Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jake Gyllenhaal
6.8
Rendition (2007)
ဒီတစ်ခါ cm ပရိသတ်ကြီးကို ၂၀၀၇ တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့မင်းသားချော Jake Gyllenhaal နဲ့ သရုပ်ဆောင်မင်းသမီးReese Witherspoon တို့ ဆန်ခါတင်စာရင်း nominationတွေရရှိခဲ့ပြီး ၂၀၀၇ Mill Valley ရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံးဇာတ်ကားဆု ရရှိခဲ့ပါတယ်။ဇာတ်ကြောင်းက တောင်အာဖရိက နိုင်ငံတစ်ခုမှာအသေခံဗုံးခွဲတိုက်ခိုက်ရေးသမား တစ်ဦးက လူစည်ကားရာမြို့တော်ရင်ပြင်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာ အမေရိကန် စီအိုင်အေအေးဂျင့်တစ်ဦးပါ ဒဏ်ရာရသေဆုံးသွားခဲ့ရပါတယ်။စုံစမ်းစစ်ဆေးမှုတွေမှာ အီဂျစ်နိုင်ငံမှာ မွေးခဲ့ပြီး အမေရိကမှာအခြေချ နေထိုင်နေခဲ့တဲ့ အန်ဝါဆိုတဲ့ ဓာတုဗေဒ ပညာရှင်အင်ဂျင်နီယာတစ်ယောက်ကို ဗုံးတည်ဆောက်ရာမှာကူညီမှုနဲ့ သံသယရှိ ဖမ်းဆီးထားပါတယ်။သူ့ကို ဘယ်လိုမျိုး နှိပ်စက်စစ်မေးကြမလဲ၊ သူကရော အမှန်တကယ်အပြစ်ရှိတဲ့သူတစ်ယောက်လား။စီအိုင်အေ အရာရှိ ဒေါက်ဂလက်စ်အနေနဲ့ရောမှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်မလား....။ File size…1.62GB , 727MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 2m Genre …..Drama , Thriller Subtitle….Myanmar Subtitle (Hard ...
movie
Rendition (2007)
7.3
Arnold & Sly: Rivals, Friends, Icons (2024)
Arnold & Sly: Rivals, Friends, Icons (2024) ================================ IMDb Rating - 7.3/10အာနိုးနဲ့ စတားလုံးဆိုရင် မြန်မာနိုင်ငံမှာ မသိတဲ့သူ မရှိလောက်တဲ့အထိ နာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီး နှစ်လက်ပါ။ ကျွန်တော်တို့ငယ် ဘဝကို သူတို့ရဲ့ အက်ရှင်ကားတွေကလွှမ်းမိုးခဲ့တာပေါ့။ စတားလုံးဆို ရင်လည်း Rocky, Rambo အစရှိသဖြင့် နာမည်ကြီးကားတွေ၊ အာနိုး ဆိုရင်လည်း The Terminator, The Predator အစရှိတဲ့ ရုပ်ရှင်တွေ နဲ့ နာမည်ကြီးပါတယ်။ယခုတီဗွီရှိုးဟာဆိုရင် အာနိုးနဲ့ စတားလုံးတို့ကြား ပြိုင်ဆိုင်မှုတွေ၊ ခင်မင် မှုတွေ၊ နာမည်ကြီးဖြစ်လာပုံတွေ သူတို့နှစ်ယောက်ကို စတူဒီယိုမှာ အင် တာခေါ်ဗျူးရင်း စကားပြောထားကြတာပါ။ သူတို့နှစ်ယောက်ဟာ ခေတ် ပြိုင်မှာ ပေါ်ပေါက်ခဲ့တဲ့ အက်ရှင်မင်းသားကြီးတွေ ဖြစ်တာနဲ့အညီ သူတို့ ကြားမှာ ပြိုင်ဆိုင်မှု၊ ချောက်တွန်းမှုတွေ၊ အကောက်ကြံမှုတွေ ဖြစ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူတို့နှစ်ယောက်က အရမ်းကို ညီအစ် ကိုလိုရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတာပါ။ သူတို့တွေ တစ်ယောက် နဲ့ ...
movie
Arnold & Sly: Rivals, Friends, Icons (2024)
2024
7.4
Southpaw(2015)
Southpaw(2015) ===========သိပ်မကြာသေးခင်က Jake Gyllenhaal ရဲ့Road House(2024) UFC Boxer အက်ရှင်ကားတစ်ကားထွက်လာတယ်...ကောင်းမွန်တဲ့အက်ရှင်ကားဆိုသော်ငြား တစ်ချို့သူတွေအတွက်Southpaw(2015) လောက်ရင်ထဲမရောက်ဘူးလို့ဆိုကြတယ်...ဒါ့ကြောင့် Southpaw ကားကို Quality လုံးဝအလန်းဖြစ်အောင်လုပ်ပြီးတင်ပေးထားပါတယ်... ဘီလီဟုပ် ပွဲ ၄၀ ကျော်လာပြီသူ့ဘဝမှာ ရှုံးပွဲဆိုတာ တစ်ခါဖူးမျှမှ မရှိခဲ့...ပွဲတိုင်းအောင်ပွဲဆင်ခဲ့တာချည်း ဒါပေမယ့် သူ့ထိုးသတ်မှုနည်းဗျူ ဟာက အခြားသူတွေနဲ့မတူပါဘူး ။ပြင်းထန်တဲ့ ရန်သူ့လက်သီးချက်တွေကို တပျော်တပါးကြီးခံစားပြီးမှ သွေးဆာလောင်မှုကိုမွေးမြူ တတ်သူ ။ဒါပေမယ့်သူ့မိန်းမမော်ရင်းကအဲဒီလို ထိုးသတ်တာကိုမကြိုက်ဘူး ။တစ်ဘဝလုံးဇနီးဖြစ်သူရဲ့စီစဉ်ပေးမှုအောက်မှာပဲ နေထိုင်လာတဲ့ဘီလီတစ်ယောက်...ဇနီးဖြစ်သူက သူထိုးပါလို့ပြောတဲ့သူနဲ့မှထိုးတဲ့ အရိုင်းကောင်ကြီးဘီလီ...ကံကြမ္မာဆိုးကဆိုက်ကလုန်းလိုမွှေနောက်ပြီးတဲ့အခိုက်မှာ သမီးလေးနဲ့ နှစ်ယောက်တည်း ဖိအားတွေ အောက်မှာပြားပြားဝပ်ပေါ့ ။လက်စားချေလိုမှုတွေအမုန်းတရားအာဃာတတွေနဲ့ ဖုံးလွှမ်းနေတဲ့ဘီလီတစ်ယောက် သူအမှောင်ထဲမှာအလင်းပြပြလေးတွေ့ခဲ့တယ် ။' သူ့လက်သီးချက်တွေကိုအဓိပ္ပာယ်ရှိစေမယ့်အလင်း '' ဒီဖိုက်တာကောင်ကြီးရဲ့မာန်စွယ်တွေကို ထက်ရှနေအောက်သွေးပေမယ့် အလင်း 'ဘီလီဟုပ် အော် ဘီလီဟုပ်တဲ့ Billy Hope ရှိနေသ၍ Hope ဆိုတဲ့မျှော်လင့်ချက်ကရှိနေဦးမှာပါပဲ ။ဒီကားမှာ အဓိကထားပြောချင်တာတော့ ...
