Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jack McGee
6.7
[18+]Showgirls(1995)
[18+]Showgirls(1995)******************** (Dark Side Production မှတင်ဆက်သည်...) ဒီဇာတ်လမ်းဟာ.. Las Vegasရဲ့ဖော်ချွတ်အက လောကထဲကိုမိမိတတ်တဲ့အကပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ ရောက်ရှိလာတဲ့ ဆွဲဆောင်မှုရှိပြီး သိပ်လှလွန်းတဲ့မိန်းကလေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ... ရှိုးပွဲထဲက မိန်းမလှကလေးတွေရဲ့အကြောင်း... မတူညီတဲ့လူတန်းလွှားတို့ရဲ့ ဆက်ဆံမှုတွေအကြောင်း.. ရှိုးပွဲတစ်ခုထဲက ပြိုင်ဆိုင်မှုတွေအကြောင်းကို.. ပွင့်လင်းမြင်သာစွာဖြင့် အနုပညာမြောက်ပုံဖော်ထားပါတယ်..ပုရိသယောင်္ကျားထုတို့အဖို့ ထိုကဲ့သို့အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူလေးတွေကို စာနာ နာလည်းတတ်စေဖို့ကြည့်သင့်သလို (၁၈)ယောက်စုကြည့်ရမယ်ဆိုတဲ့ဝေါဟာရနဲ့လည်း လိုက်ဖက်လွန်းတဲ့ အခန်းများစွာပါဝင်ဇာတ်ကားမို့ ကြည့်သင့်ကြောင်းရဲဝံစွာဖြင့်အာမခံလိုက်ပါတယ်...File Size : (2.7GB) and (1.4GB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:08:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wira Aung Encoded by RGB
movie
[18+]Showgirls(1995)
7.0
Basic Instinct (1992)[18+]
Basic Instinct (1992)IMDb Rating (7.0)ဒီဇာတ်ကားကို ယောက်ျားလေးပရိသတ်ထဲက မသိတဲ့သူ ရှားမယ်ထင်ပါတယ်။ မင်းသမီး ရှာရွန်စတုန်း ခြေထောက်ကို ဘယ်ညာပြောင်းချိတ်ပြတဲ့အခန်းကို သုံးလေးခါလောက် ရှေ့နောက်ရစ်လိုက်၊ ရပ်လိုက်၊ Slow နဲ့ ကြည့်လိုက် ကြည့်ဖူးတဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်...ခင်ဗျားတို့လဲပါပါလိမ့်မယ်...မပူပါနဲ့...တစ်ကမ္ဘာလုံးလဲ ခုထိ အဲ့လိုပဲကြည့်နေကြတုန်းပါပဲ။ဘာလို့ဆို Pause ခလုတ်နှိပ်ပြီးရပ်ကြည့်ရတဲ့ ရုပ်ရှင်စာရင်းတွေထဲမှာ ဒီရုပ်ရှင်က ထိပ်ဆုံးမှာ ရပ်တည်နေလို့ပါပဲ။အခုပြန်ကြည့်မိတော့မှ ဒီဇာတ်ကားက မင်းသမီးကို ငမ်းရတာထက် အများကြီးအနှစ်ရှိပြီး အရမ်းကောင်းတဲ့ Psychological, Crime, Drama ဇာတ်ကားလေးဆိုတာ သိရတော့တာပါပဲ။ ဇာတ်လမ်းအလှည့်အပြောင်းလေးတွေက အရမ်းလှတယ်။ ကြည့်နေရင်း မင်းသားစုံထောက်နဲ့တူတူ ခေါင်းတွေလည်သွားမှာသေချာပါတယ်။အမှုတစ်မှုကနေ စပြီး တခြားအမှုတွေ တစ်သီတတန်းကြီး ထွက်လာတယ်။ အဲဒီအမှုတွေ အကုန်လုံးကလည်း လူတစ်ယောက်တည်းနဲ့ ဆက်စပ်နေတယ်။ ဒါပေမဲ့လည်း အဲဒီလူက အမှုကျူးလွန်ပါတယ်ဆိုတာကို သက်သေမပြနိုင်ဘူး။ တော်တော်လေးကို အကွက်ရွှေ့တာတွေလှပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ခပ်ရှုပ်ရှုပ် ...
