Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jacob Tremblay
Cold Copy (2023)
ထွက်ထားတာမကြာသေးတဲ့ အမေရိကန်လျှို့ဝှက်သည်းဖို ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ရုပ်ရှင်ကြည့်ပရိသတ်တို့ မျက်နှာမစိမ်းလောက်တဲ့ Wonder(2017), Room(2015)ရုပ်ရှင်တွေထဲက ကလေးသရုပ်ဆောင် ဂျေကော့ဘ်တောင် ဒီထဲမှာ ဆယ်ကျော်သက်ကောင်လေး အီဂေါ်အဖြစ်ပါဝင်ထားပါတယ်။မီယာဆိုတာ အသက်ရှစ်နှစ်အရွယ်ကတည်းက အောင်မြင်တဲ့ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိတဲ့သူ။ အိပ်မက်အတိုင်းလည်း တစိုက်မက်မက်ကြိုးစားနေတဲ့သူ။ သူ့သင်တန်းဆရာမကတော့ TNRရုပ်သံလိုင်းရဲ့ နာမည်ကျော်အစီအစဉ်မှူး ဒိုင်ယန်း။ ဒိုင်ယန်းက တပည့်ဖြစ်သူတွေကို TNRရုပ်သံလိုင်းမှာလွှင့်ပေးမယ်ဆိုတဲ့ စကားနဲ့ ကျောင်းသူတွေကို ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ရှာခိုင်းခဲ့ပါတယ်။ဒီမှာပဲ ဖုံးကွယ်ထားတဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတွေနဲ့ ဂျစ်ကန်ကန်ဆယ်ကျော်သက်လေး အီဂေါ်ရဲ့ဇာတ်လမ်းကို မီယာတစ်ယောက် တွေ့ခဲ့ပါတယ်။ ပန်းတိုင်ကိုရောက်ဖို့ ဘာမဆိုချနင်းရမယ်ဆိုတဲ့ ဒိုင်ယန်းနဲ့ ဖြစ်ချင်တဲ့အိပ်မက်နောက်ကို တကောက်ကောက် လိုက်နေတဲ့ မီယာတို့ ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး ယှဉ်ပြိုင်ကြရတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.5 GB)/(699 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie
Cold Copy (2023)
6.7
Orion and the Dark (2024)
Orion and the Dark (2024)~ IMDb - 6.7/10, RT - 87%, Meta - 74% ~ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ ...
movie
Orion and the Dark (2024)
2024
7.2
The Little Mermaid (2023)
The Little Mermaid (2023)ဒစ္စနေးရဲ့ နောက်ဆုံးထွက် ကာတွန်းကနေ လူရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ ရေသူမလေး လာပါပြီ။ လူမည်းမင်းသမီးသုံးတဲ့အတွက် မျိုးစုံဝေဖန်ခံနေရတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ လူမျိုးရေးကြောင့်မဟုတ်ဘဲ မူရင်းဇာတ်ကောင်တွေကို အတင်းလူမည်းပြောင်းတဲ့အတွက်ပါ။ ထောက်ခံသူတွေ ကြိုက်သူတွေလည်း ရှိကြပါတယ်။ ကိုယ်တိုင်ကြည့်ကြည့်လိုက်ကြတာ ကောင်းပါတယ်။ဇာတ်လမ်းကတော့ မူရင်းကာတွန်းပုံပြင်အတိုင်းပါပဲ။ ပင်လယ်ဘုရင်ကြီးရဲ့အငယ်ဆုံးသမီးလေး သတ္တမမြောက်သမီးတော် ရေသူမလေး အယ်ရီရယ်ဟာ လူသားကမ္ဘာကို အရမ်းစိတ်ဝင်စားနေသူပါ။ ဒါကြောင့် သင်္ဘောပျက်တွေထဲမှာ လူသားပစ္စည်းတွေကိုရှာပြီး အမြဲ စုထားတတ် စပ်စုတတ်တဲ့သူပါ။ တစ်နေ့မှာတော့ လှေမှောက်ပြီး ရေထဲနစ်လာတဲ့ မင်းသားလေးအဲရစ်ကို ကယ်ရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ရေဘုရင်ကြီးက ကုန်းပေါ်ကို သွားဖို့ တားမြစ်ထားတာကြောင့် အခက်တွေ့နေပါတယ်။ အဲဒီအချိန်မှာပဲ ရေဘုရင်ကြီးရဲ့ ညီမ ပင်လယ်စုန်းမ အာဆူလာက အယ်ရီရယ်နဲ့အပေးအယူလုပ်လိုက်ပါတယ်။ အယ်ရီရယ့်ကို လူအဖြစ်ဖန်ဆင်းပေးပြီး သုံးရက်အတွင်း မင်းသားလေးနဲ့ အချစ်စစ်အနမ်းရခဲ့ရင် လူအဖြစ် အမြဲနေရမှာဖြစ်ပြီးမရခဲ့ရင်တော့ အယ်ရီရယ်ရဲ့ အရမ်းလှတဲ့အသံကို သိမ်းပိုက်ပြီး အယ်ရီရယ်ကိုပါ ကျွန်အဖြစ် အပိုင်ရမှာဖြစ်ပါတယ်။ ဒီတော့ အယ်ရီရယ်နဲ့မင်းသားလေးတွေဘာဆက်ဖြစ်မလဲ စုန်းမကြီးအာဆူလာကရောဘယ်လိုနှောင့်ယှက်မလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ...
movie
The Little Mermaid (2023)
2023
4K HEVC
7.0
My Father’s Dragon (2022)
My Father's Dragon (2022) ==================== IMDb Rating - 7.0/10Netflix က အသစ်ဆက်ဆက်ထွက်ရှိထားတဲ့ အန်နီမေးရှင်းဇာတ်ကား ကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီကားက ၁၉၄၈ တုန်းက ထုတ်ဝေခဲ့တဲ့ ဝတ္ထုရှည်တစ်ပုဒ်ကို ပြန်လည်အသက်သွင်းပြီး ပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အပြင် အသံသရုပ်ဆောင်တွေအနေနဲ့ Luca(2021) ထဲက လူကာ(Jacob Tremblay) နဲ့ Stranger Things ထဲက နာမည်ကျော် ဇာတ်လိုက် ဒက်စ်တင်(Gatan Matarazzo) တို့ကလည်း အသံသရုပ်ဆောင် အနေနဲ့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း အယ်လ်မာ ဆိုတဲ့ ဖတဆိုး သားလေးနဲ့ အမေဖြစ်သူ ဒဲလာ တို့နှစ်ယောက်က နယ်မြို့လေးတစ်မြို့မှာ စတိုးဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက် နေကြတာပေါ့။ ဒါပေမဲ့ နောက်တော့စီးပွားရေးတွေကျပြီး သားအမိနှစ်ယောက် မြို့ပေါ်ပြောင်းလာလိုက်ရတယ်။ အယ်လ်မာ မှာလည်း မြို့ပေါ်မှာ အရင်တုန်းကလို စတိုင်းဆိုင်လေးထပ်ဖွင့်ပြီး မိခင်ဖြစ်သူကို မပူမပင်မကြောင့်မကြဘဲနေစေချင်တဲ့ ရည်မှန်းချက်လေးရှိတယ်။ အဲဒါနဲ့တစ်နေ့ အမျိုးမျိုးသောအခက်အခဲတွေကြောင့် အဲလ်မာက မိခင်နဲ့စကားများပြီးအိမ်ပေါ်ကနေဆင်းသွားတယ်။ အဲမှာ စကားပြော တတ်တဲ့ကြောင်လေးတစ်ကောင်က သူ့အနားရောက်လာပြီး ကူညီပေးမယ်ပြောပြီး ကျွန်းတစ်ကျွန်းပေါ်က နဂါးတစ်ကောင်ကို သွားကယ်ခိုင်းတယ်။ အယ်လ်မာ တစ် ယောက် ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲ ...
