Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jakub Sierenberg
7.2
Scarborn (2023)
အရင်ခေတ်စစ်ကားတွေကို နာဇီတွေဂျာမနီတွေပဲ ကြည့်ရတာပျင်းလာပြီဆိုတဲ့ သူတွေအတွက် ပိုလန်အမေရိကန်တော်လှန်ရေးစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Scarborn ဖြစ်ပြီး IMDb Rating 7.2အထိ ရရှိထားပါတယ်။ဒီဇာတ်ကားမှာအရေးအကြီးဆုံးသူကတော့Kosciuszko ဆိုတဲ့ ပိုလန်ဗိုလ်ချုပ်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။သူက သူ့အမိမြေဖြစ်တဲ့ ပိုလန်နိုင်ငံလွတ်လပ်ရေးရဖို့အတွက်အမေရိကန်တော်လှန်ရေးစစ်ပွဲမှာ ဦးဆောင်ပြီး ရှရှားတွေကိုတိုက်ထုတ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ဒီအဖြစ်အပျက်တွေက ၁၇၉၄ ခုနှစ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာကျွန်တွေ လယ်သမားတွေကို မြေရှင်ကြီးတွေမျိုးရိုးမြင့်သူတွေက နိုင်ထက်စီးနင်း ပြုပုံတွေကိုမြင်ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့် မျိုးရိုးနိမ့်ဆင်းရဲသားတွေကလည်းဗိုလ်ချုပ်ကြီးKosciuszko ရဲ့တော်လှန်ရေးမှာပါဝင်ခဲ့ကြတာလည်း မဆန်းပါဘူး။ရှရှားတွေဘက်ကနေလည်း ဗိုလ်ချုပ်ကြီးကိုဖမ်းဆီးဖို့ အပြင်းအထန်အသည်းအသန်တွေလိုက်ရှာကြပုံတွေကိုလည်း တွေ့ရမှာပါ။ဒီလိုနဲ့အဖိနှိပ်ခံဆင်းရဲသားတွေရဲ့ဘ၀ ကျူးကျော်သူတွေရဲ့ရက်စက်ကြမ်းတမ်းပုံတွေနဲ့ ကိုယ့်နိုင်ငံလွတ်လပ်ရေးရဖို့ရရာလက်နက်အင်အားနဲ့နည်းဗျူဟာကျကျပြန်လည် တော်လှန်တဲ့ဗိုလ်ချုပ်ကြီးတို့ရဲ့တော်လှန်တိုက်ပွဲတွေကို စုံစုံလင်လင်စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.33GB/ 521MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Scarborn (2023)
Unpredictable/ Nieobliczalna (2024)
အိမ်ထောင်ရေးဒရာမာရုပ်ရှင်ပါ။ ဒီရုပ်ရှင်ထဲမှာက အဓိကမိသားစုက နှစ်စုပါမယ်ပြောရမယ်။ ပထမမိသားစုက ဗိုအီတက်ရှ်နဲ့ မာတီနာတို့ရဲ့မိသားစု၊ သူတို့မိသားစုမှာက သမီးလေးတစ်ယောက်ရှိတယ်။ ဗိုအီတက်ရှ်က မိသားစုကိုဦးဆောင်နေတဲ့ သူဌေးတစ်ဦးဖြစ်ပြီး မိန်းမနဲ့သမီးကိုလိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတယ် ဒါပေမဲ့ အလွန်အမင်းချုပ်ချယ်တတ်တယ် အိမ်တွင်းအကြမ်းဖက်တယ်။မိန်းမဖြစ်သူမာတီနာက အမြဲတမ်း ဗိုအီတက်ရှ်ရဲ့မျက်နှာကိုကြည့်နေရပြီး ယောက်ျားစိတ်အလိုကျနေထိုင်ပေးနေရတဲ့ လှောင်အိမ်ထဲကငှက်တစ်ကောင်ပမာ အမျိုးသမီးတစ်ဦး။ မာတီနာမှာ အလီစီယာလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ အလီစီယာမှာက တက္ကသိုလ်ကျောင်းသားအရွယ် သားယောက်ျားလေးတစ်ယောက်ရှိပြီး အလီစီယာတို့သားအမိက အမေတစ်ခုသားတစ်ခုဘ၀နဲ့ ကြိုးစားဖြတ်သန်းနေကြရတာ။ဒီလိုနဲ့ တရက်မှာတော့ မထင်မှတ်ထားတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ ပေါက်ဖွားလာခဲ့ပြီး ဒီဇာတ်လမ်းဟာ မာတီနာရော အလီစီယာတို့မိသားစုနှစ်ခုလုံးအတွက် ပျက်ကိန်းဆိုက်ဖို့ရာအကြောင်းဖန်လာပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာ ရှုပ်ထွေးပွေလီလှတဲ့ အိမ်ထောင်ရေးဇာတ်လမ်းတွေ၊ လူသားတွေရဲ့ ဆန်းကြယ်လှတဲ့လိင်မှုလိုအင်ဆန္ဒတွေအကြောင်းကို နှံ့နှံ့စပ်စပ်ရိုက်ကူးပြသထားပါတယ်။**Sex scene တွေလည်း ဖောဖောသီသီပါ၀င်လို့ မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်တော်ပါဘူး** File size…(1.4 GB)/(736 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Unpredictable/ Nieobliczalna (2024)
7.6
The Zone of Interest (2023)
၂၀၂၄ အကောင်းဆုံး နိုင်ငံခြား ရုပ်ရှင် အော်စကာဆု၊ အကောင်းဆုံးရုပ်ရှင်ဆု၊ ဒါရိုက်တာဆု၊ အသံဆု နဲ့ ဇာတ်ညွှန်းဆုတို့ ဆန်ကာတင်ထားတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ သမိုင်း ဒရာမာ ရုပ်ရှင်ကောင်းတစ်ကားလာပါပြီ။ဒီဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။နာဇီအရာရှိမိသားစုဖြစ်တဲ့ ဟို့စ် နဲ့ သူ့မိန်းမ ဟက်ဝစ်တို့ ရဲ့ အေးချမ်းတဲ့ မိသားစုဘဝလေးအကြောင်းပါ။ သားသမီးတွေနဲ့ ဥယျာဉ်တွေနဲ့ ပျော်စရာအိမ်လေးတစ်အိမ်မှာ သူတို့နေကြတယ်။ သူတို့အိမ်နဲ့ကပ်ရပ်မှာတော့ ချွေးတပ်စခန်းကြီးတစ်ခုရှိတယ်။ သေနတ်သံတွေအော်သံတွေ အမြဲလိုလိုကြားရတယ်။ သူတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာဆိုလို့ အိမ်ဘေးက ရေကန်ထဲကို မီးရှို့သတ်ထားတဲ့ ဂျူးအလောင်းအပိုင်းအစတွေ မျောလာတတ်တာလေးပါပဲ။ဟို့စ်ရဲ့အဓိက တာဝန်က ချွေးတပ်စခန်းက အလုပ်သမားတွေ ရွေးထုတ်ဖို့နဲ့ ပိုနေတဲ့ ဟန်ဂေရီထဲက ဂျူး ၆ သိန်းလောက်ကို အဆိပ်ငွေ့ပေးပြီး သတ်ပေးဖို့ပါပဲ။ ဒီအလုပ်က သူ့အတွက်ခက်ခဲပါတယ်။ ခံစားရလို့တော့မဟုတ်ပါဘူး။ အရိုးပြာတွေရှင်းဖို့၊ နေ့စဉ် မီးရှို့တဲ့အလောင်းအရေအတွက် ပြည့်ဖို့၊ အဆိပ်ငွေ့ပေးရတာ အဆင်ပြေဖို့တွေ စီမံရတာပါပဲ။ သူရာထူးတိုးနဲ့ ...
movie
The Zone of Interest (2023)
7.0
Johnny(2022)
Johnny(2022)*************ဖြစ်ရပ်မှန်ကိုဇာတ်အိမ်တည်ထားပြီး လူတိုင်းဒုတိယအခွင့်အရေးနဲ့ထိုက်တန်တာမလို့အားလုံးအပေါ်မေတ္တာတရားထားပေးသင့်ကြောင်းကို ရိုးရိုးရှင်းရှင်းရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ ဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်အဖြစ် ဘုန်းတော်ကြီးတစ်ပါးနဲ့ ရာဇဝတ်သားတစ်ယောက်ပါဝင်ပါတယ်။ ဒီဘုန်းတော်ကြီးဟာ မိမိယုံကြည်ရာကို တစ်စိုက်မတ်မတ်လုပ်တတ်တဲ့သူ၊လူသားတိုင်းအတွက်အနစ်နာခံ ပေးဆပ်သူပေ့ါ။ တစ်နေ့ကျတော့ ဘုန်းတော်ကြီးဆီကို ရာဇဝတ်သားဟာ သူ့ရဲ့ပြစ်မှုစောင့်ကြည့်ကာလအတွင်းလူထုအကျိုးပြုအလုပ်လုပ်ဖို့ဆိုပြီး အလုပ်လာတောင်းပါတော့တယ်။ ဒီလိုနဲ့ပဲ လူတစ်ယောက်ဟာ ဘဝရဲ့ တန်ဖိုးအရှိဆုံးအရာတွေထဲကတစ်ခုဖြစ်တဲ့ဒုတိယအခွင့်အရေးကိုအသုံးချပြီး ဘယ်လောက်အထိပြောင်းလဲပစ်နိုင်လဲဆိုတာမြင်တွေ့ရမယ့် Biographyကားကောင်းလေးတစ်ကားဖြစ်ပါတယ်..File Size :(1.8GB) and (714MB) Quality : WEB-DL1080P5.1Ch,720p Format…mp4 Duration…01:59:00 Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Johnny(2022)