Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ivana Barnes
6.6
The Artifice Girl (2023)
The Artifice Girl (2023)Artificial Intelligence AI ဥာဏ်ရည်တု၊ ဖန်တီးဥာဏ်ရည်၊ အသက်မဲ့ဦးနှောက် စသဖြင့်ခေါ်ကြတဲ့နည်းပညာဟာ ဟိုးအရင်ထဲနေအခုထိ စာအုပ်ပေါင်းများစွာဇာတ်လမ်းပေါင်းများစွာရဲ့ အဓိကဇာတ်ဆောင်ဖြစ်ခဲ့တယ်။ လူသားတွေဖန်တီးထားတဲ့ ဥာဏ်ရည်က တစ်နေ့မှာလူသားဥာဏ်ရည်ကိုကျော်လွန်သွားမလားဆိုတဲ့ ဆွေးနွေးမှုတွေလဲအများကြီးပါပဲ။ တကယ်တမ်းတော့ အဲ့အတွက်အဖြေကရှိပြီးသားပါ။ နည်းပညာတိုးတက်မှုအရ တစ်ချိန်မှာတော့ကျော်ကိုကျော်သွားမှာပါပဲ။ အဲ့ဒီတစ်ချိန်က လက်ရှိရှိနေတဲ့လူတွေသက်တမ်းမှာဟုတ်မဟုတ်တော့မပြောနိုင်ဘူးပေါ့။ တကယ့်မေးခွန်းက ဒီဥာဏ်ရည်တုတွေမှာ စိတ်ဝိဥာဥ်တွေ ခံစားနားလည်နိုင်တဲ့အသိတွေရောရှိလာမလား။ ဒီဇာတ်ကားထဲကဥပမာတစ်ခုအရပြောရရင် လူတစ်ယောက်ကို အမဲကင်နဲ့ ဆဲလ်မန်ငါးဘာစားရမလဲမေးရင် သူက သူစားဖူးတဲ့အတွေ့အကြုံအရ သူ့ခံစားချက်အရဖြေမှာပဲ။ ဥာဏ်ရည်တုကိုအဲ့ဒါမေးရင်တော့ သူ့အတွေ့အကြုံခံစားချက်ဆိုတာမရှိတော့ ဒီအစားအသောက်တွေနဲ့ပတ်သက်ပြီးဒေတာတွေ rating ရှာမယ် နှိုင်းယှဥ်သုံးသပ်မယ် ပြီးတော့မှအဖြေပေးမယ်။ ပြီးတော့သူ့ကိုဖန်တီးတဲ့သူကမေးရင် သူ့အတွက်အဲ့လူကိုလိုအပ်တာကြောင့် အဲ့ဒီလူအတွက်ကျန်းမာစေမယ့် ဆဲလ်မန်ကိုသူညွှန်းမယ်ပေါ့။ ဒါတွေအားလုံးကတွက်ချက်မှုပါပဲ။ တစ်ချို့ဇာတ်လမ်းတွေမှာဆိုရင် ဒီဥာဏ်ရည်တုတွေက ခံစားချက်တွေရသွားပြီး လောကကြီးကိုသိမ်းပြီးလူသားတွေကိုပါပြန်ထိန်းချုပ်မလားဆိုတဲ့အယူအဆတွေရှိပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဥာဏ်ရည်တုတွေကိုအဲ့လိုအန္တရာယ်ရှိတဲ့ပုံအဖြစ်ပုံဖော်မထားပဲ လူသားတွေအနေနဲ့ဒီဥာဏ်ရည်တုတွေကို ဘယ်လိုဆက်ဆံသင့်တယ် သူတို့အတွက်ရောကိုယ်ပိုင်အခွင့်အရေးတွေဆုံးဖြတ်နိုင်မှုတွေရသင့်လားဆိုတဲ့ ကိုယ့်ကျင့်တရားပိုင်းဆိုင်ရာတွေကို ဆွေးနွေးမှုပုံစံ အငြင်းအခုံပုံစံနဲ့ဖော်ပြသွားလိုက်တာ ဆွဲခေါ်အားကောင်းချက်ကတော့ ပျင်းစရာဆိုတာမရှိဘဲ သူတို့ဆွေးနွေးမှုထဲကိုယ်ပါမြောပါသွားရတာပါပဲ။ဒီဇာတ်လမ်းမှာတော့ ဂယ်ရက်ဆိုတဲ့လူတစ်ယောက်က အွန်လိုင်းချက်တင်ခန်းတွေက ကလေးလိင်အမြတ်ထုတ်သူတွေ လူကုန်ကူးသူတွေကိုဖော်ထုတ်နိုင်ဖို့ ချယ်ရီဆိုတဲ့ ကလေးလေးပုံစံဥာဏ်ရည်တုကိုဖန်တီးခဲ့ပါတယ်။ ချယ်ရီက ချက်တင်ခန်းတွေမှာဒီလူတွေနဲ့စကားပြောပြီး သံသယရှိစရာလူတွေဆိုရင် သူတို့အချက်အလက်တွေကို တာဝန်ရှိသူတွေဆီပို့ပေးတာပေါ့။ ဒါပေမဲ့တဖြေးဖြေးချယ်ရီ့ရဲ့တိုးတက်မှုတွေက ဂယ်ရက်ထင်ထားတာထက်အများကြီးပိုမြန်ဆန်ပြီး သူတို့ကိုကူညီပေးဖို့ ICWL ဆိုတဲ့အဖွဲ့အစည်းကို ချယ်ရီက ဂယ်ရက် ...
movie
The Artifice Girl (2023)
2023