movie
Basic Instinct (1992)[18+]
4K HEVCHDR
5.7
Father of Invention (2010)
Father of Invention (2010) ===================ဒီကားလေးကတော့ Superman Return တို့ Baby Driver တို့မှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင်ကြီး Kevin Spacey Fowler ပါဝင်သရုပ်ဆောင်ထားတဲ့ Comedy Drama ကားလေးပဲ ဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းအနေနဲ့ Fowler တစ်ဖြစ်လဲ စွန့်ဦးတီထွင်သူ ဒိတ် ဒိတ်ကြဲတစ်ယောက်ဖြစ်တဲ့ Axle ဟာ သျှမ်းသျှမ်းတောက် အောင်မြင် ချမ်းသာရာကနေ သူ့ရဲ့ထုတ်ကုန်တစ်ခုမှာ Error တက်သွားပြီး လူတွေ ထိခိုက်သွားတဲ့အခါမှာတော့ ၈နှစ်လောက် ဂျေးအောင်းလိုက်ရပါတယ်။ အဲဒီနောက်ပိုင်း ဘဝကို တစ်ကနေပြန်စတဲ့ အဖြစ်အပျက်လေးကို ဟာသ လေးတွေနှောပြီး ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။Axle တစ်ယောက် ပြန်ကြိုးစားရင်း ဘယ်လို တလွဲတွေလုပ်မိမလဲ..မိသားစုကိုထားခဲ့ပြီးသမီး ဖြစ်သူငယ်ငယ်ရွယ်ရွယ်နဲ့ ဂျေးအောင်းလိုက်ရတာကြောင့် ပျက်စီးသွားတဲ့ သားအဖနှစ်ယောက်ကြားကဆက်ဆံရေးကို အလွဲအမှားလေးတွေကြားက ဘယ်လိုပြန်တည်ဆောက်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.88 GB) / (693 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Thetti Tun Encoder..........SWM
movie
Father of Invention (2010)
2010
Marmaduke (2010)
Marmaduke (2010) ==================ဒီခေတ်မှာ ခွေးမချစ်တဲ့သူဆိုတာရှားပါတယ်။ပေါက်စနကောင်လေးတွေကအစ အယ်စတုံကောင်ကြီးတွေအထိအမျိုးစုံ ဆိုဒ်စုံတွေကို တယုတယမွေးပြီးသားသမီးအရင်းလို ချစ်ပေးကြတာပဲမလား။ တခါတလေကျ သူတို့စိတ်ထဲငါတို့ကိုဘယ်လိုတွေးနေမလဲ၊ ဘယ်လိုမြင်လဲဆိုတာသိချင်စိတ်လေးဖြစ်မိကြမှာပါ။ ဒီဇာတ်ကားမှာတော့ Great Dane မျိုးနွယ် မာမဒုခ်ဆိုတဲ့ခွေးလေးကအဓိကဇာတ်ဆောင်အနေနဲ့ပါ၀င်ထားပြီးComputer Animation နဲ့ သူတို့အတွေးတွေစကားပြောတာတွေကို ရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ကျောင်းအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊ နေရာအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊အလုပ်အသစ်ရတာဖြစ်ဖြစ်၊ အစမှာ ကြောင်တောင်တောင်နဲ့ ၀င်ဆံ့ဖို့မနည်းကြိုးစားရတဲ့အဖြစ်မျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးပဲ ခွေးလေးတွေဟာလည်း ပတ်၀န်းကျင်အသစ်ကိုရောက်တဲ့အခါအနီးနားက ရှိနှင့်ပြီးသားခွေးတွေထဲ၀င်ဆံ့ဖို့ ကြိုးစားရပါတယ်။ ဖေးလ် နဲ့ ဒက်ဘီဆိုတဲ့လင်မယားမှာ ဘာဘရာနဲ့ ဘရိုင်ယန်ဆိုတဲ့သားသမီးနှစ်ယောက်နဲ့ မာမဒုခ်ဆိုတဲ့ ခွေးတစ်ကောင်ရှိပါတယ်။သူတို့ဟာ ကန်းဆက်မှာနေထိုင်ကြပြီး ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုဖြစ်ပါတယ်။မာမဒုခ်ဟာ Great Dane မျိုးနွယ်ဖြစ်တာကြောင့်သူ့ရဲ့အရွယ်အစားဟာ သာမာန်ခွေးတွေထက် ပိုပြီးကြီးပါတယ်။ တစ်ရက်မှာတော့ ဖေးလ်ဟာ အလုပ်ကိစ္စနဲ့ကယ်လီဖိုးနီးယားကိုပြောင်းရမယ့်အခြေအနေဖြစ်လာတော့မိသားစုကပါ လိုက်ပြောင်းရတော့မှာပါ။ကယ်လီဖိုးနီးယားရောက်တော့ သူတို့တွေအပြင်မာမဒုခ်ကပါ ၀င်ဆံ့ဖို့ ရုန်းကန်ရပါတော့တယ်။ဒီလိုရုန်းကန်နေရင်းမှ ပန်းခြံမှာဗိုလ်ကျနေတဲ့ဘော့စ်ကိုဆိုတဲ့ခွေးခေါင်းဆောင်ရဲ့ ရည်းစားဖြစ်တဲ့ဂျက်စဘဲလ်ဆိုတဲ့ ခွေးမလေးကိုမှ သဘောကျမိသွားတဲ့အခါမှာမာမဒုခ်နဲ့ဘော့စ်ကိုတို့ရဲ့အားပြိုင်မှုတွေ၊ နေရာသစ်မှာအဆင်ပြေဖို့ကြိုးစားရပုံတွေ၊ မိသားစုအတွင်းရေးပြဿနာတွေကိုဟာသလေးပါနှောပြီး ကြည့်ရမှာဖြစ်တဲ့အတွက်ခွေးချစ်သူတွေသာမက မိသားစုနဲ့ အေးဆေးအနားယူချင်သူတွေDrama ကြိုက်သူတွေပါ သဘောကျမယ့်ဇာတ်ကားလေးတစ်ကားဖြစ်မှာ သေချာပါတယ်။ File size… 2 GB ...
movie
Marmaduke (2010)
2010
6.1
Open Season (2006)
သစ်တော နဲ့ နီးစပ်တဲ့ မြို့ငယ်လေး တစ်ခုမှာ ဘတ်ဂ် လို့ ခေါ်တဲ့တောခေါင်း အမျိုးသမီးငယ်လေးဟာ ဘုဂ် လို့ နာမည်ပေးထားတဲ့ဝက်ဝံကြီးတစ်ကောင်ကို ငယ်စဉ်ကတည်းက မွေးစားထားပါတယ်ဘုဂ် ဟာ သင်ရပြုရလွယ်ပြီး လိမ္မာရေးခြားရှိတဲ့ ဝက်ဝံကြီးတစ်ကောင်ဖြစ်လာပြီး သူ့သခင်မ နဲ့ အတူ နယ်မြိုကလေးမှာ လာလည်တဲ့ ဧည့်သည်တွေကိုဖျော်ဖြေလေ့ ရှိပါတယ်...တစ်ရက်မှာတော့ စည်းကမ်းမရှိတဲ့ မုဆိုးတစ်ယောက်ဟာ အမဲလိုက်ရာသီမစခင်မှာသမင်လေးတစ်ကောင်ကို ကားနဲ့ တိုက်လာပြီး ဘုဂ် တို့ ရှိတဲ့ မြို့လေးထဲ ရောက်အလာသနားတက်တဲ့ ဘုဂ် က သမင်လေး အီလီယော့ ကို ကယ်တင်ပေးလိုက်ပါတယ်ဒါပေမဲ့ ဘုဂ် ကယ်တင်ပေးလိုက်တဲ့ အီလီယော့ က တကယ့်ငမွေထိုးဖြစ်ပြီးတည်ငြိမ်နေတဲ့ ဝက်ဝံကြီး ဘုဂ် ရဲ့ ဘ၀ ကိုပါ ငါးပါးမှောက်အောင်လုပ်လိုက်တဲ့အခါဝက်ဝံကြီး ဘုဂ် ကို သခင်ဖြစ်သူက ရင်နာနာနဲ့ပဲ တောတွင်းထဲကို ပြန်လွှတ်ပေးလိုက်ရပါတော့တယ်လူယဉ်နေတဲ့ ဝက်ဝံကြီး ဘုဂ် ...
