Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
J.D. Evermore
6.7
Waiting… (2005)
Waiting (2005)နေ့စဉ်ဘဝရဲ့ ပုံမှန်ဆန်တဲ့တစ်နေ့တာကို ငြီးငွေ့နေတဲ့သူတွေရှိရင် ဒီကားလေးကအံကိုက်ဖြစ်မှာပါ။၂၀၀၅ ခုနှစ်က ထွက်ရှိထားပြီး Deadpool မင်းသား Ryan Reynolds ရဲ့ masterpiece တွေထဲကတစ်ခုလို့လည်း ပြောလို့ရတဲ့ကားလေးပဲ ဖြစ်ပါတယ်။IMDb 6.7/10 ရရှိထားတဲ့ ဟာသကားလေးလည်း ဖြစ်ပါတယ်။Diner တစ်ခုက စားပွဲထိုးကောင်လေးနှစ်ယောက်ကို အသားပေးရိုက်ကူးထားတာဖြစ်ပြီး။သူတို့ရဲ့ ငြီးငွေ့စရာတစ်နေ့တာကို ပျော်စရာကောင်းအောင် ထွက်ပေါက်ရှာကြတာကိုရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမှာပါ။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM မှ Aditi ပဲဖြစ်ပါတယ်။ File size… 1.8 GB / 900 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ..... Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Aditi
movie
Waiting… (2005)
7
Snack Shack (2024)
Snack Shack (2024) IMDb - 7.0/10ဒါရိုက်တာ Adam Rehmeierရဲ့လက်ရာ အမေရိကန်လူငယ်ဟာသဇာတ်မြူးလေးပေါ့။၁၉၉၁ ခုနှစ် နီဘရာစကာက ဆယ်ကျော်သက်နှစ်ယောက်ရဲ့ စီးပွားရှာကြပုံနဲ့ ဖွန်ကြောင်ကြတာကို ရှုစားကြရမှာပါ။မုစ်နဲ့ အေဂျေဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က ပိုက်ဆံအတော်ရှာချင်တဲ့ကောင်တွေ။ ခွေးအပြေးပြိုင်ပွဲလည်း ဝင်လောင်း၊ ဘီယာလည်း ကိုယ့်ဘာသာချက်ရောင်းနဲ့ အတော်ဟုတ်နေတာ။ ဒါပေမဲ့ မိဘဖြစ်သူတွေက သူတို့လုပ်ငန်းတွေကို ကဖျက်ကယက်လုပ်တဲ့အတွက် ဘော်ဒါနှစ်ကောင်ဘူရပါရော။ ဒီမှာပဲ ဘော်ဒါနှစ်ကောင် နွေရာသီအတွင်း ရေကူးကန်တစ်ခုမှာ မုန့်ရောင်းပြီး စီးပွားရှာဖို့ကြံကြပါတော့တယ်။ အေဂျေ့အိမ်နားကို ပြောင်းလာတဲ့ စော်လေးတစ်ဗွေပြောင်းလာပြီး ဘော်ဒါနှစ်ကောင် ဝိုင်းကြောင်ရာက စော်လေးက သူတို့လုပ်ငန်းကိုခြိမ်းခြောက်လာတဲ့အတွက်a သူတို့ဘယ်လိုကြံကြမယ်ဆိုတာ ကြည့်ရှုကြပါဦး။( aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Comedy Quality…. 1080p | 720p File size… 1.9GB | 935MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie
Snack Shack (2024)
2024
7.8
Walk the Line (2005)
Walk the Line (2005)~ IMDb - 7.8/10, Rotten Tomatoes - 82% ~ကန်းထရီးအဆိုတော် ဂျွန်နီကတ်ရှ်ရဲ့ I Walk the Line သီချင်းဟာ ရိုးလင်းစတုန်းမဂ္ဂဇင်းရဲ့ သမိုင်းတစ်လျှောက်အကျော်ကြားဆုံးသီချင်းငါးရာ စာရင်းမှာ နံပါတ်၃၀ချိတ်ဖူးသလို ၂၀၁၄မှာ စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးကန်းထရီးသီချင်းတစ်ရာစာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့ဖူးတယ်။ ဂျွန်နီကတ်ရှ်ရဲ့တချို့အယ်လ်ဘမ်တွေဆိုရင်လည်း The Beatles တွေထက်တောင် ရောင်းအားကောင်းခဲ့ဖူးတယ်။ ခု Walk the Line ကတော့ သူ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ Walk the Line မှာ ဂျွန်နီကတ်ရှ်ပေါက်စနလေးဘဝကနေ ဘာမှပြစရာမရှိတော့တဲ့အထိ ဂျွန်နီကတ်ရှ်အကြောင်း အကုန်ပြထားတယ်။ ဂျွန်နီကတ်ရှ်ရဲ့ ဘိုင်အိုဖြစ်တဲ့ ဒီကားက ကြည့်ဖူးတဲ့ ဘိုင်အိုဂရပ်ဖီကားတွေထဲတော့ တော်တော်ဒရာမာများတဲ့ ရုပ်ရှင်လို့ပြောရမယ်။ ဘိုင်အိုကားလို့ကို ထင်စရာမရှိနေဘူး။ မရှိဆို James Mangold ရဲ့ အသက်သွင်းပုံကလည်း ...