movie
Southpaw(2015)
6.9
Moonlight Mile(2002)
Moonlight Mile(2002)********************Roadhouse နဲ့ Southpaw မှာ ပွဲကြမ်းခဲ့တဲ့ မင်းသား Jake Gyllenhaal ရဲ့ ဒွမ်မာကားကောင်းလေးပါ...လူတိုင်းရဲ့ ဘဝနဲ့အချစ်ဇာတ်လမ်းမှာ ကိုယ်ဖြစ်ချင်တာတွေ၊ မျှော်လင့်ထားရတာတွေ ကိုယ်စီကိုယ်စီရှိတတ်ကြပါတယ်....။ မျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘူးဆိုရင်ရော ဘယ်လိုဆက်ရင်ဆိုင်မလဲ...။ လက်တွေ့ဘဝကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးကိုကြည့်ရှုရင်း အဖြေရှာနိုင်ပါတယ်...။ဂျိုး နဲ့ မကြာခင်လက်ထပ်ရတော့မယ့် ဇနီးလောင်းဖြစ်သူဟာ သေနတ်ပစ်ခတ်မှုမတော်တဆဖြစ်မှုတစ်ခုမှာ သေဆုံးသွားရပါတယ်... ဒါကြောင့်ဂျိုးဟာ ဇနီးလောင်းဖြစ်သူရဲ့မိဘတွေ ပူဆွေးနေတာတွေသက်သာစေဖို့ယောက္ခမအိမ်မှာ သွားနေပေးဖြစ်ပါတယ်...။ ယောက္ခမတွေကလည်း သမီးဖြစ်သူသေဆုံးသွားတော့သမက်ဖြစ်သူကိုသာအားကိုးရင်း နေ့စဥ်ပူဆွေးစရာတွေကျော်ဖြတ်ရင်းပေါ့....။ ဒီလိုနေထိုင်နေရတာကြာလာတော့...ဂျိုးဟာ သူ့ဘဝရဲ့အနှစ်သာရကိုမေ့လျော့လာခဲ့ရပါတယ်... ဘာလို့ဆို ချစ်သူကလည်းသေဆုံးသွား...ဘဝကလည်း သူများတွေအတွက်သာ နှစ်မြုပ်ရင်းအချိန်ကုန်လွန်လာခဲ့လေတော့ အဓိပ္ပာယ်မရှိဖြစ်လာတယ်ပေါ့.... ဒီတော့ ဂျိုးဟာ အဓိပ္ပာယ်မဲ့နေတဲ့ သူ့ဘဝကို ဘယ်လိုမှန်မှန်ကန်ကန်ဖြစ်အောင်ပြန်ရွေးချယ်မလဲ....။ လူတိုင်းမှာ ကိုယ့်နားခိုရာအိမ်ရှိပြီးသားပါ...။ ဂျိုးကရော သူ့ဘဝရဲ့နားခိုးရာအိမ်ကို ဘယ်လိုတွေ့အောင်ရှာမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှုရင်း... ဘဝနဲ့ အချစ်ရဲ့ အဓိပ္ပာယ်ကို ရှာဖွေကြည့်လို့ရပါပြီဗျာ...။၊ File size…1.7GB / 544MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1hr 57min Genre ….. Drama, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder…. ...
movie
Moonlight Mile(2002)
7.7
Brokeback Mountain (2005)
BrokeBack Mountain (2005) ===================== IMDb Rating - 7.7/10Crouching Tiger, Hidden Dragon (2000)လို အနောက်နိုင်ငံတွေမှာ ရှေးဦးအကြီးအကျယ်အောင်မြင်ခဲ့တဲ့ တရုတ်သိုင်းရုပ်ရှင်ရဲ့ ဒါရိုက်တာ.... Director ... Ang Leeက ရိုက်ကူးပြီး သရုပ်ဆောင်အနုပညာမှာ မှော်ဝင် စားလွန်းတဲ့ လူလွန်မသားသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Hearth Ledger နဲ့ Jake Gyllanhaal တို့က Mian Castအဖြစ် သရုပ်ဆောင်ထားပါတယ်။ Nominee 8ခုဝင်ထားပြီး အော်စကာသုံးခုရထားတဲ့ Ang Leeကို အော်စကာ ရစေခဲ့တဲ့ကားလည်း ဟုတ်ပါတယ်။ Homophobia တွေမနှစ်မြို့လောက်မယ့် LGBTကားဆိုတာ ကိုတော့ သတိချပ်စေချင်ပါတယ်။ဒီရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ Hearth Ledgerနဲ့ Jake တို့ဟာ Homo တွေမဟုတ်ပေမယ့် Homoတွေရဲ့ခံစားချက်တို့ကို ကောင်းကောင်းကြီး ပြ သွားနိုင်ခဲ့သလို Real World က သူတို့ကြားက ရင်းနှီးမှုကြောင့်လည်း ဒီကား ဟာ ပိုအသက်ဝင်တယ် ဆိုကြပါတယ်။ချစ်သူနဲ့လက်ထပ်ဖို့ စရိတ်စကရအောင် Brokebackတောင်ပေါ်မှာ အလုပ် လုပ်မယ့် Ennis Del ...
