Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
James Ashcroft
3.4
Catwoman (2004)
Catwoman (2004) Genre - Action,Crime,Fantasyဒီတစ်ခါမှာတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသမီးကြီး Halle Berry ပါဝင်သရုပ်ဆောင်ထားတဲ့ Catwoman နဲ့မိတ်ဆက်ပေးပါမယ်။ Patience ဟာ Hadre အလှကုန်ကုမ္ပဏီမှာ ဒီဇိုင်းဆွဲတဲ့အလုပ်လုပ်နေတဲ့ကောင်မလေးပါ။ တစ်နေ့မှာတော့ သူ့တိုက်ခန်းမှာဒီဇိုင်းဆွဲနေတုန်း ကြောင်လေးတစ်ကောင်ခေါင်မိုးပေါ်ရောက်နေတာတွေ့တာနဲ့ ပြတင်းပေါက်ကထွက်ပြီးကယ်ဖို့လုပ်ပါတော့တယ်။အဲဒီလိုကယ်နေတဲ့အချိန်မှာပဲ လမ်းကဖြတ်သွားတဲ့ စုံထောက်ကြီးတစ်ယောက်က ခုန်ချမယ်ထင်ပြီး လာကယ်ရင်းနဲ့ပဲ Patience နဲ့ စုံထောက်ကြီးတို့ခင်မင်သွားပါတော့တယ်။ တစ်နေ့ Patience တစ်ယောက် ကုမ္ပဏီကခိုင်းထားတဲ့ဒီဇိုင်းကိုစက်ရုံအထိသွားပေးရပါတယ်။ စက်ရုံကလျှို့ဝှက်ချက်တစ်ခုကိုမထင်မှတ်ပဲ သိသွားတာကြောင့် ကံဆိုးမိုးမှောင်ကျပြီး အသတ်ခံလိုက်ရပါတယ်။Patience တစ်ယောက်သေသွားတယ်ဆိုပေမဲ့ သူကယ်ခဲ့တဲအီဂျစ်နတ်ဘုရားမရဲ့တမန်တော်ကြောင်လေးရဲ့ အစွမ်းနဲ့ အသက်ပြန်ရှင်သန်လာခဲ့ပါတယ်။ ပြန်ရှင်သန်လာတဲ့အခါမှာ Patience တစ်ယောက် အရင်လိုမဟုတ်တော့ပါဘူး။ အထိအတွေ့၊ အနံ့ အာရုံခံမှုတွေဟာ လူသားတစ်ယောက်နဲ့မတူတော့ဘဲ ထူးခြားနေပါတယ်။ အဲဒီညကကိစ္စကိုလည်း မမှတ်မိပါဘူး။ ဒီလိုနဲ့ ကြောင်အစွမ်းတွေရပြီး ကြောင်လူသားဖြစ်သွားတဲ့ Patience ဟာ သူ့စိတ်ထင်ရာလျှောက်သွားလိုက်၊ လူဆိုးတွေကိုဝင်ဖမ်းလိုက်နဲ့ သတင်းတွေမှာနာမည်ကြီးလာပါတယ်။ နောက်ပိုင်းမှာ သူအသတ်ခံခဲ့ရတဲ့အဖြစ်မှန်ကိုသိပြီး သတ်ခဲ့တဲ့လူနဲ့ သတ်ခဲ့တဲ့အကြောင်းအရင်းကိုရှာပုံတော်ဖွင့်ပါတော့တယ်။ Catwoman တစ်ယောက် ကုမ္ပဏီရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်ပြီး တရားမျှတမှုကိုရှာဖွေနိုင်မလားဆိုတာကို မမရဲ့ အမိုက်စားတိုက်ခိုက်မှုပြကွက်တွေနဲ့တင်ဆက်ပေးထားတာကြောင့်ကြည့်ရှုခံစားလိုက်ပါဦး။File size… 2.1 GB / 971 ...
