Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jack Noseworthy
6.3
Cecil B. Demented (2000)
ဒီရုပ်ရှင်လေးကတော့၂၀၀၀ခုနှစ်ကထွက်ရှိခဲ့တဲ့black comedyရုပ်ရှင်အမျိုးအစားကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့Hollywood ကအခုနောက်ပိုင်း mainstream ရုပ်ရှင်တွေကို sequel ထုတ်လိုက် remake ထုတ်လိုက်နဲ့ပိုက်ဆံပဲရှာနေပြီး original ဇာတ်ကားကောင်းတွေမထုတ်တော့တာကိုသတိထားမိကြမှာပါ အဲဒီလိုဖြစ်နေတာကိုသဘောမကျတဲ့ရူးနေတဲ့ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Cecil B. Demented က Honey Whitlock ဆိုတဲ့နာမည်ကြီးရုပ်ရှင်မင်းသမီးကိုဖမ်းခေါ်ပြီးတော့သူ့ရဲ့ရုပ်ရှင်မှာဝင်သရုပ်ဆောင်ခိုင်းတာကနေဖြစ်လာတာတွေကိုဟာသနှောပြီးရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် File size…(1.9 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre... Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie
Cecil B. Demented (2000)
5.9
Undercover Brother (2002)
Undercover Brother (2002) ==================== IMDb Rating - 5.9/10အမေရိကားနိုင်ငံမှာ အာဖရိကန် - အမေရိကန်တွေရဲ့ယဉ်ကျေးမှုဟာ ၁၉၇၀ ခုနှစ်ကာလတွေမှာ တရှိန်ထိုးတိုးတက်မြင့်မားလာခဲ့ပေမယ့်လို့ ၁၉၈၀ ခုနှစ် မှာတော့ ဖြစ်ရပ်ပေါင်းများစွာနဲ့အတူ တဖြည်းဖြည်းနဲ့လျော့နည်းကျဆင်းလို့ လာခဲ့ပါတယ်။ တကယ်တော့ ဒါဟာ လူမည်းတွေကို မုန်းတီးတဲ့ လူဖြူဖြစ်သူ "The Man" ရဲ့ နောက်ကွယ်ကနေ ကြံစည်ကြိုးကိုင် အကွက်ချထားမှုတွေ ကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် "The Man" မှာလည်း သူထင်ထားသလို၊ ဖြစ်စေချင်သလို ခရီးလမ်းမပေါက်ရောက်နိုင်ဘဲဖြစ်နေရပါတယ်။ ဒါဟာဘာ ကြောင့်လဲဆိုတော့ "ဘရားသားဟုဒ်" လို့ခေါ်တဲ့လူမည်းတွေနဲ့ဖွဲ့စည်းထာတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ လိုက်လံတားဆီးမှုတွေကြောင့်ပါ။ဒီလိုနဲ့ တစ်နေ့မှာတော့ အမေရိကန်သမ္မတနေရာမှာ ဝင်အရွေးခံမယ်လို့ သတင်း တွေထွက်နေပြီးတော့ လူမည်းတွေရဲ့ထောက်ခံမှုတွေကိုလည်း အများကြီးရထားတဲ့ ဗိုလ်ချုပ်ဘောက်ထ်ဝေလ်ဟာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူ့အနေနဲ့ ရွေး ကောက်ပွဲကို ဝင်အရွေးခံယှဉ်ပြိုင်မှာ မဟုတ်ဘဲ ကြက်ကြော်ဆိုင်သာ ဖွင့်ပြီးရောင်း စားတော့မယ်လို့ ကြေညာခဲ့လိုက်ပါတယ်။ ဒါဟာ ဘယ်သူမှ ဘယ်လိုမှ ထင်မှတ် မထားခဲ့မိတဲ့ အကြောင်းအရာဖြစ်နေတာကြောင့် "ဘရားသားဟုဒ်" အဖွဲ့အနေနဲ့ ဒီကိစ္စဟာ "The Man" ရဲ့စနက်မကင်းဘူးဆိုတာကို ရိပ်မိပေမယ့် ...