movie
Brokeback Mountain (2005)
2005
7.7
Road House (2024)
ဂျိတ် ယီလင်ဟော အဓိကမင်းသားအဖြစ်ပါဝင်ထားပြီးUFC ဖိုက်တာကြီး Conor McGregor ကြီးဗီလိန်လုပ်ထားတဲ့ဒီရုပ်ရှင်ကို အတော်များများ မျှော်နေကြမယ်ထင်တယ်။တကယ်လည်း ကြမ်းပါတယ်။ ကြည့်ရတာ အားရတယ်။ဒါရိုက်တာကလည်း Edge of Tomorrow ကိုရိုက်ခဲ့တဲ့Doug Liman ပါပဲ။ ဂျိတ်ယီလင်ဟောဟာ ဒီရုပ်ရှင်မှာUFC ဖိုက်တာဟောင်းအဖြစ်သရုပ်ဆောင်ဖို့ တရားလွန်ကိုလေ့ကျင့်ခဲ့ပြီး ဒါရိုက်တာက ရိုက်ဖူးသမျှ ရုပ်ရှင်တွေထဲမှာဂျိတ်ရဲ့ သရုပ်ဆောင်ချက်ဟာ အကောင်းဆုံးပဲလို့ ပြောခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဒေါ်တန် ဆိုတဲ့ UFC ဖိုက်တာဟောင်းတစ်ယောက်ဟာအကြောင်းတစ်ခုကြောင့် လောကကြီးကိုစိတ်ကုန်နေပြီးလမ်းဘေးပွဲတွေမှာပဲလုပ်စားနေတာကြာပါပြီ။တစ်နေ့မှာတော့ Road House လို့ခေါ်တဲ့ ဘားရဲ့ ပိုင်ရှင်ကောင်မလေးက သူ့ဘားအတွက် လုံခြုံရေးလုပ်ဖို့လာကမ်းလှမ်းတာကိုလက်ခံလိုက်ပါတယ်။ ဒါပေမဲ့သူလုံခြုံရေးလုပ်ရတဲ့ဘားက သာမန်ရန်ဖြစ်တဲ့လူတွေတင်မကဘဲ လူမိုက်အဖွဲ့ကြီးတစ်ခုကပါ ဘားကိုတမင်ပျက်စီးအောင်လာလုပ်နေတာကိုတွေ့ရပြီး တစ်ယောက်တည်းနဲ့လူမိုက်အုပ်ကြီးကို ခံချရပါတော့တယ်။ အက်ရှင်အသားပေးမို့ဇာတ်လမ်းက ထွေထူးပြောစရာမလိုပါဘူး။ရှယ်ကြိတ်တာတွေသာ ကြည့်လိုက်ကြပါ။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ File size…6GB/2.81GB ...
movie
Road House (2024)
4K HEVC
7.0
Demolition (2015)
-IMDb Rating - 7.0/10 ခံစားချက်ဆိုတာတွေကကျွန်တော်တို့တွေကို လူသားဆန်စေပါတယ်..။ခံစားချက်မရှိတဲ့လူတစ်ယောက်ဟာယန္တာရားအရေခွံနဲ့လူတစ်ယောက်သက်သက်ပါပဲ...။ဇနီးသည်ကားတိုက်သေသွားပြီးနောက်နောက်နေ့မနက်မှာ အလုပ်သွားခဲ့တဲ့ခံစားချက်လုံးဝမရှိတဲ့လူတစ်ယောက်...အရာရာကို ဖြိုချဖျက်စီးပြီးဘယ်လိုတည်ဆောက်ထားသလဲ အဖြေရှာတတ်တဲ့စိတ်ရောဂါသမားတစ်ယောက်...ဒီလို ယန္တာရားအရေခွံနဲ့လူတစ်ယောက်ရဲ့စိတ်.. အတွေး... ပြောင်းလဲပုံ အဆင့်ဆင့်ကိုဒီရုပ်ရှင်မှာ Jakeရဲ့ အကောင်းဆုံးacting skillတွေနဲ့ ပီပီပြင်ပြင်ဖော်ညွှန်းသွားပါတယ်။ ဒီကားဟာ တိကျတဲ့ ရသမရှိပေမဲ့ဝေဝါးထူးခြားတဲ့ ရသတစ်ခုကို ဖော်ညွှန်းရိုက်ကူးထားတဲ့ Comedy , Dramaဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။Jake Gyllanhaal (Main castအဖြစ်)သရုပ်ဆောင်ထားတဲ့ ကားတွေဟာမကောင်းတာ မရှိသလောက်ရှားပါတယ်။ဒီတစ်ခါ Demolitionမှာလဲသူ့ရဲ့ အနုပညာမှော်ဝင်စားမှုကိုတွေ့ရဦးမှာပါ..... (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size… 1.3 GB / 637 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung
movie
Demolition (2015)
2015
7.8
October Sky (1999)
