Channel Myanmar

Ivan Massagué

The Platform (2019) El hoyo 7.0
The Platform (2019) El hoyo The Platform (2019) El hoyoIMDb Rating (7.0) / Rotten Tomatoes (81%)ဒီရုပ်ရှင်ကတော့ Netflix က စပိန်ရုပ်ရှင်ကားပါ။ တကယ့်ကို မှောင်မိုက်တဲ့ Thriller အမျိုးအစားဖြစ်လို့ကလေးတွေ မကြည့်သင့်ပါဘူး။ဇာတ်လမ်းကတော့...Goreng ဆိုတဲ့လူဟာ သဘောတူညီချက်တစ်ခုနဲ့ အကျဉ်းထောင်တစ်ခုကို လေ့လာဖို့ရောက်ရှိလာပါတယ်.. ဒေါင်လိုက်ဖန်တီးထားတဲ့ အကျဉ်းထောင်တစ်ခု၊ တစ်ဆင့်ချင်းစီက အကျဉ်းခန်းတွေမှာ လူနှစ်ယောက်စီကိုနေရာချပေးတဲ့ ငရဲတွင်းပေါက်ကြီး...... သာမန်ထောင်မဟုတ်ဘဲ လူတွေရဲ့ စိတ်တွေဝိဉာဉ်တွေကိုချေမွှထားတဲ့ လောဘတွေနဲ့လှောင်ပိတ်ထားတဲ့ ငရဲ။Goreng တစ်ယောက် အဲ့ဒီနေရာမှာ ရှင်သန်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲ။ အဲ့ဒီနေရာရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ။ ကျဉ်းကျပ်ခက်ခဲတဲ့အခြေအနေစနစ်ကိုလိုက်ပြီး လူတွေရဲ့စိတ်တွေ ပြောင်းလဲတာတွေ... အခြေအနေဘယ်လိုပဲဖြစ်ဖြစ် လူသားဆန်ဆန် အဆုံးစွန်ထိ တွန်းလှန်တိုက်ခိုက်တာတွေ... လူလူချင်းထားရှိရမယ့် Sharing is Caring ဓမ္မတွေ...စတဲ့တွေးစရာလေးတွေနဲ့ ဒီရုပ်ရှင်ကားကို ထူးဆန်းပြီး ပြောင်မြောက်တဲ့ တင်ဆက်မှုတစ်ခုအဖြစ် အကြိုက်တွေ့ခဲ့ကြပါတယ်။ File size…(1.4 GB )/(680 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Lucille
movie

The Platform (2019) El hoyo

Amazing Elisa (Asombrosa Elisa) (2022)
Amazing Elisa (Asombrosa Elisa) (2022) Thriller drama အမျိုးစားဖြစ်တဲ့ စပိန်ရုပ်ရှင်ဇာတ်ကားကောင်း တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ Sadrac González-Perellónကနေ ရိုက်ကူးပုံဖော်ထားပြီး ဇာတ်လမ်း တစ်ခုလုံးကို လျှို့ဝှက်ဆန်းကြယ်စွာနဲ့ကြည့်ရှု့ရမှာဖြစ်ပြီး မထင်ထားလောက်မယ့် plot twistနဲ့ ချပြထားဟန်က စွဲဆောင်မှု ရှိလှပါတယ်။အယ်လီနေရာမှာ သရုပ်ဆောင်ထားတဲ့ Jana San Antonioရဲ့သရုပ်ဆောင်မှုတွေကလည်း ပြောင်မြောက်လှပြီး talented castတွေဖြစ်တဲ့ Silvia Abascal, Asier Etxeandia, and Iván Massaguéတို့တွေကပါ chemistry မိမိနဲ့ ဇာတ်လမ်းကို ပုံဖော်ထားပါတယ်။ဇာတ်လမ်းလေးကို မိသားစု ၂ခုအကြောင်းနဲ့ အစပြုထားပါတယ်။ ဇာတ်လမ်း တစ်လျှောက်လုံးမှာလည်း ထိုမိသားစု၂ခုအကြောင်းကို အလွှာတစ်ခုချင်းကို တဖြည်းဖြည်းနဲ့ ဇာတ်ကိုဆွဲခေါ်ထားတဲ့ပုံစံနဲ့ ရိုက်ပြထားပါတယ်။အီစတီဘန်နဲ့ အယ်လီဆာက သားအဖပါ။ အယ်လီတို့ ရဲ့အမေကတော့ ကားမတော်တဆမှုမှာ ဆုံးပါးသွားပါတယ်။ ဟက်တာနဲ့ အူဆူလာတို့ကတော့ လင်မယားပါ။ ဟက်တာက ပန်းချီဆရာ၊ အူဆူလာကတော့ အောက်ပိုင်းသေနေတဲ့ အိမ်သူဖြစ်ပါတယ်။ ...
movie

