Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jack Kehler
6.8
Walk Hard: The Dewey Cox Story (2007)
(ကိုယ်လုံးတီးခန်းများ လိင်ဆက်ဆံခန်းများပါဝင်သဖြင့် မိသားစုဖြင့်ကြည့်ရှုရန်မသင့်တော်ပါ) အတ္တုပတ္တိ( Biopic) ရုပ်ရှင်တွေ အထူးသဖြင့်ဂီတလို့ ပြောလိုက်တာနဲ့ ကြည့်ရှုသူ အများစုကတော့သိကြမှာပါပဲ။အဆိုတော် ဒါမှမဟုတ် ဂီတလောကရဲ့ အနပညာရှင်တစ်ယောက်ယောက်ဖြစ်မယ်။ လူဖြူလည်းဖြစ်မယ်လူမည်းလည်း ဖြစ်ရင်ဖြစ်မယ်။ သူတို့ရဲ့ ဘ၀ခရီးလမ်း အခက်အခဲတွေ ဘယ်လိုမျိုး ကျော်ဖြတ်လာရမလဲဆိုတာကိုဝေဆာနေအောင် ကွန့်မြူးပြီး ပြောကြမယ်။ဒါပေမဲ့ ဒီကားကတော့ ဒီလိုမဟုတ်ဘူး။ ဖန်တရာတေဒီဇာတ်ကြောင်းတွေပဲ ထပ်နေတဲ့ ဒီရုပ်ရှင်အမျိုးအစားထဲကကိုမှ တကယ်မရှိတဲ့ ဒူဝီ ကော့စ် ဆိုတဲ့ အဆိုတော်ကိုဖန်တီးပြီး ဒီရုပ်ရှင်တွေကိုပဲ အကြီးအကျယ် ပြန်ဖဲ့သွားတာမျိုးဗျ။ဥပမာ ပြောရရင် ဒီအဆိုတော်က ငယ်ငယ်က တခုခုကြောင့်စိတ်ဒဏ်ရာရပြီး တစ်ခုခုဖြစ်နေရမယ်။ ဒီကားမှာကတော့ ဘာမဆိုင် ညာမဆိုင် တောခုတ်ဓားတစ်ချောင်းကြောင့်မင်းသားအကိုသေပြီး မင်းသားက စိတ်ဒဏ်ရာ ရသွားတာမျိုးက စလှော်တော့တာပါပဲ။ဂီတ အကျော်အမော်ကြီးတွေဖြစ်ကြတဲ့Bob Dylan, The Beatles, Elvisက အစလူပေါင်းစုံရဲ့ စတိုင်တွေ အကုန်ပြောင်။ အဲဒါမှ အားကိုမရသေးရင်အဓိပ္ပါယ်နှစ်ခွနဲ့ အောက်လုံး သီချင်းတွေကို မင်းသားကဆိုပြလိုက်ရမှ။မကျေနပ်သေးဘူးလား။ ဒါဆိုရင်လည်း ထုံးစံအတိုင်း ဆေးစွဲ မိန်းမရှုပ်တဲ့အခန်းတွေလာမယ်။ဒါပေမဲ့ ...