movie
Walk the Line (2005)
2005
5
Breakwater (2023)
Breakwater (2023)Mystery နဲ့ Thriller ပေါင်းစပ်ထားတဲ့ Plot ဆန်းဆန်းနဲ့ ဇာတ်ကားဖြစ်ပါတယ်။အဓိကဇာတ်လိုက်ဖြစ်တဲ့ ရေးနဲ့ ဒက်ဗီဆိုတဲ့လူငယ်တို့က အကျဉ်းသားတွေဖြစ်ပြီး ထောင်ထဲမှာ ရင်းနှီးခဲ့တာပါ။ ဒက်ဗီက သူ့ပြစ်မှုအတွက် ထောင်သုံးနှစ်ကျတာဖြစ်ပြီး မကြာခင် ပြန်လွတ်တော့မှာဖြစ်တဲ့အတွက် ရေးက အကူအညီတစ်ခုတောင်းရာကနေ စပါတယ်။ရေးက သူ့မှာသမီးရှိကြောင်း၊ သူက ကင်ဆာဖြစ်နေလို့ မနေရတော့တဲ့အတွက် သူ့သမီးရှိတဲ့မြို့ကိုသွားပေးပြီး သူ့သမီး ပျော်နေလား ကြည့်ခိုင်းပါတယ်။ သူ့သမီးနာမည်က မာရီနာပါတဲ့။အဘိုးကြီးရေးကို စာနာပြီး ထောင်ကလွတ်တဲ့အချိန် ဒက်ဗီက နယ်မကျော်ရတဲ့စည်းကမ်းကိုပါ ချိုးဖောက်ပြီး မာရီနာရှိတဲ့ ကမ်းရိုးတန်းမြို့လေးကို သွားခဲ့ပါတယ်။ အဲဒီမှာ မာရီနာအမည်နဲ့မဟုတ်ဘဲ အိဖ်ဆိုတဲ့ ကလေးတစ်ယောက်အမေနဲ့ တွေ့ပါတယ်။တစ်ချိန်တည်းမှာပဲ ကင်ဆာရောဂါသည် သနားစရာအဘိုးကြီးလို့ ဒက်ဗီထင်နေတဲ့ရေးက သွေးအေးလူသတ်သမားဖြစ်ပြီး ထောင်ကထွက်ပြေးလာတဲ့အခါ... ရေးနဲ့မာရီနာက တကယ်ပဲ သားအဖလား... အိဖ်နဲ့ရော ဘယ်လိုပတ်သက်နေတာလဲ... သူတို့နှစ်ဦးပြောပြတဲ့ အဖြစ်တွေနောက်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေတာလဲ... ဘုမသိဘမသိကူညီမိတဲ့ ဒက်ဗီရော ဘယ်လိုကိစ္စတွေ ...
movie
Breakwater (2023)
2023
7.6
Dawn of the Planet of the Apes (2014)
Dawn of the Planet of the Apes (2014) IMDb - 7.6/10_____Rotten - 90% ဒီဇာတ်ကား အကြောင်းမပြောခင်မှာ Planet of the Apes အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ Planet of the Apes ဇာတ်လမ်းတွေက ၁၉၆၈ ထဲက စတင် ရိုက်ကူးခဲ့တာဖြစ်ပြီး၊ Planet of the Apes (February 8, 1968), Beneath the Planet of the Apes (May 27, 1970), Escape from the Planet of the Apes (May 21, 1971), Conquest of the Planet of the Apes (June 29, 1972), Battle for ...
movie
Dawn of the Planet of the Apes (2014)
2014
4K HEVC
6.4
Alabama Moon (2009)
Alabama Moon (2009) ================= IMDb Rating - 6.4/10ဇာတ်ကားကတော့ လူ့အဖွဲ့အစည်းရဲ့ နေထိုင်မှုကို ရှု့ထောင့်တစ်မျိုး ကနေ တင်ဆက်ပေးတာပါ။ ဒီဇာတ်ကားကို ကလေးသရုပ်ဆောင် ကားအဖြစ်ပုံဖော်ထားပေမယ့်၊ နောက်ခံဇာတ်လမ်းကတော့ ကြည့်ရှု သူပရိတ်သတ်တွေ တွေးတောကြဖို့ပါပဲ။မွန်းနဲ့ သူ့ရဲ့အဖေတို့ဟာ အစိုးရရဲ့ ထိန်းချုပ်ကွက်ကဲမှုအောက်မှာရှိတဲ့ လူ့အဖွဲ့အစည်းကနေ လွတ်မြောက်ဖို့အတွက် သစ်တောထဲမှာ သီးသန့် ကလေးသွားနေကြတာပါ။ ဒီအခါမှာ ဖြစ်လာတဲ့ နောက်ဆက်တွဲ အကြောင်း အရာတွေကိုတော့ မွန်းဆိုတဲ့ ကလေးက ရင်ဆိုင်သွားရပါတယ်။အစိုးရရဲ့ ထိန်းချုပ်မှုအောက်က လူ့အဖွဲ့အစည်းရဲ့ အခက်အခဲနဲ့ တောထဲမှာ သွားနေကြတဲ့ သားအဖရင်ဆိုင်ရတဲ့ ပြသနာတွေကို ယှဥ်ထိုးပြီးတော့ ရိုက် ကူးသွားတာဖြစ်ပြီး ဘယ်နည်းလမ်းက ကောင်းသလဲဆိုတာကတော့ ကြည့် ရှုတဲ့ပရိတ်သတ်က ဆက်လက်တွေးတောရမှာပါ။ ဒီဇာတ်ကားနဲ့ပဲ မွန်း အဖြစ် သရုပ်ဆောင် ကလေး သရုပ်ဆောင် Jimmy Bennet ဟာ Young Best Artist ဆုအတွက် Best Performance in a Feature Film - Leading Young Actor ...
