Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jagan
5.7
Indian 2: Zero Tolerance (2024)
Indian 2 (2024) "အိန္ဒိယခေါင်းဖြူ"အခုတစ်ခါမှာတော့ အိန္ဒိယရုပ်ရှင်လောကမှာ နာမည်အကျော်ကြားဆုံးရုပ်ရှင်တွေထဲက တစ်ကား အပါအဝင်ဖြစ်တဲ့ classic ရုပ်ရှင် Indian (1996) ရဲ့ sequel ထွက်ရှိလာလို့ မနှေး/အမြန် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှေးခေတ်နာမည်ကြီးမင်းသား ကာမယ်လ်ဟာဆန် ပြန်လည်ပါဝင်လာပြီး Jigarthanda(2014), Chithha(2023) တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ ဆစ်ဒါးသ်လည်း အားဖြည့်ထားပါတယ် ဒီကားက စူပါဟီးရိုးအထာပြောရရင် ဘတ်မင်း Returns ပုံစံပါဇာတ်လမ်းအကျဥ်းကတော့ ချစ်တရာနဲ့ သူ့ဘော်ဒါတစ်သိုက်က နယ်ပယ်မျိုးစုံက အဂတိလိုက်စားမှုကို သရော်ဝေဖန်ရေး ဟာသဇာတ်လမ်းတိုတွေ Youtube မှာတင်ရင်း ပရိသတ်အားပေးမှု တစ်ခဲနက်ရထားကြပါတယ်ဒီလိုနဲ့ လာဘ်ပေးလာဘ်ယူမှုကြောင့် သားကောင်ဖြစ်ခဲ့ရတဲ့ ကောင်မလေးအတွက် ဆန္ဒထုတ်ဖော်ရင်း သူတို့ အဖမ်းခံလိုက်ရပါသေးတယ် အာမခံနဲ့ ပြန်လွတ်လာတော့ သူတို့တွေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတယ်အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ သူတို့ချည်းမလုံလောက်ဘဲ တစ်ချိန်က "အင်ဒီးယန်း အမည်ရှိ အဘိုးကြီးကို ပြန်ခေါ်ဖို့ကြိုးစားကြရာမှာဘယ်လိုတွေဆက်ဖြစ်ဦးမှာလဲ လူငယ်တစ်သိုက်နဲ့ အဘိုးကြီးပူးပေါင်းပြီး တကယ်ပဲ အကျင့်ပျက်မှုတွေကို တိုက်ဖျက်နိုင်သွားမှာလား ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ...
movie
Indian 2: Zero Tolerance (2024)
2024
7.5
Idi Minnal Kadhal (2024)
Idi Minnal Kadhal (2024) လမ်းမထက်က ဘဝများစွာလမ်းမပေါ်မှာ နေ့စဉ်သွားလာနေတဲ့လူတွေလည်းအများကြီး ။ ဖြတ်သန်းနေတဲ့ ယာဉ်ပေါင်းကလည်းအမျိုးအစားအစုံ ။ ဒီလိုရှုပ်ထွေးများပြားလွန်းတဲ့လမ်းမပေါ်မှာ ယာဉ်တစ်စီးနဲ့ လူတစ်ယောက် ၊ ယာဉ်အချင်းချင်း ထိခိုက်ပျက်စီးသေကြေကြတာ မဆန်းပေမဲ့ မတော်တဆမှုတစ်ခုကြောင့် ထိခိုက်သွားတဲ့ဘဝတွေက တစ်ခု တစ်မိသားစုမက....။အိပ်မက်တွေအပြည့်နဲ့ အနာဂတ်အတွက်လျှောက်လှမ်းကြမဲ့ ချစ်သူနှစ်ဦး တစ်နေ့မှာ လူတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိခဲ့တယ် ။ ကိုယ့်ကြောင့် လူတစ်ယောက်သေရတယ်ဆိုတဲ့ အပြစ်တင်စိတ်က တစ်ဖက် အသင့်ဖြစ်နေတဲ့အနာဂတ်ခရီးကတစ်ဖက် သူတို့ဘယ်လမ်းကို ရွေးချယ်ကြမလဲ...