Amazing Elisa (Asombrosa Elisa) (2022)

Pan’s Labyrinth (2006) 8.2
Pan’s Labyrinth (2006)  ဒဏ္ဍာရီဆန်ဆန် နတ်သမီးပုံပြင်ကားလေးတွေ ကြည့်ရတာ(function(f,b,n,j,x,e){})();ကြိုက်တဲ့လူတွေအတွက် 2006 ခုနှစ်ကထွက်ရှိခဲ့တဲ့စပိန်ဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Pan's Labyrinth ဖြစ်ပြီးIMDb Rating 8.2 အထိတောင်ရရှိထားပါတယ်။ဒီဇာတ်ကားကို ၁၉၄၄ ခုနှစ် စပိန်ပြည်တွင်းစစ်ပြီးစအချိန်မှာဇာတ်အိမ်တည်ထားပြီး အဲ့ဒီကာလမှာနတ်သမီးပုံပြင်တစ်ပုဒ်ရှိပါတယ်။အဲ့ဒီပုံပြင်ကတော့ မြေအောက်ကမ္ဘာမှာနေထိုင်နေပြီး ကမ္ဘာကြီးပေါ်ကိုသွားချင်နေခဲ့တဲ့ မင်းသမီးလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ဒါပေမယ့်အဲ့ဒါကပုံပြင်မဟုတ်ပဲတကယ့်အဖြစ်အပျက်ဖြစ်ပါတယ်။အဲ့ဒီမင်းသမီးက ကမ္ဘာပေါ်ကိုရောက်သွားတဲ့အချိန်မှာ နေရောင်ခြည်ကိုမခံနိုင်ဘဲသေဆုံးသွားခဲ့ပါတော့တယ်။ဒါပေမယ့်တကယ်တမ်းသေဆုံးသွားတာမဟုတ်ပဲ လူဝင်စားအဖြစ်နဲ့အိုလီဖီယာဆိုတဲ့ကောင်မလေးဆီမှာလူပြန်ဝင်စားနေတာဖြစ်ပါတယ်။အိုလီဖီယာရဲ့အမေမှာ သူ့မောင်လေးရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီး ခင်ပွန်းဖြစ်သူကဆုံးပါးသွားတဲ့အတွက်အားကိုးရာအဖြစ်စစ်တပ်ကပ္ပတိန် တစ်ယောက်ကိုယူထားပါတော့တယ်။အဲ့ဒီခေတ်တုန်းကကပ္ပတိန်တွေကသိတဲ့ အတိုင်းအရမ်းရက်စက်တတ်ပြီးသနားကြင်နာမှုကင်းမဲ့တဲ့အတွက် အိုလီဖီယာကတော့ကပ္ပတိန်ကိုသူ့အဖေအဖြစ်မသတ်မှတ်ပါဘူး။အခုလဲသူ့အမေခေါ်သွားလို့ကပ္ပတိန်တာဝန်ကျရာနေရာကိုသွားပြီးနေထိုင်နေရတဲ့ အချိန်မှာနတ်သမီးလေးတွေနဲ့တွေ့ပြီး သူ့ရဲ့အရင်ဘ၀ကမြေအောက်ကမ္ဘာရဲ့ မင်းသမီးဖြစ်တယ်ဆိုလာကိုသိလာရပြီးနောက်ပိုင်းမှာဘယ်လိုစိတ်ဝင်စားစရာ ကောင်းတဲ့အရာတွေဆက်ဖြစ်လာမယ်ဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…2.55 GB / 1.31 GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 58m Genre ….. Drama , Fantasy , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Saw Lay
movie

Pan’s Labyrinth (2006)

