Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jake McDorman
7.2
Live Free or Die Hard (2007) Die hard 4
ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့ John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie
Live Free or Die Hard (2007) Die hard 4
2007
4K HEVC
5.4
Aquamarine (2006)
Aquamarine (2006) ==============ဒီနေ့မှာတော့ CM ပရိသတ်ကြီးတို့ အကျွမ်းတဝင်ဖြစ်နေမဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဆံပင်အပြာလေးနဲ့ Aquamarine ဆိုတဲ့ ရေသူ မလေးကို တော်တော်များများ မှတ်မိကြမှာပါ။ ရေသူမကားတွေအကြောင်း ပြောကြရင် Aquamarine က မပါမဖြစ်ပေါ့။ ငယ်ငယ်ကဆို highlight အပြာတွေ အရောင်ပြောင်းတဲ့လက်သည်းတွေ လိုချင်လိုက်ရတာ။ တီရှပ်ကို ဂါဝန်ပြောင်းဝတ်တာကလည်း ကိုယ်တွေအတွက် မျက်လှည့်ပြလိုက်သလို အထူးအဆန်းကြီးကိုဖြစ်လို့ပါပဲ။ ဒါ့အပြင် ဆယ်ကျော်သက်ကောင်မလေး နှစ်ယောက်ရဲ့ crush လိုက်နည်းအဖြာဖြာနဲ့ သူငယ်ချင်းသုံးယောက်ရဲ့ ခင်မင် မှုတွေကလည်း ရင်ထဲကျန်နေရစ်ခဲ့တာပေါ့။ မြှောက်ပြောတတ်တဲ့ ကြယ်ငါး လေးတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဟေလီနဲ့ ကလဲရ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မ လေးနှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေပါတဲ့။ အဏ္ဏဝါဇီဝဗေဒပညာရှင် ဖြစ်တဲ့ဟေလီ့အမေက သူ့အလုပ်ကြောင့် ဩစတြေးလျကိုပြောင်းရဖို့ဖြစ်လာ ပါတယ်။ ကလဲရ်နဲ့မခွဲချင်တဲ့ဟေလီက သူ့အမေနဲ့ စစ်အေးတိုက်ပွဲဆင်နွှဲနေတာ ပေါ့။ ဒီလိုနဲ့မုန်တိုင်းထန်တဲ့တစ်ညမှာ အဖေဖြစ်သူစီစဉ်ပေးတဲ့ မင်္ဂလာပွဲကိုလက် မခံဘဲ အချစ်ကိုရှာမယ်ဆိုပြီး အိမ်ကထွက်ပြေးလာတဲ့ ရေသူမလေးအကွာမရင်းက လှိုင်းပုတ်ရာကနေ ကလဲရ်တို့ရေကူးကန်ထဲရောက်သွားပါတယ်။ အဲဒီမှာပဲ အကွာ မရင်းက ဟေလီတို့နဲ့ရင်းနှီးသွားပြီး သူ့ကိုကူညီပေးရင် ဆုတောင်းတစ်ခုပြည့်လိမ့် မယ်လို့ပြောပါတယ်။မခွဲချင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်က သူတို့အနှစ်နှစ်အလလလေ့လာထားတဲ့ crush လိုက်နည်းအစုံနဲ့ အကွာမရင်းတစ်ယောက် အချစ်ကိုပိုင်ဆိုင်လာအောင် ကူညီပေးပါတော့တယ်။ ...
movie
Aquamarine (2006)
2006
7.3
American Sniper (2014)
American Sniper ( 2014 )IMDb Rating (7.3) / Rotten Tomatoes (72%)အမေရိကန်သမိုင်းတစ်လျှောက် Most Deadliest Sniper အဖြစ်သတ်မှတ်ခံထားရတဲ့ SEAL စနိုက်ပါသမား Chris Kyle အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။Chris Kyle ရဲ့ ကိုယ်တိုင်ရေး အထ္ထုပတ္တိ "American Sniper: The Autobiography of The Most Lethal Sniper in US Military History" စာအုပ်ကိုအခြေခံပြီး မင်းသားကြီး Clint Eastwood က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Bradly Cooper က အဓိကသရုပ်ဆောင် Chris Kyle အဖြစ်ပါဝင်ထားပါတယ်။ဒီရုပ်ရှင်မှာ စစ်ပွဲကြားကအခြေအနေတွေအပြင် အိမ်မှာကျန်ခဲ့တဲ့ စစ်သားမိသားစုတွေရဲ့ ဘဝကိုလည်း ပေါ်လွင်အောင်ထည့်သွင်းရိုက်ကူးထားပါတယ်။Chris Kyle ဟာ အစကတော့ ...