movie
Undercover Brother (2002)
2002
5.8
Encino Man (1992)
Encino Man (1992)အားလုံးသိသလိုပဲ ဒီနှစ်ရဲ့ အမျိုးသားသရုပ်ဆောင် အော်စကာဆုရှင်၂ယောက်ဖြစ်တဲ့ ဘရန်ဒန်ဖရေဆာနဲ့ Ke Huy Quan တို့ဟာ ကားရိုက်တော်တော်နည်းခဲ့တဲ့၊ ရုပ်ရှင်လောကကနေ အကြောင်းအမျိုးမျိုးနဲ့ စွန့်ခွာခဲ့ဖူးတဲ့ သူတွေပါပဲ။ ဒါပေမဲ့လည်း ၂ယောက်စလုံးက ကျွန်တော်တို့ငယ်ဘဝကို ကြီးစိုးထားတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ဖူးခဲ့တဲ့သူတွေပါပဲ။ ဆန်းကြယ်စွာနဲ့ပဲ ဒီနှစ်မှာ ဒီ၂ယောက်စလုံး အော်စကာဆုရသွားခဲ့တယ်။ ဒီလိုနဲ့ သူတို့၂ယောက်စလုံး အတူတူပါဖူးခဲ့တဲ့ ဟိုးတုန်းက ရုပ်ရှင်ကားတစ်ကားကို ပြန်တူးဖော်ဖို့ အကြောင်းဖန်လာခဲ့တယ်။ဒီရုပ်ရှင်မှာ ဘရန်ဒန်ကြီးက ရေခဲခေတ်ကလူအနေနဲ့ သရုပ်ဆောင်ထားတယ်။ ရေခဲခေတ်မှာ ရေခဲတုံးထဲခဲသွားပြီး ဒီဘက်ခေတ်မှာမှ အဲဒီရေခဲတုံးကြီး အရည်ပျော်ပြီး ဒီဘက်ခေတ်ကို ရောက်လာတဲ့သူပေါ့။ သူ့ကိုတွေ့သွားတဲ့ ဒေ့ဆိုတဲ့ကောင်လေးက အိမ်နောက်ဖေးမှာ ရေကန်တူးရင်း တွေ့သွားတာ။ ဒေ့ နေရာကို Sean Astin က သရုပ်ဆောင်ထားတယ်။ သူ့ကိုလည်း သိကြမှာပါ။ ဂန္ထဝင်ရုပ်ရှင် LoTR မှာ ဖရိုဒိုရဲ့ဘော်ဒါ ...
movie
Encino Man (1992)
1992
6.6
Event Horizon (1997)
Event Horizon (1997)Resident Evil ဇာတ်ကားအများစုရဲ့ ဒါရိုက်တာ Paul W.S. Anderson ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ဒီကားကို ပါရာမောင့်က ထုတ်ခဲ့တာဖြစ်ပြီး ဒီကားကို ထုတ်ပေးဖို့ ပါရာမောင့်မှာ ဆွယ်တရားသွားဟောတုန်းက ကားတောင်ထွက်မလာသေးဘဲ ပါရာမောင့် အမှုဆောင်တွေ လန့်ပါလန့်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ The Matrix ထဲက မောဘီးယပ်စ်ကြီး Laurence Fishburne က အဓိက ပါဝင်သရုပ်ဆောင်ထားသလို ဘွန်းခဲ့ပေမဲ့လည်း Cult Classic Horror Film တစ်ကားဖြစ်ခဲ့တဲ့အတွက် ကြည့်သင့်တဲ့ ဂန္ထဝင်တစ်ကားပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်တွေကို သဘောကျတဲ့လူတွေလည်း အကြိုက်တွေ့ကြမှာပါ။ သိပ္ပံစိတ်ကူးယဉ် သဲထိတ်ရင်ဖိုကားပီသသလို တော်တော်လည်းကြမ်းတာကြောင့် အသည်းငယ်တတ်သူတွေတော့ မကြည့်စေချင်ပါဘူး။ ဒီကားကြည့်ပြီးရင်တော့ အချင်းချင်း ခေါင်းစားကြစရာ အချက်အလက်တွေ အများကြီးထွက်လာမှာတော့ မြေကြီးလက်ခတ်မလွဲပါပဲ။လူသားတွေဟာ လပေါ်မှာ အပြီးတိုင်အခြေချပြီးတဲ့နောက် ၂၅ နှစ်အကြာမှာ လူသားသမိုင်းတလျှောက် ပထမဆုံးသော အလင်းထက်မြန်တဲ့ ...