movie
Alabama Moon (2009)
2009
5.4
Suitable Flesh (2023)
Suitable Flesh (2023)~ IMDb - 5.4/10, Rotten Tomatoes - 84% ~စိတ်ဝင်စားဖို့ကောင်းတဲ့ Horror ကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကားက ထွက်တာ မကြာသေးတာမို့ IMDb rating ကိုတော့ အတည်မယူသေးပါနဲ့ဦးလို့ သတိပေးချင်ပါတယ်။ မဟုတ်ရင် Rating ကြည့်ပြီး ဆုံးဖြတ်တတ်တဲ့သူမျိုးအဖို့ ကားကောင်းလေးတစ်ကား လက်လွတ်လိုက်ရမှာ စိတ်ပူလို့ပါ။ဒီရုပ်ရှင်ဟာဆိုရင်ဖြင့် ၂၀ရာစု နှောင်းပိုင်းရဲ့ Horror, Fantasy, Science Fiction စာရေးဆရာတွေအပေါ် တော်တော်လေးလွှမ်းမိုးမှုရှိပြီး “ထူးထူးဆန်းဆန်းနဲ့ကြောက်ဖို့ကောင်းတဲ့ ဇာတ်လမ်း” (Weird Story) တွေရဲ့ တီထွင်သူလို့ အသိအမှတ်ပြုခံထားရတဲ့ H.P. Lovecraft ရဲ့ ဝတ္ထုကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကိုတော့ ဇာတ်လမ်းအကျဉ်းမပြောတော့ဘဲ ဘယ်လိုစဖွင့်တယ်ဆိုတာလေးပဲ ပြောပြဖို့စိတ်ကူးထားပါတယ်။ အဲဒီလို ဘာမှမသိထားမှလည်း Horror Vibe ပြည့်ပြည့်လေး ခံစားနိုင်မှာမို့ပါ။ ဇာတ်လမ်းအဖွင့်မှာပေါ့... တော်တော်လေး ...
movie
Suitable Flesh (2023)
2023
5.5
Stolen (2012)
တစ်ချိန်တစ်ခါက ဟုန်းဟုန်းတောက်ကျော်ကြားခဲ့ပြီး အခုအချိန်မှာလည်းပြန်လည်တွေ့မြင်နေရပြီဖြစ်တဲ့မင်းသားကြီး Nicolas Cage ရဲ့ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Stolen ဖြစ်ပြီးတော့ သူ့ကိုအများဆုံးတွေ့ရတဲ့ဇာတ်ရုပ်ဖြစ်တဲ့ ရာဇဝတ်သားတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒီထဲမှာတော့ ဝေလ်ဆိုတဲ့ဉာဏ်ကြီးရှင် သူခိုးတစ်ယောက်နေရာကနေတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဘဏ်တစ်ခုထဲက ပိုက်ဆံတွေကိုခိုးယူပြီးထွက်ပြေးနေတာကို တွေ့ရမှာပါ။ဒါပေမယ့် အကြောင်းအရင်းတစ်ခုခုကြောင့် သူ့တွဲဖက်ဖြစ်သူ ဗင်းဆင့်နဲ့သဘောထားကွဲလွဲပြီးသူတစ်ယောက်တည်း ပိုက်ဆံတွေနဲ့ ကျန်ခဲ့ပြီးအဖမ်းခံလိုက်ရပါတော့တယ်။ဒါပေမယ့် ထူးဆန်းတာက သူ့ကိုဖမ်းမိတဲ့အချိန်မှာ ပိုက်ဆံတွေကမရှိတော့ပါဘူး။ဒီလိုနဲ့ ထောင်ရှစ်နှစ်ကျပြီး ပြန်ထွက်လာတဲ့အချိန်မှာတော့ သူ့ဘဝမှာအချစ်ရဆုံးသူဖြစ်တဲ့ သူ့သမီးနဲ့သွားတွေ့ခဲ့ပါတယ်။ဒါပေမယ့် ခါးခါးသီးသီးငြင်းလွှတ်ခံလိုက်ရလို့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ သွားတွေ့နေတဲ့အချိန်မှာသူ့သမီးပြန်ပေးဆွဲခံလိုက်ရပြီး လွန်ခဲ့တဲ့ရှစ်နှစ်ကပိုက်ဆံတွေကို တောင်းပါတော့တယ်။ဒီလိုနဲ့ ဝေလ်တစ်ယောက်သမီးကိုပြန်ရဖို့အတွက် ဘယ်လိုတွေရုန်းကန်ရမလဲအဲ့ဒီပိုက်ဆံတွေကရော တကယ်တမ်းဘယ်ရောက်သွားလဲဆိုတာတွေအပြင်တခြားစိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေကိုလည်းကြည့်ရမဲ့ ဇာတ်ကားဟောင်းထဲးကမှ ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ File size…1.93 GB / 769MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Stolen (2012)
6.1
The Campaign (2012)
Rt-66% ~ IMDb-6.1 ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ The Hangover ရုပ်ရှင်တွေထဲမှာ အလန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Zach Galifianakis တို့ရဲ့ 2012 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသကားကောင်လေးတကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဆဲဆိုကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ပြကွက်တွေပါဝင်တာမလို့ အသက် (၁၈) နှစ်အောက် ကလေးတွေကတော့မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ကမ် ဘရက်ဒီ (Will Ferrell) ဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာရှိတဲ့ ခရိုင် (၁၄) ကိုယ်စားပြု ကွန်ဂရက်လွှတ်တော်အမတ်အဖြစ် လေးကြိမ်ဆက်တိုက် ရွေးကောက်ခံခဲ့ရသူပါ။ ဒါပေမဲ့လည်း ဖောက်ပြန်ပွေရှုပ်လွန်းတဲ့လူဖြစ်တာကြောင့် လူထုထောက်ခံမှုအားကျဆင်းနေပြီး ရွေးကောက်ပွဲကလည်းကျင်းပဖို့နီးလာနေပါပြီ။ဒီအချိန်မှာ မော့ခ်ျညီနောင်လို့ခေါ်တဲ့ ဘီလျံနာသူဌေးတွေက ခရိုင် (၁၄) မှာစက်ရုံတွေဖွင့်ပြီး လက်ဝါးအုပ်နိုင်ဖို့အတွက် ကမ်ကိုဖြုတ်ချပြီး သူ့နေရာမှာအစားထိုးဖို့ မာတီ ဟက်ဂင် (Zach Galifianakis) ကို ရွေးကောက်ပွဲမှာဝင်ရောက် ယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒီလိုနဲ့ ...