။သေသွားတဲ့လူမှာလည်း အဖေကိုခင်တွယ်ရှာတဲ့သားတစ်ယောက်နဲ့ကျန်နေခဲ့တယ် ဒီအက်ဆီးဒင့်နဲ့ပတ်သတ်ပြီး နောက်ထပ်ဆက်နွှယ်လာတဲ့သူတွေ ကံကြမ္မာက အခိုက်အတန့်တစ်ခုမှာ ဘဝများစွာရဲ့ အနာဂတ်ကိုတစ်ဆစ်ချိုးပြောင်းလဲလိုက်ပေမဲ့ ဒီလူတွေက ကံစီမံရာအတိုင်းပဲနေလိုက်ကြမလား ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးရင်ဆိုင်ကြမလားဆိုတာတော့.....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…2.2GB / 953MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Idi Minnal Kadhal (2024)
2024
6.7
Anegan (2015)
Anegan (2015) သို့ သံသရာတည်မဲ့ချစ်ခြင်းIMDb --- 6.7/10ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ အတိတ်ဘဝကိုပြန်မှတ်မိနိုင်စွမ်းရှိသူတစ်ယောက်အကြောင်း.. ဒီကားကိုမြန်မာနိုင်ငံမှာပါမက ဗီယက်နမ် ကမ္ဘောဒီးယား မလေးရှားတို့မှာသွားရောက်ရိုက်ကူးထားပြီး ၄ ဘဝဆက်တိုက်ချစ်ကြိုးသွယ်ခဲ့ကြတဲ့ အတွဲလေးရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရုံတင်ငွေကလည်း ၅၅ကုဋေထိ ပြန်ရခဲ့တဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီး ရုံကားတစ်ကားဆိုလည်းမမှား ဇာတ်လမ်းအစကိုက မြန်မာကစခဲ့ပြီး မြန်မာ့အလှ မြန်မာ့ယဉ်ကျေးမှုတွေ တစ်ပုံတစ်ပင်နဲ့ မြန်မာတို့မြတ်နိုးတန်ဖိုးထားကြတဲ့ ပုဂံ အင်းလေး ဦးပိန်တံတားပေါ်မှာပါ ရိုက်ကူးထားတဲ့ဇာတ်ဝင်ခန်းတွေဆိုရင်လည်း ကြည်နူးစရာအပြည့်ပါပဲ မာဒူလို့ခေါ်တဲ့ ဂိမ်းကုမ္ပဏီမှာလုပ်တဲ့ ကောင်မလေးဟာ သူ့ရဲ့ အရင်အတိတ်ဘဝတွေကို ပြန်မြင်လေ့ရှိတဲ့အတွက်ကြောင့် စိတ်ရောဂါကုဆရာဝန်နဲ့ သေချာပြကြည့်ပေမဲ့ ဆရာဝန်ကတော့ သူ့အလုပ်ရဲ့ လွှမ်းမိုးမှုဒဏ်ကြောင့် အမြင်အာရုံတွေ မှားပြီးဖြစ်တာလို့ပဲ ထင်နေပါတယ်။ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက မာဒူလေး သူ့ရဲ့ အတိတ်ဘဝတွေထဲမှာ တွေ့ခဲ့ရတဲ့သူတွေအကုန်လုံးကို အခုလက်ရှိဘဝမှာပါ ပြန်ပြီး တွေ့ဆုံနေရလို့ပါပဲ။ အတိတ်ဘဝတွေမှာ ချစ်သူတော်စပ်ဖူးခဲ့တဲ့ကောင်လေးနဲ့ ပြန်လည်တွေ့ဆုံပြီးနောက်ပိုင်းမှာတော့ မာဒူလေးက မှတ်မိနေပေမဲ့ ကောင်လေးကမမှတ်မိတဲ့အခါမှာ မာဒူလေးက ကောင်လေးအနားကို ချဉ်းကပ်ဖို့ ဘယ်လိုနည်းလမ်းတွေ သုံးမလဲ.......မာဒူလေးက အခုလိုမျိုး ...
