Channel Myanmar

Jakob Oftebro

Stockholm Bloodbath (2023)
Stockholm Bloodbath (2023)  အခုတင်ဆက်ပေးမယ့်ဇာတ်လမ်း‌လေးကတော့ နိုင်ငံရေးဇာတ်လမ်းတွေ စိတ်ဝင်စားတဲ့သူတွေအတွက် အကြိုက်တွေ့မယ့် တော်လှန်ရေးကားပုံစံလေးဖြစ်ပါတယ်ဇာတ်လမ်းကိုအရမ်းပြောလိုက်ရင် spoilမိသွားနိုင်လို့ အတိုချုပ်ပဲပြောပါရ‌စေရှင့် အဓိက ကတော့ နိုင်ငံရေးကားလို့ပြောရပါမယ် ချစ်ကြည်ရေးကို ဗန်းပြပြီး နိုင်ငံကိုသိမ်းတာကို မခံနိုင်လို့ပြန်လည်တော်လှန်ကြရာကနေ အဲ့ထဲက နိုင်ငံရေးအရှုပ်တော်ပုံတွေ ဘုရင်နဲ့ဘုန်းတော်ကြီးတစ်ယောက်ပူးပေါင်းကြံစည်မှုတွေနဲ့ အရမ်းဇာတ်အိမ်ခိုင်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာလည်းဖြစ်တာကြောင့် ပရိတ်သတ်တွေကို ရသတစ်ခုတော့ပေးစွမ်းနိုင်မှာပါသေချာပါတယ် File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:25:00 Genre... Action, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe
movie

Stockholm Bloodbath (2023)

In Order of Disappearance (2014) 7.1
In Order of Disappearance (2014)  ဒီဇာတ်ကားဟာ ၂၀၁၄ခုနှစ်ကထွက်ရှိခဲ့တဲ့ ​​နော်​ဝေထုတ်ဇာတ်ကားဖြစ်ပြီး IMDb 7.1နဲ့ RT -86%ရထားတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းရဲ့အကျဉ်းကအမြဲတ​စေနှင်း​တွေကျ​နေတဲ့ ​တောင်​ပေါ်မြို့​လေးမှာနှင်းရှင်းစက်​မောင်းတဲ့ အလုပ်နဲ့ ပြည်သူ့သား​ကောင်းဆု ရထားတဲ့ ​နေးလ်ဒစ်မန်းတို့ လင်မယားဟာ တစ်​နေ့မှာ သားဖြစ်သူ အသတ်ခံလိုက်ရတဲ့အတွက် သူတို့သားကို သတ်သွားတဲ့ လက်သည်​တွေကိုစုံစမ်းရင်း နယ်ခံမူးယစ်ဂိုဏ်းရဲ့လက်ချက်ဖြစ်​ကြောင်း သိသွားတဲ့အခါ အဲဒီဂိုဏ်းသား​တွေကို တစ်​ယောက်ချင်း ပြန်လိုက်သတ်ရင်းသားရဲ့​​သွေး​​ကြွေးကို ပြန်ဆပ်ဖို့ကြိုးစားပုံ​တွေကို ကြည့်ရှုရမှာပါ။ File size…1.58GB / 594MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 56m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

In Order of Disappearance (2014)

Department Q: A Conspiracy of Faith (2016) 7.0
Department Q: A Conspiracy of Faith (2016) IMDB – 7.0/10Q ဌာနရဲ့ တတိယအမှုတွဲကား စောင့်မျှော်နေသူတွေအတွက် ပြန်လာခဲ့ပါပြီ။ဒီအမှုမှာတော့ ဘာသာရေးတွေ ယုံကြည်မှုတွေရဲ့ အစွန်းရောက်ခြင်းရဲ့ဆိုးကျိုးတွေကို မေးခွန်းထုတ် ပညာပေးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ပင်လယ်ထဲမှာ ၈ နှစ်ကြာ မျောလာတဲ့ ပုလင်းလေးတစ်လုံးအထဲမှာ စာတစ်စောင်ပါတယ် ဘယ်သူကမှ မတွေ့ခဲ့ကြဘူးခုချိန်က လွဲလို့ပေါ့။ အထဲက စာလေးကလည်း ကလေးတစ်ယောက်ရေးသားထားတဲ့စာ သူအဖမ်းရလို့ လာကယ်ပါဆိုပြီး အကူအညီတောင်းတဲ့စာလေး ဒီစာလေးဟာ ၈ နှစ်အကြာမှာ Q ဌာနကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ အဲဒါနဲ့ Q ဌာန ဇာတ်လိုက်ကျော်တွေ ဒီစာလေးကို အဖြေလိုက်ရှာနေတဲ့အချိန်မှာပဲ နယ်ဖက်က ဘာသာရေးကိုင်းရှိုင်းတဲ့ လယ်သမားမိသားစုရဲ့မိသားစု ပြဿနာကလည်း တစ်ချိန်တည်းမှာ ကြုံတွေ့လာရပါတော့တယ်။ ဒီအမှုနှစ်ခုဟာ ဆက်စပ်နေမလား နောက်ထပ်အမှုတွေရှိနိုင်သေးလား ဘာလို့ ဘာသာရေးကိုင်းရှိုင်းတဲ့ကလေးတွေကိုဖမ်းဆီးပြီး ဘာတွေလုပ်ခဲ့တာလဲ ဒီလိုလုပ်ရခြင်းရဲ့နောက်ကွယ်ကရောဘယ်လိုအတိတ်ဆိုးက ရှိနေမလဲ စသဖြင့် Q ဌာနရဲ့ ထုံးစံအတိုင်းပဟေဠိတွေ အဖြေရှာပြီး ဉာဏ်ကြီးရှင် လူဆိုးနဲ့ သူတင်ကိုယ်တင်နွဲရတဲ့အမှု ...
movie

Department Q: A Conspiracy of Faith (2016)

Max Manus: Man of War(2008) 7.3
Max Manus: Man of War(2008)  တတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်မှာ နာဇီလက်အောက်ကိုကျရောက်နေခဲ့တဲ့ နော်ဝေနိုင်ငံလွတ်မြောက်ရေးအတွက် မက်စ်မာနက်ကြိုးပမ်းခဲ့ပုံကိုရိုက်ကူးထားတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ မက်စ်မာနက်စ်ဟာ ဗြိတိန်နိုင်ငံနဲ့ နော်ဝေနိုင်ငံကချီးမြှင့်တဲ့ အမြင့်ဆုံးဆုတံဆိပ်တွေ ရရှိခဲ့သူဖြစ်ပြီး နော်ဝေနိုင်ငံလွတ်မြောက်ရေးအတွက် အဓိကဦးဆောင်ခဲ့သူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။မက်စ်မာနက်စ်ဟာ နော်ဝေစစ်တပ်နဲ့အတူ ဆို‌ဗီယက်တွေကို တိုက်ထုတ်ပြီးတဲ့နောက်မှာ နာဇီတွေနော်ဝေကိုသိမ်းပိုက်လိုက်တဲ့သတင်းကြားကြားချင်း နော်ဝေနိုင်ငံကိုပြန်လာခဲ့ပါတယ်။ နော်ဝေမှာ ဂျာမနီရဲ့ ဂက်စတာပိုရဲတပ်ဖွဲ့က အုပ်ချုပ်နေပြီး လူအင်အားမရှိတဲ့ မက်စ်တို့ဟာ မြေအောက်စစ်ဆင်ရေးလုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါနဲ့ သူတို့တွေဟာ စကော့တလန်မှာ စစ်သင်တန်းတက်ရောက်ခဲ့ကြပြီ အမိမြေကိုပြန်ရယူဖို့ ကြိုးစားခဲ့ပါတယ်။သူတို့ဟာ ဂက်စတာပိုရဲ့ချောင်ပိတ်ဖမ်းတာတွေ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပြီး သူတို့ရဲ့စစ်ဆင်ရေးကို ဘယ်လိုမျိုး အောင်မြင်အောင်လုပ်ခဲ့လဲဆိုတာကို စိတ်၀င်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size…2.22GB / 744.5MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ..... Action , Biography , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

Max Manus: Man of War(2008)

