Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jamel Debbouze
She Hate Me (2004)
ဒီဇာတ်လမ်းမှာတော့ မင်းသား Anthony Mackie က ဂျွန်ဟင်နရီအမ်းစထရောင်းအဖြစ် အဓိကသရုပ်ဆောင်ထားပြီး Kerry Washington ၊ Woody Harrelson နဲ့ Monica Bellucci တို့ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Drama အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဂျွန်က ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး သူတို့ ကုမ္ပဏီကြီးက AIDS ရောဂါကာကွယ်ဆေးကို ထုတ်လုပ်ဖို့ကြိုးစားနေတာပါ။ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်အတွင်း ကျင့်ဝတ်ဆိုင်ရာချိုးဖောက်မှုတွေကို ဂျွန်က သိမြင်လာရတဲ့အတွက် အဲ့ဒီကိစ္စတွေကို ကျင့်ဝတ်ဆိုင်ရာထိန်းသိမ်းရေးကော်မတီတစ်ခုကို တိုင်ကြားလိုက်ပါတော့တယ်။ ဒါကြောင့် သူလည်း အလုပ်ပြုတ်သွားတဲ့အချိန်မှာ သူ တစ်ချိန်က ဇနီးအဖြစ်မတော်လိုက်ရတဲ့ ချစ်သူဟောင်း ဖာတီမာက သူ့ဘဝထဲကို ပြန်ဝင်လာပါတော့တယ်။သူတို့ မယူဖြစ်ခဲ့ကြပုံမှာလည်း လက်ထပ်ခါနီးမှာမှ ဖာတီမာက သူမကို သူမ လိင်တူချစ်မြတ်နိုးမှန်းသိလိုက်ရတာကြောင့်ပါ။ ယခုအခါ သူမက သူမရဲ့ လက်ရှိချစ်သူကောင်မလေးနဲ့ တပြိုင်နက် ကိုယ်ဝန်လွယ်ချင်ပြီး ကလေးရဲ့ ...
movie
She Hate Me (2004)
7.0
Angel-A (2005)
IMDb - 7/10နာမည်ကျော်ရုပ်ရှင် Léon: The Professional(1994)ကို ရေးသားရိုက်ကူးခဲ့တဲ့ ဒါရိုက်တာLuc Bessonရဲ့ လက်ရာ ပြင်သစ်ဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အန်ဒရေဆိုတဲ့လူက အကြွေးနွံနစ်ပြီး အကြွေးရှင်တွေရဲ့ ခြိမ်းခြောက်မှုကိုခံနေရတဲ့သူတစ်ယောက်။ ဘယ်လောက်အကြွေးနွံနစ်ပြီး မွဲပြာကျနေပါစေ သူ့ကိုယ်သူ စီပွားရေးလုပ်ငန်းတွေ အများကြီးလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ကြီးတစ်ယောက်ဆိုတာကတော့ ပါးစပ်ဖျားကမချပါဘူး။တစ်ရက် အီဖယ်တာဝါပေါ်ကနေပါ ပစ်ချမဲ့အထိ ခြိမ်းခြောက်လာတဲ့ အကြွေးရှင်တွေကြောင့် လူ့လောကကြီးမှာ မနေချင်တော့ပါဘူးဆိုပြီး တံတားပေါ်ကနေခုန်ချမယ်အလုပ် အရပ်ရှည်ရှည် ဆံပင်ရွှေရောင်နဲ့ အမျိုးသမီးလေးတစ်ယောက်ဘေးမှာပေါ်လာပါတယ်။ သူ့လိုပဲ မိန်းကလေးကလည်း တံတားပေါ်ကခုန်ချမလို့ပါ။သူ ခုန်မချခင် ဟိုက ခုန်ချသွားလို့ အန်ဒရေတစ်ယောက် ကယ်လိုက်ရပါသေးတယ်။ဒီမှာပဲ မိန်းကလေးဖြစ်သူက အန်ဒရေကို ကျေးဇူးဆပ်တဲ့အနေနဲ့ အန်ဒရေခိုင်းတာလုပ်ပါ့မယ်ဆိုပြီး အနားကနေ မခွာတော့ပါဘူး။ မိန်းကလေးရဲ့ အကူအညီနဲ့ အကြွေးတွေလိုက်ဆပ်ရာကနေ သိလိုက်ရတာက သူထင်သလို ဒုက္ခရောက်နေတဲ့ ကောင်မလေးမဟုတ်ဘဲ သူ့ကိုကယ်တင်ဖို့ ကောင်းကင်ဘုံကနေ နတ်သက်ကြွေလာတဲ့ အိန်ဂျယ်လေးတစ်ပါးဖြစ်နေတယ်ဆိုတာပါပဲ။ ဒီကနေ သူတို့နှစ်ယောက် ဘယ်လိုစခန်းသွားကြမလဲဆိုတာ ...