movie
Walk Hard: The Dewey Cox Story (2007)
6.7
Under the Tuscan Sun (2003)
ဘဝမှာအဆိုးဆုံးသော နေ့ရက်တွေကိုဖြတ်သန်းနေရပါသလား။အဆိုးဝါးဆုံးသောအရာတွေကို ကြုံတွေ့နေရပါသလား။ဆော်ပစ် ဘဲပစ်ခံရပြီးဘဝထဲကအရေးအပါဆုံးသောလူတွေကိုဆုံးရှုံးနေရပါသလား။အဲ့လိုတွေဖြစ်နေပေမဲ့လဲ စိတ်ဓာတ်လုံးဝမကျသွားပါနဲ့။ ဘဝမှာကိုယ့်အတွက်ကောင်းမွန်တဲ့အရာတွေက အံ့သြစရာအဖြစ်ကိုယ့်ဆီရောက်ရှိလာနိုင်သလိုကိုယ့်ရဲ့ဆုတောင်းတွေကလဲ တစ်ချိန်ချိန်မှာပြည့်ဝလာနိုင်လို့ပဲဖြစ်ပါတယ်။ဒီကားလေးထဲမှာလဲ အဲ့ဒီလိုမျိုးကံဆိုးမသွားရာ မိုးလိုက်လို့ရွာနေတဲ့ အရမ်းကံဆိုးပြီးတော့ ဘဝကြီးကိုအရှုံးပေးချင်နေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ သူကတော့စာရေးဆရာမဖရန်ဆက်ဖြစ်ပြီးတော့ သိပ်မကြာသေးခင်ကပဲ သူကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူ့ရဲ့ယောက်ျားဖြစ်သူ စာရေးဆရာပေါက်စကနာမည်ကြီးသွားတဲ့အခါမှာ ဖောက်ပြန်ပြီးတော့သူ့ကိုပစ်သွားတဲ့အပြင်လျော်ကြေးငွေပေးရင်ပေး မပေးရင်အိမ်ပေးဆိုလို့အိမ်ကိုပေးခဲ့ရသူပဲဖြစ်ပါတယ်။ဒီလိုနဲ့ဖရန်ဆက်တစ်ယောက်လဲကွာရှင်းပြီး နောက်ပိုင်း စိတ်ဓာတ်တွေကျနေတုန်းသူငယ်ချင်းတွေရဲ့ကောင်းမှုနဲ့ အီတလီကိုခရီးသွားဖြစ်ခဲ့ပါတော့တယ်။အဲ့ဒီမှာရောင်းရန်ဆိုတဲ့ အိမ်လေးတစ်လုံးကိုတွေ့ခဲ့ပြီး ဘာမှတွေးမနေတော့ပဲ တခြားနိုင်ငံကအိမ်တစ်လုံးကိုဝယ်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့အဲ့ဒီအိမ်လေးမှာနေထိုင်နေရင်းသူ့ရဲ့ဘဝကိုအသစ်ကနေပြန်စတင်ပါတော့တယ်။ဒါပေမယ့်လဲ လေပြေတွေမလာခင်တိုက်ခတ်နေတဲ့ မုန်တိုင်းတွေကိုဖရန်ဆက်တစ်ယောက်ထပ်ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့သူ့ဘဝရဲ့ဆုတောင်းတွေဘယ်လိုပြည့်ဝသွားမလဲ ပျော်စရာဘဝကိုရောဘယ်လိုကြုံတွေ့ရမလဲ ဆိုတာကို စိတ်ခွန်အားတက်စရာအနေနဲ့ ဒရာမာတွေအများကြီးချိုးပြီးရယ်လိုက်ငိုလိုက်နဲ့ ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။ File size…3.90GB / 1.39GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Under the Tuscan Sun (2003)
7.0
The Last Boy Scout(1991)
ကျွန်တော်တို့ရဲ့ Die Hard မင်းသားကြီး ဘရုစ်ဝီလီရဲ့ 90 ခုနှစ်က ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်.ဂျိုးဟယ်လမ်ဘက်ခ်ဟာ အကောင်ကြီးကြီး တစ်ပွေနဲ့ ပြဿနာဖြစ်ပြီးလျို့ဝှက်စုံစမ်းရေးအဖွဲ့ကနေ ရာထူးချခံခဲ့ရပြီး အလွတ်စုံထောက် လုပ်နေခဲ့သူ ဖြစ်ပါတယ်. တစ်ရက် အိမ်ပြန်လာချိန်မှာတော့.သူ့အချစ်ဆုံးသူငယ်ချင်းက သူ့မိန်းမ နဲ့ တကူကူးနေတာကို မိသွားခဲ့ပြီးသူ့အတွက် ကမ္ဘာကြီးပျက်သလို ခံစားနေရပေမယ့်. ပြောထွက်ခဲ့တဲ့ စကားလုံးတွေကဟာသဆန်နေခဲ့သလို သူ့သူငယ်ချင်း မိုက်အပေါ် လက်သီးတစ်ချက်နဲ့သာ တုံ့ပြန်ခဲ့သော်လည်းကံကြမ္မာက မျက်နှာသာမပေးခဲ့လို့ မိုက်တစ်ယောက် ကားဗုံးကွဲပြီး သေသွားခဲ့ပါတယ်သွားလေသူ မိုက် ရဲ့စောင့်ကြည့်ရေးအလုပ်ကို လကပြောင်းလွှဲယူခဲ့ကာသူ စောင့်ကြည့်ပေးနေတဲ့ မိန်းကလေး ကိုရီပါ အသတ်ခံရတဲ့အချိန်မှာတော့ဒီကိစ္စက သာမန်ကိစ္စမဟုတ်ဘဲ နောက်ကွယ်က အာဏာရှိတဲ့အဖွဲ့အစည်းတစ်ခုရဲ့လက်ချက်မှန်းသဘောပေါက် သွားခဲ့ပါတယ် ကိုရီသေဆုံးမှုကို သူ့ရဲ့ရည်းစား ဘောလုံးကစားသမားဟောင်း ဂျင်မီဒစ်ဇ် နဲ့ပူးပေါင်းပြီး ထောက်လှမ်းဖော်ထုတ်ပုံများကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.File size…2.5GB / 824.2MB Quality…Blu-Ray 1080p 5.1CH ...