movie
Event Horizon (1997)
1997
6.2
Idle Hands (1999)
Idle Hands (1999)1999 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားလေးကို Horror ကားနဲ့ မစိမ်းတဲ့သူတွေတချို့ ကြည့်ဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ယောက်ျားလေးများရဲ့ ငယ်ဘ၀ crush ဖြစ်တဲ့ Jessica Alba က မင်းသမီးအနေနဲ့ ပါ၀င်ထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်တယ်၊ အဖော်အချွတ် ဘာညာသာရကာလေးတွေလည်း အားရကျေနပ်ရလောက်အောင် ပါတယ်ဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့ဗျာ။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသား အန်တွန် ဆိုတဲ့ ငနဲပေါ့။ အဓိကဇာတ်ဆောင်ဆိုလို့ ဉာဏ်ကောင်း စာတော် အားကစားပါရမီပါ ဘာညာစမာကလာ ပြီးပြည့်စုံနေတဲ့ မင်းသားတော့မဟုတ်ဘူး။ တစ်နေ့တစ်နေ့ အားအားရှိ စားလိုက် သောက်လိုက် တီဗီကြည့်လိုက် ဆေးရှူလိုက် အာသာဖြေလိုက်ပဲ လုပ်နေတဲ့ ကမ္ဘာ့စောက်ပျင်းအကျဆုံးကောင်...ဆေးရှူဖော်ဆေးရှူဖက် သူငယ်ချင်း မစ်ခ် နဲ့ ပနက်ဘ် ကလွဲလို့ အပေါင်းအသင်းလည်း ရှိတဲ့ကောင်မဟုတ်... ဒါပေမယ့် သူကြိတ်သဘောကျနေရတဲ့ crush မလေး မော်လီဆိုတဲ့တစ်ယောက်တော့ ရှိတာပေါ့။ဒီလိုနဲ့ ...
movie
Idle Hands (1999)
1999
7.1
Alive (1993)
Alive (1993)~ IMDb - 7.1/10, Rotten Tomatoes - 59% ~ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီစ်ရေခဲတောင်တန်းတွေပေါ်ကို ...
movie
Alive (1993)
1993
6.3
Surrogates (2009)
Surrogates (2009)===============IMDb Rating - 6.3/10#Unicodeအနာဂါတ် ကာလတစ်ခုမှာပါ။ စက်ရုပ်နည်းပညာတွေက အရမ်းကို အဆင့်မြင့်လာကြပါပြီ။လူခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို အစားထိုးနိုင်တာက စပြီးတော့ လူတစ်ကိုယ်လုံးကိုပါအစားထိုးပြီး နေနိုင်အောင်နည်းပညာတွေက အဆင့်မြင့်နေပါပြီ။ ဒီနည်းပညာကတော့Surrogate လို့ ခေါ်တဲ့ လူနေရာမှာ စက်ရုပ်တွေ အစားထိုးတဲ့နည်းပညာပါ။ လူတွေက ထိန်းချုပ်တဲ့ ခလုပ်ခုံမှာသက်တောင့်သက်သာနဲ့ ထိုင်နေပြီး လုပ်စရာရှိတဲ့ အလုပ်တွေကို စက်ရုပ်တွေနဲ့အစားထိုးပြီး အလုပ်လုပ်ကြပါတယ်။ စက်ရုပ်တွေက ထိတွေ့မှု၊ အနံ့၊ အရသာတွေကိုပါ အာရုံခံစားနိုင်တဲ့အတွက် လူတွေက အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲ ကိုယ်တိုင် အပြင်မှာ ရောက်နေသလိုပြုမူလုပ်ဆောင်နိုင်ကြပါတယ်။ စက်ရုပ်တစ်ရုပ်ရဲ့ အကြမ်းပတမ်းခံနိုင်မှု၊ လုပ်နိုင်စွမ်းအားတွေကိုလူသားဦးနှောက်နဲ့ အသုံးချနိုင်တဲ့အတွက် အရာရာကအဆင်ပြေနေပါတယ်။ ကံမကောင်းအကြောင်းမလှလို့ မတော်တဆမှုတစ်ခုခုနဲ့ ကြုံမယ်ဆိုရင်လည်း ထိခိုက်မိတာက စက်ရုပ်ဖြစ်တဲ့အတွက် ထိန်းချုပ်သူ စက်ရုပ်ပိုင်ရှင်ကတော့ အိမ်ထဲမှာ ဘေးရန်မသီမခရှိနေမှာပါ။ ဒါပေမဲ့ ဒီစက်ရုပ်တွေကို ဆန့်ကျင်နေကြတဲ့ လူတွေလည်းရှိလာပါတယ်။ စက်တွေက လူသားတွေရဲ့ ဖြစ်တည်မှုကို ...