IMDb 7.8 နဲ့ Rotten Tomatoes 91%အထိရရှိခဲ့တဲ့ NASA legend ကြီးတစ်ဦးဖြစ်တဲ့ ဟိုမာဟစ်ကမ်ရဲ့ ငယ်ဘ၀အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။"ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုပဲ စိတ်၀င်စားတဲ့ ဟိုမာဟစ်ကမ် သို့မဟုတ် အောက်တိုဘာကောင်းကင်ယံက ဆိုဗီယက်ဂြိုဟ်တုကိုငေးကြည့်ရင်း ဒုံးပျံအိပ်မက် မက်ခဲ့တဲ့ သတ္တုတူးသမားတစ်ဦးရဲ့ သား"အချိန်ကာလအားဖြင့် ၁၉၅၀ခုနစ်၊ ဟိုမာဟာ ကိုးလ်ဝုလို့ခေါ်တဲ့ ကျောက်မီးသွေးတူးတဲ့အလုပ်နဲ့အသက်မွေးကြတဲ့ မြို့ငယ်လေးက လူငယ်လေးတစ်ဦးဖြစ်တယ်။ ဟိုမာရဲ့အဖေဖြစ်သူက ကိုးလ်ဝုကျောက်မီးသွေးတွင်းရဲ့ပိုင်ရှင်တစ်ဦး။ ဟိုမာတို့မြို့ငယ်လေးမှာ ပညာရေးအတွက် ရွေးချယ်စရာများများစားစားမရှိ။ အထက်တန်းပြီးသွားရင် ပညာသင်ဆုနဲ့ မြို့ကြီးတွေမှာ ကောလိပ်သွားတက်ရင်တက် မတက်ရင်တော့ အများစုက ကိုးလ်ဝုရဲ့ကျောက်မီးသွေးတွင်းထဲမှာပဲ သတ္တုတူးသမားအဖြစ် ၀င်ရောက်လုပ်ကိုင်ကြတာများတယ်။ဒါပေမဲ့ တစ်နေ့မှာ နာဆာကိုရောက်မယ့် အင်ဂျင်နီယာလောင်းဟိုမာကတော့ သတ္တုတွင်းထဲမသွား၊ ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုသာ စူးစမ်းချင်သူတစ်ဦး။ ဟိုမာဟာ ရေဒီယိုကနေ ဆိုဗီယက်ပြည်ထောင်စုရဲ့ စပတ်ခ်နစ်ခ်လို့အမည်ရတဲ့ ကမ္ဘာ့ပထမဆုံး လူလုပ်ဂြိုဟ်တုကို ...
movie
October Sky (1999)
6.7
Proof (2005)
၂၀၀၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Triller Drama ဇာတ်ကားတစ်ကားဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Anthony Hopkins, Jake Gyllenhaal နဲ့ Gwyneth Paltrow တို့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စိတ်ပုံမှန်မရှိတဲ့ သင်္ချာပညာရှင်ဖခင်ကို ကူညီစောင့်ရှောက်ရင်း ဖခင်သေဆုံးသွားချိန်မှာ သူမပြီးဆုံးခဲ့တဲ့ သင်္ချာသီအိုရီသက်သေပြချက်ကို ကြိုးစားရှာဖွေနေတဲ့ သမီးဖြစ်သူအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။အဖေတူသမီး ကတ်သရင်းဟာလည်း သင်္ချာပညာရပ်နဲ့ပတ်သက်ပြီး ဖခင်ရဲ့ဗီဇပါတဲ့အတွက် သင်္ချာတွက်ချက်မှုတွေကို ကျွမ်းကျင်တယ်။ ဒါ့အပြင် သူ့အဖေရဲ့တပည့်တစ်ဦးဖြစ်သူ ဟယ်လ်ရိုးဟာ PhD စာတမ်းရေးဖို့အတွက် ကတ်သရင်းရဲ့အိမ်မှာ လာရောက်လေ့လာရင်း သူတို့နှစ်ဦးသား သံယောဇဉ်တွယ်သွားကြတယ်။ဒီလိုနဲ့ သူတို့နှစ်ဦးသား ကတ်သရင်းအဖေမသေဆုံးခင်က တွက်ချက်ခဲ့တဲ့ပုစ္တာကို ကြိုးစားတွက်ချက်ရင်း သင်္ချာသီအိုရီတစ်ခုကို သက်သေပြချက်ထုတ်ဖို့ကြိုးစားသွားကြတာကို ဇာတ်အေးကြိုက်သူများအနေနဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader
movie
Proof (2005)
7.6
End of Watch (2012)
2012 ခုနှစ်ကထွက်ရှိထားတဲ့ Action & Crimes ရုပ်ရှင်အမျိုးအစားဖြစ်ပြီး IMDb 7.6/10 အထိရရှိထားပါတယ် ဇာတ်လမ်းမှာတော့ Brian နဲ့ Zavala ဆိုတဲ့ရဲအရာရှိနှစ်ယောက်ဟာ လော့စ်အိန်ဂျလစ်မြို့မှာနေ့စဉ်ကင်းလှည့်ရင်း လူဆိုးတွေနဲ့ရာဇဝတ်မှုတွေနှိမ်နင်းနေတာကိုတွေ့ရမှာပါ သူတို့နေ့တိုင်းလူဆိုးတွေဖမ်းရင်းဘာတွေကြုံတွေ့ရမလဲဆိုတာကိုစောင့်ကြည့်ရတာတကယ့်ကိုစိတ်လှုပ်ရှားစရာပါပဲ ဒီဇာတ်ကားမှာသရုပ်ဆောင်ဖို့အတွက် အဓိကဇာတ်ဆောင်နှစ်ယောက်က LAရဲဌာနမှာ ငါးလလောက်ရဲတွေနဲ့အတူသွားနေပြီးလေ့ကျင့်ခဲ့ရပါတယ်တဲ့ ရဲကားအက်ရှင်ကားကောင်းကောင်းကြိုက်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ File size…(2.3 GB)/(1.2 GB)/(710 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:49:00 Genre...Drama, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
