Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jake McKinnon
5.8
Wishmaster (1997)
Genre – Fantasy, Horrorမီးခွက်စောင့်ဘီလူး ဂျင်နီနဲ့ တောင်းဆု ၃ ဆိုတာ ကျွန်တော်တို့တွေနဲ့သိပ်မစိမ်းတဲ့ ပုံပြင်လေးတစ်ပုဒ် ဖြစ်ပါတယ်။အာလာဒင်တို့ရှိမယ် ဟိုးအရင်တုန်းက မီးခွက်စောင့်ဂျင်နီမလေးဇာတ်လမ်းတွဲတွေ ရှိကြမယ်။ ဒါပေမဲ့ ဒါတွေဟာ အနောက်တိုင်းကပြန်လည်မွမ်းမံထားတဲ့ ချစ်စရာ ရယ်မောစရာ ဇာတ်ကောင်လေးပါ။တကယ့် အာရေဗျကျမ်းစာတွေအရ ဂျင်ဆိုတဲ့ နတ်ဆိုးဟာတမန်တော်တွေနဲ့ ခေတ်အပြိုင် တည်ရှိခဲ့တဲ့ နတ်ဆိုး ဖြစ်ပြီးကမ္ဘာမြေကို ပျက်သုဉ်းသွားနိုင်အောင်ထိ လုပ်နိုင်စွမ်းရှိပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ တကယ်ကို ဆိုးသွမ်းရက်စက်ပြီးယုတ်မာကောက်ကျစ်တဲ့ ဂျင်နတ်ဆိုးပဲ ပါဝင်ပါတယ်။ဆု ၃ ဆုတောင်းရတာတော့ မှန်ပါတယ် ဒါပေမဲ့ တောင်းဆုတွေကိုဖြည့်ပေးတဲ့နေရာမှာ တကယ်ဖြည့်ပေးပေမဲ့လည်း လှည့်ကွက်တွေ ရှိနေပါတယ်။နောက်ပြီး ၃ ဆုမြောက်တောင်းပြီးသွားတဲ့အချိန်ဆို သူ့အနေနဲ့ကမ္ဘာပေါ်ကို တံခါးပွင့်လာပြီး အုပ်စိုးလို့ရနိုင်တဲ့ အခြေအနေထိ ရောက်သွားမှာပါ။ ဇာတ်လမ်းအရ ပြောရမယ်ဆို ရှေးခေတ်ပါရှားခေတ်တုန်းက၃ ဆု ပြည့်မြောက်တော့မယ့်အချိန် မှော်ဆရာတစ်ပါးကြောင့်ဂျင်ဟာ မဟူရာကျောက်နီထဲကို ပိတ်လှောင်ခံလိုက်ရပါတယ်။ဒီလိုနဲ့ ၂၀ ရာစုကို ရောက်လာခဲ့ချိန်မှာတော့ ဒီ မဟူရာကျောက်ကိုမင်းသမီးက ...
movie
Wishmaster (1997)
6
House of 1000 Corpses (2003)
House of 1000 Corpses (2003)Halloween ပွဲတော်လည်းရောက်တော့မယ်ဆိုတော့ Halloween Theme နဲ့ရိုက်ထားတဲ့ ဇာတ်ကားတွေထဲက ကြည့်ရှုသူကို ဆွဲခေါ်သွားပေးနိုင်တဲ့ ဇာတ်ကားလေးတစ်ခုဖြစ်တဲ့ ၂၀၀၃ ခုနှစ်ကထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖိုကားလေး House of 1000 Corpses ကို တင်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~အရာရာကို စူးစမ်းချင်တဲ့ ဘေလ်၊ ဂျယ်ရီ၊ မယ်ရီ နဲ့ ဒယ်နီးဆိုတဲ့ သူငယ်ချင်းလေးယောက် တစ်နေ့ အမေရိကန်နိုင်ငံရဲ့ လူသွားနည်းလမ်းကားလမ်းမကြီးတွေဘေးက ဆွဲဆောင်မှုရှိတဲ့ နေရာတွေအကြောင်း စာအုပ်ရေးဖို့ လိုက်ရှာရင်း ဟောလိုဝင်းနေ့ကြီးမှာ ကပ္ပတိန်စပေါတင်းဆိုတဲ့နေရာလေးကိုရောက်သွားပါတယ်။အဲဒီနေရာလေးကနေ မြို့ရဲ့ ပျောက်ဆုံးနေတဲ့ ဒေါက်တာစေတန်အကြောင်း လိုက်ရှာမယ်ဆိုပြီးထွက်အသွား သူစိမ်းကောင်မလေးတစ်ယောက် လမ်းကြုံအကူအညီတောင်းတာကိုကူညီရင်း သူစိမ်းအိမ်ကိုရောက်သွားပါတယ်။ အဲဒီအိမ်ကြီးကို ရောက်ပြီးနောက်ပိုင်း သူငယ်ချင်းလေးယောက် ဘယ်လိုမူမမှန်မှုတွေ ထိတ်လန့်ခြောက်ခြားစရာတွေ... အဲဒီအိမ်ကြီးမှာ ဘာတွေဖြစ်ပျက်ခဲ့လဲ... ဆိုတာတွေကို သည်းထိတ်ရင်ဖိုကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie
House of 1000 Corpses (2003)
2003
6.4
Ginger Snaps 2: Unleashed (2004)
Ginger Snaps 2: Unleashed (2004) တစ်မှာတုန်းက အဖြစ်အပျက်တွေအပြီးမှာ ဘရစ်ဂျက်တစ်ယောက် သူ့အစ်မလိုဖြစ်မသွားအောင် တိဝုပင်ကိုပဲ အားကိုးနေရပါပြီ။ဒါပေမဲ့ အဲဒါက ဖြေဆေးမဟုတ်ပဲ အချိန်ဆွဲပေးရုံသက်သက်ဖြစ်တာကြောင့် သူမပြောင်းသွားခင် အချိန်သိပ်မကျန်တော့သလို သူ့နောက်ကိုလိုက်နေတဲ့ သတ္တဝါဆိုးကြီးကလည်း ရှိနေပြန်ပါတယ်။အရေးထဲ သူ့ကို ဆေးစွဲနေတယ်ထင်ပြီး ဆေးဖြတ်စခန်းကို အတင်းခေါ်သွားခံရတဲ့အခါ ...သူ အဲဒီမှာ ဘယ်သူတွေနဲ့ ဘယ်လို စခန်းဆက်သွားမလဲဆိုတာ သည်းထိပ်ရင်ဖို ဆက်ကြည့်ရှုခံစားလိုက်ပါဦး။ ပထမကား ကို မကြည့်ရသေးရင် Ginger Snaps (2000) မှာ ကြည့်လို့ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat ပါ။) File Size : 1.9GB, 675MB & 335MB Quality : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p Format : mp4 Duration : 1hr & 34mins Genre ...
movie
Ginger Snaps 2: Unleashed (2004)
2004
6.2
Land of the Dead (2005)
Land of the Dead (2005)Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့နောက် Old but gold zombie ကားကောင်းတစ်ကားကို CM fanတွေ မကြည့်ဖူးမရှိရအောင် တင်ဆက်ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်ဘေးတစ်ခုကြောင့် တစ်ကမ္ဘာလုံးက လူအများစု ဖုတ်ကောင်တွေ ဖြစ်သွားတဲ့နောက် လူကုံထံတွေက လုံခြုံရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီးနေထိုင်ကြပါတယ်၊ ကပ်ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲတွေကိုတော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုးတွေနဲ့ အနီးဆုံးမှာပဲ ပေးနေပါတယ်၊ ရိက္ခာကိုတော့ ကြေးစားလူစွန့်စားတွေကို ငှားရမ်းပြီး ဖုတ်ကောင်တွေပြည့်နေတဲ့ မြို့ပျက်ငယ်တွေမှာ ရှာဖွေခိုင်းပြီး အသက်ဆက်နေကြတာပါ။ရိုင်လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ ကြေးစားအဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာတော့ ဖုတ်ကောင်တွေက လမ်းလျှောက်တတ်တဲ့ လူသေကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်နေ့မှာတော့ ဆင့်ကဲပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသားတွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ...
