Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jack Huston
5.8
Above Suspicion (2019)
ရဲတွေ FBI တွေရာဇဝတ်မှုတစ်ခု နောက်ကိုလိုက်တဲ့အခါမှာသူတို့အတွက် တန်ဖိုးအရှိဆုံးအရာကတော့ သူတို့လိုချင်နေတဲ့သတင်းတွေကို အသေးစိတ်ပြောပြပေးနိုင်မဲ့သတင်းပေးတွေပါပဲ။အဲ့ဒီသတင်းပေးတွေကြောင့်ပဲ ဖော်ထုတ်နိုင်ခဲ့တဲ့ရက်စက်ကြမ်းကြုတ်တဲ့ ဒုစရိုက်မှုတွေဆိုတာလည်းမနည်းပါဘူး။သတင်းပေးတွေက ရဲတွေကိုသတင်းပေးရာမှာ လျှို့ဝှက်သတင်းပေးရတာလည်းရှိသလို တရားရုံးမှာသက်သေထွက်ဆိုပေးရတဲ့အထိ လုပ်ပေးရတာတွေလည်းရှိပါတယ်။သတင်းပေးတွေဖက်က အဲ့လိုသတင်းပေးရတဲ့ အကြောင်းပြချက်တွေကလည်း မျိုးစုံရှိကြပါတယ်။အခုတင်ဆက်ပေးမဲ့Above Suspicion ဆိုတဲ့အပြင်လောကက ဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားထဲမှာအထက်မှာပြောခဲ့သလိုသတင်းပေးနဲ့ FBI အေးဂျင့်တစ်ယောက်ရဲ့ကြားမှာ ဖြစ်ခဲ့တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ငယ်စဉ်ကတည်းကနေ အခုအချိန်အထိ ပိုက်ဗေးလ်မြို့မှာနေထိုင်ခဲ့တဲ့ ဆူဇန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကယိုယွင်းပျက်စီးနေတဲ့ ပိုက်ဗေးလ်မြို့ရဲ့စီးပွားရေးအကြပ်အတည်းတွေကို အံကြိတ်ပြီး ရှင်သန်နေရတဲ့ကွာရှင်းထားတဲ့ကလေးအမေတစ်ယောက်ပဲဖြစ်ပါတယ်။သူတို့မြို့က ဘယ်လောက်ပျက်စီးနေလဲဆိုရင် ပိုက်ဆံရှာဖို့ အသုဘလုပ်ငန်းနဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့လုပ်ငန်း ၂ ခုပဲရှိတော့တဲ့အထိကိုဆိုးဝါးနေခဲ့တာပါ။အဲ့ဒါတွေကြောင့်ပဲ ဒီမြို့ကနေထွက်သွားချင်တဲ့ သူ့ရဲ့ရည်မှန်းချက်ကဘယ်တုန်းကမှ မပြည့်၀ခဲ့သလို အရာရာပြည့်စုံတဲ့ယောက်ျားတစ်ယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးတစ်ခုကိုပိုင်ဆိုင်ချင်တာကတော့ သူ့ရဲ့အိပ်မက်ကြီးတစ်ခုပါပဲ။အဲ့ဒီအိပ်မက်တွေအားလုံးက တစ်နေ့မှာတော့သူတို့မြို့ကို FBIအေးဂျင့်မာ့ခ်ရောက်လာတဲ့အခါမှာ ပြည့်၀သွားသလိုခံစားလိုက်ရပါတယ်။အေးဂျင့်မာ့ခ်မှာ သားနဲ့မယားနဲ့ဆိုပေမဲ့အဖက်ဖက်က ပြည့်စုံနေတဲ့ ယောက်ျားတစ်ယောက်မျိုးဖြစ်တဲ့အတွက် ဆူဇန်အတွက်ရေငတ်နေချိန်ဝိုင်ချိုတွေ့လိုက်ရသလိုအေးဂျင့်မာ့ခ်ကို တမ်းတမ်းစွဲဖြစ်ပြီး သတင်းပေးအနေနဲ့ချဉ်းကပ်ခဲ့ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ကြားမှာဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေဆက်ဖြစ်လာမယ်ဆိုတာကို ရိုက်ကူးပြသထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.55GB / 660MB Quality…WEB-Rip ...
