Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jake La Botz
7.3
Ghost World (2001)
Ghost World (2001)~ IMDb - 7.3/10, RT - 93%, Meta - 90% ~Coming-of-Age ကားလည်းဖြစ်တယ်၊ ရုပ်ရှင်ပိုစတာမှာလည်း ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ပုံနဲ့ဆိုတော့ သာမန် Rom-Com ကားလေးလို့ပဲ ထင်ရက်စရာရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့တာပဲ။ဒါပေမဲ့ ဒီရုပ်ရှင်က Coming-of-Age ထက်ပိုတဲ့ ဒါမှမဟုတ် သာမန် Coming-of-Age တွေထက် ပိုအဓိပ္ပာယ်ရှိတဲ့ ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်က 90s နဲ့ 00s ခုနှစ်တဝိုက်ကထွက်တဲ့ ဆယ်ကျော်သက်ရုပ်ရှင်တွေလို ကျောင်းကပွဲမှာ ဒိတ်ရဖို့၊ ကျောင်းမှာ ရည်းစားရဖို့၊ သူငယ်ချင်းရဖို့၊ အလှဆုံးဖြစ်ဖို့၊ နာမည်ကြီးဖို့ ဘာဘာညာညာ ဖန်တရာတေ ဇာတ်လမ်းမျိုးမဟုတ်ဘူး။ အဲဒီဇာတ်လမ်းတွေထဲမှာက ပြဿနာတစ်ခုကို အရင်ဆုံးပြထားပြီး နောက်ဆုံး အဖြေပေါ်ရာကနေ ဇာတ်လမ်းပြီးတယ်။ ကပွဲအတွက် အတွဲရသွားတာတို့၊ အလှဆုံးဖြစ်တာတို့၊ ...
movie
Ghost World (2001)
2001
6.1
Sinners and Saints (2010)
လောကကြီးမှာ လူတန်းစားနှစ်မျိုးနှစ်စားရှိပါတယ်။အဲ့ဒီနှစ်မျိုးကတော့အပြစ်သားတွေနဲ့ သူတော်စင်တွေပဲဖြစ်ပါတယ်။သင်ကရောဘယ်လိုလူတန်းစားထဲမှာပါပါသလဲ။ အခုတင်ဆက်ပေးမဲ့ Sinners And Saints ဆိုတဲ့ဇာတ်ကားထဲမှာလည်း အဲ့ဒီလူတန်းစားနှစ်မျိုးကို အဓိကတွေ့ရမှာဖြစ်ပြီးအဲ့ဒါကိုပုံဖော်ဖို့အတွက် အကောင်းဆုံးဇာတ်ကောင်တွေဖြစ်တဲ့ ရဲနဲ့လူဆိုးတို့နဲ့ပုံဖော်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ရဲနဲ့ လူဆိုးဆိုပေမဲ့ ပျင်းစရာကောင်းလောက်အောင်လိုက်စုံစမ်းနေတာတွေ လိုက်ဖမ်းနေတာတွေပဲ တွေ့ရမှာမဟုတ်ဘဲဟိုဘက် ဒီဘက်သေနတ်တွေနဲ့အပြန်အလှန်ရှယ်ပစ်တဲ့ အက်ရှင်အကြမ်းကြီးတွေကိုအဓိကထားရိုက်ကူးထားတာပါ။IMDb မှာ Rating 6.1 အထိရရှိထားပြီး အက်ရှင်ဇာတ်ကြမ်းကြိုက်တဲ့ သူတွေအတွက်တော့ အံကိုက်ပါပဲ။ရှောင်ရိုင်လေဆိုတဲ့ ရဲစုံထောက်ကစစ်ဆင်ရေးတစ်ခုမှာတွဲဖက်ကိုဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း တစ်ကိုယ်တည်းလှုပ်ရှားနေသူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့မြို့မှာအလောင်းတွေကို ရက်ရက်စက်စက်မီးရှို့ထားတဲ့ အမှုနဲ့ကြုံတွေ့လာရပါတော့တယ်။အဲ့ဒီမှာ တခြားရဲဌာနကစုံထောက်ဝေလ်ဂန့်ဇ်ဆိုသူနဲ့ တွေ့ခဲ့ကြပြီး ဒီအမှုကိုအတူတူလိုက်ဖို့ဖြစ်လာပါတော့တယ်။အမှုကိုလိုက်နေတဲ့ကြားက မီးရှို့ခံထားရတဲ့အလောင်းတွေကို ထပ်တွေ့လာရတဲ့အခါမှာဒီအမှုက သွေးရိုးသားရိုးမဟုတ်ဘဲ ဒုစရိုက်အဖွဲ့အစည်းတစ်ခုခုနဲ့သက်ဆိုင်နေမယ်ဆိုတာကို သိခဲ့ရပါတော့တယ်။ပိုထူးဆန်းတာက အဲ့ဒီအမှုကရှောင်ရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ပတ်သတ်နေတဲ့အခါမှာတော့ ဘယ်လိုအရှုပ်အထွေးတွေကိုကြုံတွေ့လာရပြီးလျှို့ဝှက်နက်နဲပြီး သေသပ်တဲ့ဒီအမှုကို စုံထောက်ရှောင်နဲ့ ဝေလ်တို့ ဘယ်လိုအတူဖြေရှင်းကြမယ်ဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ် File size…2.01 GB / 0.98GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 44m Genre ….. Action , Crime , ...
