Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jacek Braciak
7.2
Scarborn (2023)
အရင်ခေတ်စစ်ကားတွေကို နာဇီတွေဂျာမနီတွေပဲ ကြည့်ရတာပျင်းလာပြီဆိုတဲ့ သူတွေအတွက် ပိုလန်အမေရိကန်တော်လှန်ရေးစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Scarborn ဖြစ်ပြီး IMDb Rating 7.2အထိ ရရှိထားပါတယ်။ဒီဇာတ်ကားမှာအရေးအကြီးဆုံးသူကတော့Kosciuszko ဆိုတဲ့ ပိုလန်ဗိုလ်ချုပ်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။သူက သူ့အမိမြေဖြစ်တဲ့ ပိုလန်နိုင်ငံလွတ်လပ်ရေးရဖို့အတွက်အမေရိကန်တော်လှန်ရေးစစ်ပွဲမှာ ဦးဆောင်ပြီး ရှရှားတွေကိုတိုက်ထုတ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ဒီအဖြစ်အပျက်တွေက ၁၇၉၄ ခုနှစ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာကျွန်တွေ လယ်သမားတွေကို မြေရှင်ကြီးတွေမျိုးရိုးမြင့်သူတွေက နိုင်ထက်စီးနင်း ပြုပုံတွေကိုမြင်ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့် မျိုးရိုးနိမ့်ဆင်းရဲသားတွေကလည်းဗိုလ်ချုပ်ကြီးKosciuszko ရဲ့တော်လှန်ရေးမှာပါဝင်ခဲ့ကြတာလည်း မဆန်းပါဘူး။ရှရှားတွေဘက်ကနေလည်း ဗိုလ်ချုပ်ကြီးကိုဖမ်းဆီးဖို့ အပြင်းအထန်အသည်းအသန်တွေလိုက်ရှာကြပုံတွေကိုလည်း တွေ့ရမှာပါ။ဒီလိုနဲ့အဖိနှိပ်ခံဆင်းရဲသားတွေရဲ့ဘ၀ ကျူးကျော်သူတွေရဲ့ရက်စက်ကြမ်းတမ်းပုံတွေနဲ့ ကိုယ့်နိုင်ငံလွတ်လပ်ရေးရဖို့ရရာလက်နက်အင်အားနဲ့နည်းဗျူဟာကျကျပြန်လည် တော်လှန်တဲ့ဗိုလ်ချုပ်ကြီးတို့ရဲ့တော်လှန်တိုက်ပွဲတွေကို စုံစုံလင်လင်စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.33GB/ 521MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Scarborn (2023)
7.0
Little Rose (2010)
1967-68 ပိုလန်နိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေတဲ့ကာလက အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးပုံဖော်ထားတဲ့ သမိုင်းကြောင်းနောက်ခံDrama ကားလေးပဲဖြစ်ပါတယ်တစ်နေ့မှာ ကာမီလာဆိုတဲ့မိန်းကလေးဟာ ပိုလန်ကွန်မြူနစ်အစိုးရရဲ့အမျိုးသားလုံခြုံရေးဌာနကဗိုလ်ကြီးရိုမန်နဲ့ချစ်ကျွမ်းဝင်သွားပါတယ် အဲ့အချိန်ကာလတုန်းက ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုအားကောင်းနေပြီး နိုင်ငံတွင်းမှာရှိနေတဲ့ဂျူးတွေကိုမောင်းထုတ်ချင်နေတဲ့ပိုလန်အစိုးရအတွက် ဘယ်သူကဂျူးမျိုးလဲဆိုတာကိုဖော်ထုတ်ဆိုတာအတော်လေးခေါင်းစားစရာပါ အဲဒီထဲမှာမှ ဝါဆောမှ Seen ဆိုတဲ့ရေဒီယိုအသံလွှင့်မှုတွေကလည်း လူထုအုံကြွမှုဆီဦးတည်နေတော့ ပိုလန်အစိုးရအတွက်တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလိုပါပဲ အဲ့အတွက် အသံလွှင့်သူကိုဖော်ထုတ်ဖို့အစိုးရကပေါ်ပြူလာဖြစ်တဲ့ စာရေးဆရာတွေ တက္ကသိုလ်ပါမောက္ခတွေကိုစပြီး