Channel Myanmar

Iza Calzado

Lolo and the Kid (2024)
Lolo and the Kid (2024)  အဖွင့်မှာတော့ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့ အစပြုထားပြီး မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ဆွဲခေါ်သွားမယ် သံယောဇဉ်တွေ မေတ္တာတွေအကြောင်း လှလှပပဖော်ပြသွားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။သူတစ်ပါးကို လိမ်လည်လှည့်ဖြားရင်း အသက်မွေးကြတဲ့ မြေးအဘိုးနှစ်ယောက် ဘယ်လိုတွေဉာဏ်ဆင်ကြမလဲ။ လမ်းဘေးမှာနေရပေမယ့် မြေးဖြစ်သူက လိမ္မာယဉ်ကျေးကာ လူရမ်းကားမဖြစ်စေလိုတဲ့ အဘိုးတစ်ယောက်ရဲ့ဆန္ဒ ၊ဘဝအကြောင်းမလှသော်လည်း မြေးဖြစ်သူအားမငယ်အောင် မိမိတို့ဘဝကို ကြံဖန်ဂုဏ်ယူပြောတတ်သော အဘိုးတစ်ယောက်ရဲ့မေတ္တာ အဆုံးသတ်မှာ မြေးလေးကောင်းစားဖို့ အဘိုးတစ်ယောက်ရဲ့ အနစ်နာခံပုံတို့ကို ရင်နင့်အောင်ခံစားကြည့်ရှုရမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(813 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice 
movie

Lolo and the Kid (2024)

Becky and Badette (2023) 6.5
Becky and Badette (2023) Becky and Badette (2023) ဘက်ကီနဲ့ ဘာဒက်တို့ဗရုတ်IMDb-6.5/10 တစ်မြို့တည်းမွေး တစ်မြို့လုံးမှာ နှစ်ယောက်တည်းဆံ‌ပင်ရွှေရောင် အချစ်ဆုံးသူငယ်ချင်း အမေနှစ်ယောက်ကမွေးလာတဲ့ သမီးနှစ်ယောက်ကလည်း အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်လာတဲ့ ဘက်ကီနဲ့ ဘာဒက် ။အဆိုကျွမ်း နဲ့ သရုပ်ဆောင်ကျွမ်း ကျွမ်းကျင်ရာမတူကြပေမဲ့ မျက်နှာရူးထဗရုတ်ကျတဲ့နေရာမှာတော့ စိတ်တူကိုယ်တူအတွဲညီသူတွေ.....။အလုပ်နားချိန်မှာတောင် ကြက်ကြော်တွေရောင်း သီချင်းတွေစပ်ဆိုနဲ့ အတွဲညီညီဗရုတ်ကျကြတဲ့နှစ်ယောက်။ တစ်နေ့ အထက်တန်းကျောင်းကနေ ကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲဖိတ်စာ သူတို့ဆီရောက်လာတဲ့အချိန်မှာ။ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ရောင်စုံတောက်ပြောင်တွေနဲ့အဝတ်အစားတွေနဲ့ သွားတက်ကြပေမဲ့ တွေးထားကြသလို မထင်ပေါ်ဘဲ အပယ်ခံဖြစ်ရာက အမူးသောက်ကြတော့တာပဲ။ မူးရူးကွဲပြဲနေတဲ့အချိန် သူတို့ဆီကမထင်မှတ်ဘဲ ထွက်လာတဲ့ အကြောင်းအရာတစ်ခုက.....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Team မှ ဖြစ်ပါတယ် File size…2GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

Becky and Badette (2023)