Kon-Tiki(2012) 7.2
Kon-Tiki(2012)  Genre - Adventure, Biography IMDB - 7.2/10 ခင်ဗျားတို့သာ ရေမကူးတတ်ဘူးဆို ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅ ထောင်ကျော်ကို ဖောင်လေးတစ်စင်းနဲ့ ဖြတ်ကူးရဲလား။ ဒါပေမဲ့ ဒီ သောရ်ဆိုတဲ့ဘဲကြီးကတော့ တကယ်လုပ်ခဲ့တယ်ဗျ။ အဲဒီလိုပြောလို့ စိတ်ကူးယဉ်ဇာတ်လမ်း မထင်နဲ့နော် တကယ်အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ဖြစ်ရပ်မှန်ဇာတ်လမ်း။ စူးစမ်းရှာဖွေရေးသမား သောရ်ဟာ ပိုလီနီရှားကကျွန်းတွေကို ၁၀ နှစ်ကြာအောင် ဇနီးဖြစ်သူနဲ့ သုတေသနတွေပြုလုပ်ပြီး စာတမ်းပြုစု နေထိုင်ခဲ့တဲ့လူပေါ့။ သူ အဲဒီမှာ နေထိုင်ရင်း ဒီ ပိုလီနီးရှားဒေသကို ဒေသခံတွေဟာ အာရှဖက်ကနေ ရောက်လာကြတာမဟုတ်ပဲ တောင်အမေရိကဖက်က ရောက်လာကြတယ်ဆိုတာကို ထူးဆန်းစွာနဲ့ သိရှိခဲ့ရတယ်။ ဒီတော့ ဆရာသမားက သူတွေ့ရှိခဲ့တဲ့ သီအိုရီကို လိုက်ပြီး ဖြန့်ဝေနိုင်အောင် ဆက်သွယ်တော့တာပဲ ဒါပေမဲ့ ကံဆိုးချင်တော့ ဘယ်သူမှမယုံကြည်ပဲ သူ့ကို ပရော်ဖက်ဆာတစ်ယောက်က ဒါမျိုး ပြောလိုက်ပါတယ်။ ...
movie

Kon-Tiki(2012)

Betrayed (2020) 7.1
Betrayed (2020) Betrayed (2020) ============= IMDb Rating - 7.1/10 War/ Dramaဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ရုပ်ရှင်ကားလေးတွေဟာ ကျွန်တော်တို့ နှလုံးသားတွေကို တိုက်စားပွန်းပဲ့အောင်လုပ်တတ်စမြဲပါပဲ။ ဆိုတော့ကာ ၂၀၂၀ ခုနှစ်မှာလည်း အဆိုပါရုပ်ရှင်ကားမျိုး ရုပ်ရှင်ကားလေးတစ်ကားဟာ ထွက်ရှိလာခဲ့ပါတယ်။War/ Drama အမျိုးအစားဖြစ်တာကြောင့် စစ်ပွဲအတွင်းက ဖြစ်ရပ်ကို အခြေခံထားတဲ့ကားမျိုးလေးမှန်း လူတိုင်းရိပ်မိကြမယ်ထင်ပါတယ်။ IMDb မှာလည်း 7.1 ရရှိထားသလို Rotten Tomatoes 100% ထိရရှိ ထားတဲ့ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်အိမ်ကိုတော့ ဒုတိယကမ္ဘာစစ်အတွင်း နော်ဝေနဲ့ ဆွီဒင်နိုင်ငံမှာ တည်ထားခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဖြစ်တာနဲ့အညီ ဂျူးမိသားစုတစ်စုအကြောင်း ဖြစ်ပြီး ဂျာမန်တို့ရဲ့ နာမည်ကျော်လူမျိုးသုဉ်းသ-တ်ဖြတ်မှုကြီးအကြောင်းနဲ့ သက်ဆိုင်နေတာပဲဖြစ်ပါတယ်။သို့သော် ဇာတ်လမ်းတည်ပုံထူးခြားနေရတာကတော့ ဇာတ်အိမ်ကို နော်ဝေ နိုင်ငံက ဂျူးလူမျိုးမိသားစုလေးတစ်စုဆီမှာ ဇာတ်လမ်းတည်ထားခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းကိုကြည့်ရှုရမယ့်အပြင် တကယ့်လက်တွေ့ဘဝသင်ခန်းစာတွေကို ရနိုင်မယ်လို့ ကောက်ချက်ချနိုင်တဲ့ ကားကောင်းလေးပဲဖြစ်ပါတယ်။ဒီတော့ဗျာ အဆိုပါဂျူးမိသားစုလေး ဒုတိယကမ္ဘာစစ်အတွင်းမှာ ဘာတွေကြုံ ခဲ့ရသလဲ၊ ကမ္ဘာစစ်ကြီးပြီးသွားချိန်မှာရော ဘာတွေဆက်ဖြစ်သွားခဲ့လဲ၊ နော်ဝေ နိုင်ငံက ဂျူးတွေနဲ့ ဂျာမန်တွေရဲ့လူမျိုးသုဉ်းသတ်ဖြတ်မှုကြီး မည်သို့ဆိုင်နေသ နည်းကို Betrayed ဆိုတဲ့ကားကောင်းလေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(2.67 GB) ...
movie

