Channel Myanmar

Jack Eagle

Stepmom(1998) 6.9
Stepmom(1998) Stepmom(1998)**************ကျွန်တော်တို့တွေ ကြားဖူးနေကျ မိထွေဇာတ်လမ်းတိုင်းလိုလိုမှာ သားသမီးဖြစ်သူနေရာကဝင်ခံစားပြီး မိထွေးဖြစ်သူကို အဆိုးမြင်ခဲ့တာတွေများပါတယ်။ဒါပေမဲ့ ကိုယ့်သားသမီးလည်းမဟုတ်တဲ့ကလေးတွေကို မိခင်တာဝန်ချက်ချင်းယူလိုက်ရတဲ့ မိထွေးနေရာကနေတစ်ချက်ဝင်ခံစားကြည့်မယ်ဆိုရင်လည်း သိပ်လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဗျ။ကလေးတွေရဲ့ငြိုငြင်မှုတွေ မိခင်အရင်ဖြစ်သူရဲ့ အမြင်မကြည်မှုတွေစတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတာချည်းပါပဲ။ ဒီဇာတ်ကားမှာလည်း မင်းသမီးကြီး Julia Robertsက Lucyနေရာကနေသရုပ်ဆောင်ပြီး မကြာခင်မှာလက်ထပ်မယ့်ချစ်သူ Lukeရဲ့ ကလေးတွေနဲ့ အတူတူနေနေရပါတယ်။ချစ်သူရပြီးမှ ဝုန်းကနဲ မိခင်တာဝန်ယူလိုက်ရတဲ့ Lucyအတွက်တော့ ကလေးတွေနဲ့ ကီးကိုက်အောင်ကြိုးစားပေမဲ့စေတနာက ဝေဒနာဖြစ်သွားတာချည်းပါပဲ။ ကလေးတွေအတွက်ကျတော့လည်းအမေ့နေရာကို ဘာမဆိုင်ညာမဆိုင်ဝင်မလာတဲ့ အစိမ်းသက်သက်အမျိုးသမီးတစ်ယောက်ကိုဘယ်အမြင်ကြည်ပါ့မလဲ။ ဒါ့အပြင် ကျောင်းကြိုဖို့နောက်ကျနေတာတွေဟင်းကောင်းကောင်းမချက်တတ်တာတွေကြောင့် Lucyအတွက်တော့ ကလေးတွေနဲ့အဆင်ပြေနိုင်ဖို့ ဝေလာဝေးပါပဲ။ ဒါပေမဲ့ Lucyကတော့ ဒါကိုစိန်ခေါ်မှုတစ်ရပ်အနေနဲ့ကလေးတွေနဲ့ အဆင်ပြေပြေဖြစ်ဖို့ ကြိုးစားချင်နေဆဲပါ။ Lucyနဲ့ကလေးတွေအကြားဘာတွေဆက်ဖြစ်မလဲ ကလေးတွေရဲ့အမေအရင်းနဲ့ရော ဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ဗျာ။File Size :(1.9GB) and (823MB) Quality : BLU-RAY 1080P, 720p Format…mp4 Duration…02:05:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Stepmom(1998)