movie
The Campaign (2012)
6.3
The Baytown Outlaws (2012)
IMDb rating -6.3/10 ဒီဇာတ်လမ်းကတော့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်လမ်းဇာတ်ကွက်မိမိရိုက်ကူးထားတင်ဆက်ထားပြီး Action Comedy ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ Action အခန်းတွေကို ထိထိမိမိရိုက်ကူးထားတဲ့အပြင် သရုပ်ဆောင်တွေရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုတွေကြောင့် Comedy scene တွေမှာဆိုရင် ဗိုက်နာအောင်ရယ်ရမယ့် ဇာတ်လမ်းဇာတ်ကွက်တွေပါကြည့်ရှူခံစားရမှာပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. ဒီရုပ်ရှင်ကိုတော့ Oodie boys သုံးယောက်ကိုအဓိကထားပြီးရိုက်ကူးထားပါတယ်အကြီးဆုံးက Brick အလတ်က Lincoln နဲ့ နောက်တစ်ယောက်ကတော့ McQueenပါ သူတို့ ၃ ယောက်က ဒေသခံရဲအရာရှိ ရှယ်ရစ်ဖ်ကနေ မြို့ထဲကတခြားရာဇဝတ်ကောင်တွေကို သတ်ဖို့ငှားထားတဲ့ အမည်မသိကြေးစားလူသတ်သမားတွေပေါ့ သူတို့ကြောင့်ပဲ Alabama မြိုလေးကပြစ်မှုအနည်းဆုံးမြို့တစ်ခုဖြစ်နေတော့ ရှယ်ရစ်ဖ်တစ်ယောက် သူတို့လုပ်သမျှကိုမျက်ကွယ်ပြုပေးနေခဲ့ပါတော့တယ် တစ်နေ့မှာတော့ Celeste ဆိုတဲ့အမျိုးသမီးတစ်ယောက်က အကြမ်းဖက်တတ်တဲ့ မွေးစားအဖေလက်ထဲကနေ သူ့မွေးစားသားလေးကိုကယ်တင်ပေးဖို့ ငွေအများကြီးကမ်းလှမ်းပြီးတောင်းဆိုလာခဲ့ပါတယ်။ ငွေရဲ့ဆွဲဆောင်မှုမှာမြောသွားတဲ့ သူတို့ညီအစ်ကို ၃ ယောက် ကလေးကိုပြန်ပေးဆွဲခဲ့တဲ့အခါမှာတော့.. ဘယ်လိုအရာတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှူခံစားရမှာပါ။ File size…(1.8 GB)/(1 ...
movie
The Baytown Outlaws (2012)
5.8
The Host (2013)
CM Fan တွေ အတွက် ဒီတစ်ခါမှာတော့ချစ်စရာကောာင်းတဲ့ မျက်နှာလေးနဲ့မင်းသမီးချောလေး Saoirse Ronan ရဲ့သိပ္ပံအက်ရှင် ရုပ်ရှင်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဂြိုဟ်သားတွေက ကမ္ဘာကိုကျူးကျော်တဲ့ဇာတ်ကားမျိုးကြည့်ဖူးကြမယ်ထင်ပါတယ်။ဒီကားမှာတော့ တခြားကားတွေလိုလက်နက်တွေနဲ့လာကျူးကျော်ကြတာမဟုတ်ဘဲ ဂြိုဟ်သားတွေကလူ့ခန္ဓာကိုယ်တွေကို အပိုင်စီးပြီးလူတွေလိုပဲဆက်ပြီးနေထိုင်ကြတာပါ။ဂြိုဟ်သားတွေဟာ ခန္ဓာကိုယ်ကို အပိုင်စီးရုံမကပဲလူသားတွေရဲ့ ဦးနှောက်မှတ်ဉာဏ်ကိုပါအပိုင်သိမ်းဖျက်ဆီးတာပါတွန်းလှန်နိုင်ဖို့ဆိုတာလဲ လုံး၀ မလွယ်ကူပါဘူးခုခံတဲ့လူတွေကိုလဲ သတ်ပစ်ကြပါတယ်။အဲဒီခုခံသူတွေထဲမှာ မယ်လနီဆိုတဲ့ကောင်မလေးလည်း ပါတာပေါ့။သူ့ခန္ဓာကိုယ်ကို ဂြိုဟ်သားတစ်ယောက်ကအပိုင်စီးလိုက်တဲ့အခါမှာ... File size… 1.59 GB / 664 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 5m Genre ..... Action , Drama , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie
The Host (2013)
2013
6.6
The Mechanic (2011)
The Mechanic (2011) IMDb - 6.6/10_____Rotten - 53%မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားကလဲ နာမည်ကြီးပါတယ်။ကြေးစားလူသတ်သမား ဘစ်ရှော့ဆိုတာ Mechanic စက်တစ်လုံးလို တိကျသေချာတဲ့နည်းလမ်းနဲ့ အလုပ်လုပ်တတ်တဲ့သူပါ။ဘယ်နေရာမှာမဆို တိကျသေချာအောင် အကွက်ချတတ်ပြီးတော့ သူ့ရဲ့အလုပ်က လူသတ်ယုံမဟုတ်ဘဲ အဲ့ဒီ့လူသတ်မှုကို မတော်တဆမှုလိုလို...အခန့်မသင့်လို့သေတာလိုလို...ဖန်တီးရတာမျိုးပါ။ဒီလိုကြေးစားလူသတ်သမားကိုမှ လာရှုပ်မိတဲ့ ငနဲသားတွေ ဘယ်လိုဒုက္ခဝေသွားမလဲဆိုတာ.....။မာကြောပြတ်သားတဲ့ အက်ရှင်ဇာတ်ရုပ်နဲ့ Jason Statham နဲ့ကတော့ အလိုက်ဆုံးအတွဲအဖက်ပါပဲ။Action,Crime,Thriller အမျိုးအစားဖြစ်ပြီး IMDb Rating (6.6/10 ) ရရှိထားပါတယ်။ File size…(1.8 GB) / (700 MB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:32:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
