Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jack Reynor
6.3
Delivery Man (2013)
Delivery Man (2013) ==================အကယ်၍ သင်ဟာ မမျှော်လင့်ပဲ ကလေး၅၃၃ယောက်ရဲ့ အဖေဖြစ်နေတာသိလိုက်ရပြီး သူတို့ထဲက ၁၄၂ယောက်က သင့်ကိုတွေ့ချင်နေတယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ အားလုံးသိကြတဲ့ ဟာသသရုပ်ဆောင် Vince Vaughn ကအဓိကပါ၀င်သရုပ်ဆောင်ထားပြီး ဇာတ်ပို့အနေနဲ့ အားလုံးရဲ့အချစ်တော်Starlord မင်းသားကြီး Chris Pratt နဲ့အတူမင်းသမီးချော Cobie Smulders တို့ပါ၀င်သရုပ်ဆောင်ထားတဲ့comedy/drama ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားဟာ IMDb 6.3 အထိရထားတာကြောင့်ဟာသနှောတဲ့drama ကြိုက်သူတွေသဘောတွေ့မယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဝေါ့ဇ်နီယက်မိသားစုဟာ အသားလုပ်ငန်းစုကိုပိုင်ဆိုင်တဲ့မိသားစုဖြစ်ပြီး သားတစ်ဦးဖြစ်သူဒေးဗစ်ဝေါ့ဇ်နီယက်ဟာ အသားပို့ဖို့ကိုတာ၀န်ယူထားပါတယ်။ တစ်နေ့မှာ အပေါ်မှာပြောခဲ့သလို သူရဲ့ ကလေး၅၃၃ယောက်ထဲက ၁၄၂ယောက်က သူတို့ဖခင်ဘယ်သူလဲဆိုတာ သိချင်လာကြပါတယ်။ ဒီလောက်ကလေးများရတဲ့အကြောင်းရင်းက သူဟာ သုတ်ပိုးလှူဒါန်းမှုပေါင်း ၆၉၃ကြိမ်ပြုလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီထဲက ၁၄၂ယောက်ဟာ သူတို့အဖေကိုသိချင်လို့ တရားရုံးမှာစွဲချက်တင်ပြီး လျို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြပါတယ်။ ဒေးဗစ်ဟာ ဒီကိစ္စကြီးကို ရင်ဆိုင်နေရတုန်းမှာပဲ သူ့ရည်းစား အမ်မာကလည်း ကိုယ်၀န်ရှိနေတာကို သိလိုက်ရချိန်မှာတော့ တရားခွင်ကတစ်ဖက်၊ ဒီအကြောင်းကိုဘာမှမသိသေးတဲ့ သူ့ရည်းစားကတစ်ဖက်၊ အိမ်ကတစ်ဖက်နဲ့ ရုန်းကန်လှုပ်ရှားရပုံတွေကို ဟာသနှောပြီး drama ဆန်ဆန်ရိုက်ကူးထားတာကြောင့် အချိန်ကုန်ရကျိုးနပ်ပြီး ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။ File size… 1.33 GB / 646 MB Quality… BluRay 1080p / 720p Format… mp4 Duration…. ...