movie
The Last Boy Scout(1991)
6.6
Lethal Weapon 4(1998)
Lethal Weapon series ရဲ့ နောက်ဆုံးကားဖြစ်တဲ့ Lethal weapon 4 မှာတော့ ရစ်ဂ်စ်ဟာ ဆံပင်ညှပ်လိုက်ပါပြီ။ ရစ်ဂ်စ်ရော မာတော့ဖ်ရောဟာ အသက်အရွယ်တစ်ခုရောက်လာတာကြောင့် ဇရာရဲ့ဒဏ်ကို မသိမသာခံစားလာကြရပါပြီဗျ။ ဒါပေမဲ့ ရစ်ဂ်စ်ကတော့ အခုထိ ငါမအိုသေးဆိုပြီး ရူးရူးမိုက်မိုက် စွန့်စားခန်းတွေလုပ်ဆဲပါပဲ။ ဒီ နံပါတ် ၄ မှာလည်း ရစ်ဂ်စ်နဲ့ မာတော့ဖ်တို့ဟာ ကိုယ့်ဘာသာနေရင်း ပြဿနာက သူတို့ဆီ ရောက်လာပြန်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဒီကားထဲမှာ မင်းသားကြီး ဂျက်လီနဲ့အတူ ဟာသ သရုပ်ဆောင် Chris Rock လည်း ပါဝင်လာပါတယ်ဗျ။ မင်းသားကြီး မယ်လ်ဂစ်ဘ်ဆင်တို့နှစ်ယောက်နဲ့ ဂျက်လီတို့ အပြိုင်ကြဲကြတာကြောင့် ဒီကားက အရင်ကားတွေထက် အက်ရှင်ခန်းတွေ ပိုမိုက်လာတဲ့အပြင် Chris Rock လည်း ပါဝင်လာတဲ့အတွက် ကြည့်ရတာလည်း အရင်ထက် ပိုခွီနေရပါသေးတယ်။ ဒီ Lethal Weapon 4 ဟာဆိုရင် ဇာတ်လမ်းတစ်ခုကို လှလှပပလေးအဆုံးသတ်ပေးထားတဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်ဗျ...။File ...