movie
My Father’s Dragon (2022)
2022
5.9
The Predator (2018)
အတော်ကြာကြာ စောင့်လိုက်ရတဲ့ ရုပ်ရှင်ကားလေး အခုတော့ ထွက်လာပါပြီ။ Predator တွေကိုတော့ ရုပ်ရှင်ချစ်သူအတော်များများ ရင်းနှီးပြီးဖြစ်မှာပါ။ ကိုယ်ပျောက်နိုင်စွမ်းတွေ လက်နက်ဆန်းတွေနဲ့ လူတွေကို အားကစားတစ်ခုလို အမဲလိုက်တတ်ကြတဲ့ ဂြိုလ်သားတွေပါပဲ။ ဒီကားအကျဉ်းကတော့ စစ်တပ်က လက်ဖြောင့်စနိုက်ပါတစ်ဦးဟာ ယာဉ်နဲ့ကျလာတဲ့ ပရက်ဒေတာဂြိုလ်သားဆီကနေ ပစ္စည်းတွေ ရလာခဲ့ပါတယ်။ သူ့အတွက် သက်သေဖြစ်အောင်လို့ ဒါတွေကို သူ့ရဲ့မိသားစုဆီကို ခိုးပြီးပို့လိုက်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီဂြိုလ်သားနည်းပညာကိုလိုချင်တဲ့အဖွဲ့ နဲ့ သူ့ပစ္စည်းတွေကို ပြန်လိုက်ရှာမယ့် ပရက်ဒေတာ နဲ့ အခြားပြဿနာကြီးတွေ ရင်ဆိုင်လာရပါတော့တယ်။ Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.to/category/special-package/predator/ ကြည့်ပါ။File size…(7 GB)/(1.9 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,THZ Translated by Little Neo
movie
The Predator (2018)
2018
4K HEVC
8
Luca 2021 + Ciao Alberto (2021)
ဒစ်စနေးနဲ့ ပစ်စာ တို့ ပူးပေါင်းတင်ဆက်လိုက်တဲ့ အနီမေးရှင်း လှလှလေး တစ်ကားလာပါပြီ။ ဇာတ်လမ်းလေးကလည်း ကောင်းပါတယ်။ အီတလီအခြေခံ ကာတွန်းလေးဖြစ်လို့ အီတလီ စကားလေးတွေ ညှပ်ပြောတာ၊ အီတလီနာမည်တွေ၊ အစားအသောက်တွေ ပါတာများပါတယ်။လူကာဆိုတဲ့ ကောင်လေးဟာ လူတွေက ပင်လယ်မိစ္ဆာလို့ခေါ်ကြတဲ့ ရေအောက်မှာ နေထိုင်တဲ့ ရေသူမျိုးနွယ်ကောင်လေးတစ်ောယက်ပဲ ဖြစ်ပါတယ်။ ရေထဲက လူကာတို့ မျိုးနွယ်တွေကလည်း လူတွေကို ကုန်းမိစ္ဆာဆိုပြီး ကြောက်ကြတာပါပဲ။ အပြန်အလှန်ပေါ့။ ဒီတော့ ကုန်းပေါ်ကိုမတက်ဖို့အသည်းအသန်တားမြစ်ထားတာပါ။ဒါပေမယ့် တစ်နေ့မှာတော့ ရေအောက်မျိုးနွယ်ကောင်လေးတစ်ယောက်နဲ့ အတူ ကုန်းပေါ်ကို ခိုးတက်သွားမိတယ်။ အဲဒီကုန်းပေါ်ကနေ ကမ္ဘာကြီးအနှံ့ကို ပတ်သွားချင်စိတ်ဖြစ်လာပြီး ဗက်စ်ပါဆိုတဲ့ ဆိုင်ကယ်လေးကို ပိုင်ဆိုင်ဖို့ကြိုးစားကြတာပေါ့။ ဒါပေမယ့် သူတို့မှာ ငွေမရှိတဲ့အတွက် တစ်ခုတည်းသော နည်းလမ်းက အဲဒီမြို့လေးရဲ့ သုံးဆင့်ပြိုင်ပွဲဖြစ်တဲ့ ပက်စတာ အစားပြိုင်ပွဲ၊ ရေကူး၊ စက်ဘီးစီးပြိုင်ပွဲမှာ နိုင်အောင်ဝင်ပြိုင်ဖို့ ကြိုးစားရပါတော့တယ်။သူတို့ ၂ ယောက်နဲ့အတူ မြို့ထဲက တံငါသည်ကြီးရဲ့ သမီးလေး ဂျူလီယာကပါ အတူပါဝင်ကြိုးစားကြတဲ့အခါ ဘာတွေဆက်ဖြစ်လာလဲဆိုတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးကိုကြည့်လိုက်ပါဦး။ File size…(3.7 GB)/(1.7 GB) /(1 ...
