Channel Myanmar

Jade Leung

Line Walker (2016) 6.1
Line Walker (2016) Line Walker (2014) ဆိုတဲ့ဟောင်ကောင် Action ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ Cast တွေကလည်း နာမည်ကြီးတွေ သုံးထားပြီး ဇာတ်လမ်းကလည်း Plot Twist လေးနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။Line Walker ဆိုတာကတော့ ကြိုးတန်းပေါ် လမ်းလျှောက်နေသူလို့ပြောလို့ရပါတယ်။ ဒီဇာတ်ကားလေးထဲမှာ လူဆိုးဂိုဏ်းတွေထဲ ဝင်ရောက်ပြီး အသွင်ယူထောက်လှမ်းနေကြတဲ့ အေးဂျင့်တွေရဲ့ အကြောင်းကို သိထားတဲ့ တစ်ယောက်တည်းသောသူ သေဆုံးသွားတဲ့အခါမှာ အသွင်ယူအေးဂျင့်တွေ အကြောင်းပျောက်ပျက်ကုန်ပြီး တာဝန်ထမ်းဆောင်နေဆဲ အေးဂျင့်တွေ ကြိုးတန်းပေါ်လမ်းလျှောက်သူတွေလို ရဲလဲပြန်မဖြစ်နိုင် လူဆိုးဂိုဏ်းထဲမှာပဲအခြေမပျက်ဆက်နေဖို့ ဘေးကြပ်နံကျပ်အခြေအနေထဲကိုရောက်နေပါတယ်။အဲဒါကြောင့် ဗဟိုထောက်လှမ်းရေးဌာနက လျှို့ဝှက်အေးဂျင့်တွေကို ပြန်လည်စုစည်းဖို့ ကြိုးစားတဲ့အချိန်မှာ Black Jack ဆိုတဲ့ နာမည်နဲ့ အေးဂျင့်တစ်ယောက်ပြန်ပေါ်လာပါတယ်။ ဖျက်ထားခံရတဲ့ သူ့ရဲ့ အချက်အလက်တွေက ပြန်ယူဖို့မဖြစ်နိုင်တဲ့အတွက် သူတို့ အေးဂျင့်ဖြစ်ကြောင်း ဘယ်လိုစုံစမ်းမလဲ။ မူးယစ်ဆေး ရောင်းဝယ်ရေး ဂိုဏ်း တစ်ခုက ကြားဝင်နေတာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရမှာပါ။ Filesize : 2.68 GB / 1.12 GB Quality : Bluray 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime , ...
movie

Line Walker (2016)