movie
Open Season (2006)
2006
7.2
Born on the Fourth of July(1989)
Born on the Fourth of July(1989)*******************************ဒီရုပ်ရှင်ဟာ အမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့၊ ဂျူလိုင် ၄ရက်နေ့မှာမွေးဖွားခဲ့တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူ အမေရိကန်-ဗီယက်နမ် စစ်ပြန်ကြီး Ron Kovicအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့စစ်ဆန့်ကျင်ရေး အတ္ထုပတ္တိကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Ronရဲ့ငယ်စဥ်ကလေးဘဝဟာ ထိုခေတ်ထိုကာလကထုံးစံအတိုင်း စစ်ပွဲအောင်နိုင်မှုတွေအကြောင်း၊တိုင်းပြည်တာဝန်ထမ်းပြီး စစ်တိုက်ရတာမှဂုဏ်ရှိတယ်၊ ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်-ဗီယက်နမ်စစ်ပွဲဖြစ်တော့ သူကိုယ်တိုင်ရောသူငယ်ချင်းတွေပါစိတ်လိုလက်ရ မရိန်းတပ်ထဲဝင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ ဒီစစ်ပွဲအတွင်းမှာပဲ စစ်ပွဲရဲ့ခါးသီးမှုတွေကြုံခဲ့ရပြီး စိတ်ဝေဒနာလည်းရ အကြောပါသေ၊ မြုံတဲ့ဘဝ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်ထိ သူ့ရဲ့ စစ်ပွဲအပေါ်အယူအဆတွေက ပြောင်းလဲမသွားသေးပါဘူး။ စစ်ဆေးရုံကဆင်း မွေးရပ်ကိုပြန်ရောက်တော့မှ အဲ့ကာလမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊နိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုမြင်ရကြားရပြီး မျက်စိပွင့်နားပွင့်ဖြစ်လာကာ၊ ကိုယ်ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မလုံခဲ့သူမို့... Ron Kovidတစ်ယောက် စစ်တိုက်ရတာဂုဏ်ယူတဲ့လူငယ်လေးဘဝကနေစစ်ဆန့်ကျင်ရေးသမားကြီးဘဝကို ဘယ်လိုကံကြမ္မာတွေ၊ အဖြစ်အပျက်တွေကြောင့် ရောက်လာလဲဆိုတာ ရိုက်ကူးပြသထားတဲ့ anti-war movieလေးပါပဲ။File Size :(3.3GB)(1.3GB) and (714MB) Quality : BLU-RAY 1080P5.1Ch,720p Format…mp4 Duration…02:25:00 Genre : War, Biography , Drama Subtitle : Myanmar Subtitle ...
movie
Born on the Fourth of July(1989)
5.6
The Quest (1996)
အရှေ့တောင်အာရှတောနက်တစ်ခုထဲမှာ တစ်ကမ္ဘာလုံးက ကိုယ်ခံပညာအသီးသီးရဲ့ အကျော်အမော်တွေကို တိတ်တဆိတ်ဖိတ်ခေါ်ကာ ပြိုင်ပွဲလက်ခံကျင်းပနေတဲ့ ပျောက်ဆုံးမြို့တော်လေးတစ်မြို့ ရှိနေပါတယ်။အနိုင်ရရှိသူဟာ ရွှေအတိသွန်းလောင်းထားတဲ့ နဂါးရုပ်ထုကြီးကို လက်ဝယ်ရရှိပိုင်ဆိုင်ရမှာပါ။ပြိုင်ပွဲအမည်ကဂန်ဂန့်ဖြစ်ပြီးတော့ …. ဒီပြိုင်ပွဲကို အမေရိကားမှာ လူရွှင်တော်လုပ်စားနေတဲ့ ဗန်ဒိန်းတစ်ယောက် ပြန်ပေးဆွဲ ကျွန်ပြုခံရရင်းက ဒီ ဂန်ဂန့်ပြိုင်ပွဲကြီးမှာ ဘယ်လိုပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့သလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် …မွေ့ထိုင်းနဲ့ပက်သက်တဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ သိုင်းပေါင်းစုံရဲ့ ကစားကွက်တွေကိုလည်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:35:00 Type__Action, Adventure, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie
The Quest (1996)
7.2
Lethal Weapon 2(1989)
1987 မှာ Lethal weapon ပထမကားထွက်အပြီးနောက်နှစ်နှစ်အကြာမှာ ၂ ထွက်လာခဲ့ပါတယ်ပထမကားမှာကတည်းက အတွဲညီညီနဲ့ အခွီတွေရော အတည်တွေရောလုပ်တတ်တဲ့ အဓိကဇာတ်လိုက်ကျော်ကြီးနှစ်ဦးဖြစ်တဲ့ ရစ်ဂ် နဲ့ မားတာချ် တို့ရဲ့ ရှုပ်ထွေးလှတဲ့ အမှုပေါင်းသောင်းခြောက်ထောင်ကို အက်ရှင်အကြမ်းစားတွေ၊ ခွက်ထိုးခွက်လန်ရယ်နေရမယ့် ဟာသတွေနဲ့အတူ ထပ်ကြည့်ရဦးမှာပါဒီဒုတိယကားမှာတော့ ရစ်ဂ်နဲ့ မားတာချ်တို့ကြားက bond ကပိုခိုင်မာလာတာကို မြင်ရမှာဖြစ်ပြီး ပထမကားမှာ မပြောသွားခဲ့တဲ့ ရစ်ဂ်ရဲ့ဇနီးဖြစ်သူ သေဆုံးရတဲ့အကြောင်းလည်း ပြောပြသွားမှာပါ။ဆိုတော့ကာ အသက်အရွယ်မတူ၊ အသားအရောင်မတူ၊ တွေးခေါ်ပုံတွေကအစ မတူညီတဲ့ ရဲအရာရှိနှစ်ယောက် ဒီတစ်ခါရော ဘယ်လိုအတွဲညီညီနဲ့ လှုပ်ရှားသွားမလဲ၊ အတည်ပေါက်နဲ့ ဘယ်လိုတွေခွီကြဦးမလဲဆိုတာကို ခံစားကြည့်ရှုလိုက်ကြပါဦးဗျာ။ File size…(3.16GB) / (`1.43GB) / (712.65GB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre... Action / Crime / ThrillerSubtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie
Lethal Weapon 2(1989)
7.0
The International(2009)
The International(2009) အညွှန်း****************************IBBC ဆိုတဲ့ဘဏ်က ဘဏ်နဲ့မဆိုင်တဲ့ သန်းရာချီ လက်နက်တွေဝယ်ယူနေတဲ့လို့သတင်းရပြီးနောက်ပိုင်းအေးဂျင့် လူးဝစ် နဲ့ သူ့အဖွဲ့က IBBC ကို ဆက်တိုက်လိုက်စုံစမ်းပါတယ်...အချက်အလက်တွေ အချိန်တွေ အများကြီးယူပြီးတဲ့နောက်မှာ သူတို့အဖွဲ့ဟာ အရေးပါတဲ့သူတစ်ယောက်နဲ့ဆက်သွယ်မိကြတယ်...ခက်တာက အဲ့ဒီသူနဲ့တွေ့တဲ့ လူးဝစ်တို့အဖွဲ့က တစ်ယောက် မတော်တဆမှုနဲ့သေဆုံးခဲ့သလိုအချိန်တစ်ရက်မပြည့်ခင်မှာပဲ သူတို့ဆက်သွယ်မိတဲ့သူဟာလည်း မတော်တဆမှုနဲ့ထပ်မံ့ပြီးသေဆုံးခဲ့ပါတယ်..အထက်ကလူကြီးတွေကလည်း မရေရာမသေချာတဲ့ ဒီကိစ္စကြီးကိုလက်ရှောင်ချင်နေကြတယ်..လူးဝစ်အတွက်တော့ လုပ်ဖော်ကိုင်ဖက်လည်းဆုံးရှုံးရသလို အင်အားကြီးတဲ့ ရန်သူနဲ့ရင်ဆိုင်နေရလို့လက်ရှောင်ချင်တဲ့သူတွေကြားမှာတော့ အကြီးအကျယ် ဒေါသထွက်နေတယ်...သို့ပေမဲ့ သူအစွမ်းရှိသလောက် ရအောင်ဖော်ထုတ်မယ်ဆိုပြီ:ကြိုးစားတဲ့အခါမှာတော့...ဒီကားဟာ BOX Office မှာ ဝင်ငွေကောင်းခဲ့သလို မင်းသားကြီး Clive Owen နဲ့ မင်းသမီ:ကြီးNaomi Watts တို့ က အဓိက သရုပ်ဆောင်ထားပြီ: ဇာတ်လမ်းအစမှ အဆုံး အီနေတာမျိုးမရှိဘဲတော်တော်လန်းတဲ့ဇာလမ်းမို့ ကြည့်ကြပါလို့....File Size :(4.1GB)(924MB) and (292MB) Quality : Blu-Ray 1080P5.1CH,720p Format…mp4 Duration…01:58:00 Genre : Crime , ...