movie
Luca 2021 + Ciao Alberto (2021)
4K HEVC
7.5
Doctor Sleep (2019)
IMDb 7.6 အထိရထားတဲ့ ဟော်ရာကားပါ။ 1980 မှာထွက်ခဲ့ပြီး IMDb 8.4 အထိ ရှိခဲတဲ၊့ အကောင်းဆုံးဟော်ရာကားတွေထဲက တစ်ကားဖြစ်တဲ့ The Shining ရုပ်ရှင်ရဲ့ အဆက်ပါပဲ။ ဒီရုပ်ရှင် ၂ ခုလုံးကိုတော့ ဟော်ရာဝတ္ထုတွေအရေးများတဲ့ စာရေးဆရာကြီးStephen King ကပဲ ရေးသားခဲ့တာပါပဲ။ မူလရုပ်ရှင် ရှိုင်းနင်းကို ကြည့်ဖူးမှအပြည့်အစုံနားလည်နိုင်မှာပါ။ မကြည့်ဖူးရင်တော့ အချို့အခန်းလေးတွေ နားမလည်တာ ဖြစ်နိုင်ပါတယ်။ ရှိုင်းနင်းကတော့ တစိမ့်စိမ့်တွေးကြောက်စရာတွေ၊ ဖုန်းဆိုးမြေတွေ၊ ကလေးငယ်တွေနဲ့ ပတ်သတ်တဲ့ ဟော်ရာတွေနဲ့ ဖန်တီးထားခဲ့တာဖြစ်ပြီး။ ဒီရုပ်ရှင်ကတော့ ပိုပြီးမှော်ဆန်တဲ့ စွမ်းအင်တွေနဲ့ အက်ရှင်နည်းနည်းဆန်ဆန် ဖန်တီးထားတာပါ။ ဇာတ်လမ်းအကျဉ်းကိုတော့ ရှိုင်းနင်းကပဲ စကောက်ရပါလိမ့်မယ်။ အမေရိကန် လူနီတွေကို မြေမြှပ်သင်္ဂြိုလ်ရာ သင်္ချိုင်းမြေပေါ်မှာ အိုဗာလွတ်ခ် ဆိုတဲ့ လူမနေတော့တဲ့ ဟိုတယ်ကြီးတစ်ခုရှိပါတယ်။ အဲဒီဟိုတယ်ကြီးမှာ အစောင့်အဖြစ်နေရင်း စာရေးဖို့ရောက်လာတဲ့ စာရေးဆရာမိသားစုကတော့ ဂျက်၊ ဝင်ဒီ နဲ့ သားဖြစ်သူ ဒန်နီတို့ပါပဲ။ အဲဒီဟိုတယ်ကြီးရဲ့ အရင်အစောင့်ဖြစ်သူကတော့ သူ့မိသားစုတစ်ခုလုံးကို ပြန်သတ်ပြီး ...