movie
Angel-A (2005)
6.6
Asterix & Obelix: Mission Cleopatra (2002)
Asterix & Obelix: Mission Cleopatra (2002)IMdb (6.6) / Rotten Tomatoes (86%)ရောမဘုရင် ဂျူးလိယက်ဆီဇာ ဟာ တိုက်တိုင်းအောင်စစ်ဘုရင်ကြီးဖြစ်နေတော့အီဂျစ်ဘုရင်မ ကလီယိုပါထရာနဲ့တွေ့တဲ့ချိန် အီဂျစ်သားတွေကို အထင်အမြင်သေးစွာ ပြောဆိုလိုက်တယ်...ဒါကို ကလီယိုပါထရာက တင်းပြီး အီဂျစ်သားတွေဟာ သမိုင်းဝင်ပိရမစ်တွေကို ဘယ်လိုဆောက်ခဲ့ကြောင်း ကြီးကျယ်ကြောင်း ပြန်ချေပတယ်..ဒီလို အီဂျစ်သားတွေ ကြီးကျယ်ကြောင်းသက်သေပြဖို့ ဆီဇာနဲ့ အလောင်းအစားတစ်ခုလုပ်လိုက်တယ်..၃ လအတွင်း နန်းတော်ကြီးတစ်ခု အပြီးဆောက်ပြမယ်ဆိုပြီးတော့ပေါ့...ဒီနန်းတော်ကိုဆောက်ဖို့ အီဂျစ်မှာ တလွဲလုပ်နေကျ ဗိသုကာပညာရှင် အက်ဒစ်ကို ခိုင်းလိုက်တဲ့အခါ...အက်ဒစ်ဆိုတာက နယ်နယ်ရရ ဗိသုကာပညာရှင်တော့မဟုတ်ပါဘူး..ပြတင်းပေါက်ကို လက်လှမ်းမမီတဲ့နေရာမှာဆောက်တဲ့လူမျိုးပါ...၃ လနဲ့အပြီးဆောက်ဖို့ မဖြစ်နိုင်တဲ့အဆောက်အဦးကို အက်ဒစ်တစ်ယောက် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီး ဆောက်မလဲ..သူ့ကို ချောက်တွန်းမယ့်လူရော မှော်အစွမ်းတွေနဲ့ကူညီမယ့်လူတွေရောရှိနေတာမို့ ဘယ်လိုဖြစ်ပျက်မလဲဆိုတာ ကြည့်ရမှာပါ။ဒီဇာတ်ကားက သမိုင်းနောက်ခံ ဟာသစွန့်စားခန်း ပြင်သစ်ဇာတ်ကားဖြစ်ပြီးတော့ ကလီယိုပါထရာအဖြစ် Monica Bellucci ,အက်ဒစ်အဖြစ် Jamel Debbouze , Astrix ...