movie
Catwoman (2004)
Black Sheep (2007)
Black Sheep က ၂၀၀၆ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ မြင်ရခဲတဲ့ နယူးဇီလန်ဇာတ်ကားတစ်ကားဖြစ်ပြီး comedy horror အမျိုးအစားပါ။ဇာတ်လမ်းအကျဉ်းအနေနဲ့ဟင်နရီဆိုတဲ့ မွေးမြူရေးခြံပိုင်ရှင်မျိုးဆက်လူငယ်လေးဟာ ၁၅ နှစ်ကြာမှ မွေးရပ်မြေကို တစ်ခေါက်ပြန်လာခဲ့ပါတယ်။အကြောင်းရင်းကတော့ မိဘအမွေကိုဆက်ခံထားတဲ့ သူ့အစ်ကိုဆီက သူရထိုက်တဲ့အမွေကိုခွဲယူပြီး မြို့ကိုချက်ချင်းပြန်သွားဖို့ပါပဲ။ဟင်နရီဟာ ငယ်စဉ်ကအတိတ်ဆိုးတစ်ခုကြောင့် သိုးတွေကိုကြောက်ရွံ့တဲ့ phobia တစ်မျိုးရရှိနေသူပါ။အဲ့ဒီလိုပြန်လာချိန်မှာ သူ့အစ်ကိုက သိုးတွေအပေါ်စမ်းသပ်သုသေသနတွေပြုလုပ်နေပြီး မျိုးရိုးဗီဇပြုပြင်ထားတဲ့သိုးတွေကို ကမ္ဘာမှာ ချပြတော့မှာဖြစ်ပါတယ်။ အဲ့ဒီကနေဘေးထွက်ဆိုးကျိုးအဖြစ်သိုးတွေဟာ ရက်စက်တဲ့လူသားစားသတ္တဝါတွေအဖြစ်ကိုပြောင်းလဲသွားပြီး နီးစပ်ရာလူမှန်သမျှကိုတိုက်ခိုက်ကြပါတယ်။ သူတို့တိုက်ခိုက်ခံရတဲ့သူတွေကပါ အသိစိတ်လွတ်ပြီး ဖုတ်ကောင်တစ်ပိုင်းသိုးတစ်ပိုင်း ဘ၀ကိုပြောင်းလဲသွားကြတဲ့ အန္တရာယ်နဲ့နဂိုကတည်းက သိုးတွေကိုကြောက်တတ်တဲ့ ဟင်နရီနဲ့ထိပ်တိုက်ရင်ဆိုင်တွေ့ရချိန်မှာတော့..။ရက်စက်တဲ့ ဖုတ်ကောင်အကြမ်းဖက်ခန်းတွေဖောဖောသီသီပါဝင်ပြီး အဲ့ဒီကြားထဲက ကမောက်ကမဖြစ်ရပ်တွေကို ဟာသနှောပြီး သွက်သွက်လက်လက်တင်ပြထားတာဖြစ်ပါတယ်။ horror ပရိသတ်ရော comedy ပရိသတ်တွေက အကြိုက်တွေ့စေမယ့် ကားကောင်းလေးတစ်ကားပါပဲ။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie
Black Sheep (2007)
7.0
Chaos (2005)
Chaos (2005)အညွှန်း******************မင်းသားကြီးJason Statham ပါဝင်တဲ့ အက်ရှင်ကားလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်...ပြန်ပေးဆွဲမှုတစ်ခုမှာ ပြန်ပေးသမားရော ဓားစာခံပါဆုံးပါးသွားရတာကြောင့် တာဝန်ရှိ ရဲအရာရှိနှစ်ယောက်ဖြစ်တဲ့ ကော်နာစ်နဲ့ ယော့ခ်မှာ ယော့ခ်ကို အလုပ်ထုတ်ပြီး ကော်နာစ်ကို တာဝန်က ဆိုင်းငံ့ခဲ့ပါတယ်။ ဒီလိုနဲ့ ကော်နာစ်ကို ပြန်တာဝန်ထမ်းဆောင်ဖို့ ဆင့်ခေါ်စေခဲ့တဲ့အကြောင်းကတော့ အခြားမဟုတ်ပါဘူး။ ဘဏ်ဓားပြမှုတစ်ခုပါပဲ။ အဲဒီအမှုကို ကျူးလွန်တဲ့ ဘဏ်ဓားပြတွေက စုံထောက်ကော်နာစ်ကလွဲရင် ဘယ်သူနဲ့မှ စကားမပြောချင်ဘူးလို့ တောင်းဆိုလာတာကြောင့် ကော်နာစ်တစ်ယောက် အမှုအခင်းတွေကြားကို ပြန်လည်ရောက်ရှိခဲ့ရပါပြီ။ ဒါ့အပြင် စုံထောက်ပေါက်စလေး ရှိန်းဒက်ကာကိုပါ တွဲဘက်အသစ်အဖြစ် ရရှိခဲ့ပါသေးတယ်။ စိတ်အချဉ်ပေါက်နေပေမယ့် အလုပ်မှာ သိပ်တော်လွန်းတဲ့ ကော်နာစ်တစ်ယောက် ရှိန်းနဲ့အတူ ဓားပြတွေကို ဖော်ထုတ်ပြီး မိအောင်ဖမ်းနိုင်ပါ့မလားဆိုတာကတော့…. File Size :(1.96GB) (817 MB) and (253 MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:46:00 Genre : Action , Crime ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by ...
movie
Chaos (2005)
6.2
Walking Tall (2004)
အက်ရှင်ကားကြိုက်တဲ့ပရိသတ်တွေအတွက် ဇာန်ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပါတယ်Walking Tall ရုပ်ရှင်ဇာတ်ကားဟာ ၂၀၀၄ခုနှစ်ထွက် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး Imdb rating 6.2/10 ရရှိထားပါတယ်ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ အက်ရှင်မင်းသားကြီးDwayne Johnson,မင်းသမီးချော Ashley Scott,မင်းသား Johnny Knoxville စတဲ့သူတွေဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဂုဏ်ထူးဆောင်စစ်သားဖြစ်ဖူးတဲ့ Chris Vaughn တစ်ယောက် ရာထူးကနေအနားယူပြီး မွေးရပ်မြေမြို့လေးမှာ ပြန်အခြေချနေထိုင်ခဲ့ပါတယ်။သူပြန်လာတဲ့အခါ တစ်မြို့လုံးမှာအကြီးဆုံးစီးပွားရေးက အရင်ကျောင်းနေဖက်တွေဖြစ်ခဲ့ဖူးတဲ့Jay Hamilton နဲ့ Ray Templeton တို့ဦးစီးလုပ်ကိုင်နေတဲ့ ကာစီနိုလောင်းကစားဝိုင်းကြီးဖြစ်နေခဲ့ပါတယ်။တစ်မြို့လုံးမှာ လောင်းကစား အရက် ဆေး စသည်ဖြင့်မကောင်းမှုမျိုးစုံနဲ့ပြည့်နေတာကိုမြင်နေရတဲ့အခါ Chris တစ်ယောက် ရဲတွေကိုယ်စား သူ့လက်နဲ့ဖြေရှင်းပါတော့တယ်။သူတစ်ကယ်ပဲဖြေရှင်းနိုင်ပြီး အရင်ကလိုကောင်းမွန်တဲ့မြို့လေးပြန်ဖြစ်အောင်လုပ်နိုင်မှာလား....ဘယ်လို ပြဿနာတွေကြုံတွေ့ရမှာလဲဆိုတာ စွန့်စားခန်းအပြည့်နဲ့ရိုက်ကူးထားတာမို့ အက်ရှင်ကားချစ်ပရိတ်သတ်တွေကြည့်ရှု့အားပေးလိုက်ပါဦး File Size : (750 MB) and (310 MB) Quality : Blu-Ray 720p Running Time : 1hr 26min Format : Mp4 Genre : Action, ...
movie
Walking Tall (2004)
2004