movie
Above Suspicion (2019)
7.0
The Longest Ride (2015)
" လူတစ်ယောက်ကို အမှန်တကယ်ချစ်မိသွားရင်သူ့ရဲ့ ပျော်ရွှင်မှု မှာ ကိုယ်မပါရင်တောင် လက်လွှတ်ပေးသွားနိုင်တယ် "ကျနော် တို့ အချစ်အကြောင်း ပြောကြတဲ့ အခါအမျိုးအမျိုး ပြောကြပါလိမ့်မယ်ရိုးရှင်းလွန်းတဲ့ အချက်ကတော့ချစ်ရတဲ့သူပျော်နေရင် ကိုယ်တိုင်ကလဲပျော်ရွှင်ရတာပါပဲ....The Longest Ride ကို ကြည့်မိတဲ့ အခါနွားကျောင်းသားလေး လုခ် နဲ့ ဆိုဖီယာ တို့ အတွဲရယ်အိုင်ရာ နဲ့ ရုဒ် တို့ အတွဲရဲ့ အချစ်ဇာတ်လမ်း နှစ်ခုလုံးကို တွေ့ရမှာပါလူတွေဟာ တစ်ခါတစ်လေကျရင် ကိုယ်က ဘယ်လောက်ချစ်ပေးရတယ်ကိုယ်က ဘယ်လောက် အနစ်နာ ခံရတယ် ဆိုပြီး တွေးကြပေမဲ့တစ်ဖက်က စွန့်လွှတ်လိုက်ရတဲ့ အရာတွေကိုတော့ မသိခဲ့ကြပါဘူး...ဒီဇာတ်လမ်းမှာဆိုရင် လုခ် ဟာ နွားရိုင်းစီးတဲ့ နွားကျောင်းသားလေးပါနွားရိုင်းစီးတဲ့ ပွဲကို လာကြည့်တဲ့ ဆိုဖီယာ နဲ့ ဆုံကြပြီး ဒိတ်ဖြစ်သွားကြတယ်အပြန်မှာတော့ လမ်းတစ်နေရာမှာ မှောက်နေတဲ့ ကားထဲ ကနေအိုင်ယာ လို့ ခေါ်တဲ့ လူကြီးရယ် ...
movie
The Longest Ride (2015)
6.3
Hail, Caesar! (2016)
၁၉၅၀ ခုနှစ် ဟောလိဝုဒ်ရုပ်ရှင်လောကကို ထင်ဟပ်ထားတဲ့Dark Comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ Hail Ceasar! ကို တင်ဆက်ပေးလိုက်ရပါတယ်။ကတ်ပီတော်ပစ်ချားရုပ်ရှင်ထုတ်လုပ်ရေးရဲ့ fixer ဖြစ်တဲ့အက်ဒီမန်းနစ်စ်ရဲ့ တစ်နေ့စာအလွဲများလို့ ဆိုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။ရုပ်ရှင်လောကကို ဖော်ပြတဲ့ဇာတ်ကားဖြစ်တာနဲ့အမျှA-List Actor အများစုကို အသုံးပြုထားတာတွေ့ရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Josh Brolin, George Clooney, Alden Ehrenreich, RalphFiennes, Jonah Hill, Scarlett Johannsson, Frances McDorman,Tilda Swinton နဲ့ Channing Tatumအထိ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတ်ပီတော်ပစ်ချား ရဲ့ထုတ်လုပ်ရေးဦးစီးဖြစ်တဲ့ အက်ဒီမန်းနစ်စ်ဟာစတူဒီယိုရဲ့ အရှုပ်တော်ပုံများကိုလိုက်လံဒိုင်ခံ ဖြေရှင်းရသူ တစ်ဦးလည်း ဖြစ်ပါတယ်။တစ်ရက်မှာ စတူဒီယိုရဲ့အဓိကပရော်ဂျက်ဖြစ်တဲ့ “Hail Ceasar” ရဲ့ အဓိကသရုပ်ဆောင်ဘာ့တ်ဝှစ်လော့တ် ရိုက်ကွင်းကနေ ဆေးခတ်ပြီး ပြန်ပေးဆွဲခံခဲ့ရပါတယ်။စတူဒီယိုအပေါ်မကျေနပ်ချက်တွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရသူ ဘာ့တ်ဝှစ်လော့တ်ကလည်းစာရေးဆရာကွန်မြူနစ်အုပ်စု ကြားထဲကို ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ အက်ဒီမန်းနစ်စ်ဟာ ပြန်ပေးငွေ ...
