Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jack Griffo
5.5
The Thundermans Return (2024)
Marvel တို့ DC တို့လို သီအိုရီတွေ၊အပြိုင်စကြဝဠာတွေနဲ့Superhero ဇာတ်ကားများကို ကြည့်ရတာ ငြီးငွေ့နေပါသလား၊အပြောင်းအလဲဖြစ်အောင် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းဇာတ်ကွက်လေးနဲ့ စူပါဟီးရိုးကားတွေကို ရှာဖွေနေပါသလား၊ ဒါဆိုရင်တော့Nickelodeon နဲ့ Paramount+ တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့Thundermans Return ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။Thundermans ဆိုတာကတော့ စွမ်းအားရှင်မိသားစုဖြစ်ပြီးဟီးရိုးအဖွဲ့အစည်းမှာ အချိန်ကာလတစ်ခုကြာ အတော်ဆုံးဟီးရိုးအဖွဲ့အဖြစ် ရပ်တည်လာခဲ့သူတွေပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့V-Team ဆိုတဲ့ ပြိုင်ဖက်ဟီးရိုးအဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာပါတယ်။နာမည်အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို အပြိုင်အဆိုင်လုကြရင်းThundermans တို့ဟာ V-Team အဖွဲ့ဝင်တစ်ဦးကို မတော်တဆထိခိုက်ဒဏ်ရာပေးလိုက်မိတာကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတယ်။မိုးကြိုးလူသားတို့ ခေတ်ကုန်ပြီး V-Team ကြီးစိုးတဲ့ ခေတ်ရောက်သွားပေမဲ့ သူတို့အဖွဲ့မှာ လုံးဝ မထင်မှတ်ထားတဲ့လျှို့ဝှက်ချက်ရှိနေပါသေးတယ်။ အဲလျှို့ဝှက်ချက်ကိုThundermans တို့ သိသွားမလား ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားကြပါဦးနော်။ မိသားစုရဲ့အရေးပါမှုအကြောင်း ချစ်စရာ ဇာတ်လမ်းဇာတ်အိမ်လေးနဲ့ထည့်သွင်းပြသထားတာမို့ စူပါဟီးရိုးကြိုက်တဲ့ သားသားမီးမီးလေးတွေရှိရင်အတူကြည့်ရှုဖို့ အထူးသင့်လျော်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Hnin Hsu ...
movie
The Thundermans Return (2024)
6.6
Sound of My Voice (2011)
Psychological thriller ကြိုက်သူတွေအတွက် Sound Of My Voice ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ ပီတာနဲ့လော်နာတို့ချစ်သူစုံတွဲက လျှို့ဝှက်ဘာသာရေးကျင့်စဥ်အဖွဲ့တစ်ခုအကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ဖို့အတွက် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ပြီး သက်ဝင်ယုံကြည်သူတွေအဖြစ်ဟန်ဆောင်နေခဲ့ကြတယ် အဲ့အဖွဲ့ရဲ့ခေါင်းဆောင်ကတော့ မက်ဂီဆိုတဲ့အမျိုးသမီးပါ သူမက သူမကိုယ်သူမ 2054 ကနေလာတဲ့အချိန်ခရီးသွားသူလို့ဆိုပြီး အဖွဲ့ဝင်တွေစုဆောင်းတယ် အနာဂတ်ကအကြောင်းတွေကိုပြောပြတယ် နောက်ပြီး သူမရဲ့အဖွဲ့ဝင်တွေကိုဘေးကင်းလုံခြုံတဲ့နေရာကိုခေါ်သွားပေးမှာဖြစ်ကြောင်းလည်းပြောဆိုစည်းရုံးထားတယ် ပီတာဟာ ငယ်ဘဝကအဖြစ်အပျက်တစ်ခုကြောင့် ဘာသာရေးကျင့်ထုံးတွေကိုမုန်းတီးနေသူတစ်ယောက်ပါ မှတ်တမ်းရုပ်ရှင်ရိုက်ပြီး ဒီလိုအဖွဲ့တွေရဲ့ရူးကြောင်ကြောင်နိုင်တာတွေကိုဖော်ထုတ်ချင်နေတာပါ အဲ့လိုမုန်းတီးနေသူတစ်ယောက်က ဒီဘာသာရေးကျင့်စဥ်အဖွဲ့ဝင်အဖြစ်ဟန်ဆောင်နေရတဲ့အခါ အဆင်ပြေပါ့မလား မက်ဂီရဲ့သရုပ်မှန်ကရောဘာဖြစ်မလဲ ပီတာကလည်းမှတ်တမ်းရုပ်ရှင်ကိုအောင်မြင်အောင်ရိုက်နိုင်ပါ့မလား ဒီဇာတ်ကားလေးဟာ တစ်ကားလုံး အေးအေးငြိမ်ငြိမ်လေးဆိုပေမယ့် အသည်းတယားယားနဲ့ကြည့်ရမယ်ကားကောင်းလေးပါ File size…(1.4 GB)/(693 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Drama, Mystery, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