ပစ်မှတ်ထားလာပါတော့တယ်အဒမ်ဝါချက်စကီကတော့ ကွန်မြူနစ်ဆန့်ကျင်ရေးစာပေတွေရေးသားနေတဲ့ နာမည်ကျော်စာရေးဆရာဖြစ်ပြီး ကာမီလာအလုပ်လုပ်တဲ့တက္ကသိုလ်ကပါမောက္ခလည်းဖြစ်ပါတယ် အဒမ်ဟာကွန်မြူနစ်တွေကို တိုက်ခိုက်တဲ့သရော်စာတွေရေးတဲ့နေရာမှာ လက်စောင်းထက်တဲ့သူဆိုတော့ အစိုးရအတွက်ပိုပြီးသံသယဖြစ်စရာပစ်မှတ်ဖြစ်လာပါတော့တယ် အဒမ့်ကိုစောင့်ကြည့်ဖို့အတွက် ရိုမန့်ခေါင်းပေါ်ရောက်လာတဲ့အခါမှာ ရိုမန်ဟာအဒမ်နဲ့ဌာနာတစ်ခုတည်းမှာအလုပ်လုပ်နေတဲ့ သူ့ချစ်သူကာမီလာကို အစိုးရစပိုင်လုပ်ဖို့စည်းရုံးပါတော့တယ်ရိုမန့်ကိုအရမ်းချစ်တဲ့ကာမီလာဟာနောက်ဆုံးစပိုင်လုပ်ဖို့သဘောတူလိုက်ပြီး ပါမောက္ခအဒမ်ကိုဘယ်လိုချဉ်းကပ်သွားမလဲ? အဒမ်ကရော အစိုးရထင်နေသလို လူထုအုံကြွမှုတွေဖြစ်အောင်လှုံ့ဆော်တဲ့သူလားဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ File size…(2.9 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre...Drama, History, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by A not B
movie
Little Rose (2010)
7.6
Hatred (2016)
Wolyn ဆိုတဲ့ ပိုလန်ဇာတ်ကားကို အင်္ဂလိပ်လိုHatred အမုန်းလို့ နာမည်ပေးထားပါတယ်။ဇာတ်ကားအကြောင်းရှာဖတ်မကြည့်ခင်ကအဲ့ဒီစကားလုံးကို အမုန်း လို့ဘာသာပြန်လို့ရတဲ့စကားလုံးလို့ပဲ ထင်ခဲ့တာပါ။ ဒါပေမယ့် ရှာဖတ်ကြည့်တောာ့ ပိုလန်နိုင်ငံသားတစ်ယောက်ရေးထားတဲ့ကွန်မန့်တစ်ခုကနေ သိလိုက်ရတာက အဲ့ဒီ Wolyn ဆိုတာ ဇာတ်ကားထဲက ရင်နင့်ဖွယ်အဖြစ်အပျက်တွေတကယ်ဖြစ်ခဲ့တဲ့ Volhynia - ဗိုလ်ဟင်ညာ/ဝိုဟင်ညာ/ဗိုလ်ဟင်နီးယား လို့အမျိုးမျိုးအသံထွက်ကြတဲ့အဲ့ဒီ နေရာလေးရဲ့ နာမည်နောက်တစ်မျိုးပါပဲတဲ့။Rating တွေက စ’ပြောပြရင်တော့ ဒီဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ထားတဲ့ ပိုလန်ဇာတ်ကားက IMDb ရဲ့Rating 7.6/10 ရထားပါတယ်။Rotten Tomatoes ကနေတော့ 96% ထိရထားပါတယ်။တကယ်ကိုထိုက်တန်ပါတယ်။ဘာအကြောင်းလဲဆိုရင်တော့ ပိုလန်တွေရဲ့ရင်နင့်ကြေကွဲဝမ်းနည်းစရာ လူမျိုးတုန်းသတ်ခံရတဲ့ အကြောင်းလို့ ပြောရမှာပါ။ ဒါပေမယ် ဇာတ်ကားထဲမှာ သမိုင်းမှာ ရှိဖူး ကြားဖူးခဲ့တဲ့ဆိုးရွားတဲ့အဖြစ်အပျက်အားလုံးရဲ့ နောက်ခံအကြောင်းအရင်းတွေဖြစ်တဲ့လူမျိုးရေး ဘာသာရေး နိုင်ငံရေးအစွဲအယူပြင်းထန်မှုတွေအားလုံးကိုထည့်ရိုက်ပြထားတာကို တွေ့ရမှာပါ။ ဒုတိယကမ္ဘာစစ်ဝန်းကျင်ကာလတွေက အကြောင်းတွေလို့ ပြောလို့လည်းရပါတယ်။စစ်ပွဲ နဲ့ နိုင်ငံရေး လူမျိုးရေး ဘာသာရေး ပြဿနာတွေကြောင့် ဖြစ်ခဲ့တဲ့ကြားဖူးနားဝရှိကောင်းရှိကြနိုင်တဲ့အနိဌာရုံတွေကို မျက်မြင်ကြီးကို ကြည့်ရမှာပါ၊ သွေးထွက်သံယိုတွေရက်စက်ကြမ်းကြုတ်မှုတွေကို မမြင်ဝံ့ရင် ကြည့်ဖို့ နည်းနည်းစဉ်းစားပါဦး။ကမ္ဘာအနှံ့ကကြည့်ဖူးကြသူတွေရဲ့ ...