movie
Sinners and Saints (2010)
5.7
Close Range(2015)
Close Range (2015)=================အတိုက်အခိုက် အသတ်အပုတ်မှာ လှပကျွမ်းကျင်လှတဲ့ မင်းသားScott Adkins ရဲ့ ၂၀၁၅ ခုနှစ်တုန်းက အက်ရှင်ကားကောင်း တစ်ကားပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့အမေရိကန်-မက်ဆီကိုနယ်စပ် မက်ဆီကိုဂိုဏ်းတစ်ခုရဲ့စခန်းမှာမင်းသားတစ်ယောက် သူ့တူမကို တစ်ကိုယ်တော်စွန့်စားတိုက်ခိုက်ပြီးဝင်ကယ်ရာကနေ စတင်ထားပါတယ်။ သူ့တူမ အဖမ်းခံရတယ်ဆိုတာလည်းသူ့အစ်မရဲ့နောက်ယောက်ျားဖြစ်သူက မူးယစ်ဆေးတွေနဲ့ ပတ်သက်နေသူဖြစ်ပြီး သူတစ်ခုကိုရှုပ်ထားလို့ ဟိုဖက်က ပြန်ပေးဆွဲသွားရတာဖြစ်ပါတယ်။ဒါပေမဲ့ ဇာတ်လမ်းက မရိုးရှင်းပြန်ပါဘူး၊ သူတို့အမေရိကန်ဖက်ခြမ်းကရဲတွေကိုလည်း ဟိုဖက်က ဂိုဏ်းခေါင်းဆောင်ဆိုတာက ခါးပိုက်ထဲထည့်ထားနိုင်တဲ့အနေအထားပါ။ အဲဒါနဲ့ ဒီဂိုဏ်းခေါင်းဆောင်ကြီးကအမေရိကန်ဖက်က အကျင့်ပျက်ရဲတွေကို မင်းသားတို့ဆီ တစ်မိသားစုလုံးအရင်သွားဖမ်းခိုင်းထားပါတယ် ပြီးမှ သူတို့လိုက်လာပြီး တရားမျှတအောင်ကိုယ့်ဘာသာစီရင်ချက်ချမယ်ဆိုပြီး ကြိမ်းဝါးခဲ့ပါတယ်။ ထိုအခါမှာတော့မင်းသားတစ်ယောက် သူ့အစ်မနဲ့ တူမဖြစ်သူကို ရန်သူတွေ (မူးယစ်ဂိုဏ်းရောအကျင့်ပျက်ရဲတွေရော) လက်ကနေ ကယ်တင်ရဖို့ ဖြစ်လာပါတော့တယ်.....။ဂိုဏ်းခေါင်းဆောင်ကြီးက အတင်းလိုက်ဖမ်းချင်တာ ဘာလျှို့ဝှက်ချက်ရှိလို့လဲ.....မင်းသားရဲ့ နောက်ကြောင်းကရော ဘယ်လိုတွေရှိခဲ့တာလဲ...အများနဲ့တစ်ယောက် တိုက်ခိုက်လွတ်မြောက်နိုင်မလားဆိုတာကို Scott Adkins ရဲ့အက်ရှင်လှလှတွေနဲ့အတူ ကင်မရာရိုက်ချက် မိုက်တဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…2.25GB / 883MB Quality…BluRay ...
