Channel Myanmar

Jack Wagner

The Wedding March (2016) 6.3
The Wedding March (2016) The Wedding March (2016) IMDb - 6.3/10ခြောက်ကားမြောက်ထိထွက်ရှိခဲ့တဲ့ အမေရိကန်-ကနေဒီယန် rom-comရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက ပထမဆုံးရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကျော် Before trilogyလို ရသမျိုးကို သူ့နည်းသူ့ဟန်နဲ့ ခံစားရစေမယ်လို့ ထင်ပါတယ်။ရည်းစားဦးကို မြေးဦးရတဲ့ထိတောင် မေ့မရပါဘူးတဲ့။ မစ်ခ်နဲ့ အိုလီဗီယာဆိုတဲ့ စုံတွဲလေးကလည်း ငါ့ကို အသဲခွဲသွားတာဆိုတဲ့ တစ်ဖက်သက်ခံစားချက်ကိုယ်စီနဲ့ ဝေးကွာခဲ့ကြတဲ့ရည်းစားဦးတွေ။မစ်ခ်ကတော့ သမီးတစ်ယောက်အဖေ မုဆိုးဖိုအဖြစ်နဲ့ သာယာလှပတဲ့ရေကန်အနီးက ဟိုတယ်အသေးစားလေးကို ဦးစီးလုပ်ကိုင်နေသူတစ်ယောက်။ ငယ်ရွယ်စဉ်က အောင်မြင်တဲ့အဆိုတော်ဖြစ်ခဲ့ပေမဲ့လည်း အကြောင်းကြောင်းကြောင့် ပရိသတ်တွေနဲ့ဝေးကွာသွားခဲ့သူ။ တစ်နေ့ သူ့ဟိုတယ်လေးမှာ မင်္ဂလာဆောင်မဲ့ အောင်မြင်နေတဲ့အိမ်ခြံမြေပွဲစားတွေအတွက် မဖြစ်မနေ ဧည့်ခံသီချင်းဆိုပေးဖို့ ကြုံလာပါတော့တယ်။ ဖြစ်ချင်တော့ သတို့သမီးက သူ့ငယ်ချစ်ဦး အိုလီဗီယာဖြစ်နေပါရော။ အိုလီဗီယာမှာလည်း ပထမအိမ်ထောင်နဲ့ရတဲ့ မစ်ခ်ရဲ့သမီးနဲ့ရွယ်တူ သမီးတစ်ယောက်ရှိနေပါတယ်။ ငါ့အသဲကိုခွဲသွားတာဆိုတဲ့ ခံယူချက်ကိုယ်စီနဲ့ မျက်နှာချင်းဆိုင်မရဖြစ်နေရာကနေ အကြောင်းအရင်းမှန်ကို သိလိုက်ရတဲ့နောက်မှာ။ မစ်ခ်နဲ့ အိုလီဗီယာတို့ရဲ့ ဇာတ်လမ်းလေးကို တစ်ကားချင်းစီမှာ ရသအမျိုးမျိုးခံစားရစေမှာမို့ အားပေးကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Comedy, Drama, Family Quality…. 1080p | 720p File size… 1.3GB, 678MB Format… ...
movie

The Wedding March (2016)

2016
Falling for Christmas (2022)
Falling for Christmas (2022) လင်ဆေးလိုဟန်ရဲ့ ရုပ်ရှင်ကားသစ်ကို နက်ဖလစ်ကနေ ပြသသွားတာပါ။ဟိုတယ်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ သမီးဖြစ်သူ Sierraဟာ အစစအရာရာ လိုလေသေးမရှိ ကျော့ကျော့မော့မော့ နေခဲ့ရသူတစ်ယောက်ပေါ့။ ခရစ္စမတ်မတိုင်ခင် တစ်ပတ်လောက်အလိုမှာတော့ Sierraခမျာ ရည်းစားဖြစ်သူ Tad Fairchildနဲ့အတူ တောင်ပေါ် ခရီးထွက်ခဲ့ရာက မတော်တဆမှု ဖြစ်ကာ တောင်အောက်ကိုလိမ့်ကျပြီး သတိလစ် အတိတ်မေ့သွားပါတော့တယ်။ သတိလစ်နေတဲ့ Sierraကို North star တည်းခိုရိပ်သာ ပိုင်ရှင်ဖြစ်တဲ့ Jake Russelတစ်ယောက် တွေ့ပြီး ကယ်တင်ခဲ့ပါတယ်။ ဒါ့အပြင် အတိတ်မေ့ပြီး ကူကယ်ရာမဲ့နေသူမို့ လောကွတ်ချော်ကာ အိမ်ပေါ်တင် စောင့်ရှောက်ထားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ သံယောဇဉ်တွေ ငြိတွယ်လာရင်း..။တစ်ဖက်မှာတော့ Tadကလည်း ပွန်းပဲ့ဒဏ်ရာ အနည်းငယ်လောက်သာရပြီး အသက်ရှင် ကျန်ခဲ့ပါတယ်။ သို့သော်ငြားလဲ လူသူဝေးရာ တောထဲတောင်ထဲမှာမို့ ဆောက်တည်ရာမရ ဖြစ်ရပြန်ပါတယ်။ဒီဇာတ်လမ်းမှာတော့ လမ်းပျောက်နေတဲ့ Tadနဲ့ အတိတ်မေ့နေတဲ့ Sierraတို့ ဘယ်လိုဘယ်ပုံ ခရီးဆက်ကြမလဲ။ Sierraတစ်ယောက် မှတ်ဉာဏ် ပြန်ရလာပြီးတဲ့နောက် သူ့ကိုကယ်တင်ခဲ့တဲ့ ကလေးအဖေ မုဆိုးဖို Jakeကိုပဲ ရွေးချယ်လေမလား။ သူဌေးသား ဆိုရှယ်ကြောင် Tadကိုပဲ သစ္စာရှိမှာလား။ လုပ်ငန်းပိတ်သိမ်းရလုနီးပါးဖြစ်နေတဲ့ Tadကရော ဘာတွေ လုပ်မလဲဆိုတာကို နှင်းတွေတဖွေးဖွေးအောက်မှာ ဟာသလေးတွေ နှောပြီး ရိုက်ကူးပြထားတာကို ခံစားကြည့်ရှုကြရမှာပါ။File size…(2.2 GB)/(1.1 GB)/(600 Mb) Quality….Webrip 1080p / 720p / ...
movie

Falling for Christmas (2022)