movie
The International(2009)
7.1
Crash 2004
Crash ဆိုတဲ့ ဇာတ်ကားကတော့ လော့စ်အန်ဂျလိစ်မြို့တော်တွင်း လူမျိုးရေးခွဲခြားမှုတွေ လူ့အသိုင်းအဝိုင်းကြားတင်းမာမှုတွေကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်လူဖြူ လူမည်းခွဲခြားမှုတွေကြားမှာ လူဖြူတွေကို မုန်းတီးပြီး အနုကြမ်းစီးတတ်တဲ့ Anthnoy ဟာ သူ့အဖော်နဲ့အတူ လူဖြူရှေ့နေ Rick နဲ့ သူ့ဇနီး Jean တို့ရဲ့ကားကို လုခဲ့ပါတယ်။ဒီဇာတ်ကားလေးထဲမှာိုသေနတ်နဲ့ခြိမ်းခြောက်ခံခဲ့ရတဲ့အတွက် လူမည်းတွေကို ကြောက်ရွံ့သွားပြီး သူ့အိမ်မှာအလုပ်လာလုပ်တဲ့ လူမည်းတွေကို မယုံကြည်နိုင်တော့တဲ့ Jeanကျည်ဆံသံတွေကြား အိမ်ခဏခဏပြောင်းခဲ့တဲ့ သော့ပြင်ဆရာ Danielသော့ပြင်ဆရာနဲ့အခြေအတင်စကားများပြီးနောက် လူမည်းသော့ပြင်ဆရာကြောင့် သူ့ဆိုင်ဖောက်ထွင်းခံရတယ် ယူဆထားသူ Farhandလူမည်းတစ်ယောက်ဖြစ်တဲ့အတွက် ဇနီးဖြစ်သူကို ရဲတစ်ဦး လက်သရမ်းတာကို ကြည့်နေခဲ့ရတဲ့ လူမည်းရုပ်ရှင်ဒါရိုက်တာ Cameronဖခင်ရဲ့ရောဂါကြောင့် ဆေးရုံမှတာဝန်ရှိသူ လူမည်းအမျိုးသမီးကို မကျေမနပ်ဖြစ်နေသူ ရဲအရာရှိ Ryanလူမျိုးရေးခွဲခြားမှုကြောင့် ဖြစ်ပေါ်လာတဲ့ လူသတ်မှုတစ်ခုကို စုံစမ်းနေသူ လူမည်းစုံထောက်တစ်ယောက်ဦး Graham watersစတဲ့ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ အမေရိကန်လူ့အသိုင်းအဝိုင်းကြား ဖြစ်ရပ်တွေကို ပုံဖော်ထားတာတွေ့ရမှာပါ။ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ခရိုင်ရှေ့နေ Rick အဖြစ် Brendan ...
movie
Crash 2004
7.6
Moneyball(2011)
Moneyball(2011) IMDb....7.6,,,,Rotten...94% ဒီကားကတော့ ဘေ့စ်ဘောမန်နေဂျာ Billy Beane အကြောင်းကိုရိုက်ကူးထားတာပါ...Billy BeaneကOakland Aအသင်းရဲ့ ဘေ့စ်ဘောမန်နေဂျာ တစ်ယောက်ပါ....ဘေ့စ်ဘောလောကမှာတော့ နည်းပြထဲမယ်သူရတဲ့လစာဟာတခြားနည်းပြတွေနဲ့ယှဉ်ရင် အတော်ကိုနည်းပါတယ်...အသင်းဘုတ်အဖွဲ့ကလည်း ရေရှည်စီမံကိန်းတွေနဲ့ အသင်းအပေါ်ကိုင်တွယ်ပုံတွေက အနည်းငယ်ညံဖျင်းလို့နေပါတယ်...မန်နေဂျာ Billy အတွက်တော့ တကယ်ကိုအားမရချင်စရာပဲ..သို့ပေမယ့် သူဟာ အသင်းကိုအကောင်းဆုံးတည်ဆောက်ဖို့ ဘယ်တော့မှ ဇွဲမလျှော့ဘူး...ဘုတ်အဖွဲ့က လူတော်တော်များများကို အတိုက်အခံလုပ်ပြီးလမ်းကြောင်းတစ်ခုသူတည်ဆောက်ခဲ့တယ်...သူဟာ Word Series မှာ အသင်းကို အများအသိပြုတဲ့ အမြင့်ဆုံးနေရာမျိုးကို ရပ်တည်စေချင်တယ်...သူ့အသင်းအတွက် ကစားသမားတွေကို သူကိုယ်တိုင်သေချာစိစစ်ရွေးချယ်ခဲ့တယ် Billy Beaneနဲ့ သူ့ရဲ့လက်ထောက်Peter Brand တို့ရဲ့ ကြိုးစားမှုကြောင့့်အသင်းဟာ ဘယ်လိုအခြေအနေမျိုးကိုရောက်သွားမလဲ...လူဝယ်တဲ့နေရာ လူရွေးချယ်တဲ့နေရာမှာ မန်နေဂျာတွေရဲ့အခက်အခဲတွေ အားကစားသမားတွေရဲ့ခံယူချက်တွေကို တွေ့ရမှာဖြစ်သလို အားကစားလောကရဲ့ အကြောင်းကိုလည်း ဇာတ်ကားကြည့်ရင်းအတော်လေးသိသွားနိုင်ပါတယ်...ပြီးတော့ ဒီကားမှာ အဓိကသရုပ်ဆောင်ထားတဲ့ Brad Pitt, Robin Wright, Jonah Hill တို့ကိုတော့အတော်များများသိကြမယ်ထင်ပါတယ်.. .IMDbနဲ့ Rottenကလည်း အလန်းကြီးဆိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့...ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ Tinnilar Lwin ...