2016
New Kung Fu Cult Master 2 (2022) 5.9
New Kung Fu Cult Master 2 (2022) New Kung Fu Cult Master ရဲ့ အဆက်ဖြစ်တဲ့ အတွဲ၂ ပဲဖြစ်ပါတယ် အတွဲ ၁ ကိုလဲ Cm မှာတင်ဆက်ထားပြီးဖြစ်ပါတယ် ဒီလင့်မှာ ရှာလို့ရပါတယ်ပထမတွဲမှာ ကျန်းဝူကျိတယောက် အားပြောင်းအားလွဲသိုင်းကို ဘယ်လိုတတ်ခဲ့တယ် မင်ဂိုဏ်းချုပ်ဘယ်လိုဖြစ်လာခဲ့တယ် အပါအဝင် ငယ်ဘဝကိုသေချာရိုက်ကူး တင်ဆက်ထားပြီးပြီပဲဖြစ်ပါတယ်နဂါးနိုင်ဓါးနဲ့တိမ်လွှာဓားတို့ရဲ့ ဇာတ်ကြောင်းတွေအပါအဝင် မွန်ဂိုဘုရင်ရဲ့ သမီးတော် ကျောက်မိန်လဲ ပါဝင်လာခဲ့ပြီဖြစ်ပါတယ် ဂိုဏ်းကြီး ၆ ဂိုဏ်းရဲ့ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့တဲ့ မင်ဂိုဏ်းမှာ ကျန်းဝူကျိတယောက် ဂိုဏ်းချုပ်ဖြစ်လာပြီးတဲ့နောက် ပြောင်းလဲမှုတွေကို ဆက်လက်ကြည့်ရှုရပါတော့မယ်ပထမကားမှာ ကျောက်မိန်ဟာဝူတန်ကို ကျူးကျော်ခဲ့ပြီး ကျန်းဝူကျိကြောင့်နောက်ပြန်ဆုတ်ခဲ့ရပါတယ် ဒါ့အပြင် ကျောက်မိန်ဟာ ဂိုဏ်းကြီး ၆ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေကိုလဲ ဖမ်းဆီးထားပါသေးတယ် ဒီတော့ လူတွေကယ်ချင်ရင် ဘုရားကျောင်းကို လိုက်ခဲ့ပါဆိုပြီး ပြောကာထွက်သွားရင် ဇာတ်လမ်းကိုအဆုံးသတ်ထားတာကိုတွေ့ရပါမယ်ဒီဇာတ်လမ်းမှာတော့ ကျန်းဝူကျိတယောက် ဂိုဏ်းကြီး၆ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေကို ကယ်တင်မဲ့ ဇာတ်ဝင်ခန်းနဲ့စထားပါတယ် ဒီတော့ ဘယ်လိုစွန့်စားခန်းတွေ သိုင်းချကွက်တွေနဲ့ အတူ စိတ်ဝင်သွားဖွယ်တင်ဆက်သွားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ပါစို့ Filesize : 5.78 GB / 1.81 GB / 0.97 GB Quality : WEB-DL 4K HEVC ...
movie

New Kung Fu Cult Master 2 (2022)

2022
4K HEVC
New Kung Fu Cult Master 1 (2022) 5.9
New Kung Fu Cult Master 1 (2022) New Kung Fu Cult Master 1 (2022)"နဂါးနိုင်ဓါးဦးထိပ်ထား တိမ်လွှာဓါးရှင်မပေါ်လျှင် မည်သူအံတုနိုင်မည်နည်း။ "လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကို ကျွန်တော်တို့ပြန်သွားကြရအောင်။ ဒီတစ်ခါတော့ Remake တွေခဏခဏရိုက်တဲ့ ဇာတ်လမ်းတွဲထဲကထွက်ပြီး နှစ်ပိုင်းလောက်နဲ့ပြီးမယ့် နဂါးနိုင်ဓား Version အသစ်လေးကို မြည်းစမ်းကြည့်ရမှာပါ။ပထမဆုံးပြောချင်တာက Series မဟုတ်ပဲ Movie Version ဖြစ်တဲ့အတွက် တစ်ချို့ဇာတ်ကောင်တွေ ဇာတ်ကွက်တွေ မပါတော့ပဲ အရာရာကို ပေါ့ပေါ့ပါးပါး ပြသွားပြီး ဇာတ်လမ်း၀င်အောင်ရိုက်တာပါ။ဒုတိယအချက်ကတော့ CGI တွေအများကြီး ချောမောလှပတဲ့မင်းသားလေး လေပေါ်ဝဲနေတာမျိုးမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မုဒ်မျိုးပြန်ပေးတဲ့တစ်ချက်ပါ။တတိယကတော့ ကျန်းစမ်းဖုန်း ကိုယ်တော် ဒိုနီရမ်း ပါပဲ။ဒီတော့များသောအားဖြင့် နဂါးနိုင်ဓါးခေတ် အဆက်ဆက်ကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းမို့ ဇာတ်လမ်းတွဲမဟုတ်တဲ့ ခပ်သွက်သွက်ဇာတ်လမ်းလေးကို ခံစားပြီး အတိတ်ကိုပြန်လွမ်းကြရအောင်လားဗျာ။အတွဲ ၂ တွဲရှိပါတယ် အတွဲ ၂ ကို ဒီလင့်မှာကြည့်နိုင်ပါတယ် Filesize : 6.91 GB / 2.32 GB / ...
movie

New Kung Fu Cult Master 1 (2022)

