Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jake Wyatt
7.1
Allied (2016)
Allied (2016)IMDb Rating (7.1) / Rotten Tomatoes (60%)မင်းသား Brad Pitt နဲ့ ပြင်သစ်မင်းသမီး Marion Cotillard တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်က ဒုတိယကမ္ဘာစစ်အတွင်းကာလ လျှို့ဝှက်စပိုင်အခြေပြု ဒရမ်မာဇာတ်ကားကြီးဖြစ်ပါတယ်။ ပြင်သစ်မင်းသမီး Marion Cotillard ကို ထိပ်တန်းရုပ်ရှင်တော်တော်များများမှာ မြင်နေကျဆိုပေမယ့် ဒီရုပ်ရှင်မှာတော့ သူမရဲ့သွင်ပြင်လက္ခဏာတွေ လုံးဝကိုပေါ်လွင်ထင်ရှင်းနေခဲ့ပြီး မျက်လုံးအရွေ့ မျက်တောင်အခတ်လေးမှာတောင် ခဏခဏပြန်ကြည့်ချင်လောက်အောင် အထာကျကျ သရုပ်ဆောင်သွားခဲ့ပါတယ်... မင်းသားကလဲ ဘရတ်ပစ်ဆိုတော့ ပြောစရာမလိုတော့ပါဘူး... သူတို့နှစ်ယောက်စလုံးရဲ့လှုပ်ရှားမှုတိုင်း စကားလုံးတွေတိုင်းအသက်ဝင်နေပြီး ကြည့်ရှုသူကိုယ်တိုင်မျောပါသွားရမယ့်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ အဝတ်အစားဒီဇိုင်းတွေ ဆက်တင်တွေလဲ ခမ်းနားလှပပြီး အော်စကာဆုပေးပွဲမှာလဲ ဇကာတင်ဝင်ခဲ့ပါသေးတယ်။ဇာတ်လမ်းလေးကလဲ အတော်ကိုစိတ်ဝင်စားစရာပါပဲ ဒါပေမယ့် ဇာတ်လမ်းကိုမသိဘဲ ဒီတိုင်းထိုင်ကြည့်လိုက်တာက ပိုအရသာရှိမှာမလို့ သိပ်မရေးပြတော့ပါဘူး။ ဒုတိယကမ္ဘာစစ်ကာလ ဂျာမန်နဲ့ အင်္ဂလန်တို့ရဲ့ တစ်ဖက်ကိုတစ်ဖက် သူလျှိုထားလုပ်ကြံကြဖို့စီစဉ်ကြတာတွေ သူလျှိုတွေရဲ့ပိရိသေသပ်မှုတွေ စစ်အတွင်းကာလအနိဌာရုံတွေ ယုံကြည်ဖို့ခက်ခဲတဲ့မစ်ရှင်တွေနဲ့ တော်တော်ကိုမှ ကောင်းမွန်သေသပ်အဆင့်မြင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(3.5 GB)/ (1.3 GB ) / (860 MB) Quality….BluRay 4K ...
movie
Allied (2016)
2016
4K HEVC
6.7
Saint Maud (2019)
Saint Maud (2019)~ IMDb - 6.7/10, RT - 92%, Meta - 83% ~Katie ဆိုတဲ့ကောင်မလေးဟာ အင်္ဂလန်ကမ်းခြေမြို့လေးတစ်မြို့က သူနာပြုမလေးတစ်ယောက်။ သူဟာ ဘုရားသခင်အပေါ် အတော်ယုံကြည်သက်၀င်သူ။ နိစ္စဓူဝ အလုပ်တွေကိုတောင်မှ ဘုရားကို အမြဲတိုင်တည်နေတတ်သူ။ ဆိုတော့ ကိုယ့်ကိုယ်ကိုယ်ပါ နာမည်ပြောင်းထားပါသေးတယ်။ Maud တဲ့...။တစ်နေ့သူဟာ ကင်ဆာရောဂါသည်တစ်ယောက်ကို သူနာပြုလုပ်ပေးဖို့ တာဝန်ကျလာတယ်။ အဲဒီကင်ဆာရောဂါသည်ကတော့ ဘုရားကို မယုံဘူး။ Lesbian လည်း ဖြစ်နေသေးတယ်။ Maud ဟာ သူ့ကို ဘာသာရေးနယ်ပယ်ထဲ ဆွဲခေါ်ပေမဲ့ မရခဲ့။ လူတွေ ဝိုင်းရှုံ့ချတာ လှောင်တာကို ခံခဲ့ရတယ်။ သူဟာ ဘုရားအပေါ်ကို မေးခွန်းထုတ်လာမိတယ်။အထီးကျန်မှုတွေနဲ့ အိမ်အပြန်လမ်းတစ်လျှောက်ဟာ သူ့အတွက် ခြောက်ခြားစရာတွေအပြည့်။ သူ ဘုရားကို ပြန်တောင်းပန်ခဲ့တယ်။ ဘုရားသခင်ကလည်း သူ့ကို ဗျာဒိတ်တစ်ခု ပြတော်မူခဲ့ပါတယ်။" ...
movie
Saint Maud (2019)
2019