The Mechanic (2011)
2011
1080p HEVC
7.3
Palmer (2021)
Palmer (2021)============IMDb Rating - 7.3/10ဇာတ်ကားအကျဉ်းပြောရမယ်ဆိုရင်တော့ ထောင်ထွက်တစ်ဦးနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ကလေးတစ်ယောက်ရဲ့အကြောင်းပေါ့။ ပါးလ်မာ က ထောင်ထဲ (၁၂)ကျော်နေခဲ့ပြီးမှ ခံဝန်နဲ့လွတ်လာသူဖြစ်ပြီး သူ့အဖွားအိမ်၊ သူ့ဇာတိမြို့မှာပဲပြန်လာနေခဲ့တယ်။ ဆမ် ဆိုတာကတော့ ပါးလ်မာရဲ့အိမ်ဘေးမှာနေတဲ့ ကလေး။ ဆမ့်အမေက ဆေးသမား၊ ပထွေးဖြစ်သူကလဲ အချိုးမပြေ။ မိသားစုအခြေအနေလုံးဝမကောင်းတဲ့ ကလေးတစ်ယောက်။ ထောင်ထွက် ပါးလ်မာနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ဆမ် တို့နှစ်ယောက်ရဲ့အကြောင်းကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တင်ဆက်သွားတဲ့ Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီလို Drama ကားမျိုးကြည့်ရတာ စိတ်ထဲအတော်လေး ကျေနပ်သွားမိတယ်။ IMDB rating (7.3/10)၊ Rotten Tomato ကလည်း (74 %) ဆိုတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းဖြစ်မယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။ပါးလ်မာ အဖြစ် သရုပ်ဆောင်ထားသူကတော့ အဆိုတော်/သရုပ်ဆောင် Justin Timberlake ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jack ...
movie
Palmer (2021)
2021
7.6
The Great Debaters(2007)
The Great Debaters(2007) IMDb.....7.6,,,,,Rotten....79% စကားလုံးတွေရဲ့စွမ်းအားက ဘယ်လောက်ကြီးကြောင်းကို အားလုံးလည်းသိပါတယ်....ကျွန်တော်တို့ငယ်ငယ်ကဖတ်ဖူးခဲ့တဲ့ ခုံတော်မောင်ကျဘမ်းဆိုတာစာပေကျမ်းဂန်မှာ နှံ့စပ်ကျွမ်းကျင်တဲ့သလို စကားအရာမှာလည်း တစ်ဘက်ကမ်းခတ်ကျွမ်းကျင်တဲ့အတွက်အကြောင့် ကျပန်းဆိုတာ သူ့ဆီကလာတာ အားလုံးလည်းသိမှာပါ...ကျွန်တော်ဘာလို့ ဒါတွေပြောနေရလဲ ဆိုတော့ ဒီကားရဲ့နာမည်ကိုက The Great Debaters ဆိုတော့ခင်ဗျားတို့လည်းမှန်းမိလောက်မှာပါ....ကျွန်တော်တို့ရဲ့ မင်းသားကြီး Denzel Washington က debate ပြိုင်ပွဲအတွက်လေ့ကျင့်ပေးရတဲ့ပါမောက္ခအဖြစ်သရုပ်ဆောင်ထားတယ်....သူကနေ့ဘက်ဆိုရင် ကျောင်းဆရာလုပ်ပြီးတော့ ညဘက်ဆိုရင်တော့ အလုပ်သမားလူတန်းစားအတွက် တက်ကြွလှုပ်ရှားသူဖြစ်တယ်...ဒီကားက ဖြစ်ရပ်မှန်အပေါ်အခြေခံရိုက်ကူးထားတာဖြစ်လို့ အဲ့ဒီ့အချိန်က အမေရိကန်ရဲ့ ခေတ်၊ စနစ်နဲ့ လူမှုဘဝကို လွဲမှန်းနေတဲ့ဟန်ပန်တွေမြင်နေရလိမ့်မယ်...ဒီကားကိုကြည့်မယ်ဆိုရင် debate ပွဲတွေများစွာကြည့်ရမယ့်အပြင်ဘယ်လိုယှဉ်ပြိုင်သင့်တယ်..ဘယ်လိုပြင်ဆင်သင့်တယ်..ဘယ်လိုယူဆထားသင့်တယ်ဆိုတာတွေလည်းတွေ့လိမ့်မယ်..ခေတ်စနစ်ရဲ့ ဆိုးကျိုးတွေ...အဲ့ဒီအချိန်အခါက လွဲမှားနေတဲ့အယူအဆတစ်ချို့တွေ တွေ့ရလိမ့်မယ်...နောက်ပြီး Debate ရဲ့ ခမ်းနားကြီးကျယ်ခြင်းတွေကိုလည်း လေ့လာပြီးသားဖြစ်နေလိမ့်မယ်...ပြီးတော့ ဒီကားကြည့်နေစဉ်မှာ စကားလုံးတွေရဲ့ စွမ်းအားကိုသဘောကျလွန်းလို့ ခင်ဗျားဟာကျေနပ်ပီတိဖြစ်တဲ့အပြုံးတွေလည်း ဝေနေလိမ့်မယ်....ဘာသာပြန်သူကတော့ Scarlett May ပဲဖြစ်ပါတယ်.... File Size : (1GB) Quality : Blu-Ray 720p Format…mp4 Duration…02:06:00 Genre : ...