End of Watch (2012)
8.0
The Covenant(2023)
The Covenant(2023)*******************Sherlock Holmes 2009 တို့ Alladin 2019 တို့ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Guy Ritchie ရဲ့ ဖြစ်ရပ်မှန်အခြေခံ စစ်ကားအသစ်လာပါပြီ။ဇာတ်ကားနာမည် Covenant ဆိုတာကတော့ ကတိတစ်ခု သစ္စာတစ်ခုကို ဆိုလိုတာပါပဲ။ မင်းသားကတော့ ဂျိတ်ယီလင်ဟောပါပဲ။ အဖြစ်အပျက်ကတော့ အာဖဂန်စစ်ပွဲတွင်းကိုပဲ အခြေတည်ထားတာပါ။ အောက်တိုဘာ ၇ ရက်၊၂၀၀၁ ခုနှစ်မှာ ၉/၁၁ တိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ အမေရိကန်တပ် ၁၃၀၀ ကို အာဖဂန်မှာတာဝန်ချထားခဲ့ပေမဲ့ ၂၀၁၁ ဒီဇင်ဘာမှတေ့ာ အမေရိကန်တပ်သား ၉၈၀၀၀ အထိ တာဝန်ပေးတပ်စွဲစေခဲ့ပါတယ်။အဲဒီတပ်တွေနဲ့အတူ အာဖဂန် စကားပြန်ပေါင်း ၅၀၀၀၀ လောက်ကို အမေရိကန်မှာ ခိုလှုံခွင့်ပေးဖို့ သဘောတူညီချက်နဲ့အမေရိကန်စစ်တပ်က တာဝန်ပေးခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ တပ်ကြပ်ကြီး ဂျွန် ကန်န်လီနဲ့ စကားပြန် အာမက်တို့အသက်လုပြီးတိုက်ပွဲဝင်ခဲ့ရပုံတွေကို တစ်ဝက်လောက်အထိပြထားတာပါ။ အာဖဂန်ကနေ ၂၀၂၁ ခုနှစ်မှာအမေရိကန်တွေတပ်ဆုတ်ပြီး တာလီဘန်တွေ အာဏာရသွားချိန်မှာ စကားပြန်ပေါင်း ...
movie
The Covenant(2023)
4K HEVC
Strange World (2022)
ဒီနှစ်ထဲမှာထွက်ရှိထားတဲ့ ဝေါ့လ်ဒ်ဒစ္စနေးရဲ့ သိပ္ပံစိတ်ကူးယဉ် animation ဇာတ်ကားကောင်းလေးတစ်ကားလာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေဂါကလေ့ဒ်ဟာ အဗာလိုနီးယားဆိုတဲ့ပြည်က နာမည်ကြီးစူးစမ်းရှာဖွေသူတစ်ယောက်ပါ။ အဗာလိုနီးယားဟာ တောင်အထပ်ထပ်ကာရံထားတဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီး အဲ့ဒီတောင်တွေရဲ့ဟိုဘက်မှာ ဘာတွေရှိမလဲဆိုတာ ဘယ်အဗာလိုနီးယားပြည်သူမှမသိကြသလို သိရအောင်စူးစမ်းတဲ့ စူးစမ်းရှာဖွေသူတိုင်းဟာလည်း မအောင်မြင်ခဲ့ကြပါဘူး။ အဲ့လိုခက်ခဲကြမ်းတမ်းပြီး မရေရာတဲ့စိတ်ကူးအိပ်မက်ကို မက်နေသူကတော့ ဂျေဂါကလေ့ဒ်ပဲဖြစ်ပါတယ်။ ဂျေဂါကလေ့ဒ်ဟာ ဇွဲကြီးကြီးထားကြိုးစားပြီး တောင်တန်းတွေကို ဖြတ်ကျော်နိုင်ဖို့ ကြံစည်အားထုတ်ခဲ့ရမှာ တစ်နေ့မှာတော့ မထင်မှတ်ထားတာတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ တောင်တန်းတွေကိုကျော်နိုင်မယ့် မိုးကုပ်စက်ဝိုင်းကို လှမ်းမြင်ရချိန်မှာ သူ့ရဲ့လက်ထောက်လည်းဖြစ်၊ သားလဲဖြစ်တဲ့ ဆာချာကလေ့ဒ်ဟာ ထူးဆန်းပြီးလက်လက်ထနေတဲ့ အပင်တစ်မျိုးကိုတွေ့ခဲ့ပါတယ်။ အဲ့ဒီမှာပဲ ဂျေဂါရဲ့အိပ်မက်ကို အကောင်အထည်မဖော်သေးပဲ အဆိုပါအပင်ကို အဗာလိုနီးယားဆီပြန်ပို့သင့်၊ မပို့သင့် အငြင်းပွားရာကနေ သားအဖနှစ်ယောက် သဘောထားကွဲလွဲပြီး ဂျေဂါကတစ်ဘက်၊ သားဖြစ်သူ ဆာချာနဲ့ အဖွဲ့သားတွေကတစ်ဘက် ဖြစ်သွားကြပါတော့တယ်။ အဲ့ဒီမှာပဲ ခေါင်းမာတဲ့ဂျေဂါဟာသူတစ်ဦးတည်း ခရီးဆက်ထွက်ပြီး သားဖြစ်သူနဲ့အဖွဲ့သားတွေကို အိမ်ပြန်စေပါတယ်။ အဲ့နောက်ပိုင်း ဂျေဂါရဲ့သတင်းမကြားရတော့သလို သားဖြစ်သူဆာချာဟာလည်း သူတွေ့ရှိခဲ့တဲ့ အဆိုပါလက်လက်ထနေတဲ့ ...
