Channel Myanmar

Jack MacGowran

The Exorcist (1973) 8.1
The Exorcist (1973) The exorcist (1973)IMDb rating - 8.1/10ဒီဇာတ်လမ်းလေးကတော့ “World No.1 horror film” လို့ သတ်မှတ်ခံထားရဆဲဖြစ်တဲ့အပြင် Imdb rating 8 အထိရရှိထားပါတယ်။ တစ်ခေတ်တစ်ခါက ဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့တဲ့အပြင် ခုထိလည်း ‘ဟောင်းပေမယ့်လည်းကောင်းနေဆဲ’ ဇာတ်လမ်းလေး ဖြစ်လို့နေမှာပါ။ ၁၉၇၃ ခေတ်အနေအထားအနေနဲ့ဆိုရင် တကယ်ကိုပီပြင်တဲ့ရိုက်ချက်တွေ ကြည့်ကြရမှာဖြစ်ပါတယ်။ဒါ့အပြင် ဒီဇာတ်ကားရဲ့နောက်ကွယ်မှာ ဖြစ်ရပ်မှန်ရှိနေတယ်လို့လည်း သိရပါတယ်။ တကယ်ခြောက်ခြားစရာ သွေးသံရဲရဲတွေ ဇာတ်ကွက်တွေကြောင့် ပြသခွင့်တောင် ပိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။ အော်စကာဆုအတွက် ဇကာတင်အများကြီးဝင်ခဲ့ပြီး အော်စကာဆု၂ဆုတောင် သိမ်းပိုက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ကဲ horror ကြိုက် ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအစမှာ သရုပ်ဆောင်မင်းသမီး ခရစ်မက်နီယယ်က ဇာတ်ကားရိုက်ဖို့ ဝါရှင်တန်ကို သူ့သမီးလေးနဲ့အတူ လာခဲ့ပါတယ်။ ၁၂နှစ်အရွယ် ရေဂန်လေးက အစပိုင်းမှာ ချစ်စရာကလေးတစ်ယောက်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အပြုအမူတွေထူးဆန်းလာတယ်၊ ကြမ်းတမ်းလာတယ်။ မိခင်ဖြစ်တဲ့ ခရစ်ကတော့ ဆေးကုသမှုတွေ အစွမ်းကုန်ဆောင်ရွက်ပေးပါတယ်။ ဒါပေမဲ့လည်း ဆေးပညာနဲ့ အဖြေရှာမရ၊ကုသမရဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း ဖာသာဒေမီယမ်ကားရက်စ်ဟာ သူ့အမေသေဆုံးမှုနဲ့ပတ်သတ်ပြီး ဘာသာရေးယုံကြည်မှုတွေ လျော့ပါးလာပါတယ်။ ဒီတော့ ရေဂန်လေးကို ဘယ်လိုကယ်တင်ကြမလဲပေါ့။(သွေးသံရဲရဲ ဇာတ်ဝင်ခန်းများပါသည့်အတွက် ...
movie

The Exorcist (1973)

Doctor Zhivago (1965) 8.0
Doctor Zhivago (1965) Doctor Zhivago (1965)IMDb (8/10) / Rotten Tomatoes 84%ဂန္တဝင်တို့ရဲ့ဂန္တဝင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားကို "ကြီး"ထည့်‌ ပြောရလောက်အောင် တကယ်ပဲ အနုပညာဆန်မှု၊အောင်မြင်မှု၊ကျော်ကြားမှုတွေ အကြီးကြီးတွေ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ပါ။ ဒေါက်တာဇီဗားဂိုး လို့ပြောလိုက်ရင် ရုပ်ရှင်ဝါသနာရှင်တွေရော စာပေသမားတွေပါ သိပြီးဖြစ်ကြပါလိမ့်မယ်။ အထူးသဖြင့်တော့ သက်ကြီးပိုင်းပရိသတ်တွေက ပိုသိကြမှာပါ။ရုပ်ရှင်အကြောင်းမပြောခင် ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ ဝတ္ထုနဲ့စာရေးဆရာတို့‌အကြောင်းကို အရင်ပြောပါရ‌စေ။ နောက်ခံသမိုင်းကြောင်းလေး နည်းနည်းသိထားရင်လည်း ကြည့်ရတာ ပိုအရသာရှိမှာဖြစ်လို့ပါပဲ။ တချိန်က ကမ္ဘာပေါ်မှာ ကွန်မြူနစ်ဝါဒဆိုတာ အလွန်ပျံ့နှံ့ရေပန်းစားခဲ့တဲ့ အရာတစ်ခုပါ။ လူတန်းစားမညီမျှမှုတွေကို တိုက်ဖျက်ဖြိုချပြီး ပစ္စည်းမဲ့တွေရဲ့လောကနိဗ္ဗာန်ထူထောင်ရေး ဆိုတဲ့ သဘောတရားပါပဲ။ အလွတ်သဘော အကြမ်းဖျင်းပြောရရင်တော့ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ ၁၉၉၀ခုနှစ်လောက်အထိ ကွန်မြူနစ်ဝါဒ အလွန်အားကောင်းခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုလို့ခေါ်ကြတဲ့ USSR (United States of Soviet Russia) ဟာ အမေရိကန်ပြည်ထောင်စု(အရင်းရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံ)နဲ့ အားပြိုင်ရင်း စစ်အေးတိုက်ပွဲနွှဲနေခဲ့ကြတဲ့ကာလတွေပါ။ "တပ်နီတော်" တို့ ...
movie

Doctor Zhivago (1965)