movie
Doctor Sleep (2019)
2019
HEVC 1080p 5.1
6.8
Good Boys (2019)
ဒါကတော့ IMDb rating 6.8နဲ့ ခရမ်းချဉ်သီးမှာ 79%ရထားတဲ့ဟာသကားလေးပါ။တစ်ကားလုံးရယ်ရလို့ ပါးစပ်တောင်မစေ့နိုင်ဘူးဘရစ်စလီဆိုတဲ့ကောင်မလေးကိုအရမ်းတွေကြွေနေတဲ့မက်စ်ရယ်၊လေကြီးလေကျယ်ပြောတတ်တဲ့သောရယ်၊ရင့်ကျက်ပြီးမှန်တာပဲလုပ်ချင်တဲ့လူကပ်စ်တို့သုံးယောက်ကအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။ခြောက်တန်းရောက်တာနဲ့ခြောက်တန်းနဲ့တူအောင်အထာကျမယ်လို့ ဆုံးဖြတ်ထားတဲ့ ငမြွေလေးတွေပေါ့။ တစ်နေ့တော့ kissing partyတစ်ခုကို ဖိတ်ခံလိုက်ရလို့မက်စ်ကသူကြိုက်နေတဲ့ကောင်မလေးကိုပါတီမှာနမ်းရတော့မယ်ဆိုပြီး ရင်တွေခုန်နေတာပေါ့။ ဒါပေမယ့် သူတို့ထဲကဘယ်သူမှမနမ်းဖူးကြတော့သူများတွေဘယ်လိုနမ်းလဲဆိုတာရှာဖွေလေ့လာရင်းပြဿနာတွေတစ်ခုပြီးတစ်ခုဖြစ်ကုန်ပါတော့တယ်။ ကလေးတွေဆိုပေမယ့် သူတို့မှာလည်းသူတို့အရွယ်နဲ့ကြုံတွေ့နေရတဲ့ကိစ္စတွေရှိတာပေါ့။ သူတို့ရဲ့တစ်နေ့တာကိုဘယ်လိုဖြေရှင်းကျော်ဖြတ်ပြီးမိဘတွေအဆူမခံရအောင်ဘယ်လိုတွေဉာဏ်များအုံးမလဲဆိုတာကိုတော့ဒီကားလေးမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါအုံး။ တကယ်ကောင်းတဲ့ဟာသကားလေးကိုလက်လွှတ်မခံဘဲကြည့်ရင်း ခဏတာဘဝအမောပြေနိုင်ပါစေ (အယ့်လယ့်) File Size : ( 840 MB , 314 MB)Quality : WEB-DL 720pRunning Time : 1 hr 30 minFormat : Mp4Genre : Adventure , ComedySubtitle : Myanmar Subtitle (Hard Sub)Translated by Moe ...
movie
Good Boys (2019)
2019
8.0
Wonder (2017)
Wonder (2017) IMDb - 8.0/10_____Rotten - 85% ကျွန်တော်တို့ငယ်စဉ်ကတည်းကလူ့အသိုင်းအဝိုင်းနဲ့စတင်ထိတွေ့ချိန်မှာ အခက်အခဲမျိုးစုံကြုံတွေ့ရလေ့ရှိပါတယ်။အခြေအနေအလိုက် ပိုမိုရုန်းကန်ရတဲ့သူတွေရှိသလို သက်တောင့်သက်သာရဲ့ဖြတ်သန်းသွားရသူတွေလည်းရှိပါတယ်။ဒါပေမယ့် လူတိုင်းဟာကိုယ့်အပူနဲ့ကိုယ်၊ ကိုယ်ပိုင်ဖြေရှင်းစရာပြဿနာတစ်ခုခုကတော့ရှိနေတတ်တာပါပဲ။ဒါတွေကို သေချာမြင်အောင် ကြည့်နိုင်မယ်ဆိုရင်တော့ အားလုံးသာသူ့နည်းသူ့ဟန်နဲ့တိုင်ပတ်နေတာဖြစ်ပြီး ဘယ်သူရယ်မှ သူဟာပုံမှန်လူ သူဟာပုံမှန်မဟုတ်တဲ့လူရယ်လို့ ရှိတော့မှာမဟုတ်ပါဘူး။ဒီဇာတ်ကားလေးဟာ လူတိုင်းကြည့်သင့်တဲ့ဇာတ်ကားလေးပါ။အဓိကဇာတ်ကောင်လေးဖြစ်တဲ့ အော်ဂီဟာမွေးရာပါချို့ယွင်းချက်တွေနဲ့ခွဲစိပ်မှုပေါင်းများစွာပြုလုပ်ခဲ့ရတဲ့ ကလေးတစ်ယောက်။ပုံမှန်လူတွေရယ်လို့သတ်မှတ်ထားတဲ့သူတွေရှိတဲ့ မျက်နှာအသွင်အပြင်မရှိရှာတဲ့သူတစ်ယောက်။သူ့မိသားစုလေးမှာ တစ်မိသားစုလုံးကို ရယ်မောပျော်ရွှင်စေပြီး အမြဲတမ်းအားပေးတတ်တဲ့အဖေ၊ ကိုယ့်သားသမီးတွေကို အရာအားလုံးစွန့်လွှတ်ပြီး ဂရုစိုက်တတ်တဲ့အမေ၊ ကိုယ့်မိသားစုကိုပြန်ထောက်ကြည့်တတ်တဲ့ အစ်မဖြစ်သူအိုလစ်ဗီယာ ဆိုပြီးမိသားစုသုံးယောက်ရှိပါတယ်။ဒီဇာတ်ကားမှာ မွေးဖွားလာစဉ်ကတည်းကချို့ယွင်းရှာတဲ့သားဖြစ်သူကို အားလုံးထက်ပိုဂရုစိုက်တတ်တဲ့မိခင်၊ ဘယ်တော့မှလက်မလျှော့ပဲ ကိုယ့်သားသမီးအပေါ်ယုံကြည်စိတ်မပျက်တတ်တဲ့ မိဘတွေရဲ့စိတ်၊ ကိုယ့်သားသမီးတွေတစ်ခုခုလိုအပ်နေပြီဆိုရင် အမြဲပြန်လည်ဖြည့်ဆည်းပေးဖို့ကြိုးစားတတ်တဲ့ မိဘတွေရဲ့မေတ္တာ၊ ကိုယ့်မောင်လေးအတွက် မိဘတွေရဲ့မေတ္တာကို ကြည်ကြည်ဖြူဖြူခွဲဝေပေးတဲ့ အစ်မတစ်ယောက်ရဲ့မေတ္တာ၊ သည်းခံစိတ်၊ စွန့်လွှတ်စိတ်၊ မိဘမောင်နှမတွေရဲ့ အားပေးမှု၊ ကူညီရိုင်းပင်းထောက်ပံ့မှုတွေနဲ့ အားတင်းအရှုံးမပေးတတ်တဲ့ အော်ဂီ၊ သူ့အတွက်ထိုးနှက်မှုများစွာနဲ့ ကြိုဆိုနေတဲ့ လောကကြီးထဲ ရဲရဲဝင့်ဝင့်မိသားစုရဲ့အင်အားနဲ့ ကြံကြံခိုင်ရပ်တည်နိုင်တဲ့ အော်ဂီ၊ စသည်ဖြင့် မိသားစုတစ်ခုမှာရှိရမယ့် မိသားစုစိတ်ဓာတ်ကိုအပြည့်အဝဖော်ညွှန်းပြထားပါတယ်။ဒါပေမယ့် လူဆိုတာမျိုးဟာ ...
movie
Wonder (2017)
2017
5.9
The Book of Henry (2017)
The book of henry ဇာတ်ကားဟာ၂၀၁၇ ထွက် IT ဇာတ်ကားရဲ့မင်းသားဖြစ်တဲ့ Jaeden Lieberher ကဟင်နရီနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာ လျှို့ဝှက်သည်းဖိုဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ဟင်နရီဟာဆိုရင်သူတို့အိမ်ဘေးကကောင်မလေးညှင်းပန်းနှိပ်စက်ခံနေရတာကိုသိရှိသွားပြီးတော့ကယ်တင်မှာဖြစ်ပါတယ်။သူဘယ်လိုတွေကယ်တင်မှာလဲကောင်မလေးကရောလွတ်မြောက်သွားမှာလား ဆိုတာကိုဇာတ်ကားထဲမှာစိတ်ဝင်စားဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်။(ဘာသာပြန်သူကတော့ Saw Wunna ပါ)File Size : (800 MB) and (300 MB) Quality : 720p Bluray Running Time : 1hr 45min Format : Mp4 Genre :Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Saw Wunna Encode by Thanhtike Zaw
movie
The Book of Henry (2017)
2017