movie
Anegan (2015)
7.8
Erumbu (2023)
Erumbu 2023 IMDb 7.7/10 Drama/Familyမိသားစုဇာတ်ကားကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ရသကောင်းလေး ပေးစွမ်းနိုင်မယ့် တမီးလ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အန်နာဒူရိုင်ဟာ အိမ်အတွက် ရုန်းကန်ပြီးဝမ်းစာနေရှာနေရတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။ အကြွေးပတ်လည်ဝိုင်းနေပြီး မိသားစုဝင်ခြောက်ယောက်စာကို ရှာဖွေနေရတာမလို့ တကယ်ကိုမလွယ်ကူလှပါဘူး။ဒါပေမဲ့လည်း သားဖြစ်သူမူသူးနဲ့ သမီးဖြစ်သူပန်ချီကို မရှိတဲ့ကြားကနေ စိတ်ချမ်းသာအောင်ထားပေးတဲ့ ဖခင်ကောင်းတစ်ဦးဖြစ်ပါတယ်။ မိထွေးဖြစ်သူနဲ့နေရတဲ့ သားနဲ့သမီးကို အတတ်နိုင်ဆုံးလိုတာတွေဖြည့်ဆည်းပေးပြီး သားနဲ့သမီးကလည်း ရုန်းကန်နေရတဲ့အဖေကို ပြန်ကြည့်ပေးတာမလို့ ငွေကြေးမပြည့်စုံပေမယ့်လည်း မေတ္တာတွေနဲ့လွှမ်းခြုံထားတဲ့မိသားစုလေးဖြစ်ပါတယ်။တစ်နေ့မှာ မိထွေးဖြစ်သူရဲ့အရေးပါတဲ့ရွှေလက်စွပ်တစ်ကွင်းဟာ မထင်မှတ်ပဲပျောက်သွားတဲ့အတွက်ကြောင့် မူသူးတစ်ယောက် ပြာယာခတ်သွားပါတော့တယ်။ အရေးပါတဲ့လက်စွပ်ဖြစ်ပြီး အိမ်ကသိရင်ပြဿနာတက်မှာဖြစ်တဲ့အတွက် အစ်မဖြစ်သူနဲ့အတူ သူငယ်ချင်းတွေကိုပါ အကူအညီတောင်းရင်း ရှာပုံတော်စရပါတော့တယ်။ မူသူးတို့မိသားစုလေး အစစအရာရာအဆင်ပြပါ့မလား။ ဘာတွေဆက်ဖြစ်ကြဦးမလဲ။ ဒီဇာတ်ကားလေးမှာ ဆက်ပြီးကြည့်ရှုပေးကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~Moon~Zwe Yan~Cherry တို့ပဲဖြစ်ပါတယ်။) File size…2.5GB / 1.3GB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Moon~Zwe Yan~Cherry
movie
Erumbu (2023)
2023
6.7
Ghosty (2023)
Ghosty ( 2023 ) ============== IMDb. 6.8/10 .Cm ပရိသတ်တွေအတွက် ဘိုင်ရာဗာရုပ်ရှင်ထဲကမင်းသမီး ကာဂျယ်အက်ဂါဝယ်ရဲ့ အသစ်ထွက် တမီလ်စကားပြော comedy, horror ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အာရ်သီဆိုတဲ့ ရဲစုံထောက်မလေးဟာ အင်မတန်မှ တလွဲလုပ်တတ်လွန်းတဲ့သူပါ။ တစ်နေ့မှာတော့ သူ့အဖေရဲမှူး အငြိမ်းစားမယူခင် ခက်ခက်ခဲခဲ ဖမ်းခဲ့ဖူးတဲ့ ဒါ့စ်ဆိုတဲ့ ရာဇဝတ်ကောင်တစ်ယောက်ဟာ ထောင်ဖောက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။အဲဒီသတင်း ကြားတဲ့အချိန်ကနေစပြီး အာရ်သီဟာ ဒါးစ်ကို အသည်းအသန် လိုက်ဖမ်းဖို့ကြိုးစားပါတော့တယ်။ သူဟာ ဒါးစ်နောက်ကိုလိုက်ရင်း တလွဲတချော်တွေဖြစ်ပြီးနောက်ပိုင်း သူ့ရဲ့အိမ်မှာ အပမှီသလို မသိုးမသန့်ကိစ္စတွေ ကြုံလာရပါတော့တယ်။ဒီ Ghosty ဆိုတဲ့ သရဲ၊ ဟာသရုပ်ရှင်လေးဟာ ကာဂျယ် ကလေးမွေးပြီးနောက်ပိုင်း ပထမဆုံးပြန်ထွက်လာတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း ကြည့်လို့အဆင်ပြေတဲ့အပြင် ကာဂျယ်ကလည်း အစွမ်းကုန်လှနေတဲ့အတွက် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.4GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin~ BpL~ Yunni~ Cherry~Zwe Yan ...