2022
4K HEVC
[18+] Black Cat (1991) 5.8
[18+] Black Cat (1991) Black Cat (1991)ဟောင်ကောင်အက်ရှင်ကားတွေရဲ့ရွှေခေတ်၊ မြန်မာပြည်ကလူတွေက ဂျက်မ လို့ သညာပြုခေါ်ကြတဲ့ အမျိုးသမီးဖိုက်တာဇာတ်ကားတွေထဲက အမှတ်တရဖြစ်စရာ တစ်ချိန်ကနာမည်ကျော်ကားတစ်ကားဖြစ်ပါတယ်။ကတ်သရင်းဆိုတဲ့ ပြန်အမှတ်ရချင်စရာမရှိတဲ့ အတိတ်ဆိုးပိုင်ရှင်ကောင်မလေးတစ်ယောက်ဟာ မတော်တဆလူသတ်မှုတွေကျူးလွန်မိရာကနေ ထွက်ပြေးခဲ့ချိန်မှာ ပြန်ပြီးပစ်ခတ်ဖမ်းဆီးခံခဲ့ရပါတယ်။ သူ သတိရချိန်မှာတော့ လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုကို ရောက်ရှိနေပြီး လက်နက်တွေ၊ ရင်ဆိုင်တိုက်ပွဲစွမ်းရည်တွေ ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့ သင်ကြားပေးခံရပြီးနောက် အယ်ရစ်ကာဆိုတဲ့ ကုတ်အမည်နဲ့ CIA အေးဂျင့်တစ်ယောက်ဖြစ်လာပါတော့တယ်။ဇာတ်လမ်းသွားက Luc Besson ရဲ့နာမည်ကျော် La Femme Nikita နဲ့ဆင်သလို ဒါရိုက်တာကလဲ အဲ့ဒီကားကိုပဲပြန်ရိုက်ချင်ခဲ့တာပါ။ ဒါပေမဲ့ ဇာတ်ကားမူပိုင်ခွင့်ကို Disney ကဦးသွားခဲ့တဲ့အတွက် ခပ်ဆင်ဆင်ဇာတ်သွားနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အဲဒီမတိုင်ခင်က မထင်မရှားမော်ဒယ်တစ်ယောက်သာဖြစ်ခဲ့တဲ့ Jade Leung ကို တစ်ကားတည်းနဲ့နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်စေခဲ့တဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 760MB Quality - 1080p, 720p IMDb Rating ...
movie

[18+] Black Cat (1991)

1991
The Peeping Tom (1997) 5.9
The Peeping Tom (1997) The Peeping Tom (1997)မိန်းမတွေရဲ့ သွယ်လျလှပတဲ့ခြေထောက်တွေကိုပဲ အရူးအမူးတန်းတန်းစွဲနေတဲ့ စိတ္တဇနှာဘူးဆိုက်ကိုတစ်ယောက်...ကောင်မလေးတွေကို ပြန်ပေးဆွဲ မဒိန်းကျင့်ပြီးခါမှ ခြေထောက်လှလှလေးတွေကို ပေါင်ရင်းကနေစ ဖြတ်ပစ်ပြီးသတ်တဲ့ သူ့ရဲ့ကွင်းဆက်လူသတ်မှုကြောင့်ဟောင်ကောင်မြို့တစ်ခုလုံးက ကောင်မလေးတွေ အတိုအပြတ်မဝတ်ရဲတဲ့အထိ ထိတ်လန့်ကြောက်ရွံ့နေရတဲ့ ကပ်ဘေးတစ်ခုလို ဖြစ်နေခဲ့တယ်တနေ့ သေနတ်ချင်းယှဉ်ပစ်နေတဲ့ လမ်းမပေါ်က စစ်ဆေးရေးမှူးစုံထောက်မလေး ချန်ဆူအန်ကိုတွေ့မိခဲ့ရင်းက လူသတ်သမားက ဆူအန်ကို သူဖမ်းနေကြကောင်မလေးတွေနဲ့မတူ တမူသဘောကျမိသွားပြီးလူသတ်သမားနဲ့ စုံထောက်ရဲမေတို့ကြားက ပဋိပက္ခတွေကို သည်းထိတ်ရင်ဖို ခပ်ကြမ်းကြမ်းလေး ခပ်ထန်ထန် ကြည့်ရှုရမှာပါ။ဆိုက်ကိုလူသတ်ကားနဲ့ အက်ရှင်ကြိုက်သူတို့အဖို့တော့ ကြည့်ရှုသင့်တဲ့ ၁၉ရာစုရဲ့လက်ရာ တရုတ်ရုပ်ရှင်ကားတစ်ခုပါ။Mature Rated NC-17 ကြမ်းတာမို့ အသက် ၁၇နှစ်နှင့်အောက် မကြည့်ရနှင့် ပြည့်ပြီးသူများဖြစ်ရင်တောင် နှလုံးရောဂါ ရှိသူများ ကြည့်ရန်မသင့်တော်ပါ။( အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ) Quality__480p IMDb Rating__5.9/10 Format__mp4 Duration__01:30:00 Type__Crime , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann ...
movie