movie
Asterix & Obelix: Mission Cleopatra (2002)
2002
HEVC 1080p 5.1
6.0
The New Toy (2022)
The New Toy (2022) ================ IMDb Rating - 6.0/10ဒီ ပြင်သစ်ဟာသကားလေးကတော့ ၁၉၇၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဂန္ဒဝင်ကား The Toy ကို ပြန်လည်မှီငြမ်း ရိုက် ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အစွန်းနှစ်ဖက်က လူသား တွေ တွေ့ဆုံကြပြီး ကြုံတွေ့ရမယ့် ဒုက္ခတွေ ပြဿနာတွေ လူ့သဘာဝတွေ သုခတွေကို သေချာတင်ဆက်ထားတဲ့ ဟာသ ဒရမ်မာကားကောင်းလေးပါ။ ပထမဦးဆုံးအနေနဲ့ တစ်ဖက်မှာ လွန်ခဲ့တဲ့တစ်နှစ်က မိခင်ဖြစ်သူ ဆုံးပါးထားပြီး ဖခင်ကလည်း အလုပ်တွေရှုပ်နေတဲ့အခါ သေချာမကြည့်နိုင်လို့ ဖြစ်ချင်တိုင်းဖြစ် အင်မတန်ဆိုးသွမ်းနေတဲ့ပြင်သစ်ရဲ့အချမ်းသာဆုံးမိသားစုက ကောင်လေး အဲလက်စ်။ တစ်ဖက်မှာတော့ ကိုယ်ဝန်(၈)လရှိတဲ့ ဇနီးဖြစ်သူရဲ့လစာကို မှီခိုနေရပြီး အလုပ်အကိုင်အဆင်မပြေ ပြဿနာပေါင်းစုံတက်နေတဲ့ ဆမီ။ဖြစ်ချင်တော့ ဆမီတစ်ယောက် ရရာအလုပ်လုပ်မယ်ဆိုပြီး ကုန်တိုက်ထဲမှာ ညစောင့်လုပ်ပြီး အိပ်ပျော်နေတုန်း အဲလက်စ် ကလည်း သူ့မွေးနေ့လက်ဆောင်ရှာဖို့ဆိုပြီး သူ့အဖေတပည့် တပန်းတွေနဲ့ လာရှာတဲ့အချိန် ဆမီ့ကို သဘောကျသွားပြီး လက်ဆောင်အဖြစ် တောင်းဆိုလိုက်ပါတော့တယ်။ ဒီမှာ သဘော မကျပေမယ့်လည်း ငွေရေးကြေးရေး အဆင်မပြေမှုကြောင့်သာ ကြိတ်မှိတ်သဘောတူလိုက်ရတဲ့ဆမီတစ်ယောက် ဆိုးသွမ်းပေ တေတဲ့ကောင်ဆိုးလေး အဲလက်စ်နဲ့ နှစ်ပါးသွားဖို့ ဖြစ်လာပြီး ပြဿနာတွေတက် အရှုပ်တော်ပုံ ဖြစ်လာတာကို ပျော်ပျော်ပါးပါး ရယ်ရယ်မောမောနဲ့ ...
movie
The New Toy (2022)
2022
Alad’2 (2018) The Brand New Adventures of Aladin
2015 ကထွက်ခဲ့တဲ့ အာလာဒင်ဟာသကားလေးကို ကြည့်ဖူးသူတိုင်းမှတ်မိကြဦးမယ်ထင်ပါတယ်။ကွန်ပြူတာအထူးပြုလုပ်ချက်တွေလည်းမဆိုးသလို အလွန်လည်းရယ်ခဲ့ရတဲ့ ကားကောင်းလေးတစ်ကားပါ။အဲဒီကားလေးရဲ့အဆက်နံပါတ် ၂ ကားလေးကိုတော့ ၂၀၁၈ မှာထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ဟာသကားဖြစ်သည့်အားလျော်စွာ အလွန်ခွီးနေရမှာလည်းဖြစ်သလို ကွန်ပြူတာအထူးပြုလုပ်ချက်တွေနဲ့ဇာတ်လမ်းဇာတ်ကွက်ကအလွန်ကောင်းပြန်တဲ့ ကားလေးတစ်ကားပါပဲ။ဇာတ်လမ်းအကျဉ်းလေးကတော့ပထမဇာတ်လမ်းက အာလာဒင်ဟာ နန်းတော်ကြီးမှာ ရွှေနန်းပြောင်ပြောင်းနန်းဆောင်ဆောင်နဲ့နေရပြီး အရင်လိုစွန့်စားခန်းတွေမရှိတော့တဲ့သူ့ဘဝကြီးကိုပျင်းနေပါတယ်။မင်းသားဖြစ်သူအာလာဒင်ဘာမှသေချာမစီမံပေးနိုင်တာကြောင့်အဆင်မပြေဖြစ်နေရတဲ့တိုင်းပြည်ကြီးကို