movie
Moneyball(2011)
2011
5.4
Drive Angry (2011)
Drive Angry (2011)_______IMDb - 5.4/10 Nicolas Cage ပါဝင်ထားတဲ့ Action, Crime, Fantasy အမျိုးအစားဇာတ်ကားပါ... အမှန်တော့ မင်းသမီးချော Amber Heard ပါလို့ ပြန်တင်လိုက်တာပါ။ ငရဲပြည်ကနေလာပြီးသောင်းကျန်းမယ့် ဇာတ်ကွက်နဲ့ဖန်တီးတင်ဆက်ထားပါတယ်။ File size…(906 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:44:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
Drive Angry (2011)
2011
6.7
Gangster Squad
Gangster Squad (2013)_____IMDb - 6.7/10 ဒုတိယကမ္ဘာစစ်ပြီးတော့ အမေရီကန်ဟာ ကိုရီးယားပြည်တွင်းစစ်ကို ဝင်ပါတယ် ၊ နောက်ကျူးဘားအရေးကြောင့် ရုရှားနဲ့ စစ်ဖြစ်မလိုလိုအထိ ဖြစ်ခဲ့တယ် ။ ပြည်ပအရေးတွေ ဝင်ရောက်စွက်ဖက်တာများလာတယ် ပြီးတော့ ကမ္ဘာစစ်ဒဏ်ကိုလည်း တော်တော်ထိထားတော့ မိမိ ပြည်တွင်းအုပ်ချုပ်ရေးဘက်ကို ကောင်းကောင်းမလှည့်ကြည့်နိုင်တော့ဘူး ။ အဲသလိုတွေ ပြည်တွင်း အုပ်ချုပ်ရေးဘက် ပေါ့လျော့ခဲ့လို့ အမေရီကန်ပြည်သူတွေဟာ လူဆိုးဂိုဏ်းတွေရဲ့ ဒုက္ခပေးခြင်းကို တော်တော်ခံခဲ့ရတယ် ။ ဂျွန်ဒီလင်ဂျာလို ပြည့်သူရန်သူ နံပါတ်-၁ လို့ ကြေငြာရတဲ့အထိ လူဆိုးတွေ ပေါ်ထွက်လာတယ် ။ ဒီရုပ်ရှင်က ၁၉၄၉ ခုနှစ် အမေရီကန်ရဲဌာနတွေ ၊ တရားရေးဌာနတွေ အကျင့်ပျက်ခြစားပြီး မကောင်းမှုပြုရာတွေကို အခြေခံပြီး ရိုက်ကူးထားတယ် ။ လော့အိန်ဂျလိစ်မြို့မှာ လောင်းကစားရုံ ၊ ပြည့်တန်ဆာအိမ် ၊ မူးယစ်ဆေးအရောင်းအဝယ်စသဖြင့် မကောင်းမှုမှန်သမျှအကုန်လုံး ထိန်းချုပ် လုပ်ကိုင်နေတဲ့ ဂိုဏ်းစတား တစ်ယောက်ရှိတယ် ။ သူက အရင်တုန်းက ...
movie
Gangster Squad
2013