movie
Lethal Weapon 4(1998)
6.1
Men in Black II (2002)
ပြီးခဲ့တဲ့ MIB ပထမ ရုပ်ရှင်ကားမှာတုန်းက အေးဂျင့် ကေ ဟာ အေးဂျင့် ဂျေ ကို သူသိသမျှ တက်သမျှ တွေ အကုန်သင်ပေးခဲ့ပြီး Men In Black အဖွဲ့အစည်းကနေ အနားယူခဲ့ပါတယ် ပိုပြီး ထူးခြားတာက သူအနားယူတဲ့အခါ ဘာမှ မမှတ်မိချင်လို့ ဒီအလုပ်လုပ်ခဲ့သမျှ ကာလပတ်လုံး မေ့သွားအောင် အေးဂျင့် ဂျေ ကို မှတ်ဉာဏ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပြီး ထွက်ခွာသွားခဲ့တာပါ...MIB 2 မှာတော့ ကေ မရှိတဲ့တဲ့ အေးဂျင့် ဂျေ တစ်ယောက် အလုပ်မှာ တလွဲတွေ လုပ်တဲ့ ပါတနာ အသစ်နဲ့ အတော်လေး အဆင်မပြေ ကို ဖြစ်နေပါတယ်...အဲ့ဒီလို အချိန်ကိုက်မှာပဲ ကမ္ဘာပေါ်ကို ပထမတစ်ခါလာဖူးပြီး MIB အဖွဲ့ကို ရင်ဆိုင်ရှုံးနိမ့်သွားတဲ့ ဆယ်လီနာ ဆိုတဲ့ ဂြိုလ်သားမ ဟာ နောက်တစ်ခါ ထပ်မံ ရောက်ရှိလာပါတော့တယ် သူလာရှာတာကတော့ ဇာသန် တွေ ရဲ့ အလင်းရောင် စွမ်းအားပါ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အေးဂျင့် ကေ ...
movie
Men in Black II (2002)
2002
4K HEVC
7.0
Pineapple Express (2008)
IMDb Rating (7) / Rotten Tomatoes (68%)Peem Heaven ကွတ်ကီးစားလိုက်ရသလို ကွဲပြီးကောင်းနေတဲ့ ခံစားချက်မျိုးနဲ့ ဒီဇာတ်ကားက အပြဲကားပါ။Weed သောက်ရင်းကွဲတဲ့ဇာတ်ကားတွေထဲ တော်တော်မိုက်တဲ့ အက်ရှင်အခွီဇာတ်ကားဖြစ်ပါတယ်။မင်းသားတွေကလဲ ဟာသနဲ့ရှယ်လိုက်ဖက်တဲ့ James Franco နဲ့ Seth Rogen တို့ အတွဲပါ..မင်းသမီး Amber Heard လဲ ပါပါသေးတယ်။ဇာတ်လမ်းကတော့...Dale တစ်ယောက် Pineapple Express လို့နာမည်ရတဲ့ ရှားပါး Weed တစ်မျိုးကို ဆေးခြောက်ရောင်းတဲ့ Saul ဆီကနေ ကြိုးစားပမ်းစား ဝယ်လာခဲ့ပါတယ်..ကံကဆိုးတော့ သူအလုပ်လုပ်နေတုန်းမှာ လူသတ်မှုတစ်ခုကို မြင်လိုက်ရပြီး အခင်းဖြစ်နေရာမှာ သူ့ရဲ့သောက်လက်စ လက်ကျန် မုန့်(Weed) ကိုပစ်ထားခဲ့မိပါတယ်။ဖြစ်ချင်တော့ အဲဒီလူသတ်သမားက တစ်မြို့လုံးကို ဒိုင်ခံပြီး ဆေးခြောက်ဖြန့်နေတဲ့ Ted ဖြစ်နေတော့ မျက်မြင်သက်သေဟာ Pineapple Express Weed နဲ့ဆက်စပ်တဲ့ကောင်မှန်း သိသွားပါတော့တယ်...Ted ...
movie
Pineapple Express (2008)
2008
6.6
Austin Powers: The Spy Who Shagged Me (1999)
James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့် ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ကစ်တာဘယ်လောက်အထိလဲဆိုရင် Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီးကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်း Dr.Evilကလိုက်ဝတ်တာမျိုး၊ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်းRandom Taskဆိုတဲ့လူဆိုးဟာ ဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာ ရုပ်ဖြောင့်လို့အပြင် ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံး မျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာ ဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့် ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာအရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီး လူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကို ထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီးပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်း ...
