ်တာမို့ ဟောလိုးဝင်းကာလမှာ Horror ရုပ်ရှင်များနဲ့ Chill ကြမယ့် ရုပ်ရှင်ချစ်သူ များအတွက် အခုတလောမှ ထွက်ရှိလာတဲ့ Horror, Comedy ဇာတ်ကား ကောင်းလေး တစ်ကား တင်ဆက်ပေးချင်ပါတယ်။၂၀၀၂ ခုနှစ် ဟောလိုးဝင်းကာလမှာ အဲရစ်ကာတို့ သူငယ်ချင်း လေးယောက်ဟာ သကြားလုံး လိုက်တောင်းရင်း M.A.S.H ဆိုတဲ့ ကစားနည်း စာအုပ်ကို ရလာခဲ့ ပါတယ်။ အဆိုပါ ကစားနည်းစာအုပ်ဟာ အနာဂတ်ကို ကြိုတင်ခန့်မှန်းပြီး ကစား ရတာဖြစ်ပါတယ်။ အဲရစ်ကာတို့လည်း ထိုကစားနည်းကို ကစားခဲ့ပြီးတော့ မေ့မေ့ ပျောက်ပျောက်ပဲ ဖြစ်သွားခဲ့ပါတယ်။ သူတို့မသိလိုက်တာက အဆိုပါစာအုပ်ဟာ ကစားသူတွေကို ကျိန်စာတိုက်တယ်ဆိုတာပါပဲ။၂၀၂၂ ခုနှစ် ဟောလိုးဝင်းကာလမှာတော့ အဲရစ်ကာလည်း သူ့မွေးရပ်မြို့ကို အလုပ် အင်တာဗျူးအတွက် ပြန်လည်ရောက်ရှိလာပြီး သူငယ်ချင်းလေးယောက် ဆုံတွေ့ ဖြစ်ကြပါတယ်။ ထိုနေ့မှာပဲ ငယ်စဉ်က ကစားခဲ့ဖူးတဲ့ စာအုပ်ကိုပြန်လည်ရှာတွေ့ပြီး ကျိန်စာအသက်ဝင်လာပါတော့တယ်။ စာအုပ်က ကျိန်စာတွေကို လွန်ဆန်ဖို့ ကြိုးစား ကြရင်း အဲရစ်ကာတို့ သူငယ်ချင်းတစ်သိုက် ...
movie
Cursed Friends (2022)
2022