The Peeping Tom (1997)

1997
The Fatal Raid (2019) 4.7
The Fatal Raid (2019) ဟောင်ကောင်ကနေ မက္ကာအိုကို လက်နက်မှောင်လိုပို့တဲ့ကားတစီးနောက်ကိုလိုက်နေကြတဲ့ ရဲကားနှစ်စီး တစီးမှာက ရဲတွေ တစီးမှာက ရဲမေတွေ။သူတို့ထင်ထားတာက ခါတိုင်းလို ပုံမှန်စစ်ဆင်ရေးလေးတခု။ဟောင်ကောင်နယ်မြေကိုကျော်ပြီး မက္ကာအိုရောက်သွားပေမယ့်မဖြစ်မနေလိုက်ဖမ်းဖို့အထက်က အမိန့်ပေးလာခဲ့တယ်။ရဲတွေလိုက်ပြီး ပုံမှန်လိုဖမ်းလို့ရမယ် ထင်ထားခဲ့ကြတယ်။ဒါပေမယ့် ထင်ထားသလိုမဟုတ်ပဲ မှောင်ခိုပို့တဲ့သူတွေကအပြင်းအထန်ခုခံတဲ့အခါမှာတော့ ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်ကြပြီးအသေအပျောက်တွေ ရှိလာခဲ့တယ်။အထက်ကလည်း လျှို့ဝှက်စစ်ဆင်ရေးဖြစ်တာကြောင့် ဘယ်သူ့ကိုမှ အသိမခံခဲ့ဘူး။အဲဒီစစ်ဆင်ရေးမှာ သေဆုံးခဲ့ရသူတွေကိုလည်း အသိမှတ်မပြုခဲ့ဘူး။ဟောင်ကောင်ရဲဌာနမှာ ရဲမှူးချုပ်ဖြစ်နေပြီ ဖြစ်ပေမယ့်လွန်ခဲ့တဲ့ နှစ် ၂၀တုန်းက မက္ကာအိုမှာ ဖြစ်ခဲ့တဲ့စစ်ဆင်ရေးတခုရဲ့အရိပ်အောက်က မလွတ်မြောက်နိုင်ဖြစ်နေရတဲ့ ရဲမှူးရယ်။အဲဒီတုန်းက အတူရှင်သန်လွတ်မြောက်ခဲ့တဲ့ ရဲမေတယောက်ရယ်ကမက္ကာအိုက အဆင့်မြင့်အရာရှိတွေ့ဆုံပွဲတခုကို တက်ရောက်ဖို့ အကြောင်းဖန်လာခဲ့တယ်။သူတို့နဲ့အတူ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့က ရဲမေလေးတယောက်ရယ်ရဲဌာနက ရဲမေတယောက်ရယ်က လက်ထောက်ရဲမင်းကြီးကိုစောင့်ရှောက်ရင်း သွားရဖို့ဖြစ်လာခဲ့တယ်။မက္ကာအိုမှာ သူတို့ ဘာတွေဖြစ်မှာလဲ သူတို့ရဲ့အတိတ်ကရောဘယ်လိုတွေ ...
movie

The Fatal Raid (2019)