movie
Hail, Caesar! (2016)
2016
7.2
American Hustle (2013)
ဒါရိုက်တာကြီး David O. Russell ရိုက်ကူးထားပြီး Christian Bale, Amy Adams, Bradley Cooper, Jeremy Renner, Robert DeNiro နဲ့ Jennifer Lawrence တို့ သရုပ်ဆောင်ထားတဲ့ ၂၀၁၃က ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ......IMDb - 7.2, RT - 92% ထိရရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားပါ။ အဲဒီလောက်ရလို့ ဆုအနေနဲ့ကြည့်ရင်လည်း အော်စကာ နိုမီက ၁၀ခု တကယ်ရရှိသွားတဲ့ ဆုက ၇၀ နဲ့ နိုမီချည်းပဲကို စုစုပေါင်း ၂၂၇ခုထိ ရရှိခဲ့တဲ့ကားလေးပါပဲ.....ဇာတ်လမ်းလေးကတော့ မာဖီးယားဂိုဏ်းနဲ့ ရဲတွေရဲ့အရှုပ်တော်ပုံအကြောင်းပါပဲ ဇာတ်လမ်းကို သိပ်ညွှန်းစရာမလိုလောက်အောင် ဒါရိုက်တာတွေနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကိုကြည့်လိုက်တာနဲ့ "မီးလက်ဝါး"လိုကားတောင် ကြည့်ကောင်းသွားမယ်ဆိုတာ ရဲရဲကြီးအာမခံရင်းနဲ့ပဲ စောင့်မျှော်နေသူတွေရော တကယ့် ရုပ်ရှင်ကားကောင်းကိုကြည့်ချင်သူတွေရောပါ လက်မလွှတ်တမ်းကြည့်လိုက်ကြပါဦးလို့............. File size…(2 GB)/(1 GB) Quality….Webrip ...
movie
American Hustle (2013)
8.7
The Irishman (2019)
ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။သမ္မတ နစ်ဆွန် ...
movie
The Irishman (2019)
2019
4K HEVC
6.0
Pride and Prejudice and Zombies (2016)
ယခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Cinderella (2015)ထဲကမင်းသမီးချော Lily James နဲ့ Maleficent ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ခဲ့တဲ့မင်းသား Sam Riley တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇွန်ဘီကားလေးပဲဖြစ်ပါတယ်။ ဒီဇွန်ဘီကားဟာ 19 ရာစုမှာအခြေတည်ထားပြီး ထူးဆန်းတဲ့ ဇွန်ဘီပလိပ်ရောဂါကြောင့်အင်္ဂလန်နိုင်ငံဟာ စစ်တလင်းဖြစ်ခဲ့ရပုံကိုပြသထားပါတယ်။ ဒီဇာတ်ကားထဲကဇွန်ဘီတွေက သာမာန်ဇွန်ဘီကားတွေထဲကလို တွေ့ကရာအကုန်လိုက်ကိုက်နေတာမျိုးမဟုတ်ပဲသူတို့မှာလည်း ဦးနှောက်ရှိတဲ့အတွက် ဉာဏ်ပြေးကြပါတယ်။ ဝူးရှူးဝါးတွေမလုပ်ပဲလူ့ ဦးနှောက်စားရဖို့အတွက် ထောင်ခြောက်လည်းဆင်တတ်သလို လူတွေကြားထဲလည်းသွားလာတတ်ကြပါသေးတယ်။ ဒီလိုဉာဏ်ကောင်းတာကြောင့်ပဲ ဇွန်ဘီတွေကတဖြေးဖြေးနဲ့အင်အားကောင်းလာတာမို့ လူသားမျိုးနွယ်တွေအတွက် ခြိမ်းခြောက်မှုကြီးတစ်ရပ်ဖြစ်လာပါတော့တယ်။ ဒီလိုတွေကြားထဲမှာမှ လူသဘောလူ့သဘာဝလူမှုရေး ချစ်ရေးကြိုက်ရေး နိုင်ငံရေး ဒါမျိုးတွေကိုရောထည့်ပေါင်းစပ်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ ဇွန်ဘီကားကြိုက်တဲ့ ပရိတ်သတ်တွေအတွက်ကတော့အမြင်တစ်မျိုးထူးခြားနေမှာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားဖြစ်တယ်လို့ညွှန်းလိုက်ပါရစေ။ File size…1.59 GB / 750MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Action , Comedy , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Pride and Prejudice and Zombies (2016)
5.0
The Twilight Saga: Eclipse (2010)
စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်... Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ...