movie
American Sniper (2014)
2014
4K HEVC
6.9
Jerry And Marge Go Large (2022)
Jerry And Marge Go Large (2022) ~ IMDb - 6.9/10, Rotten Tomatoes - 62% ~အငြိမ်းစားဘဝဆိုတာ တော်တော်ကို ပျင်းစရာကောင်းတဲ့ ဘဝပါပဲ။ ဂျယ်ရီလို အလုပ်ကြိုးစားတဲ့ စံပြဝန်ထမ်းတစ်ယောက်အတွက်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။၄၂ နှစ်လုံးလုံး အလုပ်ကလွဲပြီး ဘဝရယ်လို့ မယ်မယ်ရရ မရှိခဲ့တဲ့သူပါ။ ကံကောင်းထောက်မလို့ ပါရမီဖြည့်ဖက် မာ့ဂ်ျနဲ့ သားသမီးနှစ်ယောက်တော့ ထွန်းကားခဲ့ပေမဲ့ အလုပ်ကလွဲပြီး ကျန်တာကို မတွေးတတ်တဲ့ သင်္ချာဉာဏ်ကြီးရှင် ဂျယ်ရီ အလုပ်က အငြိမ်းစားယူရတော့မယ်ဆိုတော့ အကြီးအကျယ်စိတ်ဆင်းရဲသွားရပါတယ်။ဝီရိယအားကိုးတဲ့ ဉာဏ်ကြီးရှင် ဂျယ်ရီက ကံကိုအားကိုးတဲ့ ထီကို လုံးဝစိတ်မဝင်စားပါဘူး။ ထီထိုးရမှာတောင်ရှက်နေမိတတ်တဲ့လူမျိုးပါ။ ဒါပေမဲ့ အငြိမ်းစားယူထားတဲ့လူတွေရဲ့ ထုံးစံအတိုင်း စိတ်ဝင်စားစရာရှာဖို့ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း WinFall ထီမှာ ထိုးတိုင်းပေါက်နိုင်တဲ့ ဟာကွက်တစ်ခုကို ရှာတွေ့သွားပါတယ်။ဇာတ်လမ်းကတော့ အဲဒီမှာပဲ စတာပေါ့ဗျာ။သင်္ချာဉာဏ်ကြီးရှင်တစ်ယောက် ဘဝက ဂဏန်းတွေနဲ့ပဲ ဖွဲ့စည်းထားတာ ...
movie
Jerry And Marge Go Large (2022)
2022
7.0
Happiest Season (2020)
Happiest Season (2020)==================IMDb Rating - 6.9/10ချစ်ခြင်းမေတ္တာဆိုတဲ့အရာက ယောကျ်ား၊ မိန်းမမခွဲခြားဘဲ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး လောကဓံကိုအတူရင်ဆိုင်ဖြတ်သန်းကြတာပါ......မိဘတွေဆုံးပါးသွားပြီးနောက်ပိုင်း ခရစ်စမတ်ကို တစ်ယောက်ထဲ အထီးကျန်စွာ ဖြတ်သန်းနေတဲ့ အက်ဘီ.....ပြီးပြည့်စုံတဲ့ မိသားစုတစ်စုဖြစ်ဖို့ မိမိရဲ့ပုံစံအမှန်ကို ဖုံးကွယ်ထားရတဲ့ ဟက်ပါ......ဟက်ပါနဲ့ အက်ဘီတို့က lesbian ချစ်သူတွေပါ။ ဟက်ပါက သူမိသားစုနဲ့အတူ ခရစ်စမတ်မှာ အတူဖြတ်သန်းပြီးမိဘတွေနဲ့ မိတ်ဆက်ပေးဖို့ အက်ဘီကို အိမ်ခေါ်သွားပါတယ်။ ခရစ်စမတ်မှာ အက်ဘီတစ်ယောက် ဟက်ပါကို လက်ထပ်ခွင့်တောင်းဖို့ ရည်ရွယ်ပြီး ဟက်ပါအိမ်ကို လိုက်သွားပါတော့တယ်။ အဲ့လိုနဲ့ ဟက်ပါတို့ မိသားစုရဲ့ အိမ်တွင်းရေးအခြေအနေနဲ့ ခရစ်စမတ်မှာ မပျော်တတ်တဲ့ အက်ဘီတို့ကြား ပြဿနာလေးတွေ၊ ကတောက်တဆလေးတွေနဲ့၊ LGBT တွေမှာသာရင်ဆိုင်ကြုံတွေ့ရတဲ့ ပြဿနာတွေနဲ့ သူတို့ရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်ဖို့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ဒီဇာတ်ကားမှာ စီးမျောခံစားနိုင်မှာပါ။ ဒီကားထဲမှာ မင်းသမီး Kisten Stewart ကို ...