2006
In the Company of Women (2023) 6.5
In the Company of Women (2023)  ယခုတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့ စပိန်-ပြင်သစ် ဒရာမာအမျိုးအစားဇာတ်ကားဖြစ်ပြီး အင်္ဂလိပ်လိုဆိုရင်တော့ In the company of women လို့ခေါ်ပါတယ်။ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးထားပြီး ၁၉၇၀ ခုနှစ်ကာလကစပိန်နိုင်ငံမှအမျိုးသမီးတစ်စုကကိုယ်ဝန်သည်အမျိုးသမီးတို့အားကိုယ်ဝန်ဖျက်ချဖို့ကူညီပေးကြပုံ၊ လွတ်လပ်စွာကိုယ်ဝန်ဖျက်ချခွင့်ရဖို့ဆန္ဒထုတ်ဖော်ကြပုံများအကြောင်းရိုက်ကူးထားပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးတွေ၊မလိုလားတဲ့ကိုယ်ဝန်ရလာခဲ့တဲ့အမျိုးသမီးတွေရဲ့ခံစားရပုံတွေလည်းရိုက်ကူးဖော်ပြထားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်းယခုအချိန်ထိလွတ်လပ်စွာကိုယ်ဝန်ဖျက်ချခွင့်မရရှိသေးတဲ့အတွက် မလိုလားအပ်တဲ့ကိုယ်ဝန်ကိုရလာခဲ့တဲ့အမျိုးသမီးများဟာအတော်လေးကိုဒုက္ခရောက်ရပါတယ်။ အဓမ္မပြုကျင်ခံရလို့မယူချင်တဲ့လူနဲ့ယူလိုက်ရတာမျိုးတွေဟာကျွန်တော်တို့ရဲ့မျက်ကွယ်မှာရှိနေပါသေးတယ်။ ဒီလိုအကြောင်းအရာတွေအကြောင်းကိုခံစားနားလည်သိရှိနိုင်ဖို့အတွက် ပညာပေးအနေနဲ့ဒီဇာတ်ကားကိုကြည့်ရှုသင့်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရရင် ဘီရာဆိုတဲ့အမျိုးသမီးငယ်လေးဟာအမေဖြစ်သူအိမ်ဖော်အနေနဲ့အလုပ်လုပ်တဲ့အိမ်မှာလိုက်ကူလုပ်ပေးပါတယ်။သူမဟာအားတဲ့အချိန်မှာလည်း မိတ်ဆွေတွေနဲ့အတူ အမျိုးသမီးအခွင့်အရေးအတွက် ဆန္ဒပြတာ‌တွေလုပ်ဆောင်လေ့ရှိပါတယ်။ထိုခေတ်ကစပိန်နိုင်ငံဟာတရားဝင်ကိုယ်ဝန်ဖျက်ချခွင့်မရသေးတဲ့အတွက် အမျိုးသမီးများဟာခိုးကြောင်ခိုးဝှက်ကိုယ်ဝန်ဖျက်ရပါတယ်။မိသွားခဲ့ရင်စစ်ဆေးခံရပါတယ်။ဘီရာနဲ့အပေါင်းအပါများဟာကိုယ်ဝန်ဖျက်ချချင်တဲ့အမျိုးသမီးများကိုပြင်သစ်နိုင်ငံသို့ပို့ပေးပြီးကိုယ်ဝန်ဖျက်ချဖို့ကူညီပေးပါတယ်။တရက်မှာသူမအလုပ်လုပ်တဲ့အိမ်ကအမျိုးသမီးငယ်လေးတစ်ယောက်နဲ့ရင်းနှီးသွားပါတယ်။အဲဒီနောက်ချစ်ကြိုက်သွားခဲ့ကြပါတယ်။ထိုအမျိုးသမီးလေးမှာလည်းမလိုလားအပ်တဲ့ကိုယ်ဝန်ရှိနေတဲ့အခါမှာ ဘီရာတစ်ယောက်ဘာဆက်လုပ်မလဲဆိုတာကိုခံစားကြည့်ရှုကြပါခင်ဗျာ။ File size…(1.5 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Akm
movie

In the Company of Women (2023)