movie
Surrogates (2009)
2009
6.6
U-571(2000)
U-571(2000) IMDb...6.6,,,Rotten ....68% ဒီကားက ဒုတိယ ကမ္ဘာစစ်တုန်းက မဟာမိတ် စစ်သင်္ဘောတွေကို တစ်ဒိန်းဒိန်းပစ်ခေတ်ပြီး ရောက်အောက်ကိုနှစ်မြှုတ်ခဲ့တဲ့ ဂျမာန် u-571 စစ်သင်္ဘောအကြောင်းကို အဓိက ထားရိုက်ပြထားပါတယ်...ဂျာမန်စစ်သင်္ဘောတွေရဲ့ ပစ်ခတ်ဖျက်ဆီးခြင်းကို ဖွဲအိတ်ကြီးလို ခံနေရတဲ့ အဓိက အကြောင်းရင်းက Enigma ဆိုတဲ့ ဝှက်စာကြောင့်ပါ...ဒီကားအညွှန်းကို မပြောခင် အရေးကြီးဆုံးအကြောင်းအရာဖြစ်တဲ့ Enigma ဆိုတဲ့ ဝှက်စာ အကြောင်းကိုပြောပြပါ့မယ်...ဒါတွေမသိလည်း ကြည့်လို့ကောင်းတဲ့ စစ်ကားကြီးဖြစ်ပေမယ့် သိသွားတဲ့အခါမှာ ဗဟုသုတလည်းရတဲ့အပြင် ကြည့်ရတာ ဇာတ်ရှန်အမြင့်ဆုံးကိုရောက်သွားစေနိုင်တာကြောင့်ပါ..Enigma ဆိုတာက ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားကာလမှာ ဂျာမန်တွေတီထွင်ခဲ့တဲ့ ဝှက်စာ စက်ဖြစ်ပါတယ်။Mechanical နဲ့ electrical ကို ပေါင်းထားတဲ့ စက်ဖြစ်ပြီး U boat နဲ့ ၈ျာမန်စစ်သင်္ဘောတွေက ပင်နယံ ၄ ဆင့်နဲ့ အထက်ပါတဲ့ Enigma ကို သုံးခဲ့ပါတယ်။ပင်နယံဝိုင်းတွေမျှားလေ ပိုလုံခြုံလေမို့ နောက်ပိုင်းမှာ ပင်နယံဝိုင်း ၈ ဆင့်အထိသုံးခဲ့ပါတယ်။Enigma ဟာ လက်နှိပ်စက်လိုဖြစ်ပြီး ဝှက်စာစနစ်ထည့်သွင်းထားတဲ့အတွက် ...
movie
U-571(2000)
2000
5.5
10,000 Miles(2016)
IMDB.....5.5 10,000 miles ရုပ်ရှင်ကားလေးကတော့ ၂၀၁၆ မှာထွက်ရှိခဲ့ပြီး ထိုင်ဝမ် drama အမျိုးအစားပဲဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ ငယ်စဉ်ကတည်းက ပြေးလွှားရခြင်းကိုသဘောကျခဲ့တဲ့ Kevin Feng ဆိုတဲ့လူငယ်ကလေးဟာ ကမ္ဘာ့အပြေးချန်ပီယံဖြစ်ဖို့ရည်မှန်းချက်ရှိခဲ့ပါတယ် သူ့ရဲ့အစ်ကိုဖြစ်သူ Sean ကတော့ သူ့မိသားစုအတွက် ငွေရှာရင်းလမ်းမှားကိုရောက်ခဲ့ရပါတယ် Kevin Feng တစ်ယောက် သူ့ရည်မှန်းချက်ကိုအကောင်အထည်ဖော်ဖို့ ကြိုးစားရင်း သူ့ကိုလေ့ကျင့်ပေးတဲ့နည်းပြဆရာမ'ရီချင်း'ကို ချစ်မိသွားပါတယ် Kevin Feng ဟာ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ကာ အဆင်မြင့်မာရသွန်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ် ကြမ်းတမ်းတဲ့ခရီးလမ်းကို အံတုရင်း Kevin Feng တစ်ယောက် ကမ္ဘာ့အပြေးချန်ပီယံဖြစ်လာမှာလား? မိဘမဲ့ကလေးကျောင်းအတွက် ကူညီထောက်ပံ့ပေးဖို့ဆန္ဒရှိတဲ့ 'ရီချင်း'ရဲ့အိပ်မက်ကိုရော ဘယ်လိုအကောင်အထည်ဖော်ပေးနိုင်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှူ့ရမှာပဲဖြစ်ပါတယ်။ ဒီကားလေးက လူငယ်တွေအတွက် အတုယူစရာဇာတ်ကားလေးပါ...အလုပ်တစ်ခုလုပ်မယ်ဆိုအဆုံးစွန်ထိကြိုးစားကြည့် ဘာမှမကြိုးစားရင်ဘာမှမသိဘူး...ဘ၀တစ်ခုတည်ဆောက်ချိန်မှာ နာကျင်မှုတွေကြုံတွေ့စမြဲပါ နာကျင်မှုကိုပျော်မွေ့လိုက် ဇွဲမလျှော့နဲ့ဆိုတဲ့အကြောင်းလေးတွေကို အဓိကထားရိုက်ပြသွားပါတယ် ကြည်နူးလွမ်းဆွတ်ဖွယ်ရာ အချစ်အကြောင်းလေးတွေလည်းပါလို့ခံစားကြည့်လိုက်ပါဦးခင်ဗျဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကို Linn Khant ပဲဖြစ်ပါတယ်......File Size…(801MB) and (329MB) Quality…BluRay ...
movie
10,000 Miles(2016)
2016