movie
Hatred (2016)
2016
7.1
I’ll Find You (2019)
I'll Find You (2019)===============IMDb Rating - 7.1/10ချစ်ခြင်းအစ မုန်းခြင်းကလို့ ဆိုသလို ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်အသီးအပွင့်တွေဟာ အမုန်းပင်စည်ကြီးကနေ အခြေတည်တယ်။အချစ်နဲ့ အမုန်းဟာ ဆန့်ကျင်ဘက်ဖြစ်သလို ကိုယ်တို့အတွက် အရာရာတိုင်း နီးပါးကလည်း ဆန့်ကျင်ဘက်ဖြစ်နေတယ်။ကက်သလစ်တစ်ယောက်ဖြစ်တဲ့ ကိုယ် ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ မင်းဘာသာရေးကွဲပြားချက်တွေကြောင့် ပေါင်းစည်းဖို့ ခက်ခဲနေတဲ့ကြားက စစ်ပွဲကြီးက ကိုယ်တို့ကို ခွဲခဲ့တယ်။မည်သို့ပင်ဖြစ်စေကာမူ ရေကန်ဟာ ကြာရှိမှ သင့်သလို ကိုယ်ဟာလည်း မင်းရှိမှ ဖြစ်မှာပါ။အလားတူ ကိုယ့်ရဲ့ အသံက မင်းလေးရဲ့ တယောသံလေးနဲ့မှ ပိုလို့ ငြိမ့်ညောင်းနိုင်မှာမလို့ ဘာတွေပဲ ဖြစ်လာလာ ကိုယ်မင်းကို တွေ့အောင် ရှာမှာပါ ....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(2.4 GB) / (863 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 56Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Music, Romance Translator.......Act Molemy Encoder..........SWM
movie
I’ll Find You (2019)
2019
5.8
My Wonderful Life (2021)
My Wonderful Life (2021) ===================IMDb Rating - 5.8/10အိမ်ထောင်ရေးနဲ့ မိသားစုတာဝန်တွေကြား နစ်မွန်းနေတဲ့မိန်းမတစ်ယောက် စိတ်ထွက်ပေါက်ရှာဖို့ကြိုးစားတဲ့အခါ လူတွေက အပြစ်လို့ မှတ်ယူကြတာလား ? ဂျိုအန်နာဟာ မိသားစုဝန်ပိနေတဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးပါ။- အယ်ဇိုင်းမားရောဂါခံစားနေရတဲ့မိခင် - မိသားစုတာဝန်ကို ကိုယ်နဲ့မဆိုင်သလိုနေတဲ့ယောကျ်ား - အိမ်ထောင်သည်ဖြစ်နေပေမယ့် အစွမ်းအစမရှိတာကြောင့် အရာရာထောက်ပံ့နေရတဲ့သားကြီးနဲ့ - အကူအညီမရတဲ့သားငယ်တို့ကြောင့် သူ့ဘဝဟာ မွန်းကျပ်စရာတွေနဲ့ပြည့်နှက်လို့နေပါတယ်။ဒီလိုဘဝထဲက ခေတ္တခဏရုန်းထွက်ဖို့ကြိုးစားရင်းနဲ့ စည်းတစ်ချို့ကိုချိုးဖောက်မိချိန် မှာတော့ ထိုအပြစ်တွေက ဂျိုအန်နာရဲ့နောက်ကို အရိပ်ပမာလိုက်ပြီးခြိမ်းခြောက်လို့ နေပါတော့တယ်။ ဂျိုအန်နာကျူးလွန်မိတဲ့ အပြစ်တွေက ဘာတွေဖြစ်မလဲ သူ့နောက်ကို လိုက်နေတဲ့ ခြိမ်းခြောက်စာရဲ့နောက်ကွယ်မှာရော ဘယ်သူတွေရှိမလဲ။ သူ့ရဲ့ကမောက်ကမ ဖြစ်နေတဲ့ဘဝကရော ဘယ်လိုတွေဆက်ဖြစ်မှာလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Lwin Aung ဖြစ်ပါတယ်)File Size - (1.08 GB) / (539 MB) / (361 MB) Quality – Web-DL 1080p / 720p/480p Duration - 1h ...
movie
My Wonderful Life (2021)
2021