movie
The Twilight Saga: Eclipse (2010)
2010
1080p HEVC
Savage Salvation (2022)
Savage Salvation (2022)Robert De Niro နဲ့ John Malkovich တို့လို အကျော်အမော်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါ။ Action Thriller ကားအနေနဲ့ဆို ဒီကားက ကြည့်လို့တော့ ကောင်းပါတယ်။ ပြဿနာက De Niro ဝင်သရုပ်ဆောင်ရမယ့် ကားတော့ ဟုတ်မနေပါဘူး။ မင်းသမီးကတော့ Willa Fitzgerald ဆိုတဲ့ အချောလေးပါပဲ။ သူရဲ့ခပ်လန်းလန်း အခန်းတွေလည်း ပါတာမို့ တော်တော်တန်တဲ့ကားပေါ့။ ဒီမင်းသမီးဟာ Reacher ဇာတ်လမ်းတွဲမှာ ပါဖူးပါတယ်။ မင်းသား Jack Huston ကတော့ House of Gucci ထဲမှာ ပါဖူးပါတယ်။ဇာတ်လမ်းကတော့ နယ်မြို့လေးတစ်မြို့က ရဲအရာရှိဖြစ်တဲ့ ဒီနဲရိုးရဲ့ဇာတ်ကောင်ရယ်၊ ဆေးသမားလင်မယားဖြစ်တဲ့ မင်းသားနဲ့မင်းသမီးရယ်၊ မင်းသမီးရဲ့ခဲအိုဖြစ်တဲ့ John Malkovich တို့ရဲ့ကြားမှာ ဖြစ်နေပျက်နေတဲ့ အကြောင်းအရာတစ်ခုနဲ့တည်ထားတာပါ။ ဘာအကြောင်းအရာလဲတော့ မပြောပြတော့ပါဘူး။ စပွိုင်လာမိမှာ ...
movie
Savage Salvation (2022)
2022
6.9
House of Gucci (2021)
လူအတော်များများမျှော်နေတဲ့ကားလေး လာပါပြီ။ ကမ္ဘာကျော် ဘရန်းတစ်ခုဖြစ်တဲ့ ဂူချီရဲ့ မူလအစမိသားစုအကြောင်းပါပဲ။ ဖြစ်ရပ်မှန်ကို ကြားဖူးဖတ်ဖူးပြီးသားလူတွေကတော့ သိနှင့်မှာပါ။ မသိသေးတဲ့လူတွေအတွက်တော့ ကြည့်လို့ပိုကောင်းနေမှာပါပဲ။ ရှုပ်ထွေးတဲ့ လိမ်လည်မှုတွေ မှုခင်းတွေနဲ့ စိတ်ဝင်စားစရာဇာတ်လမ်းပါပဲ။ သရုပ်ဆောင်တွေကလည်း အဒမ်ဒရိုင်ဗာ၊ လေဒီဂါဂါ၊ အယ်ပါချီနို၊ ဂျားရတ်လယ်တို တို့ဖြစ်လို့ All Stars လို့ပဲ ပြောရမှာပါပဲ။ အားရပါးရကြည့်နိုင်ပါပြီFile size…(3.8 Gb)/(2.8 Gb)/(1 GB)/(700 Mb) Quality….Webrip 4K / 1080p / 720p / 480p Format…mp4 Duration….02:38:00 Genre...Drama, Crime, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie
House of Gucci (2021)
4K HEVC Web-DL
6.2
Outlander (2008)
IMDb Rating (6.2)ဒီဇာတ်ကားလေးကတော့ Action , Adventure ,Sci-Fi အမျိုးအစား ဇာတ်ကြမ်းလေးပါ...ဇာတ်လမ်းလေးကလဲ ဗိုက်ကင်းခေတ်ကို ထူးခြားတဲ့ ပုံစံ တစ်မျိုးနဲ့ တင်ဆက်ထားတာပါမင်းသားတို့နေတဲ့ဂြိုလ်သားကမ္ဘာက ခေတ်လွန်နေပြီး တခြားဂြိုလ်တွေကို ကျူးကျော်ရေးလုပ်နေကြတာပါ...တစ်နေ့ မင်းသားတို့ အာကာသယာဥ်နဲ့ ခရီးသွားနေတုန်း မော်ဝီဆိုတဲ့ အကောင်ကြောင့်ကမ္ဘာပေါ်ကို အဲ့ဒီ့ယာဉ်ပျံကြီး ပျက်ကြလာခဲ့ပါတယ်....ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးက အဲ့ဒီချိန်မှာ ဗိုက်ကင်းခေတ်ပဲရှိပါသေးတယ်တဲ့...ဒီတော့ အာကာသကနေပါလာတဲ့ အကောင်ကြီးနဲ့ ဗိုက်ကင်းတွေ ဘယ်လိုဖိုက်ကြမယ်မင်းသားကရော ဗိုက်ကင်းတွေကြား ဘယ်လို Survive လုပ်မလဲဆိုတာ...သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ...Graphic ပိုင်းတွေ Setting ပိုင်းတွေလဲ ကောင်းမွန်သပ်ရပ်စွာဖန်တီးထားတာမို့ကြည့်လို့မိုက်နေမယ့် ဇာတ်ကြမ်းကားလေးဖြစ်ကြောင်း ညွှန်းဆိုပါရစေ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှ တင်ဆက်ထားတာပါ။) File size…(2 GB)/ (1.1 GB)/ (500 MB) Quality…BluRay 1080p /720p / 480p Format…mp4 Duration….01:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
Outlander (2008)
6.4
Mr. Nice 2010
ဟောင်းဝဒ်မာ့ခ် ဆိုတဲ့ ကမ္ဘာကျော် ဗြိတိန် ဆေးခြောက်မှောင်ခိုသမားကြီးအကြောင်းကို ကြည့်ရအောင်။ ရယ်လည်းရယ်ရပါတယ်။ ဟောင်းဝဒ်ဟာ အတန်းထဲမှာ ဘာသာရပ်တိုင်း A ရတဲ့ လူတော်တစ်ယောက်။ ကျောင်းပြီးတော့လည်း အောက်စ်ဖို့မှာ ဆရာအလုပ်ရတယ်။ ဒါပေမယ့် ပီတီကိုစား အားရှိပြီး ပိုက်ဆံမလောက်တော့ ဆေးခြောက်မှောင်ခို လောကထဲ ဝင်မိရော။ လူက လူလည်ဆိုတော့ တဖြည်းဖြည်း အကောင်ကြီးလာပြီး မာဖီးယားလောကထဲရောက်၊ အက်ဖ်ဘီအိုင်တွေနဲ့ပါ ရှုပ်ကုန်တာပါပဲ။ အတော်ကြည့်လို့ကောင်းတဲ့ကားမို့ တင်ထားပေးလိုက်ပါတယ် File Size : 850Mb / 400 Mb Quality : Bluray 720p Format…mp4 Duration…01:24:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Elizabeth Encoded by Littleneo
movie
Mr. Nice 2010
6.0
Earthquake Bird (2019)
ဒီတစ်ခေါက်အသစ်ထွက်ရှိလာတဲ့ကားလေးကတော့Mystery,Thriller အမျိုးအစားကားသစ်လေးပါ။ဇာတ်လမ်းလေးနာမည်ကတော့ Earthquake Bird(2019)ပါ။ရင်တဖိုဖို အားမလိုအားမရခံစားချက်တွေကိုပေးစွမ်းနိုင်တဲ့ဒီကားလေးကတော့ CM ပရိတ်သတ်ကြီးအကြိုက်ဖြစ်မယ်လို့လဲမျှော်လင့်မိပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်တင်ပြလိုပါသေးတယ်။ဇာတ်လမ်းကတော့ လီလီဆိုတဲ့ကောင်မလေးတစ်ယောက်ပျောက်နေရာကနေ စတာပါပဲ။လီလီရဲ့ အသိမိတ်တွေ လူဝီဆာဆိုတဲ့ ကောင်မလေးကိုရဲတွေကစစ်ဆေးမေးမြန်းရင်းနဲ့အရင်အတိတ်ဇာတ်ကြောင်းတွေဆီပြန်သွားပါတယ်။လူဝီဆာဆိုတဲ့ကောင်မလေးကအေးအေးဆေးဆေးတိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ဆွီဒင်နိုင်ငံသူလေးပါ။ဂျပန်မှာစကားပြန်အလုပ်လုပ်ကိုင်ရင်း ထဲဂျီဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ပါတော့တယ်။ထဲဂျီနဲ့တွေ့ပြီးတဲ့နောက်လူဝီဆာတစ်ယောက်ဘယ်လိုတွေပြောင်းလဲလာမလဲ?လီလီကရော ဘာလို့ပျောက်ဆုံးသွားတာလဲ?ဘယ်သူ့လက်ချက်လဲ?စတဲ့မေးခွန်းတွေကို တစ်လွှာချင်းခွာချရင်းစိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးပါ File Size : (1 GB , 376 MB )Quality : WEB-DL 720pRunning Time : 1 hr 47 minFormat : Mp4Genre : Crime , Drama , MysterySubtitle : Myanmar Subtitle (Hard Sub)Translated by Aye Mon ...