movie
The Great Debaters(2007)
2007
7.1
Wild (2014)
(Unicode)2014 ကတည်းကထွက်ခဲ့တဲ့ Wild ဆိုတဲ့ဇာတ်ကားလေးဟာ American Biographical Adventure Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး၂၀၁၂တုန်းက Cheryl Strayed ရေးသားခဲ့တဲ့ Wild: From Lost to Found on the Pacific Crest Trail(PCT) ဆိုတဲ့ကိုယ်တိုင်ဖြစ်ရပ်မှန်ကိုရေးသားထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်ကားထဲမှာ Cheryl နဲ့ Bobbi အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Reese Witherspoon နဲ့ Laura Dern တို့ နှစ်ယောက်လုံးဟာလည်းအော်စကာဆုအတွက် Best Actress နဲ့ Best Supporting Actress အဖြစ်စကာတင်အရွေးခံခဲ့ရပြီး အခြားသောဆုတွေမှာလည်း စကာတင်အရွေးခံရတာတွေရှိခဲ့ပါတယ်။Rating တွေအနေနဲ့လည်း Rotten Tomatos မှာ 89%....IMDb rating 7.1/10 အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝမှာအချစ်ရဆုံးအတွယ်တာရဆုံး မိခင်ဖြစ်သူသေဆုံးသွားပြီးနောက်ပူဆွေးသောကတွေရောက်ပြီး ကိုယ့်ကိုကိုယ်မထိန်းနိုင်မသိမ်းနိုင်အောင်ပျက်ဆီးသွားပြီကိုယ့်အိမ်ထောင်ရေးကိုပါဖျက်ဆီးမိခဲ့တဲ့ Cheryl Strayed ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ....ကိုယ်လမ်းမှားရောက်နေတာကိုသတိထားမိပြီးနောက် ကိုယ့်ကိုကိုယ်ပြန်ထူထောင်ဖို့နဲ့ စိတ်ဓာတ်တွေပြန်စုစည်းဖို့အတွက်ဆိုပြီးအမေရိကန်နိုင်ငံမှာအရှည်လျားဆုံးခရီးကြမ်းရှည် ...
movie
Wild (2014)
2014
8.4
Django Unchained ( 2012 )
Unicode*******2012 ခုနှစ်က ထွက်ရှိထားပြီး IMDb 8.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းပါပဲလူမည်းတွေ အမေရိက မှာ အကြီးအကျယ် အနိုင်ကျင့် ရက်စက် ကျွန်ပြုတာ ခံနေရချိန် . . . ။လူဖြူ သူဌေးကြီးတစ်ယောက်ရှိတယ်။ သူက bounty hunter . . ။သူခိုး လူသတ်သမား ဓားပြတွေကို လိုက်ဖမ်းတယ်။အစိုးရလက်ထဲ အပ်တယ်။ ဆုငွေ ထုတ်စားတယ်။တစ်နေ့တော့ ခပ်ကျစ်ကျစ် ခပ်ပြတ်ပြတ် လူမည်းတစ်ယောက်ကို တစ်နေရာကနေ သူ ရလိုက်တယ်။အဲ့ဒီ လူမည်းနာမည်က Django တဲ့။ ပြီးတော့ Django ကိုအဲ့လူဖြူဘဲကြီးက လက်ထောက် တာဝန် ကောက်ခါငင်ကာ ပေးလိုက်တယ်။အဲ့ဒီခေတ်မှာ လူမည်းတွေက မြင်းစီးဖို့ မပြောနဲ့။လူဖြူတွေကို မော်တောင် မကြည့်ရဲဘူး။ ဒါပေမယ့် Django က မြင်းကြီးစီးသေနတ်ကြီးလွယ်ပြီး တစ်မြို့ ဝင် တစ်မြို့ထွက် သူ့ဆရာနဲ့ အတူ ...