Sound of My Voice (2011)
5.6
Sid is Dead (2023)
Sid is Dead (2023)High School Comedy ကားတွေကြိုက်တတ်တဲ့သူတွေအတွက် American High School Theme အပြည့်ဝခံစားရမဲ့ ကားလေးတင်ဆက်ပေးလိုက်ပါတယ်။အထက်တန်းကျောင်းသားဘဝဆိုတာ ထင်တာထက်ဖိအားတွေ အများကြီးရှိတာပါ။ ၁၀ တန်းပြီးမှသာ ၁၀ တန်းကဘာမှမဟုတ်ဘူးပြောကြပေမဲ့ ၁၀ တန်းတုန်းကတော့ တကယ့်ဖိအားတွေနဲ့နေခဲ့ရသလို အမှတ်တရတွေလဲများခဲ့ကြသူတွေချည်းပါပဲ။ ဒုက္ခဆိုတာ နောင်တချိန်ကျရင်တော့ ရယ်စရာတွေပါ ဆိုသလိုပေါ့။ ခုဇာတ်ကားလေးမှာလဲ အမေရိကန်ရဲ့ ပညာရေးပုံစံတွေကို သရော်ထားတာတွေ။ ကျောင်းသားတွေရဲ့ဘဝကို ကျောင်းကပဲဖျက်ဆီးနေတာတွေ ကျောင်းသားဘဝကြုံရ ဆုံရအလွဲတွေကို တခွီးခွီးရယ်ရအောင် တင်ဆက်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆစ်ဒ်ဆိုတဲ့ ကျောင်းသားလေးတစ်ယောက် အရာရာကိုရင်မဆိုင်ရဲပဲ အမြဲရှောင်ပြေးပုန်းရှောင်နေခဲ့ပါတယ်။ သူ့ကိုယ်သူအထက်တန်းကျောင်းမှာ ရှင်သန်နိုင်ဖို့ စည်းကမ်းတွေပါ ထုတ်ထားပါတယ်။ ဒါပေမဲ့ တနေ့မှာတော့ သူသွားရှုပ်လို့မရတဲ့ လူတကာကို အနိုင်ကျင့်နေတဲ့ အကောင်ကြီးကြီးရဲ့ သားတစ်ကောင်ကို သွားရှုပ်မိပါတယ်။ အဲ့လိုရှုပ်မိရာမှ ဟိုကောင်ကကျောင်းနှစ်ပတ်နားလိုက်ရပါတယ်။ အဲဒီအအတ္ပက် သူ့မှာ အသက်ရှင်ဖို့ရာ နှစ်ပတ်ပဲကျန်တော့ရာမှ မသေခင်စာရင်းလုပ်မယ်ဆိုပြီး မလုပ်ခဲ့ရတာတွေအကုန် လျောက်လုပ်ခဲ့ရာကနေ ဘယ်လိုတွေတလွဲဖြစ်ပြီး ဘယ်လိုပြဿနာတွေတက်မလဲဆိုတာတော့ တခွီးခွီးနဲ့ ကြည့်ရှုလိုက်ကြပါဦး။*** စကားလုံးအသုံးနှုန်းလေးတွေကြမ်းတာတော့ သတိချပ်စေချင်ပါတယ်***အညွှန်း နဲ့ ဘာသာပြန်ကဗတာ့ ...
movie
Sid is Dead (2023)
2023
Batman and Superman: Battle of the Super Sons (2022)
Batman and Superman : The Battle of the Super Sons (2022)DCAUရဲ့ နောက်ထပ် Animationဇာတ်ကားသစ်တစ်ကား ထပ်ထွက်လာပါပြီ။ ဒီတစ်ခေါက်မှာတော့ ပုံမှန် Justice Leagueအဖွဲ့ဝင်တွေအကြောင်း မဟုတ်ဘဲ စူပါမန်းရဲ့သား ဂျော်နသန်ကန့်တ်နဲ့ ဘတ်မန်းရဲ့သား ရော်ဘင်တဖြစ်လဲ ဒေမီယန်တို့အကြောင်း အဓိကတင်ဆက်ထားတာပါ။ဖခင်ဖြစ်သူ ကလာ့ခ်ကန့်တ်ဟာ စူပါမန်းဆိုတာမသိတဲ့ ဂျော်နသန်က ဖခင်ရဲ့လှစ်ဟင်းမှုတွေကြောင့် စိတ်ပျက်နေရာကနေ တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုကြောင့် သူကိုယ်တိုင်မှာလည်း စွမ်းအားတွေရှိမှန်း သိသွားပါတယ်။ ဒီလိုသိရမှာတဆင့် ဖခင်ရဲ့ဘဝမှန်အကြောင်းလည်း သိသွားသလို ဂေါ့သမ်စီးတီးက ဘတ်မန်းနဲ့ သူ့ရဲ့သား ဒေမီယန်တို့ကိုပါ သိသွားပါတယ်။ လူရိုးလေးဂျော်နသန်နဲ့ လူကြမ်းလေး ဒေမီယန်တို့ဟာ စတွေ့ကတည်းက ဘုနဲ့ဘောက်ဖြစ်နေခဲ့တာပါ။အဲဒီအချိန်မှာပဲ ကမ္ဘာဂြိုဟ်ပြင်ပ အာကာသထဲမှာရှိတဲ့ ဂျက်စတစ်လိဂ် စောင့်ကြည့်တာဝါကို တိုက်ခိုက်ခံလိုက်ရပြီး မသင်္ကာစရာကိစ္စတွေ ဖြစ်လာတာကြောင့် စူပါမန်းနဲ့ ဘတ်မန်းတို့ ကိုယ်တိုင်လိုက်သွားရင်း သူတို့ကိုယ်တိုင် ထောင်ချောက်ထဲ ကျဆင်းသွားပါတယ်။ဂျက်စတစ်လိဂ်ရော တင်းတိုက်တန်စ်အဖွဲ့ပါ အန္တရာယ်ကျရောက်သွားတဲ့နောက် ထိုထူးဆန်းတဲ့အန္တရာယ်ကို ဖြေရှင်းဖို့က ဂျိုနသန်နဲ့ ဒေမီယန်တို့ခေါင်းပေါ် ...
movie
Batman and Superman: Battle of the Super Sons (2022)
2022