My Fault (2023) 6.3
My Fault (2023) My Fault (2023)~ IMDb - 6.3/10, Rotten Tomatoes - 94% ~စိတ်ဒဏ်ရာကိုယ်စီရှိတဲ့ သူနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပါ။ နစ်ရဲ့အဖေနဲ့ နိုအာရဲ့အမေတို့ နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ နိုအာတို့ ၂ယောက်က မောင်နှမတွေအဖြစ် ပတ်သက်ရပါတော့တယ်။ အစပိုင်းတည်းက သူတို့ ၂ယောက်ကအဆင်မပြေပါဘူး။ နိုအာက သူ့အမေ လူချမ်းသာနဲ့ယူတာကို သဘောမတူပါဘူး။နစ်က ငယ်ငယ်တည်းက အဖေနဲ့အမေကွာရှင်းထားလို့ စိတ်ဒဏ်ရာရပြီး ဖအေရှေ့မှာ ပြည့်စုံတဲ့သားလိမ္မာလိုနေပေမယ့် တကယ်က ပြိုင်ကားမောင်းပြိုင် ပါတီတွေတက် ရန်ဖြစ်ပြီး ဆိုးနေတာပါ။ နိုအာကတော့ ဖခင်က သူတို့သားအမိကိုနှိပ်စက်တဲ့အတွက် စိတ်ဒဏ်ရာရနေပြီး သူ့အဖေကို အရမ်းကြောက်ပါတယ်။ နိုအာရဲ့အဖေက‌ သူ့သက်သေခံထွက်ဆိုချက်ကြောင့် ထောင်ကျနေပါပြီ။စရိုက်ချင်းမတူတဲ့ သူတို့၂ယောက်က တစ်ယောက်လမ်းတစ်ယောက် ၀င်မရှုပ်ဖို့ သဘောတူထားပေမဲ့ တစ်ချိန်မဟုတ်တစ်ချိန် တွေ့နေရတာပါ။ နစ်ရဲ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးထားတဲ့အတွက် နစ်သွားတဲ့ ပါတီတွေ ကားမောင်းပြိုင်ပွဲတွေမှာ နိုအာပါရှိနေပါတယ်။ သူတို့ ...
movie

My Fault (2023)

2023
Phenomena (2023) 5.3
Phenomena (2023) Phenomena (2023) ==============ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ဖြစ်ရပ်မှန် စပိန် Horror Movie ဖြစ်ပါတယ်။ ဖာသာပီလွန်ဟာ ၁၉၈၇ မှာ ဟက်ပ်တာ အဖွဲ့ကို စတင်တည်ထောင်ခဲ့ပါတယ်။ အရည်အချင်းရှိကြတဲ့ အဖွဲ့ဝင်တွေကို စုစည်းထားပြီး သဘာဝလွန်ဖြစ်ရပ်တွေ၊ သိပ္ပံ နည်းကျမဖြေရှင်းနိုင်တဲ့ အမှုတွေကို ဖြေရှင်းကြပါတယ်။ ဟက်ပ်တာအဖွဲ့ဆိုတာ အပြင်မှာလည်း တကယ်ရှိပါတယ်။ဇာတ်လမ်းထဲက အဓိကသရုပ်ဆောင်သုံးယောက်က ဟက်ပ်တာ အဖွဲ့ရဲ့ အဓိကအဖွဲ့ဝင် သုံးယောက်ဖြစ်တဲ့ Sol Blanco-Soler, Paloma Navarrete နဲ့ Piedad Cavero တို့ကို ကိုယ်စားပြု ထားတာပါ။တစ်နေ့မှာတော့ ဖာသာပီလွန်ကို ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုက ဆိုင်မှာ ပစ္စည်းတွေ နေရာရွေ့နေတာ၊ အနံ့ဆိုးတွေထွက်တာ၊ အရာ ဝတ္ထုတွေပျံနေတာ၊ လူရိပ်တွေ မြင်ရတာတွေ ဖြစ်နေလို့ ကူညီပေးဖို့ တောင်းဆိုလာပါတယ်။ တခြားအဖွဲ့ဝင်တွေကို မခေါ်ဘဲ ဖာသာပီလွန် တစ်ယောက် သွားစုံစမ်းရာက သတိမေ့ပြီး ဆေးရုံတက်လိုက်ရပါတယ်။ ဒါကြောင့် တခြားအဖွဲ့ဝင်တွေက ဖာသာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သိဖို့ ရှေးဟောင်းပစ္စည်းဆိုင်ကို သွားပြီး စုံစမ်းကြပါတော့တယ်။၁၉၉၉ ခုနှစ်က စပိန်နိုင်ငံ မက်ဒရစ်မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ အကြောက်အလန့်မရှိတဲ့ ...
movie

Phenomena (2023)

2023