movie
Django Unchained ( 2012 )
2012
6.2
A Dark Place(2018)
A Dark Place(2018)ဟာဘာ့ခ်ျဟာ ဆိုတဲ့မြို့လေးဟာ လူစိမ်းအ၀င်အထွက်မရှိ မှုခင်းတွေ မရှိသလောက်ရှားပါးပြီး တိတ်ဆိတ်အေးချမ်းတဲ့ မြို့ငယ်လေးတစ်ခုပါ။ ဒွန်နီကတော့ မြို့ရဲ့သန့်ရှင်းရေးအလုပ်သမားတစ်ယောက်ဖြစ်ပြီး မုဆိုးမ မိခင်ကြီးနဲ့ အတူနေထိုင်ပါတယ်။ တစ်နေ့တော့ ဒွန်နီ အမှိုက်သိမ်းတဲ့လမ်းကြောင်းရဲ့အိမ်တစ်အိမ်က ကလေးငယ်တစ်ယောက် ပျောက်ဆုံးသွားခဲ့ပြီး နောက်တစ်နေ့မနက်မှာ အလောင်းအဖြစ် ပြန်တွေ့ခဲ့ရပါတယ်။ကလေးမှာပြင်ပဒဏ်ရာမရှိတဲ့အတွက် သာမန်ရေနစ်သေဆုံးမှုလို့သာ ပိတ်သိမ်းလိုက်ပေမယ့် ကလေးမိခင်ရဲ့စကားတစ်ခွန်းကြောင့် ဒီအမှုကို သူစိတ်ဝင်စားလာပါတယ်။ တစ်ခြား ဘယ်သူကမှ ဂရုစိုက်ပုံမရတဲ့ ဒီအမှုကိုစိတ်ဝင်တစားလိုက်ပါစုံစမ်းမိချိန်မှာတော့ခြိမ်းခြောက်မှုတွေ အန္တရာယ်တွေရင်ဆိုင်လာရတဲ့အခါ။ ဒီအမှုဟာ တကယ်ပဲ မရိုးသားမှုတွေရှိနေတာလား?ဘယ်လိုရန်သူမှမရှိနိုင်တဲ့ကလေးငယ်တစ်ယောက်အသတ်ခံရတယ်ဆိုရင် အကြောင်းပြချက်က ဘာကြောင့်ဖြစ်နိုင်မလဲ? သူတို့နယ်မြို့လေးဟာထင်သလို တကယ်ရော အေးချမ်းရဲ့လား? Mystery, Thriller ဇာတ်ကားမျိုးဆိုပေမယ့် မိသားစု ဒရာမာလေးနဲ့အတူAndrew Scott ရဲ့ အံ့မခန်းသရုပ်ဆောင်စွမ်းရည်ကိုပါ မြင်တွေ့ရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Alias ပဲဖြစ်ပါတယ်.....File Size : (839 MB) and (300 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Mystery,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
A Dark Place(2018)
2018
8.1
12 Years a Slave (2013)
12 Years a Slave (2013) IMDb - 8.1/10_____Rotten - 95% Won 3 Oscars. Another 238 wins & 335 nominations ငွေဝယ်ကျွန်စနစ်တွေက အေဘရာဟမ်လင်ကွန်း မတိုက်ဖျက်ခင်အထိ အမေရိကမှာရှိခဲ့ကြပါတယ်။ အဲ့ဒီခေတ် အဲ့ဒီအခါအကြောင်း စာကြီးပေကြီးတွေမှာလည်း ငွေဝယ်ကျွန်တွေနဲ့ ကျွန်ပိုင်ရှင် ပဋိပက္ခတွေပါလေ့ရှိပြီး ပြည်တွင်းစစ်ကာလဆိုလည်း မမှားပါဘူး။ ကျွန်ရှင်တွေဘက်ကအမြင်ကို ပြသွားတဲ့ထဲ အကျော်ကြားဆုံးကတော့ "Gone With the Wind " လေရူးသုန်သုန်ပါ။ အဲ့ဒီစာအုပ်ရဲ့ တစ်ထောင့်တစ်နေရာမှာထည့်ဖော်ပြသွားတဲ့ ၁၉ရာစုရဲ့အရောင်းရဆုံစာအုပ် " Uncle Tom's Cabeint" အန်ကယ်တွမ်ရဲ့တဲကလေး..နဲ့ ယခုကားရဲ့ မူလဘူတ " 12yearsAslave"ဆိုတဲ့ စာအုပ် စာအုပ်တွေကတော့ ကျွန်တွေဘက်က အမြင်ကို ပြထားပြီး နှစ်အုပ်လုံးက ထွက်ချိန်မကွာသလို အကြောင်းအရာလည်း မကွာခြားလှပါဘူး။ ထူးခြားချက်ကတော့12yearsASalve ကတော့ Biography တစ်ပုဒ်ပါတဲ့။ ဒီစာအုပ်တွေမှာ နှစ်ဖက်လုံးမှာရှိတဲ့ အမှန်တရားတွေနဲ့ ထိုခေတ်အခါက ငွေဝယ်ကျွန်စနစ်ကို ကျွန်တော်တို့ ချိန်ထိုးနှိုင်းယှဉ်နိုင်ပါတယ်။ ဒီရုပ်ရှင်ကတော့ ကျွန်တော်သိသလောက် မြန်မာဘာသာပြန်စာအုပ်မရှိသေးတဲ့ 12 Years As A Slaveစာအုပ်ကို ရိုက်ထားတာပါ။ဇာတ်ကြောင်းတစ်ပိုင်းတစ်စကိုပြောရမယ်ဆိုရင်တော့... ဟိုအရင်များဆီတုန်းက.... အမေရိကန်ပြည်တွင်းစစ်ကာလလောက်မှာ Solomon Northupဆိုတဲ့ လွတ်လပ်တဲ့ လူမည်းတစ်ယောက်ရှိခဲ့ပါတယ်။ ဂီတသမားသူ့ အရည်အချင်းကို ပြသရမယ်လို့ လှည့်ဖျားပြီး ...