movie
Happiest Season (2020)
2020
N/A
The Escape of Prisoner 614(2018)
Encoder - Kyaw Ye Aungaလတ်တလောထွက်ရှိလာတဲ့ကားသစ်လေးတစ်ကားကို မိတ်ဆက်ပေးလိုက်ပါတယ်။အက်ရှင်ဇာတ်လမ်းကြိုက်သူတွေအတွက်တင်ဆက်ထားတဲ့ ကားလေးနာမည်ကတော့The escape of prisoner 614 (2018)ပါ။ လောကကြီးမှာ အပြစ်မရှှိပဲနဲ့ မတရားခံရတာလောက်ခံပြင်းစရာကောင်းတဲ့ ကိစ္စမရှိတော့ပါဘူး အသွားမတော်မလှမ်း ဆိုတဲ့ အတိုင်းအထင်မှတ်ထားတဲ့ နေရာမှာ ကိုယ်က ထိုးကျွေးခံလိုက်ရတော့အပြစ်မရှိပဲ သူများအစား အပြစ်ကို ခံရပါတော့တယ်ဒီကားလေးက ကောင်းဘွိုင်ဆန်ဆန်ကားလေးဖြစ်ပြီးတော့ကောင်းဘွိုင်ကားကြိိုက်နှစ်သက်တဲ့သူတွေ အကြိုက်တွေ့မယ့်ကားလေးဖြစ်မှာပါဇာတ်လမ်းလေးအကျဉ်းကတော့အကျဉ်းသားတစ်ယောက်ထောင်ဖောက်ပြေးတာကနေ စတာပါ။အဲ့ဒီလွတ်မြောက်သွားတဲ့ အကျဉ်းသားဟာသူအပြစ်မရှိဘူးလို့ အခိုင်အမာငြင်းဆိုနေခဲ့ပါတယ်။ဇာတ်ရှိန်တက်လာတာနဲ့အမျှ သူ့တကယ်ပဲအပြစ်ရှိသလားအကွက်ဆင်လုပ်ကြံခံရတာလား အကွက်ဆင်ခံရတယ်ဆိုအဲ့ဒီနောက်မှာ ဘယ်သူတွေရှိနေတာလဲ သူခင်သလိုရောရိုးရှင်းလွယ်ကူပါ့မလားဆိုတာရင်တစ်ဖိုဖိုနဲ့ ကြည့်ရှုရမယ့်ကားကောင်းလေးပါ။Qty - 720p Web DLGern - Advanture / Comedy / CrimeDuration - 1hr 50minTranslator - Pyae SoneReview - Aye Mon Kyaw
movie
The Escape of Prisoner 614(2018)
2018
7.8
Lady Bird (2017)
Imdb - 7.8 Rotten Tomatoes - 99% ---------------------------------------------- သားသမီးတွေနဲ့ မိဘတွေ ကတောက်ကဆအဖြစ်ဆုံးအရွယ်က အထက်တန်းကျောင်းသူကျောင်းသားအရွယ်ဆိုတာ အားလုံးလက်ခံကြမှာပါ။ လူပျိုပေါက်၊ အပျိုပေါက်ဖြစ်လာတဲ့အရွယ်မှာ လွတ်လပ်ခွင့်တွေ အရင်ထက်ပိုလိုချင်လာကြတယ်၊ ကိုယ် ဘာလုပ်လုပ်အမှန်ပဲထင်တတ်ကြတယ်။ မိဘကလဲ ဒီအရွယ်ဆို သေးသေးလေးကအစ အပြစ်လိုက်ပြောတတ်၊ သားသမီးမပျက်စီးအောင်ဆိုပြီး ထိန်းချုပ်မှုတွေလုပ်တတ်တဲ့အခါ သားသမီးနဲ့မိဘတွေကြား နားလည်မှုလေးတွေလွဲတတ်ကြပါတယ်။ ခရစ္စတင်းဆိုတဲ့ ကောင်မလေးဟာ သူ့ကိုယ်သူ "ငှက်မဒီ" လို့နာမည်ပေးထားပါတယ်။ ငှက်မဒီတို့ မိသားစုက သူဌေးရပ်ကွက်တစ်ခုမှာ နေထိုင်ပြီး ငှက်မဒီကတော့ ကတ်သလစ်အထက်တန်းကျောင်း တက်ပါတယ်။ ငှက်မဒီရဲ့ မိဘတွေဟာ ငွေရေးကြေးရေး မချောင်လည်ပေမယ့် ဆက်ကျော်သက်အရွယ် ဟော့ဟော့ရမ်းရမ်းနေချင်၊ ပျော်ပါးချင်တဲ့ ငှက်မဒီ လိုအပ်သမျှကိုတော့ တတ်နိုင်သလောက်ဖြည့်ဆည်းပေးပါတယ်။ မြန်မာပြည်မှာ ၁၀ တန်းအောင်ပြီးရင် တက္ကသိုလ်ရွေးကြသလိုမျိုး ငှက်မဒီတစ်ယောက် အထက်တန်းကျောင်းအောင်သွားတဲ့အခါ ကိုယ်တက်ချင်တဲ့ကောလိပ်ရွေးရပါတော့တယ်။ အစကတည်းက အချစ်ကြီးပြီး အစိုးရိမ်လွန်တတ်တဲ့ အမေဖြစ်သူဟာ ငှက်မဒီလေးကို အိမ်နားအနီးတစ်ဝိုက်က ကျောင်းမှာပဲ တက်စေချင်ခဲ့ပေမယ့် ငှက်မဒီကတော့ ...
movie
Lady Bird (2017)
2017