movie
Earthquake Bird (2019)
2019
6.5
၁၉၄ဝပြည့်နှစ်များဆီက ကဗျာဆရာလေးတစ်ဦးရဲ့ဘဝဇာတ်ခုံပေါ်ကတစ်စိတ်တစ်ဒေသကိုရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ် ။အယ်လန်ဂင်းစဘတ်လို့ခေါ်တဲ့ကဗျာဆရာလေးတစ်ယောက်ကိုလမ်ဘီယာတက္ကသိုလ်မှာပညာသင်ကြားသင်ကြားခွင့်ရခဲ့ပါတယ် ။ကျောင်းမှာ လူစီယန်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ပတ်သက်ဆက်နွယ်မိရာကနေ ထူးခြားတဲ့ခံစားချက်များနဲ့အတူပြောင်းလဲမှုများစွာကိုကြုံတွေ့ရင်ဆိုင်ခဲ့ရပါတယ်။လူစီယန်ရဲ့သူမတူတဲ့ပြောဆိုဆက်ဆံမှုတွေကြားမှာအယ်လန်တစ်ယောက် နစ်မြောစီးဝင်ရင်းနဲ့ပဲဘယ်လိုအဆုံးသတ်ကိုရောက်ရှိလာမယ်ဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ဒီမှာ ကြည့်ရှုသူအားလုံးကိုမေတ္တာရပ်ခံချင်တာကတော့ကဗျာစာသားတွေပါဝင်တဲ့အခါမှာ ပြန်ဆိုထားသူအနေနဲ့အနီးစပ်ဆုံးပြန်ဆိုထားတာဖြစ်တာကြောင့်ကဗျာရဲ့တန်ဖိိုးကိုလျော့ကျမိသွားခဲ့သည်ရှိသော်တောင်းပန်ပါတယ်လို့ကြိုတင်စကားခံထားပါရစေ။ကိုယ်တိုင်ကလဲ ကဗျာများကိုကြိုက်နှစ်သက်သူတစ်ဦးဖြစ်တာကြောင့်ကြည့်ရှုသူများထဲမှာ ပိုမိုကောင်းမွန်တဲ့ပြန်ဆိုမှုများလဲ ရှိနိုင်တာကြောင့်ဒီတစ်ခုတော့ အနူးအညွတ်မေတ္တာရပ်ခံချင်ပါတယ်ဟယ်ရီပေါ်တာမင်းသားလို့လူသိများတဲ့Daniel Radcliffe ကခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပါတယ်။ဆယ်ကျော်သက်အရွယ်ကတည်းကကြိုက်နှစ်သက်ခဲ့ရတဲ့မင်းသားကိုကဗျာဆရာတစ်ဦးအဖြစ်ဒီဇာတ်ကားမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်ကားထွက်ရှိသည့်ခုနှစ် -October 16, 2013ဇာတ်ကားကြာချိန် -104 minsဇာတ်ကားအမျိုးအစား - Biography, Drama, RomanceTranslated by Aye ChansuEncoded by sithu
movie
Kill Your Darlings (2013)
2013
5.7
The Yellow Birds (2017)
The Yellow Birds (2017) IMDb - 5.7/10_____Rotten - 44% ဒီရုပ်ရှင်ဟာ အမေရိကန်စာရေးဆရာ Kevin Powers ရဲ့နာမည်ကျော်စာအုပ်ဖြစ်တဲ့ The Yellow Birds ကိုရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတာပဲဖြစ်ပါတယ်။ပြင်သစ်ဒါရိုက်တာ Alexandre Moors ကရိုက်ကူးထားပြီးတော့ Ready Player One နဲ့ ပရိသတ်တွေ တော်တော်များများသတိထားမိခဲ့တဲ့ မင်းသား Tye Sheridan က အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားကိုတော့ 2017 ခုနှစ်ကကျင်းပခဲ့တဲ့ Sundance Film Festival မှာ Premiere အဖြစ်ပြသခဲ့ပြီး 2018 မေလ ကမှ ဖြန့်ချိခဲ့တာပါ။War, Drama အမျိုးအစား ဇာတ်ကားဖြစ်ပြီးတော့ IMDb rating 6 တောင်ရရှိထားတဲ့အတွက် ပရိသတ်အများစုအကြိုက်တွေ့တယ်လို့လည်းဆိုရမှာပါ။ဇာတ်လမ်းအကျဉ်း ==========Daniel Murphy ဟာ 18နှစ်သာရှိသေးတဲ့လူငယ်တစ်ဦးဖြစ်ပါတယ်။အထက်တန်းကျောင်းအောင်ထားတာသိပ်မကြာသေးဘဲ သူ့ဘဝရဲ့အသက်မွေးဝမ်းကြောင်းကို မရွေးချယ်ခင်မှာ ကောင်းရာမွန်ရာ အလုပ်တစ်ခုခုကို လုပ်ချင်တယ်ဆိုတဲ့ ...
movie
The Yellow Birds (2017)
2017
5.7
Ben-Hur (2016)
ခရစ်တော်ရဲ့မေတ္တာဂရုဏာတော်ကို အောက်မေ့တမ်းတဖွယ် တင်ဆက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။Ben-Hur ရုပ်ရှင်ဟာ ဒီနှစ်ရဲ့ သြဂုတ်လ 16 ရက်မှာ စတင်ရုံတင်ပြသခဲ့တဲ့ သမိုင်းနောက်ခံ အက်ရှင်ဒရာမာကားတစ်ကားပါ။ 2016 အတွင်း ဘတ်ဂျက်ကြီးကြီးမားမားနဲ့ ရိုက်ကူးခဲ့တဲ့ ကားတွေထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ 1959 ခုနှစ်က အောင်မြင်ထင်ရှားခဲ့တဲ့ သမိုင်းနောက်ခံ Ben-Hur ခေတ်ဟောင်းရုပ်ရှင်ကိုပဲ ပြန်လည်းဆန်းသစ်ထားတဲ့ ရုပ်ရှင်ပါ။ ရာဇ၀င်ကားကြီးတွေ၏ ထုံးစံအတိုင်း လူအင်အားကောင်းကောင်း၊ ဆက်တင်ကြီးကြီးတွေနဲ့ အားထုတ်ရိုက်ကူးခဲ့ပေမဲ့ ရုံဝင်ငွေကတော့ မျှော်မှန်းသလောက် အောင်မြင်မှုမရခဲ့ပါဘူး။ရုပ်ရှင်ကိုတော့ ခရစ်တော် သက်ရှိထင်ရှားရှိစဉ် ရောမခေတ်ကို ဇာတ်အိမ်ယူထားပါတယ်။ ဂျူးလူမျိုးနဲ့ ရောမသားဆိုတဲ့ မွေးစားညီအကိုနှစ်ယောက်ကြား ကိုယ်ပိုင်ဇာတ်လမ်းနဲ့အတူ၊ အရမ်းချစ်ခင်ကြတဲ့ ညီအကိုနှစ်ဦးရဲ့ အိမ်အပြန်ခရီးတွေဟာ သူတို့မိသားစုအတွက် မမျှော်လင့်လောက်အောင် ခက်ခဲတဲ့ အနာဂတ်တွေကို သယ်ဆောင်လာခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ ချစ်ခြင်းမေတ္တာနဲ့အတူ အမုန်း၊ အာဃာတ၊ အာဏာတွေကြားက အားပြိုင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရောမခေတ်က စစ်ရထားပြိုင်ပွဲကြီးတွေကိုလည်း ...
movie
Ben-Hur (2016)