movie
Land of the Dead (2005)
7.6
Kiss Kiss Bang Bang(2005)
Kiss Kiss Bang Bang(2005) IMDb....7.6,,,Rotten...86% Kiss kiss bang bang ဟာ စုံထောက်ဟာသဇာတ်မြူးကားဖြစ်ပါတယ်။ ဟယ်ရီဆိုတဲ့ အပေအတေ ဂျလေဘီတစ်ယောက်က ရုတ်တရက် ရုပ်ရှင်သရုပ်ဆောင်အနေနဲ့ အရွေးခံရပြီးတော့အယ်အေကိုရောက်သွားပါတယ်။ အဲ့ဒီမှာ ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေကောင်မလေး ဟာမီုနီနဲ့ ပါတီမှာပြန်တွေ့ခဲ့ရာကနေ ငယ်ငယ်ကဇာတ်လမ်းပြန်စခဲ့ပါတယ်။ငယ်ကျွမ်းဆွေကောင်မလေးမှာ ငယ်ငယ်ကအရမ်း admire ဖြစ်ခဲ့ရတဲ့ စာရေးဆရာ တစ်ယောက်ရှိခဲ့ပါတယ်။ အဲ့ဒီစာရေးဆရာရေးတဲ့စာအုပ်ကို ပြန်ရုပ်ရှင်ရိုက်တဲ့အခါမှာလည်း ရုပ်ရှင်မင်းသားကိုအရမ်းလေးစားခဲ့ပြန်ပါတယ်။ ဒါပေမဲ့လည်း သူမရဲ့ညီမ သူ့ကိုယ်သူသတ်သေတာဟာ အဲ့ဒီရုပ်ရှင်မင်းသားနဲ့ ပတ်သတ်နေပြန်ပါရော။ ဘယ်လိုပတ်သတ်နေတာလဲဆိုတာကိုတော့ ရှုစားကြည့်ကြပါ။ခုနက ဂျလေဘီ ဟယ်ရီကတော့ စုံထောက်လေ့ကျင့်ခန်းတွေကို လိုက်ပြီးကူလုပ်ပေးခဲ့ရပါတယ်။ အဲ့ဒီကနေ အရှုပ်တော်ပုံတစ်ခုထဲကို ရောက်မှန်းမသိရောက်ခဲ့ရပါတယ်။သို့သော်လည်း ၎င်းအရှုပ်တော်ပုံက သူရဲ့ ဟာမိုနီနဲ့ပတ်သတ်နေတာဖြစ်လေတော့ သူဟာရုန်းထွက်မရနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ဟယ်ရီတို့ ကိစ္စတစ်ခုစုံစမ်းနေချိန်မှာပဲ ကောင်မလေးတစ်ယောက်ရဲ့အလောင်းကို တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ရပါတယ်။ အသတ်ခံရတဲ့ကောင်မလေးကကော ဟာမိုနီ့ညီမနဲ့ ဘယ်လိုပတ်သတ်လဲ။ ဟိုရုပ်ရှင်မင်းသားကကောဒီကောင်မလေးနှစ်ယောက်သေဆုံးမှုနဲ့ ဘယ်လိုပတ်သတ်မလဲဆိုတာကတော့ ဆက်လက်ရှုစားရင်းနဲ့ ရင်ခုန်လိုက်ပါဦး။ ဇာတ်လမ်းကိုတော့ ဟယ်ရီ ကနောက်ခံစကားပြောတဲ့ပုံစံမိိျုးနဲ့ ...
movie
Kiss Kiss Bang Bang(2005)
2005
7.3
From Dusk Till Dawn (1996)
၁၉၉၆ က Action,Crime,Horror ဇာတ်ကားလေးတစ်ကားပါ။IMDB Rating 7.3 ရရှိထားပြီး Rotten Tomatoes 63%ရရှိထားပါတယ်။မင်းသားကြီး Gorge Clooney ပါဝင်သရုပ်ဆောင်ထားပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ရိုးရိုး Action ကားပုံစံကနေ Horror ပုံစံကိုချိုးချပြောင်းလဲသွားတာကလည်းတစ်မျိုးလေးစွဲဆောင်မှုရှိစေပါတယ်။လူသတ်မှုပေါင်းများစွာကိုကျူးလွန်ထားတဲ့ဘဏ်ဓားပြညီအစ်ကိုနှစ်ယောက်၊ စိတ်ပုံမှန်မဟုတ်တဲ့ညီကြောင့်ကျင့်ဝတ်စောင့်ထိန်းတတ်တဲ့ သူခိုးတစ်ယောက် ပြဿနာတွေတက်နေတဲ့ကြားကယုံကြည်ချက်ပျောက်ဆုံးနေတဲ့ တရားဟောဆရာတစ်ယောက်နဲ့သူ့ရဲ့ မိသားစုအကူအညီကိုယူပြီး နိုင်ငံထဲကထွက်ပြေးလွတ်မြောက်သွားပေမယ့်သူတို့နောက်ထပ်ရင်ဆိုင်ရမယ့်သဘာဝလွန်ဖြစ်ရပ်တွေကတော့...အရင်ကဇာတ်ကားဆိုတော့ Effect တွေကသိပ်မကောင်းပေမယ့်ဇာတ်လမ်းလေးကလှပြီး Country သီချင်းလှလှလေးတွေအများကြီးပါပြီးတော့ကျွန်တော်အကြိုက်ဆုံးဇာတ်ဝင်ခန်းလေးကတော့အမျိုးသမီးတစ်ယောက်မြွေနဲ့ ကတဲ့အခန်းပါ။တကယ်ကိုရင်သပ်ရှုမောစရာပါပဲဗျာ။ File size…(900MB) and (380MB) Quality…BR-Rip 1080p Format…mp4 Duration….01:47:50 Subtitle….Myanmar Subtitle (Hardsub) Translated by d3monEncoded by Naing Aung Latt
movie
From Dusk Till Dawn (1996)
1996