Channel Myanmar

Ivan Zhyrun

Dovbush (2023) 7.9
Dovbush (2023)  ၁၈ ရာစုနှစ်မှာပေါ်ထွန်းခဲ့တဲ့သူရဲကောင်းတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ IMDb Rating 7.9 အထိတောင်ရရှိထားတဲ့ Dovbush ဆိုတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အဲ့ဒီသူရဲကောင်းကတော့ ပြောရရင်မကောင်းသူပယ် ကောင်းသူကယ်တဲ့Robin Hood နဲ့တောင်ခပ်ဆင်ဆင်ပါပဲ။ဒါပေမယ့် Robin Hood နဲ့မတူတာကတော့အဲ့ဒီသူရဲကောင်းကပုဆိန်ကိုင်ပြီး ကျည်ဆံပြီးတာပဲဖြစ်ပါတယ်။သူ့ကို သူရဲကောင်းလို့သာခေါ်နေကြပေမဲ့လဲ မတရားသဖြင့်သူတို့မြေတွေကို သိမ်းပိုက်ထားတဲ့ပိုလန်တော်ဝင်တွေအမြင်မှာတော့သူက၀ရမ်းပြေးပါပဲ။ အဲ့ဒီ၀ရမ်းပြေးတစ်ဖြစ်လဲ သူရဲကောင်းရဲ့နာမည်ကတော့အိုလက်ဆာဒို့ဘုရှ်ပဲဖြစ်ပါတယ်။သူ့မှာ အီဗန်ဆိုတဲ့ညီတစ်ယောက်ရှိပြီး သူကတော့တကယ့်ဓားပြအကြီးစားပါ။သူတို့ရဲ့မြေကိုမတရားသဖြင့်သိမ်းပိုက်ထားပြီး သူတို့ကိုလွတ်လပ်ခွင့်မပေးတဲ့ ပိုလန်တပ်တွေကိုတွန်းလှန်ဖို့အတွက် ညီအစ်ကိုနှစ်ယောက်ပေါင်းစည်းခဲ့ကြပြီး သူတို့ရဲ့မိဘတွေကိုပိုလန်တပ်တွေက သတ်ခဲ့တဲ့နောက်ပိုင်းမှာတော့ ညီအစ်ကိုနှစ်ယောက်စိတ်ဝမ်းကွဲ သွားခဲ့ကြပါတော့တယ်။အဲ့ဒါကြောင့် အိုလက်ဆာတစ်ယောက်တည်းကျန်ခဲ့တဲ့လူတွေနဲ့ ပိုလန်တွေကိုတွန်းလှန်ဖို့ကြိုးစားခဲ့ပုံတွေနဲ့ သူ့ရဲ့ကျည်ပြီးတဲ့ မသေနိုင်တဲ့စွမ်းအားကရောဘယ်က ရလာတယ်ဆိုတာတွေကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်..... File size…2.53 GB / 1.25GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 4m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Dovbush (2023)