movie
Ghosty (2023)
2023
7.2
Poikkal Kuthirai (2022)
Action, Drama IMDb - 7.0/ 10အိန္ဒိယဇာတ်ကားကောင်းတစ်ပုဒ် ရှာနေရင်တော့ ဒီဇာတ်ကားလေးက သင့်ရဲ့ တောင့်တမှုနဲ့ ကိုက်ညီစေမှာ အမှန်ပါပဲ၅၂၈ မေတ္တာကို ဖော်ကျူးပြသထားတဲ့ ကားတစ်ကားဖြစ်ပြီး သမီးအပေါ်ထားတဲ့ အဖေရဲ့မေတ္တာဟာ ဘယ်လောက်ကြီးမားကြောင့် သမီးဟာလည်း အဖေဖြစ်သူအပေါ် ဘယ်လောက်အားကိုးခိုလှုံ ချစ်ခင်ကြောင်း ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်ကာသီဟာ မတော်တဆမှုတစ်ခုကြောင့် မိန်းမဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး ခြေထောက်တစ်ဖက်ပါ ဆုံးရှုံးလိုက်ရသူ ဖြစ်ပါတယ်သူ့မှာ သမီးလေးတစ်ယောက်လည်းရှိပြီး သူ့သမီးလေးက ရှားပါးရောဂါတစ်မျိုးကို ခံစားနေရသူ ဖြစ်ပါတယ်အဲဒီလိုနဲ့ သိပ်ပြီးအဆင်မပြေလှတဲ့ သူဟာ သူ့သမီး မိတဆိုးလေးအတွက် ဆေးကုဖို့ ပိုက်ဆံရှာနေတုန်းမှာပဲပြန်ပေးဆွဲမှုတစ်ခုနဲ့ ငြိစွန်းသွားခဲ့တဲ့ အခါမှာတော့.....ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲ သူ့သမီးကို ကယ်ဖို့ ဘယ်အတိုင်းအတာအထိ ဆက်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ် File size…2.17GB / 1.03GB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Sora & Poe & Myo Myo & ...
movie
Poikkal Kuthirai (2022)
2022
9.2
Rocketry: The Nambi Effect(2022)
Rocketry: The Nambi Effect(2022) အညွှန်း*************************************IMDb...9.2 Rocketry: The Nambi Effect ဟာအိန္ဒိယရဲ့ဂုဏ်ထူးဆောင် သိပ္ပံပညာရှင်၊ လေကြောင်း၊အာကာသယာဉ်တည်ဆောက်မှုအင်ဂျင်နီယာကြီး Nambi Narayanan ရဲ့ဘ၀ဇာတ်ကြောင်းကို အခြေခံထားတဲ့ biographical dramaဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Narayanan ရဲ့ပရင်စတန်တက္ကသိုလ်ဘွဲ့ရကျောင်းသားဘ၀၊သိပ္ပံပညာရှင်တစ်ဦးမဖြစ်ခင်ဘ၀နဲ့ သူ့အပေါ်သူလျှိုမှုနဲ့လုပ်ကြံစွဲချက်တင်ခံခဲ့ရပုံတွေနဲ့ ဒီလောကဓံတွေကိုရင်ဆိုင်ဖြတ်ကျော်ခဲ့ပုံတွေကိုရှုစားရမှာဖြစ်ပါတယ်။ Nambi Narayanan အဖြစ် 3 Idiots ဇာတ်ကားနဲ့မြန်မာပရိသတ်တွေရင်းနှီးကြတဲ့R. Madhavan