movie
Austin Powers: The Spy Who Shagged Me (1999)
1999
HEVC 1080p 5.1
6.2
Waterworld (1995)
Water World (1995) =====================ကမ္ဘာ့ဝန်ရိုးစွန်းဒေသ ပိုလာရေခဲပြင်ကြီးအရည်ပျော်သွားခဲ့ပြီးနောက် ကမ္ဘာမြေမျက်နှာပြင်အားလုံးနီးပါးဟာရေအောက်ကိုရောက်သွားခဲ့ပြီး အဲ့ဒီလိုရေကမ္ဘာကြီးမှာ ခြောက်သွေ့ကုန်မြေဆိုတာ နိဗ္ဗာန်ဘုံဒဏ္ဍရီတစ်ခုဖြစ်လာခဲ့ပါတယ်။အရာအားလုံးပျောက်ဆုံးကာ အစာရေစာလဲရှားပါးချိန် ခေတ်ဟောင်းကမ္ဘာကြီးရဲ့လက်ကျန်လေးများနဲ့အသက်ဆက်ရှင်နေရချိန် လှေတစ်စင်းနဲ့ကမ္ဘာပင်လယ်ပြင်ကြီးထဲရွက်လွှင့်စွန့်စားသွားလာကြသူတွေကံကောင်းထောက်မစွာ ရေနံတင်သင်္ဘောကြီးပေါ်ရှာတွေ့ပြီး အရှင်တစ်ခင်တစ်ယောက်လိုအသက်ဆက်ရှင်ကာနယ်မြေချဲ့တဲ့ သူတို့ပေါ်လာတိုင်းမီးခိုးတန်းကြီးမြင်ရတဲ့ Smokers ခေါ်သူတွေနဲ့ ကာကွယ်သူမဲ့နေသူတွေကိုကျွန်ပြုခိုင်းစေကြတဲ့ Slavers တွေဆိုပြီးရှိကြတယ်။သူတို့အားလုံးရဲ့ရည်းမှန်းချက်က ခြောက်သွေ့မြေကိုရှာတွေ့ဖို့ပါပဲ။ အဲ့ဒီခြောက်သွေ့မြေကိုသွားရာလမ်းညွှန်းမြေပုံကိုကလေးတစ်ယောက်ရဲ့နောက်ကျောမှာရေးဆွဲထားတဲ့သီတင်းကနေစလို့ အဲ့ဒီကလေးဆီကခြောက်သွေ့ကုန်းမြေဆီသွားရာမြေပုံကိုရယူဖို့ကြိုးစားကြရင်း ဘာမထီသွေးအေးသန္ဓေပြောင်းလူသားကြီးနဲ့ရင်ဆိုင်ကြရတဲ့ စွန့်စားခန်းရုပ်ရှင်ကြီးဖြစ်ပါတယ်။ဒီဇတ်ကားက သိပ်ညွှန်းစရာတောင်မလိုပါဘူး အားလုံးကြည့်ဖူးပြီးသား အားလုံးနဲ့လဲရင်းနီးပြီးသားဖြစ်မှာပါ။စုတ်ပြတ်နေတဲ့အဝတ်အစားတွေနဲ့ငါးကြေးခွံတွေကိုအင်္ကျီချုပ်ဝတ်ကြရင်း ရေကမ္ဘာမှာပွဲကြမ်းကြတဲ့ဇတ်ကားဆိုတာလူတိုင်းမှတ်မိပြီးသားပါ။1995 ကဇတ်ကားဖြစ်ပေမဲ့ ကွန်ပျုတာအထူးပြုလုပ်ချက်တွေလဲအဆင်မမြင့်ဘဲရိုက်ကူးထားပုံက အခုချိန်ပြန်ကြည့်တာတောင်မရိုးနိုင်စရာပါပဲမင်းသားကြီး Kevin Costner ပါဝင်ထားပြီး အကောင်းဆုံးဆု အဆိုးဆုံးဆုနဲ့ ဇကာတင်စာရင်းများစွာလဲဝင်ခဲ့တဲ့အားလုံးမှင်သက်စရာခံစားချက်တွေရစေမယ့် 6.2 ရထားတဲ့ဇတ်ကားကိုအားလုံးပြန်ကြည့်ရင်း ရေငတ်လိုက်ကြပါစို့လား။Translated by : Myo Myint Maung Encoded by : YK File Size : 2.5GB and 1.2 GB Quality : 1080p Blu-ray and 720p
movie
Waterworld (1995)
1995
Point Break(1991)