movie
Delivery Man (2013)
2015
7.1
Flora and Son (2023)
Flora and Son (2023)~ IMDb - 7.1/10, Rotten Tomatoes - 94% ~ဂီတဟာ လူတွေကို နှလုံးသားချင်းပိုနီးစေတယ်။ သီချင်းထဲမှာတော့ ဘဝဟာရှိချင်မှရှိမှာပေမဲ့ ဘဝထဲမှာတော့ သီချင်းကို အားလုံးလိုခဲ့ကြတယ်။ ဒီဇာတ်လမ်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးရပြီး ကလေးကိုရော ကိုယ့်ဘဝကိုယ်ရော မုန်းနေတဲ့ အမေနဲ့ အမေကိုပါထထဆဲနေတဲ့ ဘာကိုမှမကျေနပ်နေတဲ့ကလေး သားအမိအကြောင်းပေါ့။ သားလေးသာ နည်းနည်းကြီးလာတယ်။ သားအမိကြား နားလည်မှုတစ်စက်မှမရဘဲ ဆဲလိုက်ဆိုလိုက် သေသွားရင်ကောင်းမယ်တွေးလိုက် လုံးလည်ချာလည်လိုက်နေတဲ့ သားအမိပါပဲ။ သားဆိုလည်း ခိုးမှုနဲ့ စခန်းခဏခဏရောက်နေတဲ့ လူပေလူရေလေး။ဒီလိုနဲ့ သူ့အမေက သူ့သားမွေးနေ့မှာ ဂီတာဟောင်းတစ်လက် မွေးနေ့လက်ဆောင်ပေးတယ်။ သားက ဂီတာကိုစိတ်မဝင်စားဘူး။ ကွန်ပျူတာနဲ့ဖန်တီးရတဲ့ ဂီတကိုပဲ စိတ်ဝင်စားတာဆိုတော့ အဖက်မလုပ်ဘူး။ အဲဒါနဲ့ပဲ ကလေးအမေက ဂီတာကို အွန်လိုင်းကနေ သူ့ဘာသာသင်ရင်း ဂီတကိုပိုချစ်တတ်လာတယ်။ သူ့သားကလည်း သူ့ဘာသာတော့ သီချင်းတွေဖန်တီးနေတဲ့ကလေး။ ...
movie
Flora and Son (2023)
2023
The Good Mother (2023)
၂၀၂၃ ခုနှစ်ထွက် အမေရိကန် crime/mystery ဇာတ်လမ်းအမျိုးအစားလေးပါ။ Academy award နှစ်ခါရရှိထားတဲ့ Hillary Swank နဲ့ House of Dragons က Olivia Cooke တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် မယ်ရီဆာဘန်းနင်း (Hillary Swank) ရဲ့သားအငယ်ဖြစ်တဲ့မိုက်ကယ်ဟာဇာတ်လမ်းရဲ့အစမှာအသတ်ခံလိုက်ရပါတယ်။ သူဟာမူးယစ်ဆေးသုံးစွဲသူဖြစ်ပြီး သူ့သူငယ်ချင်းဖြစ်တဲ့ဒက်ကီနဲ့ပေါင်းပြီးမူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့သူပါ။ မိုက်ကယ်ရဲ့အကိုဖြစ်တဲ့ တိုဘီကရဲတစ်ယောက်ပါ။ ညီဖြစ်သူအသတ်ခံရတော့ တိုဘီက မိုက်ကယ်ရဲ့စီးပွားရေးလုပ်ဖက်ဖြစ်တဲ့ ဒက်ကီရဲ့လက်ချက်ဖြစ်မယ်လို့ထင်ပါတယ်။ တစ်ဖက်မှာလည်း မိုက်ကယ်ရဲ့ကောင်မလေးဖြစ်တဲ့ ပေ့ဂ်ျ ကနေစရာမရှိလို့ မယ်ရီဆာနဲ့အတူလာနေရင်း မိုက်ကယ်ကိုသတ်သွားတဲ့သူကိုလိုက်စုံစမ်းပါတယ်။ ပေ့ဂ်ျနဲ့မယ်ရီဆာ အတူလိုက်စုံစမ်းရင် ဘာတွေဆက်ဖြစ်မယ်၊ ဘယ်လိုမြှုပ်ကွက်တွေကိုသွားတွေ့မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာခံစားကြည့်ကြပါခင်ဗျာ။ File size…(1.2 GB)/(614 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Mystery, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie
The Good Mother (2023)
5.7
Transformers: Age of Extinction (2014)
ဇာတ်လမ်းကတော့ Dark Side of the moon ဇာတ်လမ်းအပြီး ၅ နှစ်အကြာဖြစ်ပါတယ်။ Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက အပြစ်တင်ပြီး၊ Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။ အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာက သူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့ Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊ US အစိုးရက Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊ Control လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။ ဒါပေမယ့် သူတို့ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့အစိတ်အပိုင်းနဲ့ ဦးနောက်တွေဖြစ်နေပြီးတော့၊ အမှတ်မထင်ပဲ Megatron ကို အသက်ပြန်သွင်း နေသလို ဖြစ်နေတဲ့အတွက် ဘယ်လိုတွေစခန်းသွားကြမယ်ဆိုတာ.......။ (Transformers ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=transformers ...