ကခေါင်းဆောင်ပါဝင်ထားတဲ့အပြင် ဇာတ်လမ်းဇာတ်ညွှန်းဒါရိုက်တာအဖြစ်ပါတာဝန်ယူခဲ့တာပါ။ဝေဖန်သူတွေရော ပရိသတ်တွေပါ အကြိုက်တွေ့အောင်မြင်ခဲ့ပြီး ကိန်းရုပ်ရှင်ပွဲတော်မှာပြသဖို့ရွေးချယ်ခံခဲ့ရတဲ့ ရုပ်ရှင် ၆ ကားထဲမှာတစ်ကားအပါအဝင်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာကျော်ဘောလိဝုဒ်မင်းသားကြီး Shah Rukh Khan နဲ့ထိပ်သီးတမီလ်မင်းသားကြီး Suriya တို့ကလဲ Cameo ပါဝင်ပေးထားပါသေးတယ်။ အတ္တုပတ္တိဇာတ်ကားတစ်ကားဆိုပေမယ့် ပျင်းစရာမကောင်းပဲနစ်မျောသွားအောင်သေသပ်တဲ့တင်ဆက်ပုံ၊ပီပြင်တဲ့ ဇာတ်ပို့ဇာတ်ရံတွေရဲ့ အင်အားနဲ့အဆုံးအထိဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File Size : (980 MB) and (380 MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…02:37:00 Genre : Action , Biography , Drama Subtitle : Myanmar ...
movie
Rocketry: The Nambi Effect(2022)
7.7
Thalli Pogathey (2021)
Thalli Pgathey (2021)ဒီနေ့ Channel Myanmar က တင်ဆက်ပေးချင်တဲ့ အချစ်ဟာသကားလေးတစ်ခုကတော့ IMDb မှာ rating 7.7/10 ထိရထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ကာတစ် ပါလဗီ အာရွန်း ဒီ ၃ ယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပေါ့ဗျာ။ကာတစ်နဲ့ ပါလဗီက အပြန်အလှန် မေတ္တာမျှနေကြတဲ့ ချစ်သူနှစ်ယောက်ပါ။ အိန္ဒိယတို့ရဲ့ ရိုးရာဓလေ့အရ အရွယ်ရောက်နေတဲ့ သမီးပျိုကို အိမ်ထောင်ချပေးဖို့ ပါလဗီရဲ့မိဘတွေက စီစဥ်ကြတဲ့အခါ။ အခုမှ ကောလိပ်ကဘွဲ့ရခါစ ကာတစ်က သူ့ချစ်သူကို မပြည့်စုံတဲ့ ဘဝထဲ ဆွဲမခေါ်ရက်ရှာပါဘူး။ ဒီတော့ တစ်နှစ်ဆိုတဲ့ အချိန်ကို ပါလဗီဆီက တောင်းခဲ့ပါတယ်။ ကိစ္စတိုင်းက ကိုယ်မျှော်လင့်သလိုတော့ ဖြစ်မလာနိုင်တာ သဘာဝပဲမို့လားဗျာ။သူပြည်ပရောက်နေတဲ့ အချိန်မှာ မိဘတွေရဲ့ဆန္ဒကိုမလွန်ဆန်နိုင်တဲ့ ပါလဗီက အာရွန်းနဲ့လက်ထပ်ခဲ့ရပါတယ်။" သူများနဲ့ညား ငါ့ရည်းစား '' ဆိုသလိုပါပဲ ချစ်ရသူကို သူတစ်ပါးရင်ခွင်ထဲ ထည့်လိုက်ရတဲ့ ကာတစ်ခမျာ အရူးတပိုင်း အရက်သမားလုံးလုံးဖြစ်ပါလေရော။ ဒါပေမယ့် ဇာတ်လမ်းက ဒီမှာမပြီးသေးပါဘူး။မထင်မှတ်ထားတဲ့အလှည့်အပြောင်းတစ်ခုမှာ သူတို့ ၃ ယောက် ...
movie
Thalli Pogathey (2021)