Point Break(1991)အညွှန်း**********************IMDb....7.31991 မှာရိုက်ခဲ့တဲ့ Point Break ဇာတ်ကားမှာတော့ ငယ်ရွယ်ပျိုမြစ်တဲ့ Keanu Reeves ရဲ့ စွန့်စားခန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်... အခုမှ အလုပ်ထဲ စဝင်ခါစ ... သင်တန်းသားဘဝမှာ အကောင်းဆုံးရမှတ်တွေနဲ့ အက်ဖ်ဘိီအိုင်အေးဂျင့်တယောက်ဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ဂျွန်နီယူတာ ဟာ ဘဏ်ဓားပြတိုက်မှုတွေကို စုံစမ်းတဲ့ ဌာနမှာ စတင်တာဝန်ထမ်းဆောင်ရတယ်....အဲ့ဒီအချိန်တိုက်ဆိုင်တယ်ပဲပြောရမလားပဲ...အမေရိကန်သမ္မတဟောင်း မျက်နှာဖုံးတွေကို စွပ်ပြီး ဘဏ်တွေကို ဓားပြလိုက်တိုက်တဲ့ အကြီးစားအမှုကြီးဖြစ်ခဲ့တယ်....စနစ်ကျလွန်းတဲ့ လှုပ်ရှားမှုတွေနဲ့အတူ အတွေ့အကြုံတွေများလွန်းတဲ့ ဘဏ်ဓားပြအဖွဲ့ဟာအချိန်တိုအတွင်း လှုပ်ရှားနိုင်ခဲ့တာမို့ ရဲဌာနတစ်ခုလုံး ခေါင်းမီးတောက်နေတယ်...သဲလွန်စ ဆိုလို့လောက်လောက်လားလားမကျန်ခဲ့....ဒီအဖွဲ့ရေလွှာလှိုင်းစီးသမားတွေဖြစ်နိုင်တယ်ဆိုတဲ့ ထင်မြင်ချက်သဲ့သဲ့လေးပဲကျန်ခဲ့တယ်..အဲ့ဒီနောက် ဂျွန်နီယူတာဟာ ပင်လမ်းကမ်းခြေမှာ အသွင်ယူရင်း တစ်ဖွဲ့လုံးကို ဖမ်းဖို့ကြိုးစားပါတော့တယ်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwinပဲဖြစ်ပါတယ်... File Size : (1.11GB) Quality : Blu-Ray 1080p 5.1CH, 720p Format…mp4 Duration…02:02:00 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Point Break(1991)
8.1
The Big Lebowski(1998)
The Big Lebowski(1998)IMDB...8.1,,,,,Rotten....83%လော့စ်အိန်ဂျယ်လ်စ်မြို့မှာ Lebowski ဆိုတဲ့နာမည်နဲ့လူ(၂)ယောက်ရှိတယ်....သူတို့က နာမည်သာတူတာ ...အရည်အချင်းနဲ့ပိုင်ဆိုင်မှုကတော့ ဆီနဲ့ရေလို့ပြောရမလားပဲ...တစ်ယောက်က သန်းကြွယ်သူဌေးကြီးဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့ ဘီယာလေးငုံလိုက် ဘော်ဒါတွေနဲ့ ပေါက်ကရပြောလိုက်နဲ့ ငပျင်းဘဲကြီး Lebowskiပေါ့....တစ်နေ့မှာ သူဌေးကြီး Lebowskiရဲ့အိမ်ကိုကြေးစားလူမိုက်နှစ်ယောက်က ဖျက်ဆီးဝင်ရောက်ခဲ့ပြီးတော့ ငွေညှစ်ဖို့လုပ်ပါတော့တယ်...ကံဆိုးတာကသူတို့ဝင်တဲ့အိမ်ဟာ နာမည်တူ ငပျင်းငမွဲ Lebowski အိမ်ဖြစ်နေပါတယ်...ဒါ့ကြောင့်စိတ်တိုတိုနဲ့ အိမ်မှာရှိတဲ့ကော်ဇောကိုသေးနဲ့ပန်းသွားတယ်...