movie
Transformers: Age of Extinction (2014)
2014
4K HEVCHDR
7.0
Free Fire (2016)
Free Fire 2016ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုကိုပြောပြပါဆိုရင်တော့ ပါသမျှသရုပ်ဆောင်တိုင်းက နာမည်ကြီးတွေဖြစ်နေတာပါပဲ။ Captain Marvel အဖြစ်လူသိများတဲ့ မင်းသမီးချော Brie Larson ရယ် Peaky Blinders ထဲက Thomas Shelby နေရာမှာ သရုပ်ဆောင်တဲ့ မင်းသားချောကြီး Cillian Murphy ရယ်၊ Call me by your name ထဲက မင်းသားအခန့်ကြီး Armie Hammer ရယ် အက်ရှင်ကားတွေနဲ့ဆို နာမည်ကြီးတဲ့သရုပ်ဆောင်တွေ အခြားရုပ်ရှင်ကားပေါင်းများစွာ ပါဝင်ထားတဲ့ အလန်းစားအက်ရှင်ဇာတ်ကြမ်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့... ဂျက်စတင်ဆိုတဲ့ကောင်မလေးတယောက် ဒုစရိုက်ဂိုဏ်းနှစ်ဂိုဏ်းအရောင်းအဝယ်ကိစ္စမှာကြားဝင်စေ့စပ်ရင်း ပြဿသနာသေးသေးလေးကနေစပြီး ပစ်ခတ်ကြတဲ့အခါမှာတော့ သေနတ်ပစ်ရတာပျော်နေတဲ့လူတွေကြား သူ့ခမျာပတ်ပြေးရပါတော့တယ်။ ပတ်လည်ရိုက်အောင် ပစ်ကြခတ်ကြလွန်းလို့ ကြည့်ရတဲ့သူတောင်မောလာစေမယ့်ဇာတ်ကားပါ။ နောက်ဆုံးတော့ ဒီလိုအရှုပ်ထုပ်တွေကနေ ဂျက်စတင်တစ်ယောက်ဘယ်လိုလွတ်မြောက်လာမလဲ။ ဒီအရှုပ်အရှင်းတွေကြားမှာ တယောက်ယောက်ကများ အကျိုးအမြတ်ရသွားမလားဆိုတာ.....။Action/Comedy/Crime အမျိုးအစားဖြစ်တာကြောင့် အက်ရှင်ကြမ်းကြမ်းတွေ အခွီတွေနဲ့ တကယ့်အလန်းစားဇာတ်ကားမျိုးပါပဲ။File size…(1.5 GB)/(650 MB) Quality…BluRay 1080p / 720p Format…mp4 Duration….01:30:34 Subtitle….Myanmar Subtitle ...
movie
Free Fire (2016)
6.5
Cherry (2021)
Cherry (2021)တွမ် ဟော်လန် ရဲ့ ရုပ်ရှင် အသစ်လေး ကြည့်လိုက်ရအောင်။The Devil All the Time လိုပါပဲ။ ဘဝသရုပ်ဖော် ဝတ္ထုတစ်ခု ဖတ်နေရသလိုပါပဲ။ဆေးတပ်သား အဖြစ် အီရတ်မှာ တိုက်ပွဲဝင် ...... သူရဘွဲ့တွေရ ..... စိတ်ဒဏ်ရာနဲ့ ပြန်လာပြီး ဆေးတွေစွဲ ရုန်းကန်ရတဲ့ ဘဝခပ်နာနာကို တွေ့ရမှာပါ။"ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား" ဝတ္ထုထဲကလို မိန်းကလေး မျိုးနဲ့အတူ ဘဝကို ဘယ်လိုရုန်းကန်ကြလဲ ပြထားတာပါပဲ။လက်ရှိမှာတော့ တစ်ကြိုစာရင်း နှစ်ကြိမ်ဝင်ခဲ့ပြီးပါပြီ။IMDb - 6.5/10 ရထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ LittleNeo ပဲ ဖြစ်ပါတယ်။File size…1GB and 3.2GB Genre ... Crime, Drama Quality….720p Web-dl and 1080P HEVC Format…mp4 Duration…. 2hr 22min Subtitle….Myanmar Subtitle (Hardsub) Translator ..... LittleNeo Encoder ...