2023
Shake, Rattle & Roll Extreme (2023) 4.5
Shake, Rattle & Roll Extreme (2023) Imdb rating- 4.5/10 Genre- Horrorဖိလစ်ပိုင် Horror ကားလေးပါ ဒီကားမှာ ၃ပိုင်း ပါ၀င်ပါတယ် Glitch: ဒါကပထမပိုင်းပါ. ဒီအပိုင်းမှာ လိုင်ကာဆိုတဲ့ ကောင်မလေးဟာ တပ်ဘလတ်နဲ့ Gary the goat လို့ခေါ်တဲ့ကလေးပြပွဲတစ်ခုကြည့်နေရာ မတော်တဆဂါထာတစ်ခုရွတ်ဖတ်မိလိုက်ပြီး မကောင်းးဆိုး၀ါးကိုဖိတ်ခေါ်မိသလိုဖြစ်သွားပါတယ်. ဒီမကောင်းဆိုး၀ါးကြီးက လိုင်ကာတို့မိသားစုကိုသတ်ဖြတ်ဖို့ကြိုးစားရာ ဘယ်လိုပြန်တိုက်ခိုက်ပြီး ရှင်သန်ကြမလဲဆိုတာကြည့်ရှုရမှာပါMukbang: ဒုတိယပိုင်းကတော့ Influencer ၂ယောက်ဖြစ်တဲ့ ရောဘင်နဲ့ရေး ဟာ အခြား influencer တွေကို Collab လုပ်ဖို့ သူတို့အိမ်ကို ဖိတ်ခေါ်လိုက်ပါတယ်. ဒါပေမယ့် ဒီအိမ်ကြီးက ရိုးရိုးအိမ်မဟုတ်ပဲ မကောင်းဆိုး၀ါးတွေနဲ့ပြည့်နှက်နေတဲ့ အိမ်ကြီးဖြစ်တာကြောင့် ဒီ influencer တွေဟာ ဒီအိမ်ကြီးကနေ ဘယ်လိုထွက်ပြေးလွတ်မြောက်အောင်လုပ်ကြမလဲဆိုတာ ကြည့်ရှုရမှာပါRage: ထရီနာ နဲ့ မို့ဇ် တို စုံတွဲဟာ သူငယ်ချင်းတွေနဲ့ခရီသွားနေတုန်း ဥက္ကာပျံကြွေတဲ့ဖြစ်စဥ်တစ်ခုနဲ့ကြုံတွေ့ကြရပါတယ်. ဒီကြွေကျလာတဲ့ ဥက္ကာပျံတွေက ကပ်ပါးကောင်တစ်မျိုး ထွက်ပေါ်လာပြီ လူတွေကိုဇွန်ဘီအဖြစ်ပြောင်းလဲစေခဲ့ရာမှာ သူတို့သူငယ်ချင်းတစ်သိုက် ဘယ်လိုကြိုးစာရှင်သန်ရမလဲဆိုတာ ကြည့်ရှုရမှာပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ...
movie

Shake, Rattle & Roll Extreme (2023)

Tagpuan (2020) 5.5
Tagpuan (2020) Tagpuan (2020)Tagpuan ဆိုတာကတော့ ဖိလစ်ပိုင်လို "ဆုံမှတ်" ဆိုတဲ့ အဓိပ္ပါယ်ပါ။မိဘမဲ့အဖြစ်နဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ရတဲ့ စကားနည်းပြီး သွေးအေးတတ်တဲ့ လုပ်ငန်းရှင်တစ်ယောက်က အမျိုးသမီး နှစ်ယောက်နဲ့ ဆုံခဲ့ရတဲ့ အကြောင်းလေးပါ။တစ်ယောက်က ကြင်သူသက်ထား ဇနီးမယားဖြစ်ပြီး နောက်တစ်ယောက်ကတော့ သိကျွမ်းတာ မကြာသေးတဲ့ သူစိမ်းမိန်းကလေးစကားနည်းပြီး စည်းကမ်းကြီးတဲ့လူတစ်ယောက်က စကားများတတ်တဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံတဲ့အခါမှာတော့ ...... ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ကြရအောင်.....ဇာတ်က သာမန်အိမ်ထောင်ရေးကားဆိုပေမယ့် ကြည့်လေ ကြည့်လေ တွေးမိလေ ဖြစ်မယ့်ကားမျိုးပါပဲ။ဖောင်းဒိုင်းရှူးရှဲ အနည်းငယ် ပါတာဆိုတော့ ခပ်စပ်စပ်လေးပေါ့ဗျာ။File size…2GB and 900 MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 1hr 47min Subtitle….Myanmar Subtitle (Hardsub) Translator ..... Sim Jinnie Encoder ..... August
movie

Tagpuan (2020)

2020