Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jabardasth Apparao
6.8
Sarileru Neekevvaru (2020)
Sarileru Neekevvaru (2020)တေလဂူးမင်းသားချော Mahesh Babu နဲ့ ပရိသတ်တို့ရဲ့ အချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး လာပါပြီ။ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ အိန္ဒိယတပ်က စစ်ဗိုလ်တစ်ယောက်ပါ။စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။ဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ခွင့်လည်း တောင်းထားပြီးသား။ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့... မင်းသားချောပါပဲ။ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲအဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကိုရုပ်ရှင်ရုံထဲကြည့်ရသလို ၃ နာရီနီးပါး လိုက်ပါစီးမျောကြည့်ရှုရမှာပါ။(ရုပ်ရှင်ဘာသာပြန်နဲ့အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ ...
movie
Sarileru Neekevvaru (2020)
2020
4K HEVC
5.8
Breathe (2023)
Breathe 2023 IMDb - 5.5/10ဝန်ကြီး မစ္စတာအာဒီတယာဗီရ်မာက ဂေါက်ကွင်းမှာ မူးလဲသွားတာကြောင့် အရေးပေါ်ကုသရင်း Breatheဆေးရုံကိုရောက်သွားခဲ့ပါတယ်။လူထုကလည်း ဝန်ကြီးဘာဖြစ်လဲအရမ်းကိုသိချင်နေခဲ့ပါတယ်။ ဝန်ကြီးက ဆေးရုံရောက်တဲ့အချိန်မှာပဲ ဝန်ကြီးရဲ့ တိတ်တိတ်ပုန်းသားဖြစ်တဲ့ အာဘီကလည်း ဝန်ကြီးတက်တဲ့ဆေးရုံရဲ့ အရေးပေါ်ခန်းမှာတက်ရောက်ကုသနေရင်းနဲ့ ကျောင်းနေဘက်သူငယ်ချင်းဖြစ်သူ ကာဒါလီနဲ့တွေ့ဆုံခဲ့ပါတယ်။ဆေးရုံရောက်ပြီးတဲ့နောက်မှာ သူ့ရဲ့ကျန်းမာရေးအခြေအနေကို လူထုကိုတင်ပြရင်း မှားယွင်းစွာတင်ပြထားတာကို သိလိုက်တဲ့ ဝန်ကြီးရဲ့တိတ်တိတ်ပုန်းသားလေး အာဘီကနေ မသင်္ကာဖြစ်ပြီးတော့ သူ့အဖေရဲ့အကြောင်းကို ဘာလို့ ဒီလိုတင်ပြရလဲဆိုတဲ့အကြောင်းကို စုံစမ်းရင်းနဲ့ပဲ ဒီဇာတ်လမ်းလေးဖြစ်လာတာဖြစ်ပါတယ်။အာဘီတစ်ယောက် သူ့အဖေရဲ့ကိစ္စကို စုံစမ်းရင်း နောက်ကွယ်မှာ ဘယ်လိုအရာတွေကို ရှာဖွေတွေ့ရှိသွားမလဲ ............. ဝန်ကြီးကရော ကျန်းမာရေးပြန်ကောင်းလာပါ့မလား ....... အာဘီနဲ့ ကာဒါလီတို့ရဲ့ဇာတ်လမ်းကရော ဘယ်လိုဆက်ဖြစ်မလဲ........ အစရှိတာတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ Sai~V~ToMo~Yunni တို့ပဲဖြစ်ပါတယ်) File size…2.1GB / 939MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai~V~ToMo~Yunni
movie
Breathe (2023)
2023
Virgin Story (2022)
Virgin Story 2022နှစ်ရှည်လများတွဲနေတဲ့ ဆာဟေးလ်ဆိုတဲ့ ချစ်သူကောင်လေးဆီကနေ ပီး က ၃ ကြိမ်တိုင်တိုင် ဖောက်ပြန်ခံခဲ့ရပါတယ်။ အချစ်ဦးဖြစ်တာကော၊ သူကိုယ်တိုင် စိတ်ခံစားလွယ်တာရောကြောင့် Move on မလုပ်နိုင်ပဲဖြစ်နေတာပေါ့။ ဒီလိုနဲ့ပဲ သူငယ်ချင်းရဲ့ အတင်းတိုက်တွန်းမှုနဲ့ ပီး တစ်ယောက် ကလပ်ကို ရောက်သွားပါလေရော။" စတော်ဘယ်ရီအရမ်းကြိုက်တဲ့ နင် ချောကလက်လည်းစားပြီးရော စတော်ဘယ်ရီကိုမေ့သွားတာပဲလေ၊ ဒီတော့ ဆာဟေးလ်ကိုမေ့နိုင်ဖို့ နင်လိုအပ်တာ ချောကလက်လိုကောင်လေးပဲ '' ဒီလိုနဲ့ တစ်ညတူတူ အချိန်ကုန်ဆုံးဖို့ ပီး ရွေးလိုက်တဲ့ Target က ဗစ်ကီ။ရဲရဲတင်းတင်း လူငယ် ၂ ယောက် ကလပ်မှာဆုံတွေ့ရင်း တစ်ညတာကုန်ဆုံးဖို့ လုပ်ကြရာက အလွဲလွဲအချောချော်တွေကို ပေါ့ပေါ့ပါးပါး ရီရီမောမောကြည့်ရမယ့် ဇာတ်ကားပေါ့။ ပီး နဲ့ ဗစ်ကီတို့ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်ကြမလဲ။ တစ်ညတာဆက်ဆံရေးက ဒီမှာပဲအဆုံးသတ်သွားမလား။ ခံစားချက်တွေတဖြည်းဖြည်း ကြီးထွားလာရင်း တွယ်ငြိသွားမလားဆိုတာတွေကိုတော့ ရုပ်ရှင်ထဲမှာပဲ ...
movie
Virgin Story (2022)
2022
4K HEVC
7.4
Atithi Devobhava (2022)
ဒီတစ်ခေါက်မှာတော့ IMDB မှာ ၇.၄ အထိရရှိထားတဲ့ မင်းသား အက်ဘီရဲ့ အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်း... လူတိုင်းမှာ ကြောက်ရွံစိတ် (Phobia ဆိုတာရှိတတ်ကြပါတယ် တစ်ချို့က လေယာဉ်စီးရမှာကိုကြောက်တယ် တစ်ချို့က ပိုးဟပ် အိမ်မြောင်က အစကြောက်ကြပါတယ် ဒီဇာတ်လမ်းမှာတော့ မင်းသား အာဗေးဟာ အထီးကျန်ခြင်းကိုကြေက်တဲ့ Mono-phobia ဆိုတဲ့ ဝေဒနာကို ခံစားနေရတဲ့သူပါ။ အချိန်တိုင်း သူ့အနီးအနားမှာ တစ်ယောက်ယောက်ရှိနေမှအဆင်ပြေတဲ့ဘ၀မို့ အချိန်တန်အရွယ်ရောက်လို့ ချစ်သူကိုရှာဖွေတွေ့ရှိချိန်မှာ ဘယ်လိုများကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို ဟာသလေးတွေနဲ့ လိုက်ပါစီးမျောခံစားပေးကြပါဦးခင်ဗျာ...အညွှန်းကိုတော့ Lwin Htoo Aung မှရေးသားထားပါတယ် File size…1.9GB / 920MB Quality…1080p True WEB DL AAC5.1CH / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Oeliuj & Honeyey & Lwin Htoo Aung
movie
Atithi Devobhava (2022)
2022