movie
Strange World (2022)
6.6
Prince of Persia: The Sands of Time (2010)
Prince of Persia (2010)Prince of Persiaဟာ ကျွန်တော်တို့ ဟိုးငယ်ငယ် နာရီပေးနဲ့ဆော့ခဲ့ရတဲ့ P2ခေတ်ကတည်းက နာမည်ကြီးခဲ့ပါတယ်။ နောက်ပိုင်း Mobile Game အထိ ရှိခဲ့သလို ဒီနှစ်ထဲလည်း Ubisoftက remakeပြန်ထုတ်ဖို့ အထိလုပ်ထားပါတယ်။ Prince of Persiaဟာ ဒီလို ခေတ်အဆက်ဆက်အထိ မမှေးမှိန်သေးတဲ့ နာမည်ကျော်ဂိမ်းစီးရီးတစ်ခုပါပဲဒီရုပ်ရှင်ကတော့ Prince of Persia , Sand of time ဂိမ်းTrilogy က အချက်အလက်တွေကို သုံးပြီး 2010မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ legend actorကြီး Jake Gyllenhaalနဲ့ Ben Kingsley တို့အပြင် ဆွဲဆောင်မှုအပြည့်နဲ့ မမGemma Artertonတို့က သရုပ်ဆောင်ထားပါတယ်။ရုပ်ရှင်က ပါရှားတွေရဲ့ စစ်မက်တွေ မတည်ငြိမ်တဲ့ ခေတ်ကာလမှာ တည်ထားတာဆိုတော့ နန်းဆောင်ကြီးတွေ ၊ စစ်တပ်တွေ ...
movie
Prince of Persia: The Sands of Time (2010)
9.1
Spider-Man: No Way Home ( 2021 )
စောင့်မျှော်နေရတဲ့ Spider-Man : No Way Home ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ(function(f,b,n,j,x,e){})();IMDb 9.1 ရရှိထားပီး Rotten tomatoes : 94% ရရှိထားပြီး နိုင်ငံတကာမှာ ဝက်ဝက်ကွဲအောင်မြင်နေတယ်ဆိုတာ အကုန်လုံးလည်းသိပြီးသားဖြစ်မှာပါအညွန်းကတော့... Spider-Man : Far From Home အပြီးမှာ ပီတာရဲ့ Identity ကို Mysterioကဖေါ်ထုတ်လိုက်တဲ့ cliffhanger နဲ့အဆုံးသတ်ထားတာကိုတွေ့ရမှာပါ..အခုဇာတ်ကားကလည်းအဲ့နေရာကပဲ စတင်ခဲ့ပြီး ပီတာနဲ့ MJ တို့ ထွက်ပြေးကြရတာပေါ့လူထုရဲ့ရန်သူ နံပါတ် ၁ ဖြစ်လာပီးတဲ့နောက်မှာ ပီတာ တစ်ယောက်အခက်အခဲတွေအများကြီးကြုံတွေ့ပြီးပီတာရဲ့ အနီးကချစ်ရတဲ့သူတွေပါ အကုန်ထိခိုက်ကုန်ပါတော့တယ်..ချစ်သူ မုန်းသူ ရှိစမြဲဆိုပေမယ့်အခက်အခဲက ပိုများနေတာမို့ ပီတာတစ်ယောက် ကြံရာမရဖြစ်ပြီးတော့ ဒေါက်တာထူးဆန်း ဆီကိုအကူအညီတောင်းဖို့သွားပါတော့တယ်..Dr.Strange ကလည်း ပီတာကို ကူညီဖို့အတွက်အန္တရာယ်များတဲ့ Spell တခုကိုလုပ်ဆောင်ရင်း ပီတာရဲ့ ဝင်ရှုပ်မှုကြောင့် spell ဟာ ကပေါက်တိကပေါက်ချာတွေဖြစ်ကုန်ပြီး Multiverse က ...
movie
Spider-Man: No Way Home ( 2021 )
7.5
Spider-Man: Far From Home (2019) MCU
Spider-Man: Far from Home (2019) IMDb - 7.5/10_____Rotten - 91% (function(f,b,n,j,x,e){})();Endgame အပြီးမှာ ထွက်လာတဲ့ကားတွေကို ကြည့်ရတာ သိပ်အားရပါတော့မလားလို့ တွေးမိပေမယ့် မာဗယ်ကတော့ ပိုပိုကောင်းအောင် လုပ်ပြနိုင်တုန်းပါပဲ။ဒီစပိုက်ဒါမန်းကားကို အကြိုက်တွေ့ကြမှာပါ။ဇာတ်လမ်းအကျဉ်း…သားနို့စ်နဲ့တိုက်ပွဲအပြီးမှာ ကမ္ဘာကြီးဟာ အပြိုင်စကြဝဠာတွေနဲ့ ချိတ်ဆက်တဲ့ ဝင်ပေါက်တွေ ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ခုက သူရဲကောင်း မစ်စ်တီးရီယိုဟာ သူ့ရဲ့ကမ္ဘာကို ဖျက်ဆီးသွားတဲ့ သတ္တဝါဆိုးတွေ လက်ရှိ စပိုက်ဒါမန်းတို့ ကမ္ဘာကို ရောက်လာတာကြောင့် လိုက်လံတိုက်ခိုက်ရင်း နစ်ခ်ဖြူရီ၊ စပိုက်ဒါမန်းတို့နဲ့ မိတ်ဆွေဖြစ်လာပါတယ်။စပိုက်ဒီနဲ့ မစ်စ်တီးရီယိုတို့ ပေါင်းပြီး ဒီအန္တရာယ်တွေကို ရင်ဆိုင်ရပါလိမ့်မယ်……(ဘာသာပြန်ပေးထားသူကတော့ Littleneo ပါ) File size…(5.7 GB)/(2.1 GB)/(1 GB) Quality….IMAX 4K HEVC/ DS4K 1080p / 720p Format…mkv/mp4 Duration….02:09:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo
movie
Spider-Man: Far From Home (2019) MCU
2019
4K HEVC IMAX
7.9
Nightcrawler (2014)
IMDb Rating (7.8) / Rotten Tomatoes (95%)အကြံအဖန်လုပ်တတ်တဲ့သူခိုး... အဲဒီလိုပြောလို့ ဒီ Nightcrawler ကို သူခိုးကားလို့မထင်ပါနဲ့။ ဒီကားဟာ တကယ်တော့ သတင်းထောက်ကားလို့တောင်ပြောလို့ရတယ်။ မင်းသားက Jake Gyllenhaal ဆိုတော့ သရုပ်ဆောင် လန်ထွက်ချက်က ၂ချက်လောက် နားရင်းအုပ်ချင်လာမှာပါ...ဇာတ်လမ်းကတော့ မင်းသားက အလုပ်မရှိတဲ့ သူခိုးဂျပိုးပါ။ ဒါပေမယ့် ပညာတတ်သူခိုးပေါ့ လူပေါ်လူဇော်လုပ်တတ်တယ်။ အဲဒါနဲ့ တစ်ရက်ကျ အနေအစားချောင်ပြီး မျိုးမျိုးမြက်မြက်ရတဲ့ အလုပ်တစ်ခုကို သူတွေ့သွားတယ်။ အဲဒါက သတင်းရောင်းစားတဲ့အလုပ်... သတင်းရောင်းစားတယ်ဆိုလို့လည်း အထင်မကြီးပါနဲ့။ ကူလီကူမာ မျိုးစုံလုပ်ပြီး သတင်းတွေကို လီဆယ်ပြီး နေရာချ၊ တစ်ကိုယ်ကောင်းဆန်ပြီး အထာမထားတဲ့သူ။ သူ့အနေနဲ့ ပညာရေးအရ အတန်းပညာမတတ်ပေမယ့် လူတစ်ယောက်ကို ဘယ်လို ဆက်ဆံရမလဲ၊ ဘယ်အချိန်မှာ ကလိမ်ကကျစ်ကျရမလဲဆိုတာ မွေးရာပါတတ်နေသလိုမျိုး...မင်းသား Jake Gyllenhaal ကလည်း ဒီလိုမျိုး အကျင့်ယုတ်၊ ကလိမ်ကျတဲ့ ...
movie
Nightcrawler (2014)
2014
6.1
The Guilty (2021)
The Guilty (2021)စောင့်မျှော်နေကြတဲ့ Jake Gyllenhaalရဲ့ Crime, Thrillerကားသစ် ရပါပြီ၊ ဒီကားကတော့ 2018 တုန်းက ထွက်ခဲ့တဲ့ ဒိန်းမတ်ရုပ်ရှင် The Guilty ကို Remake ပြန်ရိုက်ထားတာပါသူ့နာမည်က ဂျိုးဘေလာ၊ LAရဲတပ်ဖွဲ့ရဲ့ အရာရှိတစ်ဦးဖြစ်ပေမယ့် အတိတ်ကအကြောင်းတစ်ခုကြောင့် ၉၁၁- အရေးပေါ်ဌာနကို ရာထူးချခံထားရသူအရေးပေါ်ဌာနတို့ရဲ့ ထုံးစံအတိုင်း ကားပိတ်တာ၊ ကြောင်သစ်ပင်ပေါ်တက်တာကအစ သဘာဝဘေးအန္တရာယ်အဆုံး ဖုန်းတဂွမ်ဂွမ်ဆက်လာတာကို ပြန်ဖြေပေးရတဲ့နေရာဆိုတော့ဂျိုးတစ်ယောက် သိပ်နေသားမကျလှ၊ ရဲအရာရှိဘဝကလာတာမလို့ ပေါင်းသင်းဆက်ဆံရေးကလည်းညံ့တော့ အတော်ဘုကလန့်ကျနေတာပေါ့၊ ဒီကြားထဲ အိမ်ထောင်ရေးကလည်း အဆင်မပြေတော့ တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်နေတာပေါ့တစ်ရက် LAမှာ မီးအကြီးအကျယ်လောင်မှုကြောင့် အရေးပေါ်ဌာနတစ်ခုလုံး ဗျာများနေချိန် ဂျိုးဆီကို ဖုန်းတစ်ကောလ်ဝင်လာတယ်၊ ဖုန်းဆက်လာသူအမည်က အမ်မလီလိုက်တန်၊ ဂျိုးဖုန်းကိုင်ကိုင်ချင်းပဲ သူ့ကို Sweetyဆိုပြီး စခေါ်တော့ လူဂွစာကြီးဂျိုး ထောင်းခနဲဒေါသထွက်သွားပြီ၊ ဌာနတစ်ခုလုံးအလုပ်များနေချိန် မျက်နှာပြောင်ပြီး ဖုန်းဆက်တာပဲပေါ့ဒါပေမယ့်အဲ့ဒီအမျိုးသမီးရဲ့အသံက တုန်နေတယ်၊ ငိုသံပါနေတယ်၊ ကြောက်လန့်နေတယ်၊ နောက်ပြောင်ပြီးခေါ်တဲ့ဖုန်းမဟုတ်ဘူး။ဂျိုးလည်းစဉ်းစားရပြီ၊သူ့ကိုဘာလို့ Sweetyလို့ခေါ်ရတာလဲ? ဘာလို့ ဖုန်းပြောတဲ့အသံက ထူးဆန်းနေတာလဲ?စသဖြင့် မေးခွန်းတွေမေး၊ စကားတွေပြောရင်း ကိစ္စကသူထင်ထားသလို ရိုးရှင်းမနေမှန်းသိသွားတဲ့အခါ....အမ်မလီလိုက်တန်ဆိုတဲ့ အမျိုးသမီးက ဘယ်သူလဲ? သူအခုကြုံနေရတဲ့ကိစ္စက ...