ဒါက သန်းကြွယ်သူဌေးLebowskiမှာတာဝန်ရှိတယ်လို့ ယူဆပြီးတော့ ငပျင်းကြီးဟာကော်ဇောအစားတစ်ခုပြန်ပေးဖို့သွားတောင်းပါတယ်... သွားတောင်းစဉ်မှာပဲသူဟာ ပြန်ပေးဆွဲမှုတစ်ခုမှာ ပါဝင်ပတ်သက်မိပြီးတော့ ပြဿနာအားလုံးဟာ သူ့ခေါင်းပေါ်ကျလာပါတော့တယ်...ဘဲကြီးLebowskiအနေနဲ့ အရှုပ်ထုပ်တွေကြားထဲကနေ ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ရမလဲ ...ဘယ်လိုရုန်းထွက်မလဲ...ဒီကားက imdb ရော Rotten ရော လန်ထွက်နေသလို ဆုပေါင်း ၅ဆုရရှိထားပြီး အခြားဆု၁၇ဆုအတွက်လည်းဆန်ကာတင်စာရင်းဝင်ထားပါတယ်....ကားသစ်တစ်ချို့ကြောင့်စိတ်ပျက်နေတဲ့သူတွေအတွက် ဒီကားကတော့ နင်းကန်မိုက်ကြောင်း သတင်းကောင်းပါးပါရစေ......ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကMarTizasဖြစ်ပါတယ်...File Size : (950 MB) and (394 MB) Quality : Blu-Ray 720p Format…mp4 Duration…01:57:00 Genre : Comedy, Crime, Sport Subtitle : Myanmar Subtitle ...
movie
The Big Lebowski(1998)
6.1
In Dubious Battle(2016)
In Dubious Battle(2016)((Zawgyi))အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ် စသဖြင့် သပိတ်ပေါင်းများစွာထဲက အမေရိကန် အရင်းရှင်စနစ်ရဲ့ ဖိနှိပ်မှုအောက်ကနေ တွန်းလှန်တိုက်ပွဲဝင်ခဲ့တဲ့ သစ်သီးခြံအလုပ်သမား သပိတ်လည်း တစ်ခုအပါအဝင်။သူတို့တွေဟာ တစ်နေ့လုပ်ခ ၁ ဒေါ်လာသာ ရခဲ့ကြပြီး အလုပ်သမားတွေရဲ့ မကျေနပ်သံ၊ ပေါက်ကွဲသံတွေနဲ့ အမေရိကန်စီးပွားရေးပျက်ကပ် ခေတ်ကြီးတစ်ခေတ်ရဲ့ အထင်ကရ တော်လှန်ရေးတစ်ခုလိုဖြစ်ခဲ့တယ်.....ဒီဇာတ်ကားက John Steinbeck ရဲ့ ဝတ္ထုကို ပြန်လည်အသက်သွင်းထားတာ။ ဒါရိုက်တာကလည်း စာအလွန်ဖတ်ပြီး Classic ဇာတ်ကား တော်တော်များများ ပြန်ရိုက်ထားတဲ့ James Franco ကြီး။ Franco ကြီးရဲ့ ပြန်လည်တင်ဆက်မှုဟာ တကယ်လည်းလက်ရာမြောက်ခဲ့ပါတယ်..... ကြည့်ရှုသူတွေအနေနဲ့ ဗဟုသုတပေါင်းများစွာရရှိသလို ဇာတ်လမ်းကလည်း ဆွဲဆောင်မှုရှိပါတယ်.... ခံစားကြည့်လိုက်ပါဦး......(unicode)အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ် စသဖြင့် သပိတ်ပေါင်းများစွာထဲက အမေရိကန် အရင်းရှင်စနစ်ရဲ့ ဖိနှိပ်မှုအောက်ကနေ တွန်းလှန်တိုက်ပွဲဝင်ခဲ့တဲ့ သစ်သီးခြံအလုပ်သမား သပိတ်လည်း တစ်ခုအပါအဝင်။သူတို့တွေဟာ တစ်နေ့လုပ်ခ ၁ ဒေါ်လာသာ ရခဲ့ကြပြီး အလုပ်သမားတွေရဲ့ မကျေနပ်သံ၊ ပေါက်ကွဲသံတွေနဲ့ အမေရိကန်စီးပွားရေးပျက်ကပ် ...
movie
In Dubious Battle(2016)
2016