Betrayed (2020)

2020
Black Crab (2022) 5.7
Black Crab (2022) Black Crab (2022)=================ဒီကားလေးက 2022 ထွက်ဆွီဒင် War,Action,Drama ကားသစ်လေးဖြစ်တဲ့ အပြင် ဆွဲဆောင်မှုရှိတဲ့ မူဗီလို့ပြောလို့ရပါတယ်၊၊ဇာတ်လမ်းအကျဥ်း စစ်ပွဲတစ်ခုရဲ့ အဆုံးသတ်ဟာ ဘယ်လိုနည်းနဲ့မဆိုမကောင်းတာတော့ သေချာပါတယ်။ ပြည်တွင်းစစ်ကစတဲ့ စစ်ပွဲတစ်ခုအတွင်းမှာ သမီးဖြစ်သူကို ဆုံးရှုံးထားတဲ့မိခင်တစ်ယောက်။ သေနတ်ပစ်လည်းကျွမ်းကျင်သလို ရေခဲပြင် စကိတ်စီးလည်းကျွမ်းကျင်တဲ့သူမကို လူအချို့နဲ့အတူ အစိုးရက ဆင့်ခေါ်ပြီး တာဝန်တစ်ခုပေးအပ်လာတဲ့အချိန်မှာတော့။ သူ့ကိုပေးအပ်တဲ့တာဝန်က ဘာလဲ။ ခက်ခဲလှတဲ့ ဒီတာဝန်ကို သူ ထမ်းဆောင်နိုင်မှာလား ဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ လိုက်ပါစီးမျောလိုက်ကြပါဦး။ တအားကြီးကြမ်းတဲ့ စစ်ကားမျိုးမဟုတ်ပေမယ့် ဇာတ်လမ်းလေးမဆိုးတာကြောင့်ကြည့်ပျော်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်)File Size - (1.39 GB) / (682 MB) / (438 MB) Quality – WebDL 1080p / 720p/480p Duration - 1h 54mins Subtitle – Myanmar Hardsub Format – MP4 Genre : Action, Adventure, Drama Translator ...
movie

Black Crab (2022)

2022
Journey to the Christmas Star (2012) 5.9
Journey to the Christmas Star (2012) CM ပရိတ်သတ် ကြီးအတွက် နော်ဝေ ရိုးရာ ပုံပြင်တစ်ပုဒ်ကို ရုပ်ရှင် အဖြစ် အသက်သွင်းထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခုလို ခရစ္စမတ် နားရက်မှာ မိသားစုနဲ့ အတူ စိတ်ဝင်တစား ကြည့်လို့ ကောင်းမဲ့ ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းကို အနည်းငယ်ပြောပြရရင် သာယာလှပတဲ့ တိုင်းပြည်တစ်ခုမှာ ဘုရင်ကြီး ရယ် သူ့သမီးတော် ရွှေရောင်ဆံပင် နဲ့ မင်းသမီးလေးရယ် မိဖုရားကြီးရယ်တို့က တိုင်းပြည်ကိုပျော်ရွှင်စွာ အုပ်ချုပ်နေသတဲ့။ဒါပေမဲ့ ဘုရင်ကြီးရဲ့ ညီဝမ်းကွဲ မြို့စားကလည်း ဘုရင် ဖြစ်ချင်နေတာပေါ့။ ဒါပေမဲ့ သူ ဘုရင်ဖြစ်ဖို့ မင်းသမီးလေး နဲ့ မိဖုရားကြီးတို့ မရှိမှ ဖြစ်မှာ ကိုး ဒီလိုနဲ့ မြို့စားက စုန်းမကြီးကို တိုင်းပြည် တစ်ဝက် ခွဲပေးမယ် လို့ အကူအညီတောင်းတာပေါ့။ ဒီလိုနဲ့ မြို့စားရဲ့ လှည့်ဖျားမှု့ နဲ့ မင်းသမီးလေးက ခရစ္စမတ် ကြယ်ကို ရှာဖို့ ...
movie


2012
The Snowman (2017) 5.2
The Snowman (2017) ဒါရိုက်တာ တိုမက်စ်အဲဖ ရက်ဆင်ရဲ့ လက်ရာဖြစ်ပြီး မိုက် ကယ်ဖက်စ်ဘန်ဒါ၊ ရီဘက်ကာ ဖာဂူဆန်၊ ရှားလက်ဂိန်းစ်ဘော့ဂ်၊ ဗယ်လ်ကစ်လ်မာ စတဲ့ သရုပ် ဆောင်တွေပါဝင်ထားတာပါ။နှင်းခဲလူရုပ်နဲ့ သဲလွန်စပေး ထားတဲ့ စိတ္တဇလူသတ်သမားကို စုံစမ်း ဖော်ထုတ်တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါ တယ်။ဆောင်းရာသီအစပထမဆုံး နှင်းကျတဲ့နေ့မှာ အမျိုးသမီးငယ် တစ်ယောက် သေဆုံးခဲ့ပြီး စုံ ထောက် ဟယ်ရီဟိုးလ်ကတော့ သာမန်အမှုအခင်းမဟုတ်တဲ့ လူ သတ်မှုဖြစ်တယ်လို့ ယုံကြည်ခဲ့ပါ တယ်။ ထူးခြားတာတစ်ခုက လူ သတ်သမားက သူ့ကိုယ်သူနှင်းခဲ လူရုပ်(The Snowman)လို့သုံး နှုန်းသလို နှင်းခဲလူရုပ်နဲ့လည်း သဲ လွန်စချန်ထားခဲ့လို့ပဲဖြစ်ပါတယ်။လူသတ်သမားက နှင်းကျတဲ့ အချိန်တွေကိုပဲ ပစ်မှတ်ထားလှုပ် ရှားတာမို့ စုံထောက်ဟယ်ရီတစ် ယောက် ရက်စက်တဲ့လူသတ်မှု တွေထပ်ပေါ်လာမှာကို စိုးရိမ်နေ ခဲ့ပါတယ်။ အဲဒါကြောင့် ဆိုးရွား တဲ့အဖြစ်အပျက်တွေ ထပ်မပေါ် လာခင်မှာ Snowman ကို ...
movie

The Snowman (2017)

2017
The Last King (2016) 6.1
The Last King (2016) The Last King (2016)IMDb - 6.1/10_____Rotten - 89%     ဒီဇာတ်ကားကတော့ IMDB - 6.1/10 ရရှိထားတဲ့ Norwegian Action/Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၁၂၀၆ ခုနှစ်-နော်ဝေနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအခြေအနေမှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ နော်ဝေရဲ့အနာဂတ်ကို ပြောင်းလဲစေခဲ့တဲ့ သမိုင်းဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... နော်ဝေကို အုပ်ချုပ်လျက်ရှိတဲ့ ဘုရင်ဟက်ကွန်ဆဘာရ်ဆန်ဟာ လုပ်ကြံခံလိုက်ရပါတယ်။ လုပ်ကြံသူတွေက...ဘုရင်မှာ မိဖုရားမရှိလေတော့ အရိုက်အရာဆက်ခံမယ့်သူ မရှိဘူးဆိုတဲ့အထင်နဲ့ မင်းဆက်ပြောင်းလဲစေဖို့ လုပ်ကြံခဲ့ကြတာပါ။ ဒါပေမယ့်... ဘုရင်မှာ မိန်းမပျိုတစ်ဦးနဲ့ လျှို့ဝှက်စွာ ရထားတဲ့ ဟက်ကွန်ဟက်ကွန်ဆန် ဆိုတဲ့ ကလေးတစ်ယောက် ကို သူ့ရဲ့ လူယုံတွေနဲ့ စောင့်ရှောက်ထားတယ်ဆိုတာသိသွားကြတဲ့နောက်မှာတော့ The Last King ရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာ.....ဇာတ်ကားလေးထဲမှာသာဆက်လက် ကြည့်ရှုကြပါ။   (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ ညီလေး Sherlock ဖြစ်ပါတယ်။) @San Win Maung      File Size - 710 MB Quality - Blu Ray Rip 720p File Format - mp4 Duration - 01:39:00 Translator ...
movie

The Last King (2016)

2016