movie
The Guilty (2021)
2021
6.9
Enemy(2013)
Enemy(2013) ရုပ်ရှင်အညွှန်းတစ်ခါတစ်လေ ကျရင် ကိုယ့်ဘဝရဲ့ ရန်သူဆိုတာ ကိုယ်ကိုယ်တိုင်လည်း ဖြစ်နေနိုင်ပါတယ်ဒီရုပ်ရှင်ကတော့ အချုပ်အနှောင်ကို မကြိုက်တဲ့ ယောက်ျား တစ်ယောက်၊ မိန်းမ တစ်ယောက်တည်းအပေါ် မှာပဲသစ္စာရှိရမှာ ကြောက်နေပြီး အဲ့လို ဘဝမျိုးမှာ လက်တွေ့ရှင်သန်နေထိုင်နေရတဲ့ အတွက် စိတ္တဇဝေဒနာ ကိုခံစားနေရတဲ့ ယောက်ျားတစ်ယောက်အကြောင်းပါရုပ်ရှင်ရဲ့ အဓိကက မင်းသားရဲ့ စိတ်ရောဂါ အကြောင်းကို လုံးဝ ပရိတ်သတ်တွေ နှစ်ခါပြန်ကြည့်ပြီးစဥ်းစားရလောက်မယ့် ပုံစံမျိုးနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်ပထမတစ်ခေါက်ကြည့်ပြီးရင်တော့ wtf? ဘာကြီးလဲ လို့ တွေးမိသွားနိုင်ပေမယ့်ရုပ်ရှင် တစ်ခုရဲ့ symbolism,metaphors တွေကို စိတ်ဝင်စား နားလည်တဲ့ သူတွေအတွက်ကတော့ဒီရုပ်ရှင် ပဟေဠိ တစ်ခုလိုပါပဲ အဖြေကို သေချာ နားလည်သွားတဲ့ အခါကျရင်တော့ တကယ့် masterpiece တစ်ခုလို့ ခံစားရမှာ အသေအချာပါပဲမင်းသားကတော့ ကျွန်တော့်အနေနဲ့ nightcrawler,spiderman-far from home တို့မှာ တွေ့ခဲ့ရတဲ့ မင်းသားကြီးjake ...
movie
Enemy(2013)
2013
5.6
Spirit Untamed (2021)
Spirit Untamed (2021)=================IMDb Rating - 5.6/102021 ခုနှစ်ထွက် Dreamworks ရဲ့ Animation ကားလေး မြင်းစီးပြီးပရိသတ်ရှေ့ရောက်လာပါပြီ...ချစ်တဲ့စိတ်ကို ချုပ်တည်းလို့မရသလို စွန့်စားချင်တဲ့စိတ်ကိုလည်း ချုပ်တည်းလို့မရနိုင်ပါဘူးနော်... အခုတော့ဒီဇာတ်ကားလေးမှာ Dream Work ကနေပြီးတော့ သွက်သွက်လက်လက် နဲ့ ချစ်ဖို့ကောင်းတဲ့ ဇာတ်ကောင်ကိုမွေးဖွားလိုက်ပြန်ပါပြီ။ မိန်းကလေးဆိုတာ သိမ်သိမ်မွေ့မွေ့ နဲ့ အိမ်ထဲမှာပဲ ချက်ပြုတ်တတ်ရင်ရပြီဆိုတဲ့ Logicကိုလည်းရိုက်ချိုးပြချင်တဲ့ပုံပါပဲ။ကလေးသဘာဝ ဆော့ကစားချင်တဲ့အရွယ်မှာ အမိမဲ့ လပ်ကီးတစ်ယောက်ကတော့ ဇီဇာကြောင်အဒေါ်ဖြစ်သူရဲ့ဆုံးမမှုအောက်မှာ ဗိုင်းကောင်းကျောက်ဖိဖြစ်အောင် နေနေရပါတယ်။ ဒါပေမဲ့လည်း ဗီဇလေးက ပါလေတော့ အဘိုးရဲ့ပါတီပွဲမှာသောင်းကျန်းခဲ့တာမို့ ကြီးဒေါ်နဲ့အတူ အဖေရှိရာ တောရွာလေးထဲ ရောက်လာခဲ့ပါတော့တယ်။ထိုတောရွာလေးမှာ လပ်ကီးအမေရဲ့ အမှတ်တရတွေအများကြီး ရှိနေပြီး မြို့ပြမှာ နေခဲ့တဲ့မိန်းကလေးတစ်ယောက် တောရွာမှာနေရတဲ့အခါ မြင်းတစ်ကောင်နဲ့ ဘယ်လိုဗွေတွေဖောက်မလဲ၊ သူမမှတ်မိတဲ့ သူ့အမေရဲ့အကြောင်းကို ဘယ်လိုရှာဖွေမလဲဆိုတာတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်လမ်းဇာတ်ကွက်ကျကျလေးကြည့်ရမှာမို့ အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ် . . .(ဒီဇာတ်လမ်းရဲ့ ...
movie
Spirit Untamed (2021)
2021
5.6
Bubble Boy 2001
ပြင်ပက ဝင်လာတဲ့ ရောဂါတွေကို ပြန်တိုက်ထုတ်ဖို့ ကိုယ်ခံအား စနစ်ဆိုတာ ရှိပါတယ်။ ဒီကောင်လေးကတော့ မွေးကတည်းက ဘာကိုယ်ခံအားမှ ပါမလာတဲ့အတွက် ရောဂါပိုး အသေးလေးဝင်ရင်တောင် သေသွားနိုင်တာမို့ လေပူဖောင်းထဲမှာပဲ အမြဲနေနေရပါတယ်။ လေပူဖောင်းလူသားရဲ့ စွန့်စားခန်းတွေ အချစ်ဇာတ်လမ်းတွေကို ခွီးနေရအောင် ရိုက်ထားတာပါ။ ကြည့်ချင်ကြမယ်ထင်ပါတယ်။File Size : 600Mb / 300 Mb Quality : Bluray 720p Format…mp4 Duration…02:01:00 Genre : Comedy, Crime, Biography Subtitle : Myanmar Subtitle (Hard Sub) Translated by Elizabeth Encoded by Littleneo
movie
Bubble Boy 2001
1
2
Next