movie
Close Range(2015)
5.9
Abraham Lincoln: Vampire Hunter(2012)
Abraham-Lincoln-Vampire-Hunter(2012)==================================အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ကျုုုပ်တို့အင်အားချိနဲ့ပြီး လွတ်လပ်မှုတွေဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ကိုယ်တိုင် ဖျက်ဆီးပစ်တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း)သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေးမဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာကဖျက်ဆီးနိုင်ဖို့၊ ရန်သတ္တရုပြုဖို့ဆိုတာ မလွယ်လှသလို၊ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ကြုံတွေ့ရမှာမြေကြီးလက်ခတ်မလွဲပါပဲ။ 'သွေးထွက်သံယိုမှုမရှိဘဲနိုင်ငံတစ်ခုကို မတည်ဆောက်နိုင်' ဆိုတဲ့အတိုင်းလင်ကွန်းကိုယ်တိုင်ထိတ်လန့်ခြောက်ခြားဖွယ်ရာသွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကိုရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လိုအမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာနိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။အေဘရာဟမ်လင်ကွန်း လို့ဆိုလိုက်တာနဲ့အမေရိကရဲ့၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ်ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက်တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ပတ်သက်ပြီးအလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်းလှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ဘက်မှာတိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင်ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကိုဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ်ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် ကရိုက်ကူးတင်ပြလိုက်တဲ့အခါ-Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊အန်ထော်နီမက်ကီ၊ ဒေါမနစ်ကူးပါး ...
movie
Abraham Lincoln: Vampire Hunter(2012)
7
Rambo (2008)
Rambo (2008)ဆီဗက်စတာ စတားလုံးရဲ့အကျော်ကြားဆုံးဇာတ်ကောင်၂ခုထဲက တစ်ခုဖြစ်တဲ့ ရမ်ဘိုကားတွေကို အက်ရှင်ကား ဖန်တွေအတော်များများ သဘာကျကြပါတယ်။ တိုက်ခန်းခိုက်ခန်းတွေလည်း ကြမ်းသလို စတားလုံးကြီးချတာလည်း အားရစရာကောင်းတာကိုး။ ဒီကားဟာလည်း Rambo-4 လို့ဆိုရအောင် လုံးဝ အကြမ်းပတမ်းတစ်ကားထဲမှာ အပါအဝင်ပါပဲ။ ရှယ်ကြမ်းပါတယ်။မြန်မာပြည်နယ်စပ်နဲ့ထိုင်းနယ်စပ်တို့မှာရိုက်ကူးထားပြီး မြန်မာပြည်အကြောင်းတချို့တလေ ထည့်သွင်းဖော်ပြထားတာကြောင့် မြန်မာထိုင်းသရုပ်ဆောင်တချို့လဲပါဝင်ထားပါတယ်။ဒီကားရထားတဲ့ IMDb rating 7 ကလည်း လူပေါင်း နှစ်သိန်းကျော်ကနေ ရထားတာဆိုတော့ ကြည့်ရအတော် အားရဖို့ကောင်းပါလိမ့်မယ်။ ရိတ်တင် သိပ်မကောင်းနေရင်တောင် ဇာတ်ကားရဲ့ ဇာတ်လမ်းကြောင့်၊ ရမ်ဘိုကြီး ရှယ်ကြမ်းပြ ရမ်းပြ သတ်ပြထားတဲ့သူတွေကြောင့် ဘယ်လိုပဲဆိုဆို အတော်လေးကို ဝမ်းသာပီတိ ဂွမ်းဆီထိ ကြည့်ရ ဖီးလ်ရှယ်ရှိမယ့်ဇာတ်ကားပါပဲ။Size - 2.7GB, 1.01GB Quality - Blu-ray 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 32Min Genre ...
movie
Rambo (2008)
2008