movie
12 Years a Slave (2013)
2013
7.3
First Man (2018)
First Man (2018) IMDb - 7.3/10_____Rotten - 86% Won 1 Oscar. Another 30 wins & 190 nominations အချိန်ကာလကတော့ ၁၉၆၉ ခုနှစ် ..... ဇူလိုင်လ ၁၆ရက် ၁၃:၃၂နာရီ ခန့်ပေါ့............ စိတ်ကူးယဉ်ခဲ့ရတဲ့ လမင်းကြီးဆီကို သမိုင်းရဲ့ ပထမဆုံးအနေနဲ့ ကျွန်တော် ထွက်ခွာသွားရတော့မှာ .... အောင်မြင်မှာလား ကျရှုံးမှာလား.. ...ကျွန်တော် ဆက်မတွေးတော့ပါဘူး....... ဆုံးသွားတဲ့ ကျွန်တော့်ရဲ့သမီးလေးကို ဝမ်းနည်းစွာ သတိရနေတာလား.... .... ကျွန်တော့်ထက်အရင် လကမ္ဘာကိုသွားရောက်ဖို့ ကြိုးစားခဲ့တဲ့ သူငယ်ချင်းတွေရော.. . ကောင်းမွန်တဲ့ဘုံဘဝမှာ ပျော်ရွှင်ကျေနပ်နေပြီလား..... ဒါမှမဟုတ် ကျွန်တော်ပဲ ဒီအခန်းကျဉ်းလေးထဲမှာ စက်နှိုးမဲ့အချိန်ကို စောင့်စားရင်း ခြောက်ခြားနေမိတာလား ... . ကျွန်တော်တို့ရဲ့ အမြင်အာရုံကလဲ အကန့်အသတ်နဲ့ပဲမြင်နေရတယ် လက်တစ်ဝါးသာသာလောက် မှန်ပြတင်းလေးကနေ ကောင်းကင်ကြီးကို မျှော်ကြည့်ရင်း ကမ္ဘာလောကကြီးကို နှုတ်ဆက်ထွက်ခွာရတော့မယ် ကျွန်တော်ချစ်ခင်တဲ့ မိသားစုလေးကတော့ ကမ္ဘာမြေပေါ်က အိမ်လေးထဲမှာ ကျန်နေခဲ့မှာလေ ဘယ်သူမှ မရှိတဲ့ လကမ္ဘာပေါ်မှာ ကျွန်တော်တို့ အထီးကျန်နေမှာလား ပြီးတော့ ကမ္ဘာမြေပေါ် ပြန်မရောက်လာနိုင်ခဲ့ရင်ရော....... အဲ့လိုတွေးနေရင်းနဲ့ပဲ......ခရီးစဉ်ထွက်ခွာဖို့အတွက် တဆယ်.....ကိုး....ရှစ်......ဆိုပြီး... .အချိန်မှတ်နေတဲ့အသံကို မိုက်ခရိုဖုန်းထဲကနေ ...
movie
First Man (2018)
2018
6.1
Assassination Nation (2018)
Rating 6 ရရှိထားတဲ့ စော်ချောချောလေးတွေပါဝင်ထားတဲ့အက်ရှင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်...လီလီတို့ သူငယ်ချင်းလေးယောက်ဟာ ဆီလမ်မြို့လေးမှာ ကျောင်းတက်နေတဲ့ဆယ်ကျော်သက်မိန်းခလေးတွေ ဖြစ်ပါတယ်။တစ်နေ့မှာတော့ အွန်လိုင်းပေါ်မှာ ဆီလမ်မြို့ မြို့တော်ဝန်ရဲ့ အတွင်းရေး၊မက်ဆေ့ခ်ျနဲ့ ဓာတ်ပုံတွေဟာ ဟက်ကာတစ်ယောက်ရဲ့ လက်ချက်ကြောင့်အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီလိုနဲ့ လူတွေရဲ့ ဆူပူမှုတွေဖြစ်ပေါ်လာခဲ့ပြီးသတင်းစာရှင်းလင်းပွဲမှာပဲ မြို့တော်ဝန်ဟာ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ပါတယ်။ထိုဖြစ်ရပ်ကြောင့် ဆီလမ်မြို့လေးဟာ တုန်လှုပ်နေတုန်းမှာပဲ အထက်တန်းကျောင်းအုပ်ရဲ့လူသိမခံနိုင်တဲ့ အတွင်းရေးအချက်အလက်တွေဟာအင်တာနက်ပေါ်မှာ ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။မြို့သူမြို့သားတွေရဲ့ အုံကြွမှုတွေက ပိုမိုများပြားလာခဲ့ပြီးဆူပူလှုပ်ရှားမှုတွေလည်း စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ဒီလိုနဲ့ ဟက်ကာသမားရဲ့ ပစ်မှတ်က လီလီဖြစ်လာတဲ့အခါမှာတော့ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ၊ဟက်ကာသမားကကော ဘယ်သူဖြစ်နေမလဲ၊ဆီလမ်မြို့လေးကော ဘယ်လိုအခြေအနေနဲ့ ကြုံတွေ့ရမလဲဆိုတာစိတ်ဝင်စားဖို့ အရမ်းကောင်းတာမို့ ကြည့်ရှုအားပေးကြပါဦးဗျာ.... File Size : (932 MB) and (298 MB) ...
movie
2018
1
2
Next