ရှားဇမန်ဆိုတဲ့သူရောက်လာပြီး တိုင်းပြည်သိမ်းဖို့လုပ်တဲ့အခါအင်အားမသာတာကြောင့်အရေးနိမ့်ပြီး မင်းသားအာလာဒင်အနေနဲ့ထွက်ပြေးရပါတော့တယ်။အခက်အခဲတွေရောက်နေတဲ့ အာလာဒင်ဟာ သူလွှတ်ပေးခဲ့တဲ့ သူရဲ့ဂျင်းနီကိုပြန်ရှာတဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံရမယ်၊ထွက်ပြေးသွားတဲ့အာလာဒင်ကိုယုံကြည်မှုကင်းမဲ့သွားတဲ့မင်းသမီးရဲ့ယုံကြည်မှုကိုဘယ်လိုပြန်ရအောင်ကြိုးစားရမယ်၊ဇာတ်လမ်းထဲမှာဘယ်လိုလှည့်ကွက်မြုပ်ကွက်လေးတွေပါမယ်ဆိုတာကို ဟာသလေးတွေနဲ့တောက်လျှောက်ကြည့်ရင်းဘဝအမောတွေပြေရစေဖို့ ဒီတစ်ခါညွှန်းလိုက်ရတဲ့ကားလေးကတော့ Aladdin 2(2018) ပဲဖြစ်ပါတယ်ခင်ဗျာ။(Aladin 1 ကို ဒီမှာ https://channelmyanmar.to/the-new-adventures-of-aladdin-2015/ ဒေါင်းပါ။) File size…(1.8 GB) and (1 GB) Quality…BluRay 1080p & 720p 5.1CH (HEVC Encode) Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie
Alad’2 (2018) The Brand New Adventures of Aladin
HEVC 1080p 5.1
8.3
Amélie (2001)
Amélie(2001)========================IMDb Rating- 8.3/10 Rotten Tomatoes- 89% "အဲ့ကောင်မလေးက သူများရဲ့ ကမောက်ကမ ဘ၀တွေကို ကူပြင်ပေးဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်လေ" "ကိုယ့်ဘ၀ကိုယ်ကျတော့ရော မပြင်ဘူးလား? ကိုယ်ရဲ့ ကမောက်ကမဖြစ်နေတဲ့ ဘ၀ကို မပြင်ဘူးလား? ကိုယ်မှ မပြင်ရင် ဘယ်သူက လာပြီး ကူပြင်ပေးမှာလဲ? " -Amélie(2001) ကျောင်းတက်ဖို့အရွယ်ရောက်လာတဲ့Amélie Poulainကို သူ့အဖေက နှလုံးရောဂါရှိတယ်လို့ အမှတ်မှားပြီး ကျောင်းမထားပါဘူးဒီတော့ သူ့အမေက သူ့ကို အိမ်မှာပဲ ထားပြီး ကိုယ်တိုင် စာသင်ပေးပါတယ်အဲ့အချိန်ကစပြီး Amélieက အထီးကျန်တဲ့လူတစ်ယောက်ဖြစ်လာပြီး သူ့အထီးကျန်မှုတွေကို စိတ်ကူးယဉ်မှုတွေနဲ့ပဲ အဖော်ပြုခဲ့ပါတယ်ဒါကြောင့် အရွယ်ရောက် အလုပ်လုပ်နေတဲ့အချိန်မှာ ကိစ္စတိုင်းကို သူမတူတဲ့အမြင်နဲ့ ရှုမြင်တတ်တဲ့လူတစ်ယောက်ဖြစ်လာပါတယ်မင်းသမီး ဒိုင်ယာနာဆုံးတဲ့ ၁၉၉၇ခုနှစ် ဩဂုတ်လ ၃၁ရက်မှာ သူ့ကံကြမ္မာပြောင်းဖို့ ဖြစ်လာပါတယ်အဲ့နေမှာ Amélieက သူ့တိုက်ခန်းထဲကနေ ဘူးတစ်ဘူးရှာတွေ့ပါတယ်အဲ့ဘူးက တခြားတော့ မဟုတ်ပါဘူးလွန်ခဲ့တဲ့ နှစ်လေးဆယ်က သူ့တိုက်ခန်းမှာနေခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ ပစ္စည်းပါအဲ့ဘူးလည်း တွေ့တော့ Amélieက ...
movie
Amélie (2001)
2001