movie
Cherry (2021)
2021
7.4
Midsommar (2019)
Unicode==================== ဒါကတော့စောင့်ကြည့်သူများပြားပြီး ထွက်ထားတာမကြာသေးတဲ့rating ကောင်းတွေနင်းကန်ရထားတဲ့Drama/Thrillerကားတစ်ကားပါမနှစ်က Hereditaryနဲ့ပွဲ ထွက်ပြီးအကောင်း'နဲ့ ဝေဖန်မှုတွေရခဲ့တဲ့ဒါရိုကတာာ Ari Asterရဲ့ ဒုတိယမြောက်ကားပါမိသားစုကိစ္စကြောင့် စိတ်အားငယ်နေတဲ့ဒန္နီဆိုတဲ့ကောင်မလေးတစ်ယောက်ရယ်သူ့ကိုအာရုံနောက်နေပြီး ဆက်ဆံရေး သိပ်အဆင်မပြေတဲ့သူ့ရည်းစားခရစ်ရွန်ရယ်၊ စာတမ်စာတမ်းပြုစုဖို့အားသန်နေတဲ့သာသာယာယာနေတတ်တဲ့ ကောလိပ်ကျောင်းသားတွေသူတို့သူငယ်ချင်း ရဲ့အိမ်ကို နွေရာသီ မှာ လိုက်လည်ကြပါတော့တယ် ပလ္လင်ရဲ့အိမ်ပေမယ့် ဆွီဒင်နိုင်ငံရဲ့ ဝေးလန်တဲ့နေရာမှာရှိပြီးကိုယ့်ယဉ်ကျေးမှု ကိုယ့်ယုံကြည်မှု နဲ့သီးခြားရှိနေတဲ့အုပ်စုတစ်ခုဖြစ်နေပြီး ထူးဆန်းတဲ့ပွဲတော် ကို ကိုးရက်ကြာ ကျင်းပတဲ့နေရာတစ်ခုပါအစကတော့သူတို့တွေအဲ့ပွဲတော်ကို ဆင်နွှဲ ဖ်ု့သွားကြပေမယ့်နေရာတိုင်းမှာထူးးဆန်းပြီး ခြောက်ခြားစရာတွေကြုံလာရပါတယ်လှပမှုတွေ မသတီစရာတွေနဲ့ ထိတ်လန့်မှုတွေကိုတစ်ပြိုင်တည်းခံစားကြည့်ရှုရမယ့်Ari Asterရဲ့ masterpieceလက်ရာဇာတ်ကားတစ်ကားပါပဲဒီဇာတ်ကားက ဒါရိုက်တာရဲ့ထုံးစံအတိုင်း နည်းနည်းစားလို့ ကြည့်ပြီးရင်spoilers alertတွေ ပြန်ရှင်းပြတာတွေကိုgoogleမှာရှာကြည့်လို့ရပါတယ်File Size : ( 1 GB )Quality : WEB-DL 720pRunning Time : 2 hr 27 minFormat : Mp4Genre : Drama , Horror , ...
movie
Midsommar (2019)
2019
6.7
On the Basis of Sex (2018)
Ruth Bader Ginsburg အကြောင်းကို ရိုက်ကူးထားတဲ့On the Basis of Sex ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ရာစုနှစ်များစွာ ရှုံးနိမ့်လာခဲ့တဲ့ အမျိုးသမီးများယောင်္ကျားများနှင့်တန်းတူအခွင့်အရေးရရှိနိုင်ဖို့အတွက်ဥပဒေပေါ်ထွန်းလာရေးအပေါ် အတိုက်အခိုက်တွေကြားထဲကရုန်းကန်ရပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။အားပေးကြပါဦးဗျာ File Size : (1 GB) & ( 332 MB)Quality : BluRay 720pRunning Time : 2 hrFormat : Mp4Genre : Biography , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee PoeEncoded by Moe Myint Lwin
movie
On the Basis of Sex (2018)
2018
6.5
1967 ခုနှစ်က The Jungle Book ကို အသက်ပြန်သွင်းထားတယ်လို့ ပြောလို့ရတယ် ကျနော့်အနေနဲ့ကတော့ 2016 က ရုံတင်ခဲ့တဲ့ The Jungle Book ထက် Netflix က ရိုက်တဲ့ ဒီ Mowgli ကို ပိုပြီး သဘောကျမိတယ် Effects တွေကလဲ အတော်လေးကို အသက်ဝင်တယ် ဇတ်လမ်းကျောရိုးက တူပေမဲ့ ဇတ်လမ်းဇတ်ကွက်လေးတွေတော့ နည်းနည်းပြောင်းလဲသွားတာရှိတယ် အရင်ကလို ကလေးကြည့်တဲ့ရုပ်ရှင်သက်သက် မဟုတ်တော့ပဲ သွေးထွက်သံယို အခန်းလေးတွေ အနည်းငယ်ပါတယ် ဇတ်လမ်း ပုံစံကတော့ Mowgli ရဲ့ မိဘတွေဟာ ခြေတဖက်ကျိုး နေတဲ့ ရှီရာခန်း ဆိုတဲ့ ကျားဆိုးကြီးရဲ့ သတ်ဖြတ်ချင်းကို ခံရပြီး Mowgli လေးကတော့ ကံကောင်းပြီး လွတ်မြောက်သွားခဲ့တယ် ကျားသစ်နက်ကြီး ဘာဂီရာ က ကလေးငယ်ကို ကယ်ဆယ်ပြီး ဝံပုလွေမိသားစုဆီ ပေးခဲ့တယ်.... ဝံပုလွေတွေဟာလဲ Mowgli လေးကို မိသားစုဝင်အဖြစ်လက်ခံခဲ့ပြီး သူတို့ အသက်ရှိနေသ၍ ကျားဆိုးကြီး ရှီရာခန်း ဆီကနေ Mowgli ကို ကာကွယ်ပေးမယ်လို့ သစ္စာဆိုခဲ့ကြတယ်... ဒီလိုနဲ့ Mowgli အရွယ်ရောက်လာတဲ့အခါ သူဟာ ဝံပုလွေ တွေနဲ့ မတူတာကို သတိထားမိပြီး မေးခွန်းပေါင်းများစွာ ရှိလာခဲ့တယ်... သူ့မေးခွန်းတွေကို ...
movie
Mowgli: Legend of the Jungle (2018)
2019
5.6
Kin (2018)
အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDB Rating 5.6 အထိရရှိထားတဲ့ Fantasy,Sci-fi ဇာတ်ကားဖြစ်တဲ့ Kin (2018) ပါ။ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင် အီလိုင်ဂျာက မွေးစားခံထားရတဲ့ သူ့ရဲ့အသိုင်းအဝိုင်းမှာ လူဝင်မဆံ့တဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။သူက ပစ်ထားတဲ့နေရာကနေ ဝါယာကြိုးတွေ ခိုးရင်းနဲ့ ထူးဆန်းတဲ့ပစ္စည်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။အိမ်ကိုပြန်လာတဲ့ ထောင်ထွက်တစ်ယောက်ဖြစ်တဲ့ မွေးစားအစ်ကို ဂျင်မီက လူဆိုးဂိုဏ်းခေါင်းဆောင် တိုင်လာ အပေါ်မှာ အကြွေးတင်နေခဲ့တဲ့ အတွက် သူ့အဖေကိုပေးဖို့တောင်းပါတယ်။သူ့အဖေကငြင်းတဲ့အခါ တိုင်လာနဲ့အတူ သူ့အဖေရဲ့ မီးခံသေတ္တာကိုဖောက်ထွင်းဖို့ကြိုးစားချိန်မှာ သူ့အဖေကတွေ့သွားပြီး အပစ်ခံလိုက်ပါတယ်။အဲဒီအချိန်မှာ ဂျင်မီက အီလိုင်ဂျာလေးကို ခရီးသွားမယ်လို့လိမ်ပြီး ပိုက်ဆံတွေယူပြေးလာခဲ့ပါတယ်။သူတို့နောက်ကို ညီဆုံးရှုံးခဲ့ရတဲ့ တိုင်လာကလည်း လိုက်ဖို့ကြိုးစားပါတယ်။သူတို့သွားရင်း ကလပ်တစ်ခုရောက်တဲ့အခါ သူရှာတွေ့ထားတဲ့ ပစ္စည်းက စွမ်းအားပြင်းတဲ့ သေနတ်တစ်လက်ဖြစ်နေတာကို တွေ့ရတဲ့အခါမှာတော့... (ဘာသာပြန်သူတွေကတော့ မေသရဖီလွင် နဲ့ ဒီမွန်းပါ) File Size : (800 MB) and (380 MB) Quality : WEB-DL 720p Running Time ...
movie
Kin (2018)
2018
7.5
Detroit (2017)
ဒီဇာတ်ကားလေးကြည့်ပြီးတော့အတွေးတစ်ခုဝင်လာတယ် လီနင်တို့ အိုဘားမားတို့လိုကမ္ဘာကျော်ပုဂ္ဂိုလ်တွေ , အူစိန်ဘော့လိုအပြေးချန်ပီယံတစ်ယောက်, ကမ္ဘာကျော်လူမည်းအထင်ကရပုဂ္ဂိုလ်တွေဘာကြောင့်ရှမ်းရှမ်းတောက်အောင်မြင်လာရသလဲဆိုတာသဘောပေါက်လာတယ်လူတစ်ယောက်ရဲ့တိုးတက်လာလမ်းကြောင်းမှာ "မခံချင်စိတ်"ဆိုတာ အရေးကြီးတဲ့ ဖောင်ဒေးရှင်းတစ်ခုပါမခံချင်စိတ်နဲ့ရုန်းကန်လှုပ်ရှားရတဲ့မထင်မှတ်တဲ့အောင်မြင်မှုတွေရလာကြစမြဲပါဒီကားလေးကတော့ လူဖြူ/လူမည်းခွဲခြားရေးဝါဒကနေ သင်ခန်းစာရပြီးထိုးထွက်အောင်မြင်အောင်လုပ်ခဲ့တဲ့ဇာတ်ကြောင်းလေးပါအမေရိကန်နိုင်ငံ Detroit မြို့က ကလပ်တစ်ခုမှာတရားမဝင်အုပ်စုဖွဲ့သောက်စားပျော်ပါးမှုကြောင့်လူမည်းတော်တော်များများဖမ်းဆီးခံခဲ့ရပါတယ်ဒါကိုမကျေနပ်နပ်တဲ့ပတ်ဝန်းကျင်ကလူတွေကရဲတွေနဲ့ကတောက်ကဆဖြစ်ရင်း "တောမီးလောင်တောကြောင်လက်ခမောင်းခတ် " ဆိုသလို အဓိကရုဏ်းကိုအကြောင်းပြပြီးကိုယ်ကျိုးရှာအကြမ်းဖက်မှုတွေလုပ်ခဲ့လို့ပြည်တွင်းစစ်အခြေအနေအထိပါဂယက်ရိုက်သွားခဲ့ပါတယ် ဒီအကြမ်းဖက်မှုတွေထဲမှာ ရိုးသားတဲ့ဘာမဆိုင်ညာမဆိုင် တက်သစ်စလူမည်းအဆိုတော်အဖွဲ့ဖြစ်တဲ့ Dramatics အဖွဲ့ပါ ရောယောင်ထိန်းသိမ်းခံခဲ့ရပါတယ်ဒီလိုနဲ့ရဲတွေရဲ့ထိန်းကွပ်မှုကြမ်းတမ်းတဲ့စိတ်တွေရယ် လူမျိုးရေးခွဲခြားမှုစိတ်အခံတွေကြောင့်ဓားစာခံအချို့ကိုမတော်တဆသတ်မိသွားပါတယ်ရှေ့ဆက်ပြီးကောဒီဖမ်းဆီးခံလူမည်းတွေနဲ့တရားစီရင်ရေးမှာဘာတွေဆက်ဖြစ်ကြမလဲလူမည်းတွေရဲ့မခံချင်စိတ်ကြောင့်ကမ္ဘာတစ်ဝှမ်းအသိအမှတ်ပြုခံလာရအောင်ဘယ်လိုတွေအစပျိုးမလဲဆိုတာကတော့... File Size : (1.2 GB) and (448 MB) Quality : Blu-Ray 720p Running Time : 2hr 23min Format : Mp4 Genre :Crime